User Rating: / 0
PoorBest 

Google Song Download Trick

E-mail Print PDF

google song download trick

(26 Dec 2010) update: commenter coconut ရဲ့  suggestion နဲ့  tutorial ကို update လုပ်ထားပါတယ်။ Thanks coconut for your tip!

ကျွန်တော်တို့ playlist တွေမှာများသောအားဖြင့် english သီချင်းတွေအတွက် download link မပေးထားတတ်ပါဘူး။ အကြောင်းကြောင်းကြောင့်ပါ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ကို email ကနေတဆင့် playlist အောက်မှာ comment တွေကနေတဆင့် download တင်ပေးဖို့ပြောကြတဲ့အတွက် ဒီနေ့ သီချင်းအသစ်တွေ ရှာရင်းဆွဲရင်းနဲ့မှ idea ရတာနဲ့ ဒီ tutorial ကောက်လုပ်လိုက်တာပါ။ သီပြီးသူတွေကော၊ မသိရသေးတဲ့သူတွေကော စိတ်ဝင်စားတယ်ဆိုရင် အောက်မှာဆက်ဖတ်ပါ။ သုံးနေကြ Google ကိုနည်းနည်းမွှေပြီး ရှာတတ်ဖို့ သင်ပေးတဲ့ သဘောမျိုးပါ။

 

Step 1.
what to type

ဒီ tutorial မှာ web browser ကတော့ Firefox ကိုသုံးထားပါတယ်။ Firefox ပဲသုံးဖို့ အကြံပြုချင်ပါတယ်။ ပထမဆုံး http://www.google.com ကိုအရင်သွားပါ။ လိုချင်တဲ့ သီချင်းကို ပုံမှာပြထားတဲ့အတိုင်း ရိုက်ထည့်ပါ။  ခရမ်းရောင်အကွက်လေးမှာ ပြထားတဲ့အတိုင်း အဆိုတော်နာမည် artist ကိုထည့်ပါ။ ပြီးသွားရင် Space တစ်ချက်နှိပ်ပြီး အစိမ်းကွက်လေးကအတိုင်း သီချင်းနာမည် song title ထည့်ပါ။ Featuring တွေထည့်စရာ မလိုပါဘူး။ Lead Singer or Band ဖြစ်ရင်ရပါပြီ။ နောက်ဆုံး အပြာကွက်လေးမှာပြထားတဲ့အတိုင်း code လေးထည့်ပါ။ code ကိုဘယ်သီချင်း ရှာရှာ ပြောင်းဖို့မလိုပါဘူး


သတိပြုရန်: ဒီနေရာမှာ Google က auto suggestion query ကနေဖြစ်နိုင်မယ်ထင်တဲ့ result တွေ suggest ပေးပါလိမ့်မယ်။ အဲ့ဒီ Suggestion တွေမှာ Mouse Click မလုပ်လိုက်ပါနဲ့။ ပုံမှာပြထားတဲ့အတိုင်း ရိုက်ထည့်ပါ။

Search Variations:

{artist} {song title} {site:mediafire.com}

{artist} {album title} {site:mediafire.com}

{song title} {artist} {mp3 site:mediafire.com}


Step 2.

ကိုယ်လိုချင်တာ Step 1 ပုံမှာ ပြထားတဲ့အတိုင်း ရိုက်ထည့်ပြီးပြီဆိုရင် Enter ခေါက်ပါ (or) Google Search ပေါ်မှာ Click နှိပ်ပါ။ ပုံမှာပြထားတဲ့အတိုင်း results တွေကျလာပါလိမ့်မယ်။ အခုပြထားတဲ့ Tutorial မှာရှာလိုက်တဲ့သီချင်းက ပထမဆုံး result အနေနဲ့ ပေါ်လာလို့ လွယ်လယ်ကူကူ ထွက်လာတာပါ။ များသောအားဖြင့် ကိုယ်လိုချင်တဲ့ သီချင်းရဲ့ mediafire Link က Google search result ရဲ့ 1-3 အတွင်းမှာပဲရှိတတ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း www.mediafire.com ဟုတ်လား မဟုတ်လား သေချာကြည့်ပါ။ mediafired.com, midiafire.com စသဖြင့်တစ်ခုခုလွဲနေရင် မသွားပါနဲ့။ phishing site တွေက ကိုယ့် information တွေယူဖို့ပုံမှားရိုက်ထားတာပါ။

results

Step 3.

Search လုပ်လိုက်လို့ Mediafire မှာတင်ထားတဲ့ ကိုယ်လိုချင်တဲ့သီချင်းကို ရပြီဆိုရင် ဒေါင်းလုပ်လုပ်ဖို့ပဲ ကျန်ပါတော့တယ်။ အောက်က ပုံမှာပြထားတဲ့အတိုင်း Click here to start download ပေါ်နှိပ်လိုက်ပါ။ Mediafire pro account မရှိသူများအတွက် mediafire ရဲ့  policy မှာပါတဲ့အတိုင်း advertising page တစ်ခုတက်ကောင်းတက်လာပါလိမ့်မယ်။ ပိတ်လိုက်ပါ။

English Song Download
Step 4.

File ကို save လုပ်လိုက်ပါ။

popup


*ထပ်တိုးသတိပြုရန်*

ကိုယ်လိုချင်တဲ့ သီချင်းတိုင်း mediafire မှာအဆင်သင့် တင်ပြီးထားတာရှိချင်မှ ရှိမှာပါ။ ဒါပေမဲ့ စမ်းသပ်ရှာဖွေသလောက် Hot ဖြစ်တဲ့သီချင်းများများ၊ နောက်ဆုံးထွက်တဲ့သီချင်းတော်တော်များများ ရှိပါတယ်။ classic တွေလိုချင်တယ်ဆိုရင်တော့ ဒီ method ကသင့်တော်ချင်မှ သင့်တော်ပါလိမ့်မယ်။ ကိုယ့်တာဝန် ကိုယ်ယူပြီးလုပ်ပါ။ဒီ Tutorial ကိုဘယ်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။ ကိုယ့်ဆိုဒ်တွေမှာ သုံးမယ်ဆိုရင် MYMCကို credit ပြန်ပေးပါ။


အားလုံးကိုလေးစားလျှက်

မဟူရာ