13May

Sony Xperia ZR

Sony ရဲ့ Andriod Smartphone အသစ်ဖြစ်တဲ့ Sony Xperia ZR ကရေအောက် အနက်၅ပေ အထိ နစ်မြှပ်ခံ နိုင်ပြီး ရေအောက်က ပုံတွေကို ကောင်းကောင်း ရိုက်ကူးလို့ ရမှာပါ။

Sony ရဲ့ Andriod Smartphone အသစ်ဖြစ်တဲ့ Sony Xperia ZR ပာာ ယနေ့ခေတ် အထက်တန်းစား အဆင့်မြင့် smartphones တွေမှာ မတွေ့ရတဲ့ ထိတွေ့မှု အသစ်တွေ ပါဝင်ပါတယ်။ ဒါကတော့ ရေအောက်မှာ ၅ပေအထိ  နစ်မြှပ်တာ ခံနိုင်တာပါပဲ။ သူ့ရဲ့ water resistance level IP55 နဲ့ IP58 ပာာယခု လက်ရှိ Sony ရဲ့အကောင်းဆုံး Sony Xperia Z ထက်သာလွန် ပါတယ်။ Sony Xperia Z ရဲ့ water resistance level ပာာ IP55 နဲ့ IP57 သာရှိပြီး ရေအောက်ကို ၃.၃ပေထိပဲ နစ်မြှပ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းနှစ်မျိုး လုံးအတွက် သတိပြုရမှာ ကတော့ ရေချို ( fresh water) လို့ဆိုထား ခြင်းပါပဲ။ ဒါပာာ ပင်လယ်ရေမှာ နစ်မြှုပ်ဖို့ မသင့်တော်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် water resistance ပာာကောင်းမွန်တဲ့ feature တစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ နွေရာသီ ကလည်း ချဉ်းကပ် လာနေ ပြီလေ။


Sony Xperia ZR


Sony Xperia ZR


Xperia ZR ရဲ့နည်းပညာ ဆိုင်ရာ အချက်အလက် တွေကတော့ Xpreia Z နဲ့များသော အားဖြင့် တူညီပါတယ်။ ၄.၆ လက်မရှိ မျက်နှာပြင် ၁.၅ GHz Qualcomm Snapdragon processor လေးလုံး အပြင် 2GB RAM နဲ့ 13 megapixel ရှိကင်မရာတို့ ပါဝင်ပါတယ်။ ကင်မရာပာာ Full HD video တွေအဖြစ် မှတ်တမ်း တင်နိုင်မှာ ဖြစ်ပြီး ဖုန်းရဲ့ Exmor RS image sensor ပာာလည်း သင့်ကို High-dynamic-range (HDR) ဓာတ်ပုံတွေနဲ့ video တွေကို ရိုက်ကူး နိုင်စေမှာပါ။ သင်ပာာ ဖုန်းကို ရေစိုမှာ မကြောက်ဘူး ဆိုရင်တော့ ကောင်းမွန်တဲ့ ရေအောက်က ပုံရိပ်တွေကို မှတ်တမ်း တင်နိုင်မှာပါ။ Sony Xperia ZR ကို၂၀၁၃ ခုနှစ် ဒုတိယ လေးလပတ်မှာ တစ်ကမ္ဘာလုံးကို အဖြူနှင့်အနက် အရောင်နှစ်မျိုးဖြင့် ဖြန့်ချိမှာ ဖြစ်ပြီး ဈေးကတော့ မသတ်မှတ် ရသေးပါဘူး။ အသေးစိတ် ကိုတော့ Sony ရဲ့ Offical Website ဖြစ်တဲ့ Sony Mobile မှာဝင်ရောက် လေ့လာ နိုင်ပါတယ်။


 


Source - Mashable, Images from CNET.CO.UK, SonyMobile


အခု Post ကိုကြိုက်နှစ်သက်ပါ သလား၊ အသစ်တင်တိုင်း သိရအောင် Subscribe လုပ်လို့ရပါတယ်။

အောက်မှာ Email နဲ့ Subscibe လုပ်ထားရင် Mail ကနေတဆင့် အသစ်တင်တိုင်း ရမှာပါ။

Enter your email address:


About the Author

NoelNoel က Business IT ကျောင်းသား ဖြစ်ပြီးတော့ technology နဲ့ပတ်သက်တာ တွေကို အားသန် တဲ့သူ တစ်ယောက်ပါ။ ကျောင်း၊ projects တွေနဲ့ မအားတဲ့ ကြားက MYMC ကိုဝိုင်းအားဖြည့် ပေးနေတဲ့ သူတစ်ယောက်ပါ။

Comment

blog comments powered by Disqus

Written by Noel, Posted in Technology

Social Bookmarks

ShweBeauty