User Rating: / 0
PoorBest 

MYMC Persona for Firefox

E-mail Print PDF

firefox

 

Firefox ကိုအခုအချိန်မှာ လူတော်တော်များများ ကြိုက်နှစ်သက်ပြီး အသုံးပြုနေကြပါပြီ။ 2010 March စစ်တမ်းကောက်ယူချက်များအရ Firefox browser ဟာ ၄၆% ကျော်နဲ့ Browser လောကမှာ ဆက်လက်ဦးဆောင်နေပါတယ်။ MYMC အနေနဲ့လည်း စာမျက်နှာတွေကြည့်ရှုတဲ့အခါ firefox ပဲအသုံးပြုလို့ recommend လုပ်ထားပါတယ်။ အခုဒီ Firefox browser မှာ နဂို plain background မဟုတ်ပဲ မျက်စိအစာကျွေး လှတပတလေးတွေ ထည့်ပြီး ကြည့်ရှုနိုင်ပါပြီ။ မနေ့တနေ့ကမှ ဟိုကလိ ဒီကလိနဲ့ MYMC အတွက် Firefox Persona (Skin) တစ်ခုလုပ်ချင်စိတ်ပေါက်လာတာနဲ့ လုပ်ထားပြီး အခု approval ကျလာတဲ့အတွက် MYMC Members တွေ၊ Fan တွေ အသုံးပြုနိုင်အောင် ပြန် share လိုက်ပါတယ်။ MYMC ရဲ့ Firefox Persona စာမျက်နှာကိုသွားဖို့ အောက်ကပုံလေးပေါ် နှိပ်လိုက်ပါ။

 

MYMC

 

ပုံ့လေးပေါ်နှိပ်ပြီး အောက်က ဒုတိယပုံမှာ ပြထားတဲ့အတိုင်း Firefox Persona မှာရှိတဲ့ MYMC ရဲ့စာမျက်နှာ ကျလာပါလိမ့်မယ်။


1

 

အဲဒီစာမျက်နှာရှိတဲ့ wear this persona ဆိုပြီးအဖြူရောင်နဲ့ရေးထားတဲ့ စာအပေါ် mouse တင်လိုက်ရင် ကိုယ်ရဲ့ Browser Skin ရုတ်တရက်ပြောင်းသွားတာကို တွေရပါလိမ့်မယ်။ ဒါဟာ Mouse တင်တဲ့အချိန်ခဏလေး ဘယ်လိုထွက်လာမလဲဆိုတာ Preview ပေးတဲ့သဘောမျိုးပါ။ အသုံးပြုချင်တယ်ဆိုရင် "Click" တစ်ချက်နှိပ်ပါ။

မှတ်ချက် - Firefox ရဲ့ extensions တွေတစ်ခါမှမဆန်းဘူးတဲ့ သူတွေအတွက် security နဲ့ပတ်သက်တဲ့ windows တွေပေါ်လာရင် ရဲရဲသာ Click နှိပ်ပါ။ ဘာမှမဖြစ်ပါဘူး။

Browser မှာ MYMC Persona ကို Install ပြီးပြီဆိုရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း မြင်ရမှာဖြစ်ပါတယ်။


3
Install မလုပ်ခင် Default Plain ပုံ

 

4
Install လုပ်ပြီး MYMC Persona နှင့်မြင်ရသောပုံ


အဆင်မပြေခဲ့တာများရှိခဲ့ရင် This e-mail address is being protected from spambots. You need JavaScript enabled to view it ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။


မဟူရာ