
သီချင်း playlist တွေကို အခုလို အရမ်းအားပေးကြတဲ့အတွက် ကျွန်တော်တို့ လုပ်ရသူတွေအတွက် တစ်ကယ်အားတက်ပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Playlist တွေကိုအချိန်တော်တော်ယူပြီး လုပ်ရတော့ တစ်ခုတစ်ခုကို ဆိုဒ်မှာတင်နိုင်ဖို့ တော်တော်ကြာပါတယ်။ စောင့်မျှော်နေတဲ့သူတွေကိုလည်း တစ်ခုမဟုတ်တစ်ခု အမြဲတမ်းအသစ်တွေပေးချင်တဲ့ စိတ်ကလည်းရှိတော့ တော်တော်ခက်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ နောက်ထပ်စဉ်းစားပြီး လုပ်နိုင်မယ်လို့ ထင်တာလေးအခု ချပြလိုက်ပါတယ်။
MYMC Song of the day မှာ အနောက်တိုင်း ဂီတသီချင်းတွေထဲကမှ တစ်နေ့ကို တစ်ပုဒ်နှုန်းနဲ့ ဂီတအမျိုးအစားပေါင်းစုံကနေ လာလည်သူတွေကြိုက်မယ်ထင်တာလေးတွေကို ရွေးရွေးပြီး ဖော်ပြပေးသွားပါမယ်။ သီချင်းတစ်ပုဒ်မှာ သံစဉ်ကောင်းရုံနဲ့ သီချင်းကိုသေချာခံစားလို့မရနိုင်ပါဘူး။ သံစဉ်ကော၊ စာသားကော အပြည်အ၀နားလည်နိုင်မှသာ သီချင်းရဲ့ တစ်ကယ့်ရသကို ပေးစွမ်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဒီ idea လေးအတွက်နောက်ထပ် ထူးခြားမှုတစ်ခုက ကျွန်တော်တို့ သီချင်းတွေရဲ့ Download လုပ်နိုင်မယ့် လင့်တွေကို Online မှတဆင့် ရှာဖွေပြီးတင်ပေးထားမှာပါ။ ဒါ့အပြင် အောက်က comment တွေမှတဆင့် အကြံပြူတောင်းဆိုတာတွေကိုလည်း ကျွန်တော်တို့ သေချာအလေးအနက်ထားပြီး အဆင်ပြေသလို ဆောင်ရွက်ပေးသွားမှာပါ။ အောက်မှာ comment တွေသေချာရေးပေးပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီ Page မှာ မသက်ဆိုင်တဲ့ တခြားcomment တွေအကုန်လုံးကို ဖျက်ပစ်မှာဖြစ်ပါတယ်။
သတိထားရမယ့်အချက်တွေအနေနဲ့ ...
၁. ၂၄နာရီတစ်ခါ ဒီစာမျက်နှာကို update လုပ်မှာဖြစ်လို့ ၂၄နာရီအတွင်းမှာ မကြည့်မိခဲ့ရင် ဒီသီချင်းတွေကို ပြန်လည်ဖော်ပြပေးမှာ မဟုတ်ပါဘူး။
၂. လာလည်သူတွေကြိုက်မကြိုက်ပေါ်မူတည်ပြီး ဒီအစဉ်ကို ကျွန်တော်တို့ ထပ်တိုးချဲ့ကောင်းချဲ့ပါမယ်။ လောလောဆယ်မှာတော့ တစ်နေ့ကိုတစ်ပုဒ်နှုန်းပဲ ဖော်ပြပေးဦးမှာဖြစ်ပါတယ်။
၃. သီချင်းတွေကို Download ပေးမဲ့ Link တွေကို online ပေါ်ကသာရှာဖွေပေးထားခြင်း ဖြစ်ပါတယ်။
၎. ဒီစာမျက်နှာမှာ မြန်မာသီချင်းများ လုံးဝဖော်ပြမည်မဟုတ်ပါ။ မြန်မာသီချင်းနဲ့ ပတ်သက်ပြီးရေးသားတဲ့ comment များကိုလည်း ဖျက်ပစ်မှာဖြစ်ပါတယ်။ မြန်မာသီချင်းတွေ တောင်းဆိုဖို့ဆိုရင် ဒီကို သွားပါ။
၅. email ကနေတဆင့် ဒီသီချင်းတွေကို ပို့ပေးမှာ မဟုတ်ပါဘူး။
ဒါလေးတွေကို လိုက်နာပေးပါလို့ ပြောကြားချင်ပါတယ်။
ဒီတစ်ရက်အတွက်သီချင်းကတော့ The Rasmus ရဲ့ Justify ဆိုတဲ့ သီချင်းလေးပါ။

Comments (83)
...
ဒီထက်ပိုပြီအောင်မြင်ပါစေ
ကီုDဖြိုးသီချင်းလေးတွေကိုလွှင့်ပေးပါဦး
...
~~ကောင်မလေးရေ.. သိပ်ချစ်တယ်.. ဘ၀မှာ မင်းတစ်ယောက်သာပဲ... အရာရာထက်ကို..ငါပိုချစ်လို့~~
xD
...
...
CONGRATULATION MYMC, I LIKE VERY MUCH MYMC PROGRAM.