Myanmar Youth Media Club

Song of the Day | The Rasmus - Justify

rebecca 1မင်္ဂလာပါ။ ရေဗက္ကာဆိုတဲ့နာမည်က နာမည်ကပေါ့နော်။ အစ်မရဲ့ အနုပညာနာမည်လား။ ဒါမှမဟုတ် နာမည်အရင်းကောရှိသေးလား။
မင်္ဂလာပါ။ ရေဗက္ကာဆိုတဲ့ နာမည်က နာမည်အရင်းပါပဲ။ ဒါပေမယ့် ခရစ်ယာန် name ပေါ့နော်။ ကျောင်းနာမည်က မေနှင်းနုလို့ခေါ်ပါတယ်။

ဟုတ်ကဲ့။ ရေဗက္ကာက တိုင်းရင်းသူတစ်ယောက်လို့ သိရပါတယ်။ ဘယ်တိုင်းရင်းသား လူမျိုးများလဲ ? ပြီးတော့ ဘယ်အရပ်မှာ ကြီးပျင်းခဲ့တာလဲ။

ရေဗက္ကာ အဖေက ကချင် အော် ..ဆော်ရီး အဖေက ဗမာ၊ အမေက ကချင်။ မွေးတာက မိုးကောင်းမှာ မွေးတာ။ ဒါပေမယ့် ရန်ကုန်မှာပဲကြီးတာပါ။

ဒါဆိုရင် ရေဗက္ကာကကော အနုပညာသက်တမ်းပေါ့နော်။ သီချင်း ဘယ်တုန်းလောက်က စဆိုခဲ့တာလဲ။
ရေဗက္ကာက (၂၀၀၄)ခုနှစ်ကနေ စဆိုတာပါ။ (၂၀၁၀) ဆိုတော့ (၆)နှစ်ပြည့်တော့မှာပေါ့။

ဂီတသက်တမ်းက (၆)နှစ်လောက်ရှိပြီပေါ့။
ဟုတ်ကဲ့ (၆)နှစ်လောက်ရှိပါပြီ။

မှတ်မှတ်ရရ ကျွန်တော်တို့ ဒီ Example နဲ့ featuring ဆိုခဲ့တဲ့ "တမ်းတမ်းတတချစ်ခဲ့လို့"Album မှာ သီချင်းမှာ ရေဗက္ကာရဲ့အသံကို ပိုပြီးတော့ ပရိသတ်က သတိထားမိတယ် ဆိုတာမှန်မလားမသိဘူး။

ဟုတ် ရေဗက္ကာကို "တခါတလေတော့"သီချင်းနဲ့ ပရိသတ်လက်ခံခဲ့တယ်ဆိုတာ ရေဗက္ကာလက်ခံပါတယ်။

ဟုတ်ကဲ့ ရေဗက္ကာ ငယ်ငယ်ထဲကကော အဆိုတော်ဖြစ်ရမယ်ဆိုတဲ့စိတ်ကူးမျိုးရှိလား။ ဒါမှမဟုတ်လို့ရှိရင်ကော ငယ်ငယ်ထဲက ဒီဂီတကိုဝါဿနာပါခဲ့လား။
ရေဗက္ကာက ငယ်ငယ်ထဲကနေ သီချင်းဆိုတာကို ဝါဿနာပါပါတယ်။ အမြဲတမ်းလည်း churchတွေမှာ သီချင်းဆိုတယ်ပေါ့နော် ။ Sunday School သွားရတာလဲပျော်တယ်။ သီချင်းတွေဆိုရလို့ပေါ့နော်။ အဲလိုမျိုး အမြဲတမ်း လူငယ်လှုပ်ရှားမှုတွေမှာလဲ ပါဝင်တယ်။ Mother's Dayတို့  Father's Dayတို့ တခုခုပွဲတွေရှိတဲ့အခါတိုင်း ရေဗက္ကာအမြဲတမ်းဆိုတယ်။ ရေဗက္ကာက အမှန်တကယ်တော့ သီချင်းဆိုတာကို ဝါဿနာပါရုံသက်သက်ပါပဲ။ အဆိုတော်ဖြစ်ရမယ်လို့ အဆိုတော်ဖြစ်ချင်တယ်လို့  အဲလိုစိတ်မျိုးရှိခဲ့တာ မဟုတ်ဘူး။ သီချင်းအမြဲတမ်းဆိုနေချင်တယ်။ အဲစိတ်လေးရှိတယ်။ အဲလောက်ပါပဲ။

Musicတွေထဲမှာ ရေဗက္ကာဆိုတာ အများဆုံးက popလေးတွေများတယ်ပေါ့နော်။

ဟုတ်ကဲ့။

ရေဗက္ကာကိုယ်တိုင်ကကော popတွေကြိုက်နှစ်သက်လို့လား။ ဒါမှမဟုတ်လို့ရှိရင် တစ်ခြားMusicတွေကော ကြိုက်နှစ်သက်တာရှိသေးလား။ ဒီPopကိုဆိုတယ်ဆိုတာက ကိုယ့်အသံနဲ့ လိုက်ဖက်မယ်ထင်လို့ ဆိုတာလား။ ဒါမှမဟုတ်လို့ရှိရင် နဂိုထဲက ပင်ကိုကPop ကိုပဲ ကြိုက်လို့လား။
ဟုတ် ရေဗက္ကာ Musicကတော့လေ Music ပုံစံ တော်တော်စုံစုံကိုကြိုက်ပါတယ်။ ဥပမာ ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့လဲ ဆိုင်တာပေါ့။ စိတ်ကြည်နေရင်တော့ Moden  Rock တွေ Rock တွေ Punk တွေ Alterတွေလဲ ကြိုက်တာပေါ့။ စိတ်ရှုပ်တယ်ဘာညာဆိုရင်တော့ Slow တို့ Country တို့ Pop တို့ကြိုက်တာပေါ့။ ကိုယ်က စိတ်တွေနည်းနည်းတက်ကြွနေရင်တော့ R&B တို့ HipHop တို့ကြိုက်တာပေါ့။ ကြိုက်တာကတော့ Music ကပုံစံအစုံကြီုက်တယ်။  ဒါပေမယ့် ကိုယ့်အသံနဲ့ လိုက်ဖက်ဖို့ဆိုတာကတော့ လိုက်ဖက်တဲ့ Music ပုံစံကိုရွေးပြီးဆိုဖို့လိုတယ်လေ။ ရေဗက္ကာအသံက ချိုချိုအေးအေးကြီးဆိုတော့ Pop တို့ R&B တို့နဲ့ပဲလိုက်မယ်ထင်လို့ ရေဗက္ကာ အဲလိုပုံစံမျိုးကိုပဲ အများဆုံးဆိုဖြစ်တာပါ။

အခုဆိုရင် ရေဗက္ကာက ဂီတပိုင်းမှာ တော်တော်လေးပရိသတ်ကြိုက်နှစ်သက်တဲ့အဆိုတော်တစ်ယောက်လို့ ပြောရင်လဲရပြီပေါ့နော်။ ဒီလိုအောင်မြင်တဲ့အနုပညာတစ်ယောက်ဖြစ်လာဖို့အတွက် အဓိကပံ့ပိုးပေးတဲ့ သင်ဆရာ၊ မြင်ဆရာတွေက ဘယ်သူ များဖြစ်မလဲ မသိဘူး။
ရေဗက္ကာပြောရမယ်ဆိုရင် အဲလိုမျိုးတိတိကျကျ ဆိုတာနဲ့ပတ်သတ်ပြီးတော့ ဘယ်လိုဆိုရမယ်၊ ဘယ်လိုအသက်ရှုရမယ်၊ ဘယ်လိုမျိုးဆို သင်ပေးတဲ့သူမျိုးတော့ မရှိပါဘူး။ ဒါက ဘုရားပေးတဲ့ blessing ပဲပေါ့နော်။ သူ့ဟာသူ နဂိုထဲကဗီဇကပါလာတဲ့အရာပဲပေါ့နော်။ ပြီးတော့ အဲလိုမျိုးchurchတွေမှာဆိုရင် choirတွေဘာတွေဆိုတယ်။ အဲလိုမျိုးသီချင်းအမြဲဆိုနေတော့ သီချင်းဘယ်လိုဆိုရမလဲ ဆိုတာကို သိလာတယ်ပေါ့နော်။ ပြီးတော့ ရေဗက္ကာသီချင်း အရမ်းနားထောင်တယ်။ နားထောင်ဖြစ်တယ်ပေါ့။ 2အဲလိုသီချင်းနားထောင်တဲ့အခါကြတော့ ဘယ်လိုပြောမလဲ  သူများဆိုတာတွေကြားတော့  ရေဗက္ကာကြိုက်တယ်ဆိုတဲ့ နိုင်ငံခြားကအဆိုတော်တွေ ဆိုတာကိုနားထောင်ရင်းနဲ့မှ သြော်.. သူတို့အသက်ရှုတာ ဘယ်လိုမျိုးလဲ။ ဒီသီချင်းပုံစံဆို ဘယ်လိုmoodနဲ့ ဘယ်လိုcolourမျိုး ဘယ်လိုအသံtone လောက်ဆိုရင် အဆင်ပြေမယ်ပေါ့နော်။ အဲလိုမျိုး ကိုယ့်ဘာသာကိုယ်ပဲ လေ့လာပြီးတော့ဆိုတာမျိုးပါ။

ဟုတ်ကဲ့။ ရေဗက္ကာက အခုကျွန်တော်တို့သိရသလောက် ဂီတသက်သက်မဟုတ်ပဲနဲ့ သရုပ်ဆောင်ဘက်မှာပါ ပရိသတ်အတွက် ကြိုးစားပေးနေတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဘယ်အချိန်လောက်ကစပြီး သရုပ်ဆောင်လုပ်ဖြစ်သွားတာလဲ။ အခုကော သရုပ်ဆောင်ပိုင်းမှာ အခက်အခဲများရှိလား။
ဟုတ် ရေဗက္ကာ သရုပ်ဆောင်လုပ်တာ လွန်ခဲ့တဲ့ ၃နှစ်လောက်ကပေါ့နော်။ ၂၀၀၇... ၂၀၀၇လောက်က စလုပ်ဖြစ်တာ။ ကြော်ငြာရိုက်တာကတော့ စောတယ်။ ကြော်ငြာရိုက်တာကတော့ ရေဗက္ကာအဆိုတော် စဖြစ်ကတည်းက ကြောငြာစရိုက်ဖူးတာ။ ဒါပေမယ့် ဇာတ်ကားစရိုက်ဖြစ်တာကတော့ ၂၀၀၇ လောက်မှစရိုက်ဖြစ်တာပေါ့နော်.။ သရုပ်ဆောင်ဘက်မှာ အခက်အခဲရှိလားဆိုတော့ ရှိတယ်။ သရုပ်ဆောင်တယ် ဆိုတာကျတော့ အရမ်းလဲ ပင်ပန်းတယ်။ ဝါသန်ာကြီး ဖို့လဲလိုတယ်။အရမ်းလည်း ပညာသားပါတယ်။ သီချင်းဆိုတတ်တဲ့ သူတစ်ယောက်အနေနဲ့ သီချင်းဆိုရတာမခက်ပေမယ့် သရုပ်ဆောင်ဖို့ ကျတော့ခက်တယ်။ သရုပ်ဆောင်တဲ့ သူတစ်ယောက်ကလည်း သရုပ်ဆောင်ရတာ မခက်ပေမယ့်  သီချင်းဆိုတာကြတော့ ခက်မှာပဲ ပေါ့နော်။ အဲဒါကြောင့် အခုရေဗက္ကာ သရုပ်ဆောင် မလုပ်တော့ပါဘူး။ ဇာတ်ကားတွေဘာတွေ မရိုက်တော့ဘူး။

မှတ်မှတ်ရရပေါ့.. ဂီတလောကထဲကို ဝင်လာခဲ့တဲ့ ရယ်စရာ အဖြစ်အပျက်လေးများရှိသလား။
ဝင်လာတုန်းက...အဲဒါဆိုတော့ တော်တော်တောင် ပြန်စဉ်းစားရမယ်။ (ရယ်လျက်) သိပ်မမှတ်ထားတတ်ဘူး အဲလိုမျိုး.. အဲလိုမျိုးပေါ့နော်။ သီချင်းဆိုတယ်ဆိုရင် ကိုယ်ကမိုက်ကိုင်ပြီး မိုက်ကြိုးနဲ့မိုက်နဲ့  နည်းနည်းလွတ်နေတာပေါ့နော်။ အဲဒါ ကိုယ်က မိုက်ကြိုးကို တက်နင်းမိတော့ မိုက်ကြိုးကပြတ်သွားကော၊ ကိုယ်က မိုက်ကြီးကိုကိုင်ထားပြီး မိုက်ကြိုးကလွတ်နေတော့ အသံကမလာတော့ဘူး။ အဲဒါကို ကိုယ်ကမသိဘဲ ဆက်ဆိုနေတယ်။ ပြီးတော့မှ ကိုယ့်အသံကိုမကြားရတော့မှ မိုက်ကြိုးပြုတ်သွားပါလား။ ဆိုပြီးတော့ အောက်ကနေပြန်ကုန်းတက်ပြီးတော့ ပြန်ဆိုရတာတို့ဘာတို့။ အဲလောက်ပါပဲ။ အရမ်းကြီး အရမ်းအမှတ်တရ ဖြစ်စရာလောက်တော့မရှိပါဘူး။

ရေဗက္ကာပြောရမယ်ဆိုရင် ဆိုလိုက်တဲ့သီချင်းတိုင်းက ပေါက်တယ်ပေါ့နော်။ လူကြိုက်တော်တော်များတယ်လို့ပြောလို့ရတယ်ပေါ့။  အဲလိုပရိသတ်အမြဲအကြိုက်တွေ့နေအောင် သီချင်းဆိုရင်ကော ဘယ်လိုစီစစ်ရွေးချက်မှုမျိုးရှိလဲ။ သီချင်းကို ဘယ်လိုပြောမလဲ ကိုယ်တိုင်အရင် ဘယ်လိုမျိုးရွေးချယ်တာမျိုးရှိသလဲမသိဘူး။ ကိုယ်ဆိုမယ့်သီချင်းကို ဘယ်လိုရွေးသလဲပေါ့။

ရေဗက္ကာထင်တာကတော့လေ… အခုအကိုပြောသလို ရေဗက္ကာဆိုတဲ့သီချင်းတော်တော်များများကို ပရိသတ်ကကြိုက်တယ်ဆိုတာ.. အဲဒါရေဗက္ကာသိပ်တော့ လက်မခံဘူး။ ဘာလို့လဲဆိုတော့ ရေဗက္ကာတကယ်ကြိုက်တယ်ဆိုတဲ့သီချင်းတွေကို ပရိသတ်ကမကြိုက်ဘူး။ ရေဗက္ကာသိပ်မကြိုက်ဘူးဆိုတဲ့ သီချင်းကိုသာ ပရိသတ်ကကြိုက်တာ။ ရေဗက္ကာအရမ်းကြိုက်တဲ့သီချင်းတွေရှိတယ်။ ပရိသတ်က သိပ်မသိဘူးပေါ့နော်။ ရေဗက္ကာဆိုထားခဲ့တယ် ရေဗက္ကာအရမ်းကြိုက်တယ်။ ဒါပေမယ် ပရိသတ်က အဲတာဆို သိပ်မကြိုက်ဘူး။ အဲတော့လေ ဘယ်လိုစဉ်းစားရသလဲဆိုတော့ ကိုယ်ကြိုက်တာတပုဒ် ပရိသတ်ကြိုက်တာ နှစ်ပုဒ် အမြဲတမ်းအဲလိုပုံစံမျိုးနဲ့ သွားရတယ်။ ကိုယ်ကတော့လေ အရမ်းဆိုပြချင်တယ် ဘယ်လိုပြောရမလဲ ကိုယ်ကအသစ်အဆန်း လုပ်ပြချင်တယ်။ ကိုယ်က အရမ်းကို အရှေ့ကို သွားချင်တယ်။ ဒါပေမယ့် ပရိသတ်က ဒါကို ဘယ်လိုပြောမလဲ  ဒါကို လက်ခံပါ့မလား။ ဒါကိုကြိုက်ပါ့မလား။ အဲဒါကို အမြဲပြန်တွေးရတယ်ပေါ့နော်။ အဲတော့ ပရိသတ်အကြိုက်နဲ့ ကိုယ့်အကြိုက်အမြဲတမ်းမျှပြီးလုပ်ရတာပေါ့နော်။ ကိုယ်ကြိုက်တာ တပုဒ်လောက်ဆိုပြီးသွားပြီဆိုရင် ပရိသတ်ကြိုက်တာ နှစ်ပုဒ်လောက် ပြန်ဆိုပေးရတယ်ပေါ့နော်။ တခါတလေကျရင်တွေးမိတယ်။ ကိုယ်က.. ဒီသီချင်းကို တေးရေးက ကိုယ့်ကိုပြတယ်။ ကိုယ်ကမကြိုက်ဘူး။ ဒါပေမယ့် စဉ်းစားလိုက်တယ်။ ဆိုလိုက်ပါမယ်လေ ဒါတော့ ပရိသတ်ကြိုက်လိမ့်မယ်ပေါ့။ ကိုယ်ကြိုက်တာချည်းပဲ ဆိုနေလို့မရဘူးပေါ့နော်။ အဲလိုမျိုးနဲ့ ကိုယ်ကြိုက်တာတပုဒ်၊ ပရိသတ်ကြိုက်တာနှစ်ပုဒ် အဲလိုနှုန်းနဲ့ပဲ ရေဗက္ကာသွားခဲ့တာပါ။

ဟုတ်ကဲ့ သီချင်းတွေကိုကော ကိုယ်တိုင်ရေးဖြစ်လား။ သီချင်းတွေရေးရင်ကော ဘယ်လိုခံစားချက်မျိုးနဲ့ ရေးတာများလဲ။

သီချင်းရေးဖို့ကြတော့ တော်တော်ကြီးကို အချိန်ယူဖို့လိုတယ် သိလား ပြီးတော့လေ စိတ်တွေဘာတွေလည်း လုံးဝကြည်နေပြီးတော့ ဒီထဲမှာပဲ နှစ်မြုပ်ဈာန်ဝင်ပြီးတော့ အဲလိုဖြစ်ဖို့လိုတယ်ပေါ့နော်။ အဲလိုဖြစ်ဖို့ကြတော့လေ တကယ်တမ်းအလုပ်, လုပ်တဲ့လူအတွက်ကြတော့ အဆင်မပြေတော့ဘူး။ professionalတီးရေးပဲလုပ်နေတယ်ဆိုရင်တော့ ဒီအတွက်ပဲ၊ သူ့ရဲ့အလုပ်က ဒီဟာဖြစ်နေတဲ့အတွက်ကြောင့် ဒီဟာကိုပဲစိတ်ဝင်စားနေနိုင်တယ်။ ဒီဟာကိုပဲ ဈာန်ဝင်နိုင်တယ်ပေါ့ နော်။ ဟို... ကိုယ်ကကြတော့ သီချင်းဆိုရင်လည်းဆိုမယ်၊ presenterလုပ်ရင်လည်း လုပ်မယ်၊ ဓါတ်ပုံတွေရိုက်ရင်လည်း ရိုက်မယ်၊ ကြောငြာရိုက်ရင်လည်း ရိုက်မယ်၊ ဇာတ်ကားရိုက်ရင်လည်း ရိုက်မယ်၊ အင်တာဗျူးတွေဖြေရင်လည်း ဖြေမယ် အဲတော့ကွာ ပြန်လာပြီဆို နောက်နေ့အတွက် ပြင်စရာရှိတာတွေ ပြင်ဆင်ရအုံးမယ်။ အဲလိုဆိုတော့ ဘယ်လိုမှသီချင်းရေးဖို့အတွက်ကိုလေ စိတ်သွင်းလို့လည်း မရဘူး။ ဈာန်လည်းမ၀င်နိုင်တော့ဘူးပေါ့နော်။ အချိန်သက်သက်မပေးနိုင်တော့ အဲတာဟိုးအရင်တုန်းက ရေးခဲ့တဲ့သီချင်းတွေဘာတွေတော့ရှိတယ်။ အဲတာရေဗက္ကာsingleအခွေထဲမှာတော့ ထည့်သုံးထားတယ်။ ရေဗက္ကာရေးထားတဲ့သီချင်းပေါ့နော်။ ခုနောက်ပိုင်းအသစ်ကို မရေးဖြစ်တော့ဘူး။ မရေးဖြစ်တော့ဘူးဆိုတာက ဘယ်လိုပြောမလဲ... အဲအတွက်ကြီး သက်သက်ကိုအချိန်လဲမပေးနိုင်တော့ဘူးပေါ့နော်။

3ဒီစုံတွဲသီချင်းတွေကိုပေါ့နော် ရေဗက္ကာဆိုတဲ့စုံတွဲသီချင်းတွေ ဆိုလိုက်တိုင်း ပရိသတ်တွေရဲ့နားထဲကို စွဲနေနိုင်တဲ့ရသကိုပေးနိုင်တယ်လို့ ဟိုဟာဖြစ်လို့ရတယ်။ ဥပမာဆိုရင် ဘယ်သီချင်းကို ပြောမလဲဆိုတော့ အစ္စနီနဲ့ စုံတွဲ,တွဲဆိုထားတဲ့ သီချင်းလေးဆိုရင် လူတော်တော်များများ ကြိုက်ကြတယ်။ အဲသီချင်းဆိုဖြစ်ပုံလေးနဲ့ အဲသီချင်းရဲ့ တေးရေးစရာနာမည်ကို ပြောပြပေးလို့ရလား။
ဟုတ် အဲသီချင်းက ဦးခူဆဲရွေးပေးတာပေါ့နော်။ ဦးခူဆဲက သူ့ရဲ့ဂီတသက်တမ်း အမှတ်တရအနေနဲ့ Romanson Live Showဆိုပြီးလုပ်တာ။ အဲထဲမှာ ရေဗက္ကာကို အစ္စနီနဲ့ဆိုဖို့ပြောတော့ ရေဗက္ကက အဲသီချင်းလေးကိုဆိုဖြစ်သွားတာပါ။ အဲတာ ဦးခူဆဲရွေးထားပေးတဲ့ သီချင်းလေးပဲပေါ့နော်။ အဲသီချင်းက အမှန်တကယ် oringinal သီချင်းက နာမည်ကြီးပြီးသားပဲ။ ရုပ်ရှင်ဇာတ်ဝင်သီချင်းလေးပဲ။ အဲလိုမျိုးဆိုတော့ ရေဗက္ကာက ဘယ်လိုပြောရမလဲဆိုတော့ ရေဗက္ကာကော်ပီသိပ်မဆိုချင်ဘူး။ ကော်ပီဆိုရင်လည်း လူမသိတဲ့ကော်ပီကို ကိုယ်ဆိုချင်တယ်။ အဲလိုမျိုး လူသိပြီးသား၊ နာမည်ကြီးပြီးသား သီချင်းကို သိပ်မဆိုချင်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်လည်း ပရိသတ်ဆိုရင် ကိုယ်အရမ်းကြိုက်တဲ့ သီချင်းပေါ့နော်။ ဟို... နာမည်ကြီးတယ်၊ လူသိများလက်ခံနိုင်တဲ့ သီချင်းတပုဒ်ကို နောက်တယောက်ပြန်ဆိုတာ မျိုးမကြိုက်ဘူးပေါ့နော်။ အဲလိုမျိုး ကိုယ့်ပရိသတ်အနေနဲ့ ကိုယ်စဉ်းစားမယ်ဆိုရင်လည်း ဒါပေမယ့်ဦးခူဆဲ ဒီသီချင်းလေးဆိုပေးပါပေါ့၊ ဒီဟာလေးကောင်းတယ်၊ ရေဗက္ကာနဲ့လည်း လိုက်လိမ့်မယ်ပေါ့ အဲလိုပြောတာနဲ့ ရေဗက္ကာဆိုဖြစ်သွားတာပါ။  ဆိုလိုက်တော့လည်း သီချင်းနဲ့ ရေဗက္ကာနဲ့ အသံနဲ့လည်းလိုက်တဲ့အခါကြတော့ အဆင်ပြေသွားတယ်လို့ ထင်ပါတယ်။

ဟုတ်ကဲ့ အဲလိုပေါ့နော်။ အစ္စနီနဲ့ ဒီသီချင်းမှာဆိုလို့ရှိရင်ပေါ့နော် တော်တော်လေးကို လိုက်ဖက်တယ်။ ပရိသတ်တော်တော်များများကလည်း feedbackပြန်ပေးတယ်ပေါ့နော်။ အဲလိုပြန်ပေးတယ်ဆိုတော့ နောက်ထပ်ကော သူနဲ့တွဲပြီးတော့ စုံတွဲသီချင်းတွေ ဆိုဖို့ရှိလား။

အခုလောလောဆယ်တော့ မရှိပါဘူး။ အခုလောလောဆယ်တော့ reharsalလည်းဆိုစရာမရှိသေးဖူးပေါ့။


ဟုတ်ပြီ ကျွန်တော် ရေဗက္ကာကို နည်းနည်းစပ်စုမယ်ပေါ့နော်။ ရေဗက္ကာမှာ ကိုယ့်ရဲ့ဘ၀လက်တွဲဖော်က ဘယ်လိုပုံစံမျိုးပေါ့နော်။ ဘယ်လိုပုံစံမျိုးရှိရမယ်၊ ဘယ်လိုပုံစံ.. ကိုယ်နဲ့ဘယ်လိုပုံစံမျိုးမှ အံဝင်တကျဖြစ်မယ်လို့ထင်လဲ။ နောက် ရည်ရွယ်ထားတဲ့သူကော ရှိပြီလား။
ရေဗက္ကာကလေ အဲလိုသိပ်ပြီးတော့ ဟိုစည်းတွေဘောင်တွေနဲ့ သိပ်မစဉ်းစားတတ်ဘူး။ ဘ၀လက်တွဲဖော်က ဘယ်လိုပုံစံမျိုးဖြစ်ရမယ်လို့ စဉ်းစားထားလို့လည်း အဲလိုပုံစံမျိုးဖြစ်ချင်မှဖြစ်မှာပေါ့နော်။ အဲတော့ ရေဗက္ကာအမြင် တခါမှမစဉ်းစားထားပါဘူး။  ဘယ်လိုပုံစံမျိုးဖြစ်ရမယ်၊ ဘယ်လိုအချက်အလက်တွေပါဝင်ရမယ်လို့ တခါမှမစဉ်းစားဖူးဘူး။ အဓိကတော့ အဆင်ပြေဖို့ပဲ။ သူလည်းအဆင်ပြေ၊ ကိုယ်လည်းအဆင်ပြေပေါ့နော်။ အဲလိုအဆင်ပြေဖို့ပါပဲ။

ဒါဆိုလောလောဆယ် ရည်ရွယ်ထားတဲ့လူတော့မရှိသေးဘူးပေါ့နော်။

ဟုတ် မရှိပါဘူး။

အခုပေါ့နော် အခုမှဂီတလောကထဲကို စ၀င်လာတဲ့လူငယ်တွေအတွက်ကော ရေဗက္ကာအနေနဲ့ ဘာများအကြံပေးချင်လဲ။
အဓိကကတော့လေ ဘာအလုပ်ပဲလုပ်လုပ်ပေါ့နော် ဇွဲရှိဖို့တော့လိုတာပေါ့။ ပင်ပန်းခံနိုင်ဖို့လည်းလိုတယ်။ သည်းခံနိုင်ဖို့လည်းလိုတယ်။ ပြီးသွားရင် ကြိုးစားအားထုတ်မှုလည်းလိုတယ်။ လေ့လာနိုင်အားလည်းလိုတယ်ပေါ့နော်။ အဲတော့ ရေဗက္ကာ ခုပြောတဲ့အချက်အလက် တွေပြည့်စုံအောင် ကိုယ့်ဘက်ကပြင်ဆင်ထားပါလို့ပဲ ပြောချင်ပါတယ်။

ရေဗက္ကာမှာ ကိုယ်ပိုင်websiteတွေဘာတွေကောရှိလား ဒါမှမဟုတ် ကိုယ်တိုင် ဒီgmailတို့ facebookတို့ အသုံးပြုတာရှိရင် ရေဗက္ကရဲ့ပရိသတ်တွေသိအောင် ပြောပြပေးလို့ရလား။

ရေဗက္ကာမှာwebsiteရှိတယ်။ ကိုယ်ပိုင်websiteရှိတယ်ပေါ့နော်။ gmailတို့ဘာတို့ကတော့ ရေဗက္ကာမသုံးဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ရေဗက္ကာ ကွန်ပျူတာရှေ့ကို မထိုင်ဖြစ်တာ။ အချိန်လည်းမရဘူး။ ပြန်လာပြီဆိုရင် နားချင်ပြီ ဒါမှမဟုတ် မနက်ဖြန်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ချင်ပြီပေါ့နော်။ အဲလိုမျိုးဆိုတော့ ပြီးတော့ ရေဗက္ကာက အားလပ်ချိန်တွေမှာလည်း ရေဗက္ကာကွန်ပျူတာရှေ့မှာ အချိန်မကုန်ချင်ဘူးပေါ့နော်။ အဲလိုဆိုတော့ mailကတော့ မသုံးဖြစ်ပါဘူး။ ရေဗက္ကာမှာ mail accountရှိတယ်။ ရေဗက္ကာ mailကမစစ်ဖြစ်ဘူး။ ၃၊၄လနေမှ တခါလောက်ပဲစစ်ဖြစ်တယ်။ အဲလိုမျိုးပါ။

ဒီကျွန်တော်တို့ foreign.. foreignကပရိသတ်တွေကကော ရေဗက္ကကိုဘယ်တော့လောက် မြင်တွေ့နိုင်မလဲ။ နိုင်ငံရပ်ခြားမှာ ဖျော်ဖြေရေးအစီအစဉ်တွေရှိလား မသိဘူး။
ဟုတ် ရှိပါတယ်။ ရေဗက္ကာ ဒီJuly, August, Septemberမှာ overseaသွားဖို့ရှိတယ်။ ဒါပေမယ့် ရေဗက္ကာvisaတွေဘာတွေ လက်ထဲမရသေးတဲ့အတွက် မပြောသေးတာပါ။

ရေဗက္ကာကိုအမြဲအားပေးနေတဲ့ပရိသတ်တွေကိုကော ဘာများပြောချင်သေးလဲ။
ရေဗက္ကာကျေးဇူးအများကြီးတင်ပါတယ်လို့ ဘာလို့လဲဆိုတော့ ရေဗက္ကာ ဘယ်လောက်ပဲကြိုးစားအားထုတ်ပါစေ ရေဗက္ကဘယ်လောက်ပဲ သီချင်းတွေဆိုနေပါစေပေါ့နော် အားပေးတဲ့သူရှိမှ၊ ရေဗက္ကာကိုလက်ခံတဲ့သူရှိမှ ရေဗက္ကာဆိုတဲ့ "ရေဗက္ကာဝင်း"ဆိုတာဖြစ်လာတာပေါ့နော်။ အဲအတွက် ရေဗက္ကာကိုအားပေးတဲ့သူတွေ၊ ရေဗက္ကာကိုလက်ခံတဲ့သူတွေ၊ ရေဗက္ကာ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုနေတဲ့ သူတွေအကုန်လုံး ကျေးဇူးအများကြီးတင်ပါတယ်လို့၊ ဆက်လက်ပြီးတော့လည်း အသိအမှတ်ပြုပေးပါ။ အား
ပေးပါ။ လက်ခံပေးပါလို့ ပြောချင်ပါတယ်။

ကျွန်တော်တို့MYMCပေါ့နော်။ Myanmar Youth Media Clubဆိုတာကတော့ လူငယ်တွေရဲ့နေရာလို့ပြောလို့ရတယ်ပေါ့။ ကျွန်တော်တို့MYMCမှာ ရေဒီယိုနဲ့ အနုပညာရှင်များရဲ့ခြေလှမ်းများကို လက်လှမ်းမှီသလောက် အမြဲတမ်းတင်ဆက်ပေးနေတဲ့ ပေါင်းကူးတံတား mediaလေးဆိုတဲ့ မြန်မာentertainment siteတခုပေါ့။ ကျွန်တော်တို့က ဒီထဲမှာအခကြေးငွေဘာညာမယူထားပဲနဲ့ အမြဲတမ်းပေါ့ မြန်မာပြည်မှာရှိတဲ့celebrityတွေနဲ့ foreignမှာ ရှိတဲ့မြန်မာတွေအကုန်လုံးကို သက်သက်ပေါင်းကူးပေးတဲ့ ပေါင်းကူးတံတား ပုံစံမျိုးနဲ့ရှိတယ်ပေါ့နော်။ အဲလိုမျိုးမှာ ကျွန်တော်တို့ကိုကော အစ်မဘာအကြံများပေးချင်လဲ။ ဘယ်လိုများမြင်လဲမသိဘူး။ ဒီလိုမျိုးလုပ်ထားတာလေးက အရမ်းလည်းစိတ်ကူးကောင်းတယ်။ ဘယ်လိုပြောမလဲ လူငယ်တွေအတွက် စိတ်ဝင်စားစရာလေး အာရုံတခုရတော့ပေါ့။ ဥပမာ ဘာမှ... ဘယ်လိုပြောမလဲ ကိုယ့်အတွက်အသုံးမတဲ့တာ၊ ကိုယ့်
4အတွက်အကျိုးမရှိတာ websiteတွေကြည့်နေမယ့်အစား၊ အချိန်ကုန်သွားမယ့်အစား ကိုယ်လည်းနှစ်ခြိုက်... ကိုယ်လည်းနှစ်သက်တယ်၊ ကိုယ်လည်းအားကျတယ်၊ ကိုယ်လည်းအားပေးတယ်ဆိုတဲ့  ဒီလိုcelebrityတွေရဲ့ သတင်းတွေကိုဖတ်ရတာ ဒါမှမဟုတ် နားထောင်ရတာ၊ ဒါမှမဟုတ် သူတို့ကြည့်ရတာပေါ့နော် အဲတာကလည်းအပန်းပြေတယ်။  ဘာပဲပဲဖြစ်ဖြစ် စိတ်တော့အပန်းပြေမှာပဲပေါ့နော်။ ရေဗက္ကာကိုယ်တိုင်လည်း ဒီလိုပဲ ရေဗက္ကာတို့ကြိုက်တယ် Fergieဆို Fergieကြိုက်တယ်။ သူရဲ့သတင်းတွေကို သူရဲ့ weddingဆို ဘယ်လိုဘာညာ ကိုယ်လည်းဖတ်ရတာ စိတ်ဝင်စားတယ်လေ။ Beyonceဆိုလည်း Beyonceပေါ့။ အဲလိုမျိုးဆိုတော့ ဒါကဘာပဲဖြစ်ဖြစ် စိတ်အပန်းဖြေမှုတခုလည်းဟုတ်တယ်။ ဗဟုသုတလည်းပိုပြီးတော့တိုးတယ်။ ကိုယ်ကဒီအနုပညာအလုပ်ကို စိတ်ဝင်စားတယ်ဆိုရင်  ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် အကြံဥာဏ်ကောင်းလည်း ပိုပြီးတော့ရနိုင်တယ်ပေါ့နော်။ ဒီလိုလုပ်ထားပေးတဲ့ အစီအစဉ်လေးက သိပ်ပြီးတော့ ကောင်းမွန်တယ်။ ရေဗက္ကတို့အတွက်လည်း overseaမှာရှိတဲ့ ရေဗက္ကာတို့ချစ်တဲ့ပရိသတ်တွေ အကုန်လုံးနဲ့ ရေဗက္ကာတို့ဘယ်လိုပြောမလဲ တခါတည်းတိုက်ရိုက် ရေဗက္ကာတို့အသံကိုကြားနိုင်တယ်။ ရေဗက္ကာတို့ပြောတဲ့စကားတွေ သူတို့ဘယ်လိုပြောမလဲ နားထောင်နိုင်တယ်။ သူတို့မေးချင်တဲ့မေးခွန်းတွေနဲ့ အခုအကိုတို့မေးခွန်းနဲ့ တချို့ကိုက်ညီတာလည်း ရှိမှာပဲ။ သူတို့မေးစရာမလိုပဲ အလိုလိုနားထောင်ပြီးသားဖြစ်သွားတယ်ပေါ့။ အဲတော့ရေဗက္ကတို့ အတွက်လည်းကောင်းတယ်။ နားထောင်သူတွေအတွက် လည်းကောင်းတယ်။ အဲတာကြောင့်မို့ ရေဗက္ကကတော့ အရမ်းကောင်းမွန်တယ်လို့ပဲ ရေဗက္ကာထင်ပါတယ်။ ဒီထက်ပိုပြီးတော့ဆိုရင်တော့ စောစောကအကိုပြောသလိုပဲပေါ့နော် အရုပ်တွေဘာတွေပါလာမယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းတာပေါ့နော်။ movieရမယ်ဆိုရင်တော့ ပိုပြီးတော့ သူတို့လည်း အရုပ်နဲ့တွဲပြီး ကြည့်ရတော့လည်း သူတို့လည်းပိုပြီးတော့ friendlyဖြစ်တာပေါ့နော်။ computer screenပေါ်မှာကြည့်ရတာ။ ရေဗက္ကာအဲလိုမျိုးလေးတော့ ပိုပြီးတော့ဖြစ်စေချင်ပါတယ်။

ဟုတ်ကဲ့ အခုလိုစိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ရေဗက္ကာကို ကျွန်တော်တို့MYMCက အထူးပဲကျေးဇူးတင်ရှိပါတယ်။

ဟုတ်ကဲ့ပါ။ ရေဗက္ကာကလည်း ကျေးဇူးအများကြီးတင်ပါတယ်။

footer
အင်တာဗျူးကို အသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့..
This text will be replaced

Comments (31)

 1 2 > 
...
Can you speak..kachin language..my dear?.
Lawt Aung.. , August 17, 2010
...
kg par tal
lin lat , August 08, 2010
...
အမ ရဲ့ အသံ ကလူတိုင်းကိုဆွဲဆောင်မှု့ရှိတယ်။ ဘာလို့ခရစ်ယာန်တွေက အသံကောင်းတာလဲ။ အမကို အမြဲတမ်းအားပေးနေမယ် မဲ့ ပရိတ်သတ်
ဝေယံမင်းခန့် , July 23, 2010
...
မ ရေဗက္ကာဝင်း ဆိုတာကောင်းပါတယ် နားထောင်လို.
ခေတ်သီချင်းတွေနဲ့ က ပိုလိုက်တယ်လို့ တော့ ကျွန်တော်ထင်တယ်
ထူးချွန် , July 18, 2010
...
မမ၇ဲ့GOODBYEသီချင်းကိုအ၇မ်းကြိုက်ပါတယ်။မမ၇ဲ့အသံနဲ့လည်းလိုက်တယ်။
အားပေးနေမယ်နော်။ ။
thwe thwe htwe , July 10, 2010
...
မမ ကိုသီချင်းရောင်းချင်တယ်
အထင်မသေးးဘူးဆိုပြန်ဆက်သွယ်ပါနော်
nemo , July 07, 2010
...
ကိုယ့် အသံက သူ့လောက်မကောင်းတော့.........
သူ့အသံက ကောင်းပါတယ်..ပေါ့...........
ကြိုက်တယ်... အားကျတယ်....
Ma Thinn....... , July 06, 2010
...
အရမ်းကောင်းပါတယ် ဒီအစီအစဉ်လေးကို ကျေးဇူးတင်ပါတယ်..
zunnet , June 22, 2010
...
အ၇မ်းကောင်းတဲ့အင်တာဗျူးလေးပါ.....အစ်မကိုချစ်တော့အစ်မသီချင်းတွေအားလုံးကိုကြိုက်တယ်
အကြိုက်ဆုံးကတော့ ပညာသားအရမ်းပါတဲ့ မပိုင်ဆိုင်တဲ့သီချင်းဆိုတဲ့ကိုရွေေ၇းးထားတဲ့ သီချင်းလေးပဲ....နားမထောင်ဖူးသေးရင်လဲနားထောင်ကြည့်လိုက်နော..........
gothic , June 17, 2010
...
whatever I hope you can success in your life
nway oo , June 12, 2010
...
အသံချိုချိုအေးအေးတွေကိုအရမ်းပဲသဘောကျမိပါတယ်။
moenyo , May 26, 2010
...
အသံကောဖက်ရှင်ကောမိုက်တယ်အမြဲတမ်းလန်းနေတယ်
htetlinkyaw , May 17, 2010
...
Rebacca Website is http://www.rebeccawin.com/
Char tate , May 10, 2010
...
မမ က အရမ်းလှတာဘဲ ကြိုက်တယ်
roy , May 09, 2010
...
Rebecca ရဲ့ website ကို update လုပ်ပေးပါဦးဗျာ....
Shane Khant , May 07, 2010
...
Nice interview! She'd been on my radar ever since she featured in one examplez song.
pokefreaks , May 07, 2010
...
ဘယ်လိုပဲဖြစ်ဖြစ် အဖေ့ရဲ့ လူမျိုးကိုတော့ မမှားသင့်ပါဘူး....
cho lay , May 07, 2010
...
kg par tal like tal
nawe , May 04, 2010
...
အမြဲတန်း လန်းနေမှတော့ လုပ်ပြီပေါ့
chan myae , May 01, 2010
...
ရေဗက္ကာဝင်းရဲ့ အကောင့်က win.rebeca@gmail.com ဖြစ်ပါတယ်။ သူ့ အကောင့်အစစ်ပါ။
facebook ကရတာပါ။
ဂျွန်ဇင်အောင် , April 29, 2010
 1 2 > 

Write comment

You can add your comment here

busy

Who's Online »

We have 195 guests online

MYMC News! »

  • 5 Sep 2010 | 10:44 pm

    မုတ်သုံမိုးကြောင့် ရေဘေး ဒုက္ခများ ကြုံတွေ့နေရသည့် ပါကစ္စတန် နိုင်ငံ၏

    Read more...
  • 5 Sep 2010 | 10:29 pm

    မေလ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ရပြီး အာဏာရပါတီနေရာကို

    Read more...