SOTD

ပရိတ်သတ် တောင်းဆိုမှု နဲ့ Song of the Day ကို Songs of the Day ဆိုပြီးချဲ့လိုက် ပါပြီ။ စာရှည်ရှည် မရေးတော့ပါဘူး။ လိုတိုရှင်းပေါ့။ သိလိုတာရှိရင် MYMC Formsping.me မှာလိုရာမေးနိုင်ပါတယ်။ Today - 1 (minus one) က yesterday ကိုဆိုလိုပါတယ်။ Today - 2 ကတော့ မနေ့တစ်နေ့ ကပေါ့။ Click လုပ်ပြီးပိတ်နိုင် ဖွင့်နိုင်ပါတယ်။ အရင် Song of the Day စာများကို အောက်ဆုံးမှာ မှတ်တမ်းတင် ထားပါတယ်။

ကျွန်တော်တို့ site ကိုနေ့တိုင်း လာလည်စေလို ချင်တာကြောင့် Song of the Day သီချင်းများကို ၃ ရက်စာပဲတင်ထား ပေးကြောင်းပါ။ တစ်ခြားနည်းနဲ့ ပြောမယ်ဆိုရင် ပရိတ်သတ်များ ၁၀ ရက်တစ်ခါပဲ လာမယ်ဆိုရင် ကျွန်တော်တို့ site popularity ကျလို့ပါခင်ဗျား။ နားလည်နိုင်မယ် လို့မျှော်လင့်ပါတယ်။

Song of Today
Song of Today

ဒီနေ့ Song of the Day ကို Jennifer Lopez ရဲ့ Live It Up ဆိုတဲ့သီချင်း ရွေးထားပါတယ်။ featuring က rapper အကျော်အမော် Pitbull ပါ။ Jennifer Lopez ရဲ့၈ခွေမြောက် ထဲမှာ ပါဝင်မှာ ဖြစ်ပြီး ဝေဖန်သူ တွေက ဒီနှစ် ၂၀၁၃ရဲ့ summer hit သီချင်း ဖြစ်လာမယ်လို့ ခန့်မှန်းထား ကြပါတယ်။ Billboard US Pop Songs မှာနံပတ် ၃၃နေရာမှာ ရှိနေပြီး သူတို့နှစ်ယောက် ပူးပေါင်းပြီး ဆိုတဲ့ တတိယမြောက် သီချင်းပါ။ အရင်က နှစ်ပုဒ် ဖြစ်တဲ့ "On the Floor" နဲ့ "Dance Again" တို့ကလည်း ပေါက်ခဲ့တဲ့ သီချင်းတွေပဲ ဆိုတော့ဒီ Live It Up ကိုလည်း နားထောင် ကြည့်ပါဦး။

ဒေါင်းရန် | mp3skull.me

Song of Today - 1
Song of Today

ဒီနေ့ Song of the Day ကို Skylar Grey ရဲ့နောက်ထွက်မယ့် ဒုတိယ အယ်ဘမ် Don't Look Down ထဲက Final Warning ဆိုတဲ့သီချင်း ရွေးထားပါတယ်။ အမေရိကန်က အဆိုတော်နဲ့ တေးရေး တစ်ယောက် ဖြစ်တဲ့ Skylar Grey ကအရင်က Holly Brook ဆိုတဲ့ နာမည်နဲ့ Like Blood Like Honey ဆိုတဲ့ အယ်ဘမ် ထုတ်ခဲ့ပါတယ်။ ၂၀၁၂ နောက်ပိုင်းမှာ Skylar Grey အဖြစ် နာမည် ပြောင်းခဲ့ပြီး Fort Minor ရဲ့ "Where'd You Go"၊ Diddy-Dirty Money ရဲ့ "Coming Home" စတဲ့သီချင်း တွေမှာ featuring အဖြစ် ပါဝင်ခဲ့ဖူး ပါတယ်။ ရင်းနှီးပြီးသား အဆိုတော် တစ်ယောက် ဆိုတော့ သူမရဲ့ သီချင်း Final Warning ကိုနားထောင် ကြည့်ပါဦး။

ဒေါင်းရန် | sfshare.se

Song of Today - 2
Song of Today

ဒီနေ့ Song of the Day ကို Jakwob ရဲ့ Fade (ft. Maiday) ကိုရွေးထား ပါတယ်။ အမည်ရင်း James Edward Jacob ဖြစ်ပြီး Jakwob လို့သိကြတဲ့ သူက ဗြိတိန် နိုင်ငံက music producer နဲ့ DJ တစ်ယောက် ဖြစ်ပြီး အသက် ၁၀နှစ် အရွယ် ကတည်းက တေးဂီတကို စလုပ်လာတာပါ။ multi-instrumentalist တစ်ယောက် ဖြစ်ပြီး ငယ်ငယ် ကတည်းက band တွေတော်တော်များများမှာ ပါဝင် ခဲ့တဲ့သူ တစ်ယောက်ပါ။ ဒီနေ့သီချင်း Fade ကသူရဲ့ နောက်ထွက်မယ့် အယ်ဘမ်ထဲမှာ ပါဝင်မှာ ဖြစ်ပြီး UK Singles Chart မှာနံပတ် ၃၅နေရာမှာ ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ နားထောင် ကြည့်ပါဦး။

ဒေါင်းရန် | soundowl

သီချင်း playlist တွေကို အခုလို အရမ်းအားပေးကြတဲ့အတွက် ကျွန်တော်တို့ လုပ်ရသူတွေအတွက် တစ်ကယ်အားတက်ပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Playlist တွေကိုအချိန်တော်တော်ယူပြီး လုပ်ရတော့ တစ်ခုတစ်ခုကို ဆိုဒ်မှာတင်နိုင်ဖို့ တော်တော်ကြာပါတယ်။ စောင့်မျှော်နေတဲ့သူတွေကိုလည်း တစ်ခုမဟုတ်တစ်ခု အမြဲတမ်းအသစ်တွေ ပေးချင်တဲ့စိတ်ကလည်းရှိတော့ တော်တော်ခက်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ နောက်ထပ်စဉ်းစားပြီး လုပ်နိုင်မယ်လို့ ထင်တာလေးအခု ချပြလိုက်ပါတယ်။

MYMC Song of the day မှာ အနောက်တိုင်း ဂီတသီချင်းတွေထဲကမှ တစ်နေ့ကို တစ်ပုဒ်နှုန်းနဲ့ ဂီတအမျိုးအစားပေါင်းစုံကနေ လာလည်သူတွေကြိုက်မယ်ထင်တာလေးတွေကို ရွေးရွေးပြီး ဖော်ပြပေးသွားပါမယ်။ သီချင်းတစ်ပုဒ်မှာ သံစဉ်ကောင်းရုံနဲ့ သီချင်းကိုသေချာခံစားလို့မရနိုင်ပါဘူး။ သံစဉ်ကော၊ စာသားကော အပြည်အ၀နားလည်နိုင်မှသာ သီချင်းရဲ့ တစ်ကယ့်ရသကို ပေးစွမ်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒီ idea လေးအတွက်နောက်ထပ် ထူးခြားမှုတစ်ခုက ကျွန်တော်တို့ သီချင်းတွေရဲ့ Download လုပ်နိုင်မယ့် လင့်တွေကို Online မှတဆင့် ရှာဖွေပြီးတင်ပေးထားမှာပါ။ ဒါ့အပြင် အောက်က comment တွေမှတဆင့် အကြံပြူတောင်းဆိုတာတွေကိုလည်း ကျွန်တော်တို့ သေချာအလေးအနက်ထားပြီး အဆင်ပြေသလို ဆောင်ရွက်ပေးသွားမှာပါ။ အောက်မှာ comment တွေသေချာရေးပေးပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီ Page မှာ မသက်ဆိုင်တဲ့ တခြားcomment တွေအကုန်လုံးကို ဖျက်ပစ်မှာဖြစ်ပါတယ်။

သတိထားရမယ့်အချက်တွေအနေနဲ့ ...
၁. သီချင်းတွေကို Download ပေးမဲ့ Link တွေကို online ပေါ်ကသာရှာဖွေပေးထားခြင်း ဖြစ်ပါတယ်။
၂. ဒီစာမျက်နှာမှာ မြန်မာသီချင်းများ လုံးဝဖော်ပြမည်မဟုတ်ပါ။ မြန်မာသီချင်းနဲ့ ပတ်သက်ပြီးရေးသားတဲ့ comment များကိုလည်း ဖျက်ပစ်မှာဖြစ်ပါတယ်။ မြန်မာသီချင်းတွေ တောင်းဆိုဖို့ဆိုရင် ဒီကို သွားပါ။
၃. email ကနေတဆင့် ဒီသီချင်းတွေကို ပို့ပေးမှာ မဟုတ်ပါဘူး။

ဒါလေးတွေကို လိုက်နာပေးပါလို့ ပြောကြားချင်ပါတယ်။