MYMC ကလူငယ်တွေအတွက် media ပိုင်းတစ်ခုတင်မကပဲ အကျိုးရှိစေမယ့် educational ပိုင်းတွေကိုပါ တင်ဆက်နိုင်အောင်ကြိုးစားနေပါတယ်။ အခုပထမဆုံးတစ်ခုအနေနဲ့ Singapore ရောက် MYMC DJ တွေနဲ့ MYMC Special Program မှအသင်းသားများပေါင်းစပ်ပြီး တင်ဆိုက်လိုက်တဲ့ "Singapore မှာပညာရှာ" အစီအစဉ်ကို MYMCကိုလာရောက်ကြည့်ရှု အားပေးနေတဲ့ လူငယ်ထုအတွက် တင်ဆက်လိုက်ပါတယ်။ Singapore မှာကျောင်းတက်ဖို့လိုအပ်ချက်တွေ၊ ကျောင်းတက်နေတုန်းသိသင့်တာတွေ၊ ကျောင်းပြီးရင်လုပ်ရမယ့်အရာတွေကို MYMC ၀ိုင်းတော်သားတွေဖြစ်တဲ့ DJ-Psycho, DJ-MelodyPhyo, DJ-Kiko, DJ-Lance, SpecialProgramMember-Lay.San.Nget, SpecialProgramMember-Amedeo တို့က ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာလေးတွေကို Singapore မှာ ပညာသင် အခြေဆိုက်ဖို့ ကြိုးစားနေတဲ့ မြန်မာကျောင်းသား လူငယ်တွေအတွက် စကားဝိုင်းပုံစံလေး တင်ဆက်ပေးထားပါတယ်။ ပထမဆုံးစလုပ်တဲ့ Program ဖြစ်လို့ လိုအပ်ချက်တွေ ရှိရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါ။ နောက်ထပ်လည်းလူငယ်တွေအတွက် အစီအစဉ်ကောင်းတွေ တင်ဆက်နိုင်ဖို့ MYMCတစ်ဖွဲ့လုံးကကြိုးစားနေပါတယ်။ အခုလိုအစီအစဉ်မျိုးတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး လူငယ်တွေအကျိုးအတွက် MYMCနဲ့လက်တွဲ ကူညီချင်တယ်ဆိုရင်တော့
This e-mail address is being protected from spambots. You need JavaScript enabled to view it
ကို Gtalkမှာ add ပြီးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဒီProgramလေးက Singaporeမှာ ပညာသင်ဖို့ကြိုးစားတဲ့ လူငယ်တွေအတွက် တစ်ထောင့်တစ်နေရာက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Special Thanks: Lay.San.Nget
မဟူရာ
မဟူရာ
| < Prev | Next > |
|---|


