Myanmar Youth Media Club

Song of the Day | The Rasmus - Justify
wyne su
photo
မင်္ဂလာပါ မ၀ိုင်းစုရေ .. ညီမကတော့ MYMC က Poe Poe ပဲဖြစ်ပါတယ် အစ်မရဲ့နာမည်အရင်းနဲ့ မွေးနေ့လေးကို ပရိသတ်ကြီးသိအောင် ပြောပြပေးပါဦး
အစ်မနာမည်က ၀ိုင်းစုခိုင်သိန်းပေါ့နော် နာမည်အရင်းကလည်း ၀ိုင်းစုခိုင်သိန်း အနုပညာနာမည်ကလည်း ၀ိုင်းစုခိုင်သိန်းပဲ အစ်မက ၁၂ လပိုင်း ၂၄ ရက်နေ့မှာမွေးတာ

ဟုတ်ကဲ့... အစ်မအနုပညာလောကထဲကိုစတင်ဝင်ရောက်လာပုံလေးနဲ့ အချိန်လေးကိုပြောပြပေးပါဦး
အင်း.. အစ်မက ၂၀၀၄ နှစ်ကုန်ပိုင်းလောက်မှ အစ်မကကိုဆောင်းဦးရဲ့ အားလုံးရင်ထဲမှာ VCD စရိုက်တယ် ရိုက်ပြီးတော့ Video ကားတွေရိုက်တယ်ပေါ့နော် အဲဒီ ၂၀၀၄ နှစ်ကုန်ပိုင်းလောက်က စပြီးဝင်လာတာ

ဟုတ်ကဲ့ အဲဒီတော့ အနုပညာသက်တမ်းက ဘယ်လောက်ရှိပြီလဲ မသိဘူးရှင်
အခုက ၂၀၀၉ ဆိုတော့ ငါးနှစ်လောက်ပေါ့ ငါးနှစ်နီးနီးလောက်ရှိမှာပေါ့

သြော်ဟုတ်ကဲ့ရှင့် ... အစ်မက ၁၀ တန်းအောင်ပြီးမှ အနုပညာလောကထဲ အလုပ်တွေလုပ်တယ်ဆိုတော့ ၁၀ တန်းမအောင်ခင် အစ်မကျောင်းသူ ဘ၀တုန်းကပေါ့နော် စိတ်ဝင်စားဖို့ကောင်းတဲ့ အမှတ်ရဖြစ်တာရှိခဲ့လို့ရှိရင် ညီမတို့ကိုမျှဝေပေးပါဦး
အင်း ... အစ်မက .. ငယ်ငယ်တည်းကစိတ်ဝင်စားတာကတော့ သီချင်းဆိုတာပေါ့နော် ငယ်ငယ်ကတည်းက သီချင်းဆိုဖို့အစီအစဉ်ရှိတယ် ကျောင်းပြီးသွားလို့ရှိရင် သီချင်းဆိုမယ်ဆိုပြီးတော့ ဒါပေမယ့်အရင်စလုပ်ဖြစ်တာကတော့ ဒီ ... သရုပ်ဆောင်အလုပ် အရင်စလုပ်ဖြစ်တာပေါ့

ဟုတ်ကဲ့ရှင့်... အစ်မကဒီအနုပညာအလုပ်ကိုမျိုးရိုးဆက်ခံတာလား ဒါမှမဟုတ် ကိုယ်တိုင်ဝါသနာပါလို့ လုပ်ခဲ့တာပါလား
အင်း ..  အခုသီချင်းတွေဆိုတာကတော့ ၀ါသနာပါလို့လုပ်တာပေါ့နော် အနုပညာအလုပ်က.. ဒီသရုပ်ဆောင်အလုပ်က အစကတည်းကလုပ်ဖို့ အစီအစဉ်တော့မရှိဘူး ဒါပေမယ့်လုပ်ဖြစ်သွားတာပေါ့ .. အဲဒီ သရုပ်ဆောင်အလုပ်ကို အရင်လုပ်ဖြစ်သွားတာ

သြော်ဟုတ်ကဲ့ရှင့် .. အစ်မအနုပညာလောကထဲကို ၀င်ရောက်နိုင်ဖို့အတွက်ကို  လက်ဦးသင်ကြားခဲ့တဲ့ ဆရာကဘယ်သူများလဲမသိဘူးရှင်
အင်း.. အနုပညာကတော့ အစ်မ  ရိုက်သမျှ Director တွေပေါ့နော် Director တွေကော အစ်မနဲ့အတူတူရိုက်တဲ့ ၀ိုင်းသရုပ်ဆောင်တဲ့အစ်ကိုတွေအစ်မတွေအားလုံးက အစ်မကိုသင်ပေးတာပေါ့နော် နောက် Director ကိုဝိုင်းကောပေါ့နော် ကိုဝိုင်းကတော့ အစ်မ များသောအားဖြင့် အရင်တုန်းကရိုက်တာ VCD ရိုက်တာများတာကိုး  VCD တွေရိုက်ရင် ကိုဝိုင်းက ဇါတ်လမ်းပုံစံလေးတွေနဲ့ရိုက်တယ်လေ အဲတော့.. ကိုဝိုင်းကအတော်များများကိုသင်ပေးတယ်ပေါ့နော် သင်ပေးတဲ့ဟာတွေနဲ့ နောက် အစ်မကားရိုက်တဲ့ Director တွေကော ညီအစ်ကိုမောင်နှမတွေအားလုံးကသင်ပေးတာပေါ့နော် အားလုံးပါပဲ..

ဟုတ်ကဲ့... အနုပညာလောကရဲ့ ပထမခြေလှမ်းကို ဘယ်လိုစခဲ့လဲမသိဘူးရှင့် ...
အစ်မ ပထမဦးဆုံးက ခုနကပြောတဲ့ကိုဆောင်းဦး ရဲ့ VCD ပေါ့နော် VCD စရိုက်တာ VCD စရိုက်ပြီးတော့ ကားရိုက်တယ် ရိုက်ပြီးတော့မှ ဒီသီချင်းဆိုတာပေါ့နော် ဂီတဖက်ကို လုပ်ဖြစ်တာ
ဟုတ်ကဲ့... အစ်မရုပ်ရှင်လောကမှာပေါ့နော် အမှတ်တရ ကြုံခဲ့ရတဲ့ အခက်အခဲလေးတွေရှိခဲ့ရင် ပြောပြပေးပါဦး
အင်း.. အခက်အခဲတွေက .. အဲလိုခက်ခက်ခဲခဲတွေ သိပ်မရှိခဲ့ပါဘူး တစ်ခါတစ်လေကျလို့ရှိရင်တော့ နည်းနည်းပါးပါး အခက်အခဲ နည်းနည်းတော့ရှိတာပေါ့နော် အရမ်းကြီး .. အဲလို .. အရမ်းကြီးကြီးမားမားတော့မရှိပါဘူး
wynesu

ဟုတ်.. အစ်မအခုသီချင်းတွေလည်း အများကြီးဆိုနေပြီပေါ့နော် အဲတော့ သီချင်းလောကထဲကို ဘယ်လိုဝင်ရောက် လာခဲ့တာလဲကိုပြောပြပေးပါ
သီချင်းက စပြီး အစ်မဒီလောကထဲ လုပ်ကတည်းက ကိုဆောင်းဦးနဲ့လည်းခင်တယ်လေ ကိုဆောင်းဦးက အစောကြီးကတည်းကသီချင်းဆိုချင်တာပေါ့နော် VCD ရိုက်တော့ ကိုဆောင်းဦးသီချင်းဆိုချင်တာဆိုတော့ ကိုဆောင်းဦးက အသံစစ်ထားပေါ့ ...ဒါပေမယ့်  အဲတုန်းက ၁၀ တန်းမပြီးသေးဘူး ၁၀ တန်းမပြီးသေးတော့ အသံက သိပ်ပြီးမမှန်သေးဘူးလေ မမှန်သေးတော့မလုပ်နဲ့ဦးဆိုပြီးတော့ အဲဒါ သရုပ်ဆောင်အရင်လုပ်ဖြစ်သွားတာ ပြီးတော့မှ ကိုဆောင်းဦးက ကောင်မလေးတစ်ယောက်အကြောင်းဆိုတဲ့ သီချင်းကို သူအခွေလုပ်စရာရှိတယ်ပေါ့နော် အဲသီချင်းကိုလာဆိုကြည့်တဲ့ ဆိုလို့ Producer တွေကလည်းကြိုက်မယ်ဆိုလို့ရှိရင် သူထည့်ပေးမယ်ပေါ့နော် ဟို အစ်မအသံနဲ့လည်းလိုက်တယ် သူဆိုခိုင်းတော့ Producer ကလည်းကြိုက်တယ် အဲသီချင်းနဲ့လည်းလိုက်တယ်ဆိုပြီးတော့ ထည့်ဖြစ်သွားတာ အဲကနေစပြီး သီချင်းစဆိုဖြစ်တာပေါ့နော်

ဟုတ်... အစ်မခုထိဆိုခဲ့တဲ့ သီချင်းအရေအတွက်ပေါင်း ခန့်မှန်းခြေ ဘယ်လောက်ရှိပြီလဲမသိဘူးရှင်
သီချင်းက ဟို.. အတွဲခွေတွေနဲ့အရင်ဆိုတာပေါ့နော် အဲဒါကတော့ သင်္ကြန်ခွေကော ဘာကော ပါမယ်ဆိုလို့ရှိရင် ၁၀ ပုဒ် ၁၂ ပုဒ်လောက်တော့ရှိတယ် နောက် အခုတစ်ကိုယ်တော်ခွေထွက်တယ်ပေါ့နော် တစ်ကိုယ်တော်ခွေထွက်ပြီးနောက်ထပ် အခြား live show အခွေတွေလည်းထွက်ထားတာရှိတယ်ပေါ့နော် ဆိုထားတာလည်းရှိတယ် ဆိုပြီးသလောက် ဆိုလို့ရှိရင်တော့ ၂၀ ကျော်လောက်တော့ရှိမယ်ထင်တယ်

ဟုတ်... အစ်မရဲ့ မက်လောက်စရာဆိုတဲ့ album နဲ့ပေါ့နော် ဂီတလောကထဲမှာ မှတ်တိုင်တစ်ခု စိုက်ခဲ့တာပေါ့နော်
မက်လောက်စရာက...  အဆိုတော်တိုင်း ပေါ့နော် မှတ်တိုင်အနေနဲ့ တစ်ကိုယ်တော်ခွေတွေထုတ်ကြတယ်လေ အဲတော့ မစုလည်း မစုရဲ့မှတ်တိုင်အနေနဲ့ဖြစ်သွားအောင်ပေါ့နော် မက်လောက်စရာအခွေကို ကြိုးစားပမ်းစားနဲ့ထုတ်ထားတာပေါ့

ဟုတ် ... အခုလူငယ်တွေသာမကဘူး လူကြီးပိုင်းတွေပါ အကြိုက်တွေ့နေတဲ့သီချင်းပေါ့နော် အဲဒါက မက်လောက်စရာ album ထဲက ကိုအာဇာနည်နဲ့တွဲဆိုထားတဲ့ လိုက်ဖက်တဲ့ဘ၀ သီချင်းလေးအကြောင်း ပြောပြပေးပါ

သြော် လိုက်ဖက်တဲ့ဘ၀ .. လိုက်ဖက်တဲ့ဘ၀က အစောကြီးထဲက အစ်မ ကိုဇာနည်နဲ့ သီချင်းစုံတွဲတွေဆိုကြည့်ချင်တာ .. အဲဒီ သီချင်းအခွေတွေစလုပ်မယ်ဆိုကတည်းကပေါ့နော် ဒါပေမယ့် အဲဒီအပုဒ်က နောက်ဆုံးမှလုပ်ဖြစ်တယ် ကိုဇာနည်ကိုပြောပြီး သီချင်း .. ကို အာခိုင်ဆီမှာအပ်တယ် .. အစ်မ အခွေတစ်ခွေလုံးမှာ အချစ်သီချင်း တစ်ပုဒ်မှ မပါဘူးပေါ့နော် တစ်ပုဒ်မှမပါဘူးဆိုတော့ ကိုအာခိုင်က အချစ်သီချင်းလေးရေးပေးပါ ကိုဇာနည်နဲ့လည်းလိုက်မယ် အစ်မနဲ့လည်းလိုက်မယ်ဆိုတဲ့ သီချင်းလေးရေးပေးပါဆိုတော့ ကိုအာခိုင်ကအဲလိုသီချင်းလေးရေးပေးတယ် သီချင်းကလည်း အဲလို... တော်တော်ကြိုက်ကြတယ် သီချင်းသံစဉ်လေးကော စာသားလေးကော ဆိုလို့လည်းလွယ်လို့လေ ..

ဟုတ်ကဲ့.. အစ်မအခုဆိုနေတဲ့ သီချင်းအမျိုးအစားကလေ ဘယ်လိုမျိုးလဲမသိဘူးရှင့်
အစ်မ .. အဲဒီ .. တစ်ကိုယ်တော်ခွေမှာဆိုထားတဲ့သီချင်းကအစုံပဲ  မက်လောက်စရာဆိုလို့ရှိရင် R & B , Rock ပုံစံမျိုးလေး R & B ပုံစံ လည်းပါတယ် နောက် Latin လည်းပါတယ် Pop လေးတွေလည်းပါတယ် Pop ... အဲလို .. အဆွေးသီချင်းလေးတွေပေါ့ အဆွေးသီချင်းလေးတွေလည်းပါတယ် နောက် Pop ချိုချိုလေးတွေလည်းပါတယ် ဟို နည်းနည်းတော့စုံတယ် အဲဒီမက်လောက်စရာအခွေထဲမှာ။

ဟုတ်ကဲ့... ခုလက်ရှိလူငယ်တွေကြားမှာ ခေတ်စားပြီးတော့ ရေပန်းစားနေတဲ့ HipHop ဂီတအမျိုးအစားအပေါ်မှာ အစ်မရဲ့အမြင်လေးကို ပြောပြပေးပါ
အင်း... ဘာပဲဖြစ်ဖြစ် ဂီတ... ဂီတဆိုလို့ရှိရင်တော့ ဘယ်ဂီတမဆိုတော့ကြိုက်တယ်ပေါ့နော် ဒါပေမယ့် ဟို... ဟိုအကုန်လုံးတော့နားထောင်တယ် ဒါပေမယ့် Hip Hop ဆိုတာကိုတော့ အစ်မတော့ ဆိုတော့မဆိုတတ်ဘူးပေါ့နော် အားတော့အားပေးပါတယ်

Wyne Su
သြော်ဟုတ်ကဲ့... အခုရောက်ရှိနေတဲ့ အနုပညာလောကထဲမှာ မျှော်မှန်းထားသလောက် အောင်မြင်မှုတွေရရှိနေပြီလို့ ထင်ပါသလားအစ်မအနေနဲ့

ပရိသတ်ကပေးတဲ့ အားပေးမှုတော့ ဟို.. ရတာပေါ့နော် ဒါပေမယ့် မစု တတ်နိုင်သမျှ ထက်ပြီးတော့ ကြိုးစားနေတယ် အကုန်လုံးကတော့ ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် အောင်မြင်ချင်ကြတာပဲ အဲဒီအောင်မြင်ဖို့အတွက် မစုလည်းကြိုးစားနေပါတယ်လို့

အစ်မပရိသတ်ချစ်တဲ့ အနုပညာရှင်ကြီး တစ်ယောက်ဖြစ်အောင် ဘယ်လိုများကြိုးစားနေထိုင်ခဲ့ရပါသလဲ

ဒါကတော့ အစ်မတတ်နိုင်သမျှတော့ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် တော့ကြိုးစားပြီးလုပ်တာပေါ့နော် ပရိသတ် ဟို ပရိသတ်က အစ်မလုပ်တဲ့အပေါ်မှာမူတည်ပြီးတော့ ပရိသတ်ကချစ်တာပဲ .. ချစ်တာကချစ်တာပဲ သူတို့ဆုံးဖြတ်ပေးတာပေါ့နော် အဲလိုမျိုးကြီး သက်သက်ကြီး နေတာထိုင်တာမျိုးတွေတော့ မရှိပါဘူး

ဟုတ်.. အစ်မအခု အနုပညာအလုပ်တွေဆိုတော့ .. ပညာရေးပိုင်းမှာကော ဘာတွေတက်ဖြစ်ပါသလဲ
ပညာရေးပိုင်းမှာ အစ်မက E-Major နဲ့ ကျောင်းပြီးထားတာပေါ့နော် နောက်ပိုင်းတော့ ကျန်တာကတော့ ပညာရေးနဲ့ပက်သက်ပြီး ဆက်မလုပ်ဖြစ်ဘူးပေါ့နော် ကျောင်းပြီးတာတော့ တစ်နှစ်လောက်ရှိပြီ

ဟုတ်ကဲ့... ပြည်ပမှာသွားပြီးတော့ ဖျော်ဖြေဖို့ အစီအစဉ်ကော ရှိလားမသိဘူးရှင့် .. အရင်တုန်းကကော ဖျော်ဖြေခဲ့ပါသလား
အင်း ... ပြည်ပမှာ အရင်တုန်းကတော့ Bangkok မှာသွားပြီး ဖျော်ဖြေဖူးတယ် တစ်ခေါက်ပေါ့နော် အခု Bangkok မှာဖျော်ဖြေဖို့ပဲထပ်ပြောထားတာရှိတယ် ဒီ ၁၀ လပိုင်း လကုန်ပိုင်းလောက်မှာပေါ့

အစ်မရဲ့ Design တွေက အရမ်းမိုက်တယ်နော် ကိုယ်တိုင်ဖန်တီးတာလား ဒါမှမဟုတ် Designer ကသတ်သတ်ရှိလားမသိဘူးရှင့်

အစ်မက များသောအားဖြင့် အဲလို Show ဆိုလို့ရှိရင်လဲ ဖြစ်ဖြစ်ပေါ့နော် .. တစ်ကိုယ်တော် live show ဆိုလို့ရှိရင် အဲလိုသေသေချာချာ စဉ်းစားပြီး ဒီသီချင်းအပေါ်မူတည်ပြီး လိုက်ပြီး ထွင်ပြီးလုပ်တာပေါ့နော် Designer က... Designer ရယ်လို့သီးသန့်ရယ်မဟုတ်ဘူး အကယ်၍ကိုယ်လိုချင်တဲ့ပုံစံ ဒီပုံစံဆိုလို့ရှိရင် ဘယ် Designer နဲ့လိုက်မယ်ပေါ့နော် အဲလိုတော့ရွေးပြီးအပ်တယ် ပြီးတော့ ဘယ်လိုပုံစံလိုချင်တယ်ဆိုတာကတော့ပြောတယ်ပေါ့နော်

ဟုတ်ကဲ့... အခုခေတ်မှာ မျက်နှာခွဲစိတ်တာ အရမ်းကိုခေတ်စားလာတယ်ပေါ့နော် အဲဒီအပေါ်မှာ အစ်မရဲ့အမြင်လေးကိုပြောပြပေးပါ
မျက်နှာခွဲစိတ်တာက .. အစ်မကိုယ်တိုင်လည်း ဒီနှာခေါင်းကို ခွဲစိတ်ထားတာပေါ့နော် ဒါပေမယ့် လိုအပ်မှ ခွဲစိတ်တာက ကောင်းမယ်လို့ထင်တယ် အစ်မကခွဲစိတ်ထားတာက ခွဲစိတ်ထားတာပဲပေါ့နော် မလိုအပ်ပဲလုပ်ရင်လည်း တစ်ခြား side effect တွေရှိမှာဆိုတော့လေ လိုအပ်ရင်တော့ခွဲစိတ်ပါလို့ မလိုအပ်ဘူးဆိုလို့ရှိရင်တော့ ကိုယ် နဂိုပုံစံလေးကလည်း nature လေးကလည်းလှပါတယ်လို့

အစ်မခွဲစိတ်တာက သိကိုမသိတာပါဘူး အရမ်းကိုလှပါတယ် အစ်မနဲ့ပက်သက်ပြီးတော့ ကောလဟာလတွေ ကြားတဲ့အခါမှာ စိတ်ဓါတ်ကျတာတွေ စိတ်ဆိုးတာတွေ ဖြစ်လေ့ရှိပါသလား အဲလိုမျိုး ကောလဟာလကိုယုံယုံနေတဲ့ပရိသတ်တွေကို မ၀ိုင်းကဘာများပြောချင်ပါသလဲရှင်

အင်း ... ကောလဟာလဆိုတာက .. ကောလဟာလဆိုတဲ့အတိုင်း.. သူ့ဟာနဲ့သူအချိန်အတိုင်းအတာရှိတာပေါ့နော် သိပ်မကြာပါဘူး အရမ်းကြီးမကြာပါဘူး တစ်ပါတ် ဆယ်ရက်ထက်မပိုပါဘူး ပြီးရင်ပျောက်သွားတာပဲ အဲဒါအတွက်လိုက်ပြီးတော့ စိတ်ထိခိုက်နေမယ် စိတ်ဆိုးနေမယ်ဆိုလို့ရှိရင် ဟို ကိုယ်ပဲပူတယ် အဲတော့ အစ်မကတော့ ဘယ်တော့မှ အဲလိုကောလဟာလတွေကိုခေါင်းထဲမထည့်တတ်ဘူး ကိုယ့်ဟာကိုယ်ပျော်အောင်ပဲနေတယ် အဲလိုပဲ ပရိသတ်ကြီးလဲ ကောလဟာလတိုင်းကိုမယုံပါနဲ့လို့ ဟို.. ပြီးသွားရင် ..ဒါတွေက ကြာရင်ပျောက်သွားမှာပဲလို့
wyne su

အစ်မကိုချစ်တဲ့ ပရိသတ်တွေအတွက်ကို အနုပညာရှင်တစ်ယောက်အနေနဲ့ ရုပ်ရှင်နဲ့ သီချင်းတွေကို ဘယ်အချိန်ထိ ဆက်လုပ်သွားမလဲဆိုတာကို သိပါရစေရှင်
ဒါကတော့ ပရိသတ်အားပေးသလောက်ပေါ့နော် ပရိသတ်အားပေးနေသရွေ့ အစ်မက ကြိုးစားပြီးလုပ်သွားမှာပါ

အစ်မကိုချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေကို ဘာများပြောချင်ပါသလဲရှင်
အင်း.. အခု .. ဟို ကားတွေလည်းရိုက်နေတယ် နောက် သီချင်းတွေလည်းဆိုနေတယ်ပေါ့နော် နောက်ထပ်လည်း ကြိုးစားပြီးလုပ်သွားမှာပါလို့ မစုကို အခုလိုအားပေးတာလဲ အရမ်းပဲကျေးဇူးတင်ပါတယ် ဆက်ပြီးအားပေး ပေးပါဦးလို့ အားပေးတဲ့ပရိသတ်တွေအားလုံး ကျေးဇူးပါပဲလို့

ဟုတ်ကဲ့ အစ်မ ညီမတို့ရဲ့ MYMC Radio အစီအစဉ်လေးပေါ်မှာ အစ်မရဲ့အမြင်လေးကိုသိပါရစေ။

အင်း .. အစ်မက များသောအားဖြင့် Internet ကိုသိပ်မသုံးဖြစ်ဘူးလေ သုံးလည်းသိပ်မသုံးတတ်ဘူး အဲတော့ အဲလိုပြောလို့ရှိရင် တစ်ချို့ပရိသတ်တွေကမယုံဘူးပေါ့နော် အဲလို Email Address တွေရှိလား ဘာညာမေးတယ် အစ်မက မရှိဘူးလို့ပြောရင်မယုံကြဘူး အဲတော့ များသောအားဖြင့်က Online ပေါ်က ပရိသတ်တွေနဲ့မတွေ့ဖြစ်တာများတယ်လေ အခုလို ဒီလိုအစီအစဉ်လေးလုပ်ပေးတဲ့အတွက်ကြောင့်မို့လို့ Online ပေါ်ကပရိသတ်တွေအားလုံးနဲ့လဲ အဆက်အသွယ်မပြတ်ဘူးပေါ့နော် အဲဒါပိုပြီးတော့ကောင်းပါတယ်

အခုလိုရှင်းလင်းဖြေကြားပေးခဲ့လို့ အစ်မကို ကျွန်မတို့ MYMC Family မှကျေးဇူးတင်ပါတယ် အနာဂတ်မှာလည်းဒီထက်မကအောင် အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်

အခုလို ဆုတောင်းပေးတဲ့ညီမလေးကိုလည်း အစ်မက အများကြီးကျေးဇူးတင်ပါတယ်

WS

အင်တာဗျူးကိုအသံနဲ့နားထောငိချင်တယ်ဆိုရင်တော့...


Comments (130)

 1 2 3 4 5 >  Last ›
...
မိုက်မှမိုက်...ကြိုက်မှ ကြိုက်..
Zwe' , August 25, 2010
...
ဝိုင်းစုခိုင်သိန်းကိုတော့အတော်လေးကြိုက်ပါတယ်
1!,91,9 , August 23, 2010
...
မမရေအားပေးနေတယ်နော်မမရဲ.မက်လောက်စရာသီချင်းကိုတော့အတော်လေးကြိုက်ပါတယ်
နောက်ထပ်သီချင်းတွေများများထုပ်ပေးပါနော်မမအားပေးနေပါတယ်
ပျော်ရွှင်ပါစေ
အောင်ဇော်ထက် , August 23, 2010
...
မင်္ဂလာပါ..စု အမြဲအားပေးလျှက် ပါ...ထားဝယ် က ပရိပ်သတ် တစ်ဦးပါ
ပန်းသီး , August 16, 2010
...
မမ ၀ိုင်းစု
မမ ရဲ့ မက်လောက်စရာခွေထဲက သီချင်းတွေကို အရမ်းကြိုက်တယ်။
မမ ကို အမြဲတမ်းအားပေးနေမယ်နော်။
ဒီထက်မက အောင်မြင်မှုတွေရနိုင်ပါစေ နော် .....
nay chi , August 08, 2010
...
အမကိုအမြဲအားပေးနေမယ်နော်
အမကသီချင်းဆိုတာကိုကြိုက်တယ်သိလားအမကိုလေချစ်နေတဲ့ပရိတ်သတ်ပါမ၀ိုင်းဆုကိုလေအမြဲအားပေးနေမယ်မမ၀ိုင်းဆုမမထိုးပေးတဲ့လ်မှတ်ကိုလေကျွန်တော်ရင်ထဲမှာသိမ်းထားတယ်နော်နောက်မှတွေမယ်နော်
tuntun , August 07, 2010
...
အင်း Good ပါတယ်ကွာ ဒါပေမယ့် ဘ၀ရဲ့ တခြားအစိတ်အပိုင်းတွေလည်း လက်မလွှတ်ရစေနဲ့နော်
L , August 06, 2010
...
အစ်မသီချင်းတွေက မက်လောက်စရာမရှိအောင်ကြိုက်ပါတယ်ဗျာ။
ဂျွန်ဇင်အောင် , August 03, 2010
...
ဝိုင်းဆုရဲ့သစ်ချင်းတွေကိုကျြိုက်တယ်အမြဲတမ်းနားထောင်ဖြစ်တယ် ဝိုင်းလေ ဒီထက်မကအောင်မြင်ပါစေ
sandymoe , August 02, 2010
...
အမ အမြဲအားပေးနေမယ်။အမ ရဲံဖုန်းနံပါတ် လေးပြောပြပါအုံး။အကောင့်ကိုလည်း လက်ခံပေးပါ
ဝေယံမင်းခန့် , July 23, 2010
...
kaung del.
This e-mail address is being protected from spambots. You need JavaScript enabled to view it , July 21, 2010
...
မဝိုင်းစု ရဲ့ ဖုံးနံပါတ် က ၀၉၅၀၃၁၁၁၀ ဆို
ဟုတ်လား အနော်ဆက်လို့လဲရဘူးဗျ
ဘာမှားနေလဲမသိဘူး
တေဇာ , July 18, 2010
...
အစ်မသီချင်းတွေအားလုံးကိုကြိုပါတရ်။မက်လောက်စရာကိုပိုကြိုတရ်သိလား။အစ်မကိုဆက်လက်ပြီးအားပေးနေမရ်နော်။
Tin Htut Zaw , July 18, 2010
...
ဝိုင်းဆု၇ဲ့အပြစ်မမြင်သီချင်းလေးကိုကြိုက်လို့ခဏခဏနားထောင်မိတယ်။
မက်လောက်စ၇ာခွေထဲကသီချင်းတွေအားလုံးကိုကြိုက်ပါတယ်။
လိုက်ဖက်တဲ့ဘ၀သီချင်းလေးကိုပိုကြိုက်မိပါတယ်။
ဝိုင်းဆုအသံလေးကအ၇မ်းးချိုတယ်နော်။
အမြဲအားပေးနေပါ့မယ်။
thwe thwe htwe , July 17, 2010
...
အစ်မရေ အစ်မရဲ့ပရိတ်သတ်တစ်ယောက်ပါ၊ အစ်မကိုအမြဲအားပေးနေပါတယ် အစ်မအောင်မြင်ပါစေ
william , July 16, 2010
...
ဟိုင်း ပါ ကျွန်တော်မမကိုသီချင်းရောင်းချင်တယ်
ဘယ်လိုဆက်သွယ်ခွင့်ရှိမလဲခင်ဗျာ ..
အပြစ်မမြင်လိုသီချင်းမျိုးလေးပါ ..
ယုံကြည်ရင်ဆက်သွယ်ပေးလိုပါတယ်ခင်ဗျာ
nemo , July 07, 2010
...
မ၀ိုင်းစု ရဲ့ပရိပ်သတ်တစ်ယောက်ပါ
ကြိုးစားပါ
အမြဲတမ်အားပေးနေမှာပါ
minhtetkhine , July 03, 2010
...
အးပေးနေတယ်နော်..ဆက်ပြီးတော့ကြိုးစားပါဦး..
လမ်းမကြီးရဲ့ဘေး သီချင်းကိုအရမ်းကြိုက်ပါတယ်....
သက်မျိုးနိုင် , June 27, 2010
...
i like ur style..go on..to the best future..........
yathazin , June 24, 2010
...
အမကြိုးစားနော် ......... ကျွန်တော်က ... အမပ၇ိတ်သတ်ပါ....


မြစ်ကြီနားကပါ.... လာလည်ပါဦးနော်မြစ်ကြီးနားကို.... လေးစားလျှက်ပါ...

အမရဲ့ပရိတ်သတ်တစ်ယောက်ပါ
တူးခေါင်
နည်းပညာAGTI 1GEC-39
tuhkawng , June 06, 2010
 1 2 3 4 5 >  Last ›

Write comment

You can add your comment here

busy

Who's Online »

We have 160 guests online

MYMC News! »

  • 5 Sep 2010 | 10:44 pm

    မုတ်သုံမိုးကြောင့် ရေဘေး ဒုက္ခများ ကြုံတွေ့နေရသည့် ပါကစ္စတန် နိုင်ငံ၏

    Read more...
  • 5 Sep 2010 | 10:29 pm

    မေလ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ရပြီး အာဏာရပါတီနေရာကို

    Read more...