Myanmar Youth Media Club

Song of the Day | The Rasmus - Justify

zayye 1မင်္ဂလာပါရှင်။
မင်္ဂလာပါ။

ညီမကတော့ MYMC Radio က Number 1 Princess ပါ။

ကျွန်တော် ဇေရဲပါ။

ဟုတ်ကဲ့။ ဇေရဲဆိုတာ နာမည်အရင်းပဲလား။ ဒါမှမဟုတ် သီချင်းဆိုဖို့ သက်သက် ပေးထားတာလား။
သီချင်းဆိုဖို့ ပေးထားတာလို့ ပြောလို့ရတယ်ဗျ။ နာမည်အရင်းက စည်သူစိုးဝင်းပါ။

အခုလိုဇေရဲဆိုတာဖြစ်လာဖို့ ဘယ်အရာတွေက တွန်းအားပေးခဲ့တာလဲ။
စိတ်ပေါ့နော်။ Rap ဆိုတာမသိခင်က ၊ Rapper ဆိုတာဘာမှန်းမသိဘူး။ အဲလိုမသိတဲ့အချိန်မှာ Acid အဖွဲ့ကိုစတွေ့တယ်။ ဟာ.. ဒီလူကြီးတွေ ဒီဇိုင်းမိုက်တယ်ပေါ့။ အမ်.. ဘာလဲဟပေါ့နော်။ ဘာတွေဆိုမှန်းလဲ မသိဘူးပေါ့။ နောက်ပိုင်းကျတော့ အဲဒီ Hip Hop ကတော်တော်ကို တွင်တွင်ကျယ်ကျယ် ဖြစ်လာတယ်ဗျာ။ အသုံးအနှုန်းတွေကအစ ၊ အဲလိုမျိုးလုပ်ပုံကိုင်ပုံတွေကအစ မိုက်လာတယ်။ အဲဒီတော့ ကိုယ်လည်းလုပ်ကြည့်ချင်တဲ့သဘောတွေ ဖြစ်လာတယ်။ အဲဒီမှာ ဂျေကြီး(J me) တို့ဘာတို့ပေါ်လာတော့ ပိုဆိုးသွားတယ်။ အဲဒီမှာ ဂျေကြီးက ဟို.. သူပေါ်လာတော့ဗျာ၊ သူလုပ်ပြတဲ့ပုံစံတွေက ဟေ့ကောင်လူငယ်တွေ.. တစ်ကယ် Feel ဖြစ်ရင် သူ့လိုလုပ်ကြည့်စမ်းပါ။ အဲလိုမျိုး ပြောနေတဲ့ပုံစံမျိုးကိုဖြစ်နေတာ။ အဲတော့ မြင်ဆရာလို့လည်း ပြောလို့ရတယ်ဗျာ။ မိုက်တယ်။ သူတို့ အဲလို 1st generation ၊ 2nd generation အဲလို generation တွေရဲ့ လုပ်ကွက်တွေကိုကြည့်ပြီးတော့ ကိုကိုယ်တိုင်လည်းလုပ်ကြည့်ချင်လာတယ်။ အဆိုတော်တစ်ယောက်ဆိုတာထက် သူတို့ရဲ့လုပ်ကွက်တွေ၊ သူတို့လုပ်တဲ့ပုံစံမျိုးတွေကိုကြည့်ပြီးတော့ အဲလို Rapper တစ်ယောက်ဖြစ်ချင်လာတယ်ပေါ့။ အဲဒါ အဓိကတွန်းအားပေးတဲ့ ညီမပြောသလို တွန်းအားပေးတယ်ဆိုတဲ့ အချက်တွေပေါ့နော်။

ဟုတ်ကဲ့ပါ။ ကိုဇေရဲအနေနဲ့ ဒီဂီလောကထဲ ၀င်ရောက်လာခဲ့ပုံကိုလည်း ပရိသတ်ကြီးသိအောင် ပြောပြပေးပါဦး။
ဪ.. အစကဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ရပ်ကွက်ထဲမှာ Studio တစ်ခုရှိတယ်။ Home Studio ပုံစံမျိုးလေးပါပဲ။ အဲဒီမှာ Rapper ကြီးတွေ ၊ Rapper လေးတွေလာတယ်။ အဲဒီ Studio ကိုသွားပြီးတော့ အရင်လေ့လာတယ်ဗျာ။ အဲဒီ Home Studio လေးက ဇေရဲရဲ့အစလို့ပြောလို့ရတယ်။

သီချင်းစဆိုတဲ့အချိန်ကစပြီး အခုအချိန်ထိပေါ့နော်၊ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရလဲ ၊ ဘယ်လိုများ ဖြေရှင်းခဲ့လဲမသိဘူး။
အခက်အခဲဆိုတာကတော့ ဒီ Hip Hop အလုပ်မှမဟုတ်ပါဘူး၊ သီချင်းဆိုတဲ့အလုပ်မှ မဟုတ်ပါဘူး။ ဘယ်အရာမဆို အစလုပ်ပြီဆိုလို့ရှိရင် အခက်အခဲတွေ တွေ့ကြတာပဲလေ။ စလုပ်တော့ ဒုက္ခပေါင်းစုံကြုံတယ်ဗျာ။ ဘာမှမသိမတတ်တော့လည်း တော်တော်ကိုဒုက္ခရောက်ခဲ့တယ်။ ဟို အဆက်အသွယ်လည်းမရှိဘူး ၊ လမ်းပြမယ့်သူလည်းမရှိဘူးဆိုတော့ ပိုဆိုးတယ်။ Studio သွားတယ်ဆိုပေမယ့် Studio မှာက ဘာမှလမ်းပြမှုမရှိဘူး။ လမ်းပြမှုမရှိတော့ ကိုယ့်ဘာသာကိုယ် လေ့လာတာပေါ့။ သူတို့ဘာတွေလုပ်ကြလဲ ၊ Rapper ကြီးတွေ ၊ Rapper လေးတွေ ဘာတွေလုပ်ကြလဲ။ အဲဒါလေးတွေ လေ့လာကြည့်ပြီးတော့ ကိုကိုယ်တိုင်လုပ်ပြီးတဲ့အချိန်မှာ သီချင်း ၄ ပုဒ်လောက်ရတော့ Producer လိုက်ရှာရော။ ရှာတော့ ခွေထုတ်ပေးမယ့်သူလည်း မတွေ့ဘူး။ နောက်ဆုံးကျတော့ လူတစ်ယောက်နဲ့တွေ့တယ်။ သူက ခွေထုတ်ပေးမယ်ပေါ့နော်။ ဒါပေမယ့် တစ်ကယ်ထွက်လာမယ့် အချိန်ကျတော့ သိတဲ့အတိုင်းပဲ အခက်အခဲတွေရှိလာတယ်။ မထုတ်ပေးနိုင်တော့ဘူးတဲ့။ မထုတ်ပေးနိုင်တော့ဘူးဆိုတော့ အချိန်ကလည်း ၃ နှစ်လောက်ကုန်နေပြီ။ ဘာလုပ်ရ ဘာကိုင်ရမှန်း လည်းမသိဘူး။ ဒါပေမယ့် ငါပရိသတ်ကိုတော့ပြချင်တယ်လို့ ငါကြိုးစားပြီး လုပ်ထားတဲ့အရာတွေပေါ့။ ခွေထဲမှာပါတဲ့သီချင်းအချို့ရယ် ၊ ပြီးတော့ Underground ဆို Underground ပုံစံမျိုးလေးသီချင်းတွေထပ်လုပ်ပြီးတော့ ကျွန်တော် Sample ဝေလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခက်အခဲဆိုတာတော့ ကြုံလိမ့်မယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော့်ညီအကိုတွေ ၊ Underground က ညီအကိုတွေလည်း ဘာအခက်အခဲပဲကြုံကြုံ စိတ်ဓါတ်မကျပါနဲ့။ ဆက်လုပ်ပါ။ ကိုယ်တကယ်ဝါသနာပါတယ် ၊ ကိုယ်တကယ်ဖြစ်ချင်တယ် ဆိုလို့ရှိရင် ဖြစ်ကိုဖြစ်ပါလိမ့်မယ်။

အခုနောက်ပိုင်း ထွက်လာတဲ့ Hip Hop သီချင်းအသစ်တွေမှာက တစ်ယောက်နဲ့တစ်ယောက် မာန်ဆောင်နေတဲ့သီချင်းတွေ များတယ်နော်။ ဒီကိစ္စအပေါ် ကိုဇေရဲရဲ့အမြင်ကိုလည်းသိပါရစေရှင့်။
ညီမထင်လို့ပါ။ မာန်ဆောင်နေတာတော့ မဟုတ်ဘူး။ ဒီလောကထဲမှာ တစ်ယောက်ကိုတစ်ယောက် ညီအကိုမောင်နှမတွေလိုပါပဲ။ Battle ခင်းတယ် ၊ Beat ဖြစ်တယ်ဆိုတာက ဒါကသူ့လိုအပ်ချက်ကိုပြောပြတာ။ ပြဿနာရှာနေတာတော့ မဟုတ်ဘူး။ အဲလိုရန်ဆောင်နေတာ ၊ မာန်ထောင်နေတာလည်းမဟုတ်ဘူး။ အကို အကို့မှာဒီလိုလိုအပ်ချက်တွေ ရှိနေတယ်။ ဒါကို ကိုယ်တိုင်ပြောခွင့်မကြုံတဲ့အတွက် သီချင်းနဲ့ပြောပြတဲ့သဘောပါပဲ။
2
ပြီးတော့ မြန်မာ့ဂီတရေစီးကြောင်းက အခုအခါမှာ Rock ဂီတဘက်ကို ပြန်လှည့်လာတယ်လို့ ပြောသံတွေ ကြားနေရပါတယ်။ ကိုဇေရဲရော ဘယ်လိုထင်ပါသလဲ။
Rock ဂီတဘက်ကိုပဲလှည့်လှည့် ၊ Hip Hop ဂီတဘက်ကိုပဲလှည့်လှည့် သီချင်းက သီချင်းပါပဲ။ အဲတော့ Rock Version ကြိုက်တဲ့ပရိသတ်က Rock Version ကိုခံစားမယ်။ Hip Hop ကြိုက်တဲ့ပရိသတ်က Hip Hop Version ကိုခံစားမယ်။ ဘာပဲဖြစ်ဖြစ် သူ့အကြိုက်နဲ့ကိုယ့်အကြိုက်နဲ့က အဲလိုမျိုးမျှနေတော့ အမြဲတမ်းအဆင်ပြေနေမှာပါ။

တစ်လက်စတည်းမှာ အခုလက်ရှိ မြန်မာ့ဂီတဈေးကွက်အပေါ် အကိုရဲ့သုံးသပ်ချက်ကိုလည်း သိပါရစေရှင့်။
ဘယ်လို ဖြစ်နေလဲဆိုတော့ Undergroundက Rapperတွေ တော်တော်များများက ကိုယ့်ရဲ့အသံ ၊ ကိုယ့်ရဲ့ချွေး ၊ ကိုယ့်ရဲ့ မရှိမဲ့ရှိမဲ့မုန့်ဖိုးလေးတွေနဲ့ ခိုးကူးလောကကို အလုပ်အကျွေးပြုနေရဆဲပါပဲ။


ကိုဇေရဲ လေးစားအတုယူရတဲ့ ပြည်တွင်းပြည်ပက အဆိုတော်တွေရှိရင် ဘယ်သူတွေလဲ ဘာကြောင့်လဲဆိုတာ ပြောပြပေးပါဦး။

လောလောဆယ်မှာတော့ T-Pain ၊ Three 6 Mafia တို့ Akon တို့ ၊ Lil' Wayne တို့ Baby Bash တို့ ၊ T I တို့ Lady Gaga စသဖြင့်ပေါ့ သူတို့အားလုံးကို ကြိုက်တယ်ဗျ။ နားထောင်ဖြစ်တယ်။ T-Pain ဆိုလို့ရှိရင် Auto-tune အသံလေးတွေကို သုံးထားတာကိုကြိုက်တယ်ဗျ။ အရမ်းမိုက်တယ်။ Flow အသွားအလာတွေလည်း ကြိုက်ပါတယ်။ T-Pain နဲ့ Baby Bash ရဲ့ Cyclone သီချင်းကိုဆိုရင် တစ်ပတ်တစ်ခါနားမထောင်ရရင် ကျွန်တော်သေသွားနိုင်တယ်။ T-pain တို့ Akon တို့က Auto-tune သုံးတာတွေကို ကြည့်တယ်ဗျာ။ ကျန်တဲ့ ကပ္ပလီတွေကိုတော့ Flow တွေကိုရှိုးတယ်။ ပြည်တွင်းမှာတော့ Rapper ဆိုရင် အားလုံးကို အတုယူပါတယ်။ အဆိုတော်မဟုတ်လည်း အတုယူသင့်တာ ဆိုရင်တော့ အတုယူလိုက်ပါတယ်။

ကိုဇေရဲက သီချင်းတွေကို ကိုယ်တိုင်ရေးတာဆိုတော့ သီချင်းရေးတဲ့ အခါဘယ်လိုခံစားချက်တွေနဲ့ရေးလဲ။
သီချင်းရေးရင် အဖြဲသီချင်းရေးပြီဆိုလို့ရှိရင် Chorus ကို အရင်စဉ်းစားလိုက်တယ်။ Themes ရယ် ၊ Main ကျတဲ့အချက်တွေကို ချရေးလိုက်တယ်။ ဥပမာဗျာ.. အသင့်ပြင်သီချင်း ဆိုလို့ရှိရင် ကိုရဲရင့် Beat က ဆောက်ရမ်းမိုက်နေတယ်။ Chorus ဂွမ်းလို့မဖြစ်ဘူးပေါ့။ အဲဒီသီချင်းကို ကျွန်တော် Chorus ကို အမိုက်ဆုံးဖြစ်အောင် ကျွန်တော်ရေးလိုက်တယ်။ Mode ထည့်လိုက်တယ်ပေါ့။ အဲလိုပဲ Online ချစ်သူသီချင်းကျတော့ Online ပေါ်မှာ ကျွန်တော့်ရဲ့ QQ တစ်ယောက်ရှိတယ်။ Q နေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အဲဒီကောင်မလေးကို ကျွန်တော်ခံစားပြီးတော့ ရေးလိုက်တယ်။ ကျောင်းသားဘ၀ သီချင်းကျတော့လည်း ဟုတ်ဟုတ်မဟုတ်ဟုတ် ငိုလိုက်တာပေါ့။ အခု Promise သီချင်းတစ်ပုဒ် ထပ်လုပ်ထားတယ်။ Promise ဆိုတဲ့ သီချင်းတစ်ပုဒ်။ တစ်ကယ့် ခံစားချက်အစစ်တွေပေါ့နော်။ ဘာပဲဖြစ်ဖြစ် ပရိသတ်ကို ဇေရဲဘယ်တော့မှ အတုတွေမပေးပါဘူးလို့ ပြောချင်ပါတယ်။

ဒါဆိုရင် သီချင်းဆိုတဲ့ အခါမှာရော စာသားအပေါ်ကို ခံစားပြီးသီဆိုတာလား။ ဒါမှမဟုတ် အသံကောင်းဖို့ ဦးစားပေးပြီးသီဆိုတာလား။

ကျွန်တော့်အသံကို ကျွန်တော်နဂိုကတည်းက အားမရဘူးဗျ။ အဲဒီတော့ သီချင်းတစ်ပုဒ်ဆိုပြီ ဆိုလို့ရှိရင် ကျွန်တော်တကယ်ခံစားချက်နဲ့ပဲ လုပ်ပါတယ် သီချင်းတစ်ပုဒ်ကို။

နောက်ပိုင်းမှာ အခုကိုဇေရဲဆိုနေတဲ့ သီချင်းအမျိုးအစားကနေ ခွဲထွက်ပြီး တခြားသီချင်းအမျိုးအစားတွေကို ဆိုမယ်လို့ရော စိတ်ကူးထားလား။
Hip Hop အနွယ်ဝင် သီချင်းတွေကလွဲပြီးရင် တခြားဂီတကိုတော့ လုပ်ဖြစ်မယ်မထင်ပါဘူး။ လုပ်ဖြစ်မှာလည်း မဟုတ်ပါဘူး။

ဂီတအပြင် တခြားလုပ်ငန်းတွေလုပ်ဖို့ရော စိတ်ကူးရှိလားရှင့်။
လောလောဆယ်မှာတော့ ကျွန်တော်လုပ်နေတဲ့အလုပ်က မနက်မိုးလင်းရင် မေမေရေ.. မုန့်ဖိုးပေးပါဦးဆိုရင် မေမေကထုံးစံအတိုင်း မုန့်ဖိုးပေးတယ်။ အဲဒါကျွန်တော့်ရဲ့ နေ့စဉ်မဖြစ်မနေလုပ်ရတဲ့ အလုပ်တစ်ခုပါပဲ။

တကယ်လို့များ အကြောင်းကြောင်းကြောင့် သီချင်းမဆိုဖြစ်ခဲ့ဘူးဆိုရင်ပေါ့နော် အခုအချိန်မှာ တခြားဘာတွေလုပ်ဖြစ်မယ်ထင်လဲ။

အခုအချိန်မှာ ကျွန်တော်သီချင်းမဆိုဖြစ်ဘူးဆိုလို့ရှိရင်တော့ သီချင်းဆိုတဲ့ ကျွန်တော့်ရဲ့ညီအကိုတွေကို တစ်စုံတစ်ခု တစ်စုံတစ်ရာ ပံပိုးနေတဲ့သူတစ်ယောက် ဖြစ်နေမိမှာပါ။

အကိုလက်ကိုင်ထားတဲ့ ဆောင်ပုဒ်တခုခုရှိရင် ပြောပြပါဦး။

သီချင်းနဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့ လုပ်နေတဲ့သီချင်းတွေက အမြဲတမ်းလည်းမကောင်းနိုင်ပါဘူး။ ဒါပေမယ့် သူတို့တွေ ငါတို့ရဲ့ရင်ဘက်ကို နားထောင်နေရင်းနဲ့ မြင်လာပြီဆိုလို့ရှိရင် အဲဒီသီချင်းတစ်ပုဒ်က အရမ်းမိုက်သွားမှာပါ။ အရမ်းဂေါ်ပြီပေါ့နော်။

ကိုယ့်ကိုကိုယ် အားမရတဲ့အချက်တွေရော ရှိလား။

မောင်ဇေရဲက Lil Jon ကို Vocal ကြီး ကြီးပြီး ဆောက်ရမ်းမိုက်နေတယ် ဆိုလို့ရှိရင်တော့ ဒီမေးခွန်းကို ဖြေစရာမလိုဘူးပေါ့နော်။ အခုတော့ ကျွန်တော်ကိုယ့်ကိုကိုယ် အားမရပါဘူး။ ကြိုးစားစရာတွေ အများကြီးရှိသေးတယ်။ လိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ အများကြီး အတုယူစရာတွေ လေ့လာစရာတွေ အများကြီး ကျန်ပါသေးတယ်။

အခုလက်ရှိ ဘာတွေလုပ်နေတယ်ဆိုတာလည်း ပြောပြပေးပါဦးရှင့်။
လက်ရှိ Show တွေတော့ဆိုဖြစ်ပါတယ်။ သီချင်းလာအပ်ထားကြတယ်လေ။ အဲဒီအကြွေးတွေကို ဆပ်နေရတယ်။ အကြွေးတွေအများကြီး ကျန်နေတယ်။ အကြွေးတွေတင်နေတယ်။ ကျွန်တော့် ညီလေးကို ကျွန်တော်အကြွေးတွေဆပ်ပေးဖို့ အများကြီး ရှိနေပါသေးတယ်။

3ဟုတ်ကဲ့။ နောက်ထပ်ရော ဒီနှစ်ထဲမှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိသေးလဲ။

ဒီနှစ်ထဲမှာက Bo Bo Entertainment ကစီစဉ်တဲ့ ခွေတွေထဲမှာ ပါဖို့ရှိပါတယ်။ Underground က ညီအကိုတွေနဲ့အတူ မောင်ဇေရဲလည်း စင်ပေါ်အတူတူ တက်လာခဲ့မှာပါ။

ကိုဇေရဲရဲ့ MYMC Radio ပေါ်ထားတဲ့ အမြင်လည်း သိပါရစေရှင်။

MYMC Radio.. အဲဒီ Online Radio ရှိတော့ ကောင်းတာပေါ့နော်။ သီချင်းနဲ့ အလှမ်း ဝေးနေတဲ့သူတွေလည်း နားထောင်လို့ရတယ်။ အပျင်းပြေသဘောလည်း ဖြစ်တယ်။ ကိုယ်ကျိုးကြည့်ပြီး လုပ်တာမှမဟုတ်တာ။ ကောင်းတယ် အဲလိုစိတ်ဓါတ်တွေက ရှယ်ပဲ။ အရမ်းမိုက်ပါတယ်။

အခုနောက်ဆုံး အကို့ကိုအားပေးတဲ့ ပရိသတ်ကြီးကိုရော ဘာများပြောချင်သေးလဲ မသိဘူးနော်။
စင်အောက်က Underground က Rapper တွေ စင်ပေါ်ကို မကြာခင် ရောက်လာပါလိမ့်မယ်။ လက်ခုပ်သံ အကျယ်ဆုံးတီးနိုင်အောင် ကြိုးစားပေးကြပါလို့၊ ပြီးတော့ မောင်ဇေရဲ ပရိသတ်တွေကို အမြဲတမ်းချစ်နေပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

ဟုတ်ကဲ့.. အခုလိုစိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ ကိုဇေရဲကို MYMC ကိုယ်စား ညီမက ကျေးဇူးအထူးပဲ တင်ပါတယ်ရှင်။
ကျွန်တော်ကလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ကို ဆက်သွယ်ချင်တဲ့ ပရိသတ်တွေ  E-mail address လေးပေးခဲ့ပါ့မယ်။ z-a-y-y-e-0-8@( This e-mail address is being protected from spambots. You need JavaScript enabled to view it )။ ကျွန်တော့် ဖုန်းနံပါတ်ကတော့ အားလုံးသိကြမှာပါ။ ၀၁-၅၄၁၃၇၈ ကိုဆက်လို့ရပါတယ်။

ကိုဇေရဲတစ်ယောက်အခုထက်ပိုပြီးအောင်မြင်နိုင်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်နော်။


footer အင်တာဗျူးကို အသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့..

This text will be replaced

Zay Ye သီချင်းတွေကို နားထောင် Download လုပ်ဖို့အတွက် MyanmarHipHop Channel မှာတင်ပေးထားပါတယ်။

Comments (41)

 1 2 3 > 
...
zay ye' yae song twae ko like tal
nan may oo myint , July 31, 2010
...
nga nay yar songs ka tee lone kaw ye yint ag kaw a yan mite tal..but zay ye Rap tway ka ade htal mhar Lyric kaw flow kaw gwan nay tal....I advise u....peace
IKKM , June 24, 2010
...
ကိုဇေရဲရဲ့သီချင်းတွေကိုကြိုက်ပါတယ် ခံစားလို့လဲရပါတယ် သီချင်းစာသားတွေကကုန်ကြမ်းအစစ်တွေလားသိချင်ပါတယ် တချို့သီချင်းစာသားတွေကျတော့ညီမတို့မိန်ခလေးတွေအနေနဲ့ကျတော့နားရှက်စရာကောင်းပါတယ်အဲဒါလေးတခုပါပဲ ပြီးတော့ပြောချင်တာလေးကတော့စင်ပေါ်ရောက်လာတဲ့တနေ့အထိအမှာခံပရိသတ်ပါပဲ
thu zar ko ko , June 05, 2010
...
0o 0o me me lae kyat tal ........*nge nay yaR*
shinkhant
shinkhant , June 01, 2010
...
Ko zay ye yae thi chin twae ko arr pay nay par tal. Khan sar chat nae a pyae ti so htar tar ko htet tu khan sar mi par tal.
ti chin chit tu , May 26, 2010
...
Zayye အရမ်းမိုက်တယ် ဆက်ကြိုးစားလိုက်ပါဦး
forbiddengirl , May 24, 2010
...
ကိုဇေရဲ ရဲ့သီချင်းတွေအရမ်းလန်းတယ်
yukko , May 21, 2010
...
chitthuyinpyin2010 ko lat kan pay par nor
sa kar pyaw chin lo par USA ka nay arr pay nay mal ^_^
yinpyin , May 15, 2010
...
ငါ့နေရာသီချင်းကိုအရမ်းကြိုက်တယ်
chitpwint , May 14, 2010
...
အကို အသံကအရမ်းကောင်းတယ်နော်. ငါ့နေရာသီချင်းက အရမ်းကောင်းတယ်နော်. အကို.ကို g talk မှာaddထားတယ် . လက်ခံပေးပါအုံးနော်အကို. အကိုဂီတလောကမှာ အောင်မြင်ပါစေနော် အကို.
phoo phoo , May 10, 2010
...
အကို့ကိုကြိုက်ပါတယ် အကိုသီချင်းလေးတွေကိုနားထောင်ရတာ feel ရှိပါတယ် ငါ့နေရာကိုတော့အခိုက်ဆုံးပါ ကျွန်တော်လဲဒီဂီတလောကထဲဝင်ရောက်နိုင်အောင်ကြိုးစားနေတဲ့ လူငယ်တယောက်ပါ girl brand လေးတခုဖွဲ့ထားပါတယ် သီချင်းတွေလုပ်နေဆဲပါ ကျွန်တော်တို့ကိုလဲ ဆုတောင်းပေးပါလို့
မုံလေး , May 08, 2010
...
A Ko Nga Nay Yar so tae song ko ayan kyite tae! A Ko Voice kaw pae!
pekin , May 08, 2010
...
bro song တော်တော်များများကို ခံစားလိုရပါတယ်။ ငါနေ၇ာ song ကတော.သဘော အကျ ဆုံးပဲ။ေ၇ှ.ဆက်ပေါ. မောင်ဇေရဲ ရာ အဟဲ။ ကျွန်တော်လဲ home studio မှာ အခုမှ ဘ၀ စလုံးရေးစ နေတယ် ဗျာ။အောင် မြင်နိုင်ပါစေ UG rapper အားလုံး .Peace !!!!!!!!
FRIDAY , May 07, 2010
...
အချစ်သီချင်းနုနုလေးတွေဆိုပြီးတော့ Lil John လောက်တော့မလိုချင်နဲ့လေ.... ဖြေထားတဲ့လေသံကလဲ စိုင်းစိုင်း ကျနေတာပဲ ကြွယ်တယ်နော်
အာဖ်ံကြီး , May 06, 2010
...
online chit thu 1 ko $ yan like par the....
bro
fighting !!!!!!!!!!!!!!
a2 , May 06, 2010
...
စောက်ရမ်းမိုက်တယ်ဗျိှု့။ ကိုဇေရဲ ဖိုက်တင်း.......
phyosandarwai , May 05, 2010
...
mike tal nyi lay (^_^)
jthipha , April 29, 2010
...
တယ် လန်း.. ပါဘား .. ဘဘ ရာ ....
Phone.. နံပါတ်.. ကို ကြေငြာ ပြန်ပီ... ဟင်း ဟင်း..
ပြီးတော့မှ... မညည်း နဲ့...
ကောင်မလေး..ချောချောလေး တွေ..ဆက်ပါစေ ...... :P :P :P
I don't Care , April 29, 2010
...
ko zay ye' ko a yan kyite tal.promise song lal kyite tal. ko zay ye' ko rr pay nay par tal naw.set kyo sar par naw
thin nwe , April 28, 2010
...
ကိုဇေရဲကိုအမြဲတမ်းအားပေးနေတယ်
zayyan , April 28, 2010
 1 2 3 > 

Write comment

You can add your comment here

busy

Who's Online »

We have 158 guests online

MYMC News! »

  • 5 Sep 2010 | 10:44 pm

    မုတ်သုံမိုးကြောင့် ရေဘေး ဒုက္ခများ ကြုံတွေ့နေရသည့် ပါကစ္စတန် နိုင်ငံ၏

    Read more...
  • 5 Sep 2010 | 10:29 pm

    မေလ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ရပြီး အာဏာရပါတီနေရာကို

    Read more...