
မင်္ဂလာပါ ကိုဂျောက်ဂျက်…
ဟုတ်ကဲ့ မင်္ဂလာပါ။
ဘာဖြစ်လို့ အစ်ကို့ကို ဂျောက်ဂျက်လို့ ခေါ်တာလဲ။ ပြီးတော့ အစ်ကို့ရဲ့ နာမည်အရင်းလေးရော သိခွင့်ရှိမလား မသိဘူး။
ကျွန်တော့်ကို ဘာဖြစ်လို့ ဂျောက်ဂျက်လို့ ခေါ်တာလဲဆိုတော့ လွန်ခဲတဲ့ ၆ နှစ်၊ ၆ နှစ်ကျော်ကျော်လောက်က Rap စဆိုမယ်ဆိုပြီး စပြီးစိတ်ကူးတော့ ကျွန်တော် နာမည်တွေ စဉ်းစားတယ်။ နာမည်အရင်းနဲ့ အဆင်မပြေဘူး။ နာမည်အရင်းကလဲ Rap name နဲ့ တခြားစီပဲ။ အဲဒီတော့ ကျွန်တော်စဉ်းစားတယ်။ အဲဒီတုန်းက နာမည်တွေလျှောက်ပေးတာ အများကြီးပဲ။ ကျွန်တော် ဂျောက်ဂျက်ဆိုတာ Winchester လေသေနတ်။ အဲဒီသေနတ်နာမည်ကို ပေးထားတာ။ ကျွန်တော်နာမည်အရင်က ဇင်မင်းပေါ့။
နောက်အစ်ကို့ရဲ့အသက်ကရော…
ကျွန်တော်ရဲ့အသက်ကအခု ၂၂ ပြည့်ပြီး ၂၃ ထဲမှာပါ။
ဒီ Hip Hop လောကထဲ စပြီးဝင်ရောက်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါဦး။
စပြီးဝင်ရောက်ခဲ့တာကတော့ ဒီ ၂၀၀၄ ခုနှစ် ၈ လပိုင်း ၉ လပိုင်းလောက်မှာ သီချင်းတွေစလုပ်တယ်။ စလုပ်ပြီးပြီးချင်း အဲဒီမှာ တစ်ယောက်ထဲပဲ။ တစ်ယောက်ထဲပဲ လုပ်နေရင်းနဲ့ ဒီ free Show လေးတွေ (မျှော်စင်ကျွန်းတို့) အဲ့ဒီမှာ ကျွန်တော်ဆိုတယ်။ ဆိုပြီးတော့ အဲဒီမှာ သူငယ်ချင်းတွေနဲ့ ခင်တယ်။ အဆိုတော်ထဲကတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်နဲ့ level တန်း အသစ်တွေပေါ့။ သူတို့နဲ့ခင်တယ်။ ဆိုတယ်။ ဆိုတာပြီးတော့ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကွဲတာတွေလဲ ကွဲသွားတယ်။ ပြီးတော့ ကိုယ့်ဘာသာကိုယ် ဆက်လုပ်စရာရှိတာဆက်လုပ်တယ်။ လုပ်နေရင်းနဲ့ အဲဒီတုန်းက ကျွန်တော့်ကို ဘယ်သူမှမသိသေးဘူး။ မသိတဲ့အချိန်မှာ show ဆိုဖို့ အရမ်းခက်ခဲရှိတော့ ကိုယ့်ဟာကိုယ် သီချင်းလုပ်တယ်။ အဲဒီတုန်းက အိမ်ကလဲ ကျွန်တော်ကို ပိုက်ဆံမထုတ်ပေးဘူး သီချင်းလုပ်ဖို့။ ကျွန်တော်အရင်တုန်းက၊ ငယ်ငယ်တုန်းက ရူးတာ အမျိုးစုံရူးတယ်။ တစ်ခုထဲကိုမရူးဘူး။ ဘယ်လိုရူးလဲဆိုတော့ ခဏနေ ပန်းချီဆွဲချင်တယ်။ တစ်လလောက်နေပြီးသွားလို့ရှိရင် တိုက်ကွန်ဒိုဆော့မယ်။ နောက်တစ်လနေလို့ရှိရင် စကိတ်စီးမယ်။ အဲလိုမျိုးစုံပြောင်းနေတော့ ကျွန်တော့်အိမ်က ကျွန်တော့်အကြောင်းသိတယ်။ အဲဒီတော့ ကျွန်တော့်အိမ်က ဒီကောင်ဆိုမယ်ပေါ့။ ဆိုရင်လည်း ခဏပါပဲပေါ့။ ဒါပေမယ့် အိမ်က ကျွန်တော့်ကို လုံးဝ အယုံအကြည် မရှိတဲ့အတွက် ပိုက်ဆံ လုံးဝမထုတ်ပေးဘူး။ မထုတ်ပေးတော့ ကျွန်တော် အဲဒီတုန်းက Rap စဆိုဖို့ တကယ်စပြီးတော့ ဒီ Rap ကို အရင်စကြိုက်တာတော့ အမှန်အတိုင်းပြောရရင်ပေါ့နော်… ဒီနိုင်ငံမှာ Rap ကို ကျွန်တော် အရင်စနားထောင်ဖူးတာ ကိုမျိုးကျော့မြိုင်ရှိမယ်။ ပြီးတော့ Acid အဖွဲ့။ အဲဒါတွေရှိတယ်။ အဲဒါတွေနားထောင်ဖူးတယ်။ အဲဒီတုန်းကတော့ ငယ်လည်းငယ်သေးတယ်။ Acid ထွက်တဲ့အချိန်မှာ ကျွန်တော် ၆ တန်းလားမသိဘူး။ အဲလောက်ပဲရှိသေးတယ်။ အဲဒီအချိန်လောက်တုန်းကတော့ Rap ကို အရမ်းကြိုက်နေပြီ။ Acid ပေါ်တယ်။ ပြီးတော့ Theory နဲ့ Alex, Too Big တို့ သူတို့ အရမ်းမိုက်နေတဲ့အချိန် ကျွန်တော်တို့နားထောင်တယ်။ ပြီးတော့ နောက်ပိုင်း တဖြည်းဖြည်းနဲ့ပေါက်လာတဲ့သူတွေ ဒီ First ပြီးတော့ Second Generation ကျတော့ ကြက်ဖ စပေါက်တယ်။ ကြက်ဖ စပေါက်တော့ ကြက်ဖသီချင်းတွေ နားထောင်တယ်။ ကြက်ဖ စပေါက်တော့ ကျွန်တော်က ၁၀ တန်းလားမသိဘူး။ ဟုတ်တယ် ၁၀ တန်း။ သူငယ်ချင်းတွေဆီက အခွေရတယ်။ အဲဒီတော့ နားထောင်ကြည့်တော့ အရမ်းကြိုက်သွားတယ်။ အရမ်းမိုက်တယ်။ အရင်အရှေ့ကလူတွေဆိုသွားတာနဲ့ တခြားစီဖြစ်သွားတယ်။ အဲဒီတုန်းက ကြက်ဖပေါက်တယ်။ အဲဒီတုန်းက ဆိုချင်နေပြီ။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော် ၁၀ တန်းမပြီးသေးတဲ့အတွက် ကျွန်တော်ဆိုလို့မရဘူး။ ၁၀ တန်းစာမေးပွဲကို ကျွန်တော်ပြီးအောင်ဖြေတယ်။ ၁၀ တန်းစာမေးပွဲဖြေပြီးတော့ အောင်ပြီ၊ အောင်စာရင်းထွက်ပြီဆိုတာ သိတဲ့အချိန်မှာ ကျွန်တော်သီချင်းဆိုဖို့ စလုပ်တယ်။ အိမ်ကပိုက်ဆံမပေးတဲ့အတွက်ကို… ကျွန်တော်သီချင်း မတီးတတ်ဘူး။ မတီးတတ်တဲ့အတွက် ကျွန်တော်သူများကို
သီချင်းရေးပေးတယ်။ သီချင်းရေးပေးလို့ရှိရင် ကျွန်တော်က သီချင်းရေးခ ပြန်ပြီးတော့ရတယ်။ အဲဒီရေးတဲ့ သီချင်းရေးခနဲ့ ကျွန်တော် သီချင်းသွားတီးတယ်။ သီချင်းသွားတီးပြီးမှ ကျွန်တော်ဆိုဖို့အတွက်ကို ကျွန်တော် သပ်သပ်တစ်ပုဒ် ထပ်ရေးရတယ်။ အဲဒီလိုလုပ်လာတယ်ပေါ့နော်။ နောက်ပိုင်းသီချင်းက studio သွားရင်းလာရင်းနဲ့ studio မှာ အင်ဂျင်နီယာတွေ သူတို့ကိုင်တာတွေ နည်းနည်းပါးပါးကြည့်၊ မသိတာလေးတွေ နည်းနည်းပါးပါးမေးပြီးတော့ သီချင်းစတီးတယ်။ အဲဒီစတီးတဲ့အချိန်မှာ ကျွန်တော့်ကိုလည်း ဘယ်သူမှ show လည်းမခေါ်သေးဘူး။ ဘယ်သူမှလည်း အဖက်မလုပ်ဘူး။ အဲဒီလိုနဲ့ studio အင်ဂျင်နီယာတွေဆီကနေပြီးတော့ သူတို့တီးနေတာတွေကို ကျွန်တော်မသိတာလေးတွေ မေးပြီးတော့ နည်းနည်းပါးပါး မဆိုသလောက်လေး နည်းနည်းပါးပါး သိလာတယ်။ အဲဒီ သိတာလေးနဲ့ပဲ ကျွန်တော်အိမ်မှာ အဲဒီတုန်းက Fruity Loop က 5 လား မသိဘူး ပေါ်နေပြီ။ အဲဒီတော့ အဲဒါနဲ့ ကျွန်တော်တို့စတီးတယ်။ တီးတယ်ဆိုပေမယ့်လဲ အဲဒီတုန်းက စုတ်ပြတ်သပ်နေတာပဲဗျာ။ တီးလုံးကတော့ လုံးဝစုတ်ပြတ်သပ်နေတာပဲ။ အဲဒါလေးကိုပဲ ကျွန်တော်ရအောင်တီးတယ်။ အချိန်ယူပြီးတော့ သေချာ တစ်ပုဒ်တစ်ပုဒ်တီးတယ်။ တစ်ပုဒ်တစ်ပုဒ်ကို အဲဒီတုန်းက တီးတယ်၊ ရေးတယ်၊ သေချာမရမကကို ရေးတယ်။ တစ်လလောက်ကိုကြာတယ် တစ်ပုဒ်တစ်ပုဒ်ကို။ တစ်လကို တစ်ပုဒ်နှုန်းလောက်တော့ ကျွန်တော့် သီချင်းတွေက ပုံမှန်ထွက်နေတယ်။ အဲမှာ Ezy ပွဲမှာ ဆိုတော့ ကျွန်တော် အဲမှာ sample လေးတွေ စင်ပေါ်ကနေ စကြဲတယ်။ sample ပထမဆုံး စကြဲတယ်။ အဲဒီ၃ပုဒ် စဖြန့်လိုက်တဲ့အချိန်မှာ လူနည်းနည်းလေး သိသွားတယ်။ Rapper တွေထဲက နည်းနည်းပါးပါး သိသွားတယ်။ အဲမှာ နည်းနည်း အခြေအနေ ကောင်းလာတယ်။ နောက်ပိုင်း ကျွန်တော် အဲအချိန်မှာ ကျွန်တော်တစ်ယောက်တည်း show ပွဲတွေသွားကြည့်တယ်။ နာမည်ကြီးတဲ့ထဲက သူငယ်ချင်းတယောက်မှ မရှိဘူး။ အဲတုန်း N Zai တို့ ရှိမယ်။ လန်ဘားတို့နဲ့ ကျွန်တော်တို့နဲ့ မခင်သေးဘူး။ တခြားသူငယ်ချင်းတွေရှိတယ်။ show တွေ ဘာတွေ သွားကြည့်တော့ အဲမှာ ကျွန်တော် ပထမဦးဆုံး underground MTV လေး ရိုက်တယ်။ MTV ဆိုတာ ကျွန်တော့် handy cam လေးနဲ့ပဲ။ ကျွန်တော့် ကင်မရာလေးနဲ့ပဲ သူငယ်ချင်းတွေခေါ်ပြီးတော့ ပိုက်ဆံတစ်ပြားမှမကုန်ဘူး။ ကျွန်တော် ကိုယ့်ရဲ့သီချင်းလေးကို ကိုယ့်ဘာသာကိုယ် မရမကရိုက်တယ်။ ပြီးတော့ ကိုယ့်ကွန်ပြူတာကလေးနဲ့ ကိုယ့်ဟာကိုယ် edit သေချာလုပ်ပြီးတော့ လုံးဝကို underground ဆန်ဆန်လေးပေါ့နော်။ အဲဒီဟာလေးကို အချပ် ၁၀၀လောက် ကူးပြီးတော့ စင်ပေါ်ကနေ ထပ်ပြီး ဖြန့်လိုက်တဲ့အချိန်မှာ ဖြန့်လဲဖြန့်လိုက်ရော မပေါက်သေးဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော့်အခွေက အဆိုတော်တွေလက်ထဲ ရောက်သွားတယ်။ အဲဒါ ဘယ်သူ့လက်ထဲကို ရောက်သွားလဲဆိုတော့ ရသလက်ထဲကို ရောက်သွားတယ်။ သူ့လက်ထဲရောက်သွားတော့ သူက show ပွဲမှာ အဲဒီတုန်းက သူဆိုခါနီးလားမသိဘူး။ ကျွန်တော်က ထိန်ဝင်းနဲ့ ခင်တော့… ကျွန်တော်တို့ အဖွဲ့ထဲက ထိန်ဝင်းပေါ့နော်… အဲဒီတုန်းက နည်းနည်းခင်နေတဲ့ အချိန်ကျတော့ ကျွန်တော် သူနဲ့ စကားပြောနေတဲ့အချိန်မှာ ရသကလာပြီးတော့ ဂျောက်ဂျက် မင်းဟာအရမ်းမိုက်တယ်ပေါ့နော်… မင်း MTV အရမ်းမိုက်တယ်ပေါ့။ အဲဒီတုန်းက ယုန်လေးနဲ့ကလည်း မခင်သေးဘူး။ အဲလောက်မခင်သေးဘူး။ မြင်ဘူးတယ်သလိုလိုတော့ ရှိတယ်။ သူက အဲမှာ ကျွန်တော့် ဖုန်းနံပါတ်တောင်းသွားတယ်။ နောက်နေ့မနက်… အဲ နေ့လည်လောက်ကျတော့ ကျွန်တော် အပြင်သွားနေတဲ့အချိန်မှာ အိမ်ကိုဖုန်းဆက်တယ်။ ကျွန်တော် ဖုန်းပြန်ဆက်တော့ သူက 65 မှာ ရှိတယ်တဲ့။ ရသရယ်၊ Bigg Y ရယ်၊ ၂ ယောက်ရှိတယ်ပေါ့နော်။ Bigg Y ကလည်း ခေါ်တယ်။ ရသကလည်း လာခဲ့ပါဆိုတော့ အဲတုန်းက ဘယ်လောက်မွဲလည်းဆိုတော့ ကျွန်တော် ကို Bigg Y၊ ကိုရသ ကျွန်တော် studio လာဖို့ ကားခမရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ အဲဒီမှာ Bigg Y က ငါပေးမယ်တဲ့။ အဲဒါနဲ့ပဲ ကျွန်တော် အဲဒီ studio ကို ရောက်သွားတယ်။ အဲဒီမှာ ရသတို့နဲ့ စတွဲဖြစ်တယ်။ သူတို့ကျေးဇူးတွေက အများကြီးပဲ။ ရသကော၊ Bigg Y ကော၊ အဲမှာ လင်းပင်ဟိန်းတို့လည်းရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ ကျော်ထွဋ်ဆွေနဲ့က အရင်ကတည်းက ခင်ထားဖူးတယ်။ အဲဒီအချိန်မှာ ကျော်ထွဋ်ဆွေကို အခွေလုပ်ပေးမယ်ဆိုပြီး လင်းပင်ဟိန်းနဲ့ ကျော်ထွဋ်ဆွေနဲ့က သီချင်းတွေလုပ်နေကြတာ။ အဲဒီမှာ လင်းပင်ဟိန်းက ကျွန်တော့်ကိုမေးတယ်။ ဂျောက်ဂျက်တဲ့ ကျော်ထွဋ်ဆွေနဲ့ ၂ ယောက်တွဲအခွေလေး လုပ်မလားတဲ့။ လုပ်မှာပေါ့လို့။ ရပါတယ်လို့။ ကျော်ထွဋ်ဆွေက ကျွန်တော့်သူငယ်ချင်း။ ကျွန်တော် သူ့ကိုလည်း ကြိုက်တယ်။ သူဆိုတာကလည်း ကောင်းတယ်ဆိုတော့ အဲလိုနဲ့ ကျွန်တော်တို့ ၂ ယောက်က သီချင်းစလုပ်ဖြစ်တယ်။ သီချင်း ၂ပုဒ်၊ ၃ ပုဒ် လုပ်ပြီးတဲ့အချိန်မှာ ကျော်ထွဋ်ဆွေက Ah Boy ရယ်၊ ကျော်ထွဋ်ဆွေရယ်၊ ထိန်ဝင်းရယ် အဲဒီတုန်းက သူငယ်ချင်းနောက်ထပ် ၂ ယောက်၊ ၃ယောက်လောက်ပါတယ်။ အဲဒီ သူတို့နဲ့ V.I.P ဆိုပြီး family လေး ဖွဲ့ပြီးသွားပြီ။ အဲဒီမှာ ကျော်ထွဋ်ဆွေက ကျွန်တော့်ကိုပြောပြတယ်။ ငါတို့ အဖွဲ့လေး အဲလိုပဲရှိတယ်ပေါ့နော်။ ကျွန်တော်ကလည်း ကောင်းတာပေါ့လို့။ အဲလိုနဲ့ နောက်ပိုင်းကျတော့ Ah Boy က ကျွန်တော့် MTV ကို ကြည့်ပြီးတော့ Ah Boy က အရမ်းကြိုက်တယ်ပေါ့နော်။ ကျွန်တော့်ကို ခေါ်မယ်ဆိုပြီးတော့ ကျွန်တော့်ကို စကားခေါ်ပြောကြတယ်။ ထိန်ဝင်းတို့နဲ့။ အဲတုန်းက ကျွန်တော်က အရမ်းပြဿနာများတယ်။ ပြသာနာများတယ်ဆိုတာက shock တွေ ရှိတာတို့၊ ကျွန်တော် အရင်တုန်းက ငြိတဲ့ ကောင်တွေနဲ့ ရန်ဖြစ်တွေဘာတွေဖြစ်တာ။ အဲဒီမှာ ထိန်ဝင်းက ကျွန်တော့်ကို family ထဲကို မထည့်ဖို့ Ah Boy ကို ပြောတယ်။ (ရယ်လျက်) သူကလည်း သိတယ် မဟုတ်လား။ ဒီအဖွဲ့မှာ ကွိုင်တွေ ဘာတွေ တက်မှာဆိုးလို့။ ကျွန်တော့် shock တွေ ပါလာမှာဆိုးလို့ (ရယ်လျက်)။ Ah Boy က မရတော့ဘူး။ ထည့်ကိုထည့်မယ်။ အဲဒီတုန်းက ထိန်ဝင်း တားတာပေါ့နော်။ အဲဒါ ကျွန်တော်တို့ ပြန်ပြောပြပြီးတော့ ရယ်စရာလေးတွေဖြစ်သေးတယ်။ အဲမှာ V.I.P ဆိုတဲ့ အဖွဲ့လေး ဖွဲ့ဖြစ်တယ်။ ဖွဲ့ဖြစ်ပြီးတော့ ကျွန်တော်တို့ ဒီ sample လေး ဝေလိုက်တယ်။ အဲ sample လေးမှာ ၁၂ ပုဒ် ၁၃ ပုဒ်လောက်ပါတယ်။ အဲဒီမှာ တစ်နိုင်ငံလုံးအနေအထားနဲ့ ပေါက်တယ်ဆိုလို့ရှိရင် ကျော်ထွဋ်ဆွေရဲ့ “မတူညီတဲ့” သီချင်းပေါက်တယ်။ ကျွန်တော်တို့ ရန်ကုန်မှာ နည်းနည်း ကျွန်တော်တို့နဲ့ လိုက်ဆိုလို့ရမယ့် သီချင်းလေ၊ နည်းနည်းပါးပါး လိုက်ဆိုလို့ရမယ့် “ရှိတ်ကြစို့” တို့၊ ပြီးတော့ နောက် “ငါ၏စာသား” တို့ အဲလိုမျိုး သီချင်းလေးတွေ နည်းနည်း အပြင်ရောက်သွားတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော် ဘိုစိုင်း show မှာ စဆိုနေရပြီ။ ဘိုစိုင်း show ကို စဆိုဖို့အတွက်ကလည်း ကျွန်တော် အစက ဘိုစိုင်းနဲ့လည်း ကျွန်တော်နဲ့ မခင်ဘူး။ ပွဲလုပ်တဲ့လူ။ အဲဒါကို ရသက သူဆိုနေရတဲ့အချိန်မှာ ဂျောက်ဂျက်…မင်းလာဆို ဆိုပြီး သူမဆိုခင်မှာ ကျွန်တော့်ကို အမြဲတမ်း ရှေ့မှာ ပေးပေးဆိုတယ်လေ။ အဲဒါ သူ့ကျေးဇူးတွေပေါ့နော်။ သူခေါ်ဆိုလို့ ကျွန်တော် အခုလိုဖြစ်လာတာ။ အဲဒါ နောက်ပိုင်းကျတော့ ဘိုစိုင်းက ကျွန်တော်ကိုစပြီးတော့ show ပွဲတွေဆိုဖို့ စကမ်းလှမ်းလာတယ်။ အဲဒီမှာ တစ်ယောက်တည်းအနေနဲ့ ကျွန်တော် ဆိုတယ်၊ အဖွဲ့အနေနဲ့လည်း ဆိုတယ်။ အဲဒီမှာ နောက်ပိုင်းကျတော့ သီချင်းတွေ ဖြန့်ရင်းဖြန့်ရင်းနဲ့ သီချင်းတွေက ပြန့်တာများပြီးတော့ ကွိုင်တွေတက်တယ်။ အဲဒီမှာ ကွိုင်တွေတက်ပြီးတော့ ကျွန်တော်တို့ V.I.P ဆိုတဲ့ အဖွဲ့ကို Rock Star ဆိုပြီးပြောင်းလိုက်တယ်။ V.I.P မှာ အစတုန်းက ၄ ယောက်။ ကျွန်တော်ရယ်၊ Ah Boy၊ ထိန်ဝင်း၊ ကျော်ထွဋ်ဆွေ ၄ ယောက်။ ၄ ယောက်ဆိုပြီးတော့ V.I.P လုပ်တယ်။ နောက်ပိုင်း Rock Star ဖြစ်သွားပြီးတော့ ၂လလောက်လည်းကြာရော ကျွန်တော့်ကို show ပွဲတစ်ပွဲမှာ Rapper တစ်ယောက် အခွေလာပေးတယ်။ သူ့နာမည်က လွှမ်းပိုင်တဲ့။ သူပြောတာ ကောင်းကောင်းမွန်မွန်ပါပဲ။ အခွေလာပေးသွားတယ်။ ကျွန်တော် သူ့အခွေကို နောက်နေ့ကျတော့ အိမ်မှာပြန်နားထောင်ဖြစ်တယ်။ အဲအချိန်တုန်းက sample က အရမ်းများတယ်။ ပွဲတစ်ပွဲမှာ sample ဖြန့်တဲ့သူက ၆ ခွေလောက် ရှိတယ်။ ကျွန်တော်ကလည်း ထူးထူးခြားခြား အဲကောင်အခွေကိုမှ သေချာသတိထားပြီးတော့ အိတ်ထဲထည့်ထားလိုက်မိတယ်။ ကျန်တဲ့အခွေတွေကိုလည်း သူငယ်ချင်းတွေကို ခဏကိုင်ခိုင်းထားတာနဲ့ အဲလိုဖြစ်သွားပြီးတော့ ပျောက်သွားတဲ့ အခွေတွေလည်း ပျောက်သွားတယ်ပေါ့နော်။ အဲဒီမှာ လွှမ်းပိုင်အခွေကို ကျွန်တော် နားထောင်ကြည့်တော့ သူက Twist တွေ အရမ်းဆိုပြီးတော့ အရမ်းမိုက်တယ်။ အရမ်းမိုက်တော့ ကျွန်တော်က Ah Boy နဲ့ တိုင်ပင်တယ်။ family ထည့်မလား။ ထည့်မယ်ဆိုတော့ အဲဒါနဲ့ပဲ family ထဲထည့်ပြီး Rock Star ဆိုတာ ဒီလိုမျိုး ဖြစ်လာတယ်ပေါ့နော်။အဲဒါဆိုရင် စစချင်း စ၀င်ကာစတုန်းက ဘယ်အဖွဲ့ထဲမှာမှ မ၀င်ခဲ့ဘူးပေါ့နော်။
အင်း… အဲလိုတော့မဟုတ်ဘူးဗျ။ ကျွန်တော်တို့ အရင်တုန်းက ပြဿနာတွေကတော့ အများကြီးပဲပေါ့နော်။ သူငယ်ချင်း အရင်းတွေကော။ အခုတော့လည်း အကုန်လုံးနားလည်သွားကြပါပြီ။ ပြဿနာဆိုတာ ဘာမှလည်းမဟုတ်ပါဘူး။ ဒီပြဿနာ သေးသေးလေးတွေပေါ့နော်။ လူငယ်ဆိုတော့ အဲလိုမျိုး မှားခဲ့ကြတဲ့ ပြဿနာလေးတွေလည်း ရှိတာပေါ့။ အပြန်အလှန်မှားခဲ့တာတွေပေါ့။ အဲလို အဖွဲ့တွေကတော့ ရှိခဲ့ဖူးတယ်။ အဖွဲ့တွေကတော့ ဖွဲ့တယ်။ ပြီးတော့ အဆင်မပြေလို့ဆိုပြီးတော့ ကွဲသွားတယ်။ မတွေ့ဖြစ်ကြတော့ဘူး။ အဲလိုမျိုးဖြစ်တယ်။ ဒါပေမယ့် အခု ကျွန်တော် သိလာတဲ့အချိန်မှာ main stream ပေါ် တက်ရတော့မယ်ဆိုလို့ရှိရင် အလုပ်ကို တကယ် လုပ်ကိုလုပ်ရတော့မယ်ဆိုတာ သိလာတယ်။ အဲဒါကို ဘယ်မှာစသိသလဲဆိုတော့ ကျွန်တော် V.I.P ထဲစဝင်တော့ ကျွန်တော် ဒီ underground မှာ နည်းနည်းပေါက်နေတဲ့ အချိန်ပေါ့နော်။ အခု Bunny Phyo ပေါက်နေတဲ့ အချိန်မျိုးပေါ့နော်။ အဲဒီလို ပေါက်နေတဲ့အချိန်မျိုးမှာ ကျွန်တော်သိလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘကလဲ အဲဒီအချိန်မှာ နည်းနည်းယုံကြည်လာတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို ကျွန်တော် show ကိုခေါ်လာတယ်။ ကြည့်ဖို့ပေါ့နော်။ ကျွန်တော်ဆိုတဲ့အချိန်မှာ အားပေးတော့ သူတို့ အရမ်းအံ့သြသွားတယ်။ အဲဒါကတော့ အမှတ်တရပေါ့။ ဒီလိုမျိုး အဖွဲ့တွေကတော့ ဘာပဲပြောပြော ဒီလိုပဲ မြန်မာနိုင်ငံမှာ နာမည်ကြီးရင် အဖွဲ့တိုင်း ကွဲပါတယ်။ ဒါက ထုံးစံပါပဲ (ရယ်လျက်)။
ဂျောက်ဂျက်အနေနဲ့ကော သီဆိုခဲ့တဲ့ Hip Hop သီချင်းပေါင်း ဘယ်နှစ်ပုဒ်လောက် ရှိသလဲခင်ဗျ။
အဲ အဲဒါဒုက္ခပဲ။ ကျွန်တော်က အမှန်ဆိုလို့ရှိရင် ကျွန်တော်ဆိုခဲ့တဲ့ဟာ မရှိရင် ၅၀ နဲ့ ၆၀ ကြား၊ ၇၀ ပတ်ဝန်းကျင်လောက်တော့ ရှိတယ်။ ဒါပေမဲ့ သီချင်းတွေက ဟို ကျွန်တော်မကြိုက်လို့ ဂျောင်ထဲရောက်သွားတဲ့ သီချင်းတွေ၊ ကြိုက်လို့အပြင်ရောက်သွားတဲ့ သီချင်းတွေ၊ ပွစိကြဲနေတာ သီချင်းတွေက။ တခါတလေကျရင် ကိုယ့်သီချင်းတောင် ပြန်နားထောင်ပြီး ကိုယ့်သီချင်းမှန်းတောင် ကိုယ်မသိတာတွေဘာတွေ ဖြစ်ဖူးတယ်။ အဲလိုမျိုးပေါ့။ ပြီးတော့ နောက်တစ်ခုက ဇော်ထက်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ အဲဒီကောင်က ကျွန်တော့်ဆီကို သီချင်းလာအပ်တယ်။ တစ်ခွေစာ လာအပ်တော့ ကျွန်တော် သူ့ကို တစ်ခွေစာလုံး ရေးပေးဖူးတယ်။ ၁၀ ပုဒ် အတိ။ သူက တစ်ခွေလုံး အချစ်သီချင်းချည်းပဲ။ အဲဒီတုန်းက ၁၀ပုဒ်လုံး အချစ်သီချင်း ထိုင်ရေးပေးရတယ်။ ရေးပြီးတော့ ကျွန်တော်တစ်ခွေလုံးကို demo လေး သွင်းပေးထားတယ်။ အဲဒါ အဲဒီ demo က ပြန့်သွားတယ်။ အဲဒီအချိန်မှာ အဲဒီအချစ်သီချင်းတွေက ကျွန်တော့် သီချင်းတွေဆိုပြီးဖြစ်သွားရော။ လွဲတာလည်း ပါတာပေါ့နော်။ အဲလိုဖြစ်သွားတယ်။ ဒါပေမယ့် အဲဒါကတော့ shock တော့ မရှိပါဘူး။ အဲဒါ ကျွန်တော်က အဓိက ဟိုဘက်ကို ပြန်အားနာရတာပေါ့။ အဲလိုတော့ ဖြစ်ဖူးတယ်။ သီချင်းတွေက တကယ် ကိုယ့်အတွက်ဆိုပြီး သီးသန့်လုပ်ထားတဲ့ သီချင်းတွေဆိုရင်တော့ အများကြီးပဲ။ ခုနပြောသလို မမှတ်မိတဲ့ သီချင်းတွေကတော့ အများကြီးပဲ။
သီချင်းတွေအကုန်လုံးက အကို ကိုယ်တိုင်ပဲရေးတာပေါ့။
ဟုတ်ကဲ့။ ကျွန်တော်ကိုယ်တိုင်ပဲ ရေးပါတယ်။
ဂျောက်ဂျက်အနေနဲ့ကော သီဆိုခဲ့တဲ့ Hip Hop သီချင်းပေါင်း ဘယ်နှစ်ပုဒ်လောက် ရှိသလဲခင်ဗျ။အဲ အဲဒါဒုက္ခပဲ။ ကျွန်တော်က အမှန်ဆိုလို့ရှိရင် ကျွန်တော်ဆိုခဲ့တဲ့ဟာ မရှိရင် ၅၀ နဲ့ ၆၀ ကြား၊ ၇၀ ပတ်ဝန်းကျင်လောက်တော့ ရှိတယ်။ ဒါပေမဲ့ သီချင်းတွေက ဟို ကျွန်တော်မကြိုက်လို့ ဂျောင်ထဲရောက်သွားတဲ့ သီချင်းတွေ၊ ကြိုက်လို့အပြင်ရောက်သွားတဲ့ သီချင်းတွေ၊ ပွစိကြဲနေတာ သီချင်းတွေက။ တခါတလေကျရင် ကိုယ့်သီချင်းတောင် ပြန်နားထောင်ပြီး ကိုယ့်သီချင်းမှန်းတောင် ကိုယ်မသိတာတွေဘာတွေ ဖြစ်ဖူးတယ်။ အဲလိုမျိုးပေါ့။ ပြီးတော့ နောက်တစ်ခုက ဇော်ထက်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ အဲဒီကောင်က ကျွန်တော့်ဆီကို သီချင်းလာအပ်တယ်။ တစ်ခွေစာ လာအပ်တော့ ကျွန်တော် သူ့ကို တစ်ခွေစာလုံး ရေးပေးဖူးတယ်။ ၁၀ ပုဒ် အတိ။ သူက တစ်ခွေလုံး အချစ်သီချင်းချည်းပဲ။ အဲဒီတုန်းက ၁၀ပုဒ်လုံး အချစ်သီချင်း ထိုင်ရေးပေးရတယ်။ ရေးပြီးတော့ ကျွန်တော်တစ်ခွေလုံးကို demo လေး သွင်းပေးထားတယ်။ အဲဒါ အဲဒီ demo က ပြန့်သွားတယ်။ အဲဒီအချိန်မှာ အဲဒီအချစ်သီချင်းတွေက ကျွန်တော့် သီချင်းတွေဆိုပြီးဖြစ်သွားရော။ လွဲတာလည်း ပါတာပေါ့နော်။ အဲလိုဖြစ်သွားတယ်။ ဒါပေမယ့် အဲဒါကတော့ shock တော့ မရှိပါဘူး။ အဲဒါ ကျွန်တော်က အဓိက ဟိုဘက်ကို ပြန်အားနာရတာပေါ့။ အဲလိုတော့ ဖြစ်ဖူးတယ်။ သီချင်းတွေက တကယ် ကိုယ့်အတွက်ဆိုပြီး သီးသန့်လုပ်ထားတဲ့ သီချင်းတွေဆိုရင်တော့ အများကြီးပဲ။ ခုနပြောသလို မမှတ်မိတဲ့ သီချင်းတွေကတော့ အများကြီးပဲ။
သီချင်းတွေအကုန်လုံးက အကို ကိုယ်တိုင်ပဲရေးတာပေါ့။
ဟုတ်ကဲ့။ ကျွန်တော်ကိုယ်တိုင်ပဲ ရေးပါတယ်။
မြန်မာပြည်မှာ ဂျောက်ဂျက်အနေနဲ့ Hip Hop လောကမှာ ဆရာကျတဲ့ Rapper တွေ ဘယ်နှစ်ယောက်လောက် ရှိတယ်လို့ထင်လဲ။ သိရင် နာမည်လေး ပြောပြပေးပါဦး။ စိတ်ထဲမှာ လေးစားတဲ့သူတွေပေါ့။
ကျွန်တော် တကယ် စိတ်ထဲမှာ တကယ် အရမ်းကြိုက်တဲ့ Rapper ၂ ယောက်ရှိပါတယ်။ အဲဒါ ဘယ်သူလဲဆိုတော့ ရသနဲ့ Bigg Y ပေါ့နော်။ သူတို့ ၂ ယောက် skill က သူတို့ ၂ ယောက် skill ထက် မိုက်တဲ့သူ အမှန်အတိုင်းပြောရလို့ရှိရင် မိုက်တဲ့သူဆိုတာပေါ့နော် ဒီ ကျွန်တော်တို့ နောက်တက်မယ့်လူတွေထဲမှာ ဘယ်သူမှမမှီနိင်ဘူး။ အရေးအသားပိုင်းကော၊ အတွေးအခေါ်ပိုင်းကောပေါ့နော်။ သူတို့က Rapper တစ်ယောက် မဟုတ်တော့လောက်တဲ့အထိကို မိုက်သွားတာ။ Rapper တစ်ယောက် စကားလုံး သုံးတာထက်ကို ပိုပြီးတော့ကို သူတို့က ဘ၀အကြောင်းတွေပါမယ်။ နောက်တစ်ခုက သူတို့ကြုံတဲ့အကြောင်းလေးတွေ ပါမယ်။ သူတို့ အဲလို အဓိပ္ပာယ်ရှိရှိနဲ့ ရေးထားတာ။ ကျွန်တော်တို့ ၄ Bar မှာ သီချင်းတစ်ပုဒ် ကျွန်တော်တို့ သီချင်းရေးပြီ… အဲဒီ ၄ Bar စရေးလိုက်ပြီ… အဲဒီ ၄ Bar မှာ ကျွန်တော်တို့က နောက်ဆုံးစကားလုံး ၄ Bar အဆုံးလေးမှာ ပေါက်နိုင်မယ့် စကားလုံး တစ်လုံးနှစ်လုံးစာလေးကို ထည့်တယ်။ သူတို့က အဲဒီလိုမဟုတ်ဘူး။ သူတို့ကျတော့ နားထောင်လိုက်လို့ရှိရင် သူတို့ flow တွေက ကျွန်တော်တို့ ဘယ်လိုမှ လိုက်မမှီတဲ့ flow တွေပေါ့။ စာသားပိုင်းဆိုင်ရာက အစ၊ အကုန်လုံးပေါ့။ အဲလိုမျိုး ဘယ်လိုမှ လိုက်မမှီ်ဘူး။ သူတို့ကိုတော့ တကယ်ပြောတာ။ ဒီနောက်ပိုင်းလူတွေ ယှဉ်နိုင်မယ်လို့တော့ ကျွန်တော်မထင်ဘူးပေါ့။ ဒါပေမယ့် အဲဒါ တင်းရင်လည်းတင်းမှာပဲ အဲဒီစကားကြားရင်။ ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာ ဒါ ရသက ကျွန်တော့်ဆရာမို့လို့၊ Bigg Y က ကျွန်တော်နဲ့ အဲလို ကျေးဇူးတွေရှိလို့၊ ကျွန်တော့်ကို သင်ပေးဘူးတဲ့ ကြားဆရာ၊ မြင်ဆရာတွေမို့လို့ ပြောတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ ၂ယောက်သီချင်းကို နားထောင်ဘူးတဲ့သူတွေလည်းသိတယ်။ အရမ်းကို တော်တယ်လို့ ပြောလို့ရတယ်။
အခုဆိုရင် မြန်မာရဲ့ Hip Hop လောကမှာ အစစ်တွေရော၊ အတုတွေရော ရောနေတယ်ပေါ့နော် ။ အဲဒီအပေါ်မှာ Rapper တစ်ယောက်ဖြစ်တဲ့ ဂျောက်ဂျက်ကရော ဘယ်လိုမြင်လဲ။ ဘာပြောချင်လဲ။
အဲဒါကို ဘယ်လိုမြင်သလဲဆိုတော့… ကျွန်တော်ကတော့ ကျွန်တော် အရင်ထဲက ကျွန်တော့်မှာ စိတ်တစ်ခုရှိတယ်။ အားလုံး ကိုယ်ကြိုက်တာကိုယ်လုပ်။ ကျွန်တော်လည်း ကျွန်တော်ကြိုက်တာ ကျွန်တော်လုပ်တယ်။ ကျွန်တော်ဆိုချင်တဲ့ Rap ကျွန်တော် ဆိုတယ်။ ကိုယ်ဖြစ်တဲ့ပြဿနာ ကိုယ့်ဘာသာ ရှင်းနိုင်ရင် ကိုယ်လုပ်။ ကျွန်တော်ဖြစ်တဲ့ပြဿနာ ကျွန်တော် ကိုယ့်ဟာကိုယ် ရှင်းလို့ရပါတယ်။ ပြီးသွားပြီ အဲဒါက။ ကျွန်တော် ကိုယ်ကြိုက်တာ ကိုယ်လုပ်ချင်လို့ လုပ်နေတယ်။ အဲ… အဲလိုပဲ တစ်ခြားလူတွေ ဥပမာ အစ်ကိုပြောသလိုမျိုး အတုတွေ အစစ်တွေရှိတယ်။ ဒါပေမယ့် ဒီအချိန်မှာ အတုတွေ အစစ်တွေခွဲတယ်လို့ အဲလိုမရှိဘူး။ ဒီမှာ လူငယ်တွေကြားမှာ သိပ်တော့ခေတ်မစားတော့ဘူး။ အရင်တုန်းက ခေတ်စားတာပေါ့နော်။ အတုအစစ်ကိစ္စတွေ။ ဒါပေမယ့် အခုနောက်ပိုင်းခေတ်စားတာက ဒီမှာက အဲဒီလို ကပ္ပလီလို အရမ်းရူးပြီးတော့ East Coast တွေ၊ West Coast တွေပေါ့။ ကလေးတွေ အဲဒီလို ခွဲတာတွေ အများကြီးရှိတာပေါ့နော်။ သူတို့က သူတို့လုပ်တဲ့ music ကို သူတို့က ခွဲတာမဟုတ်ဘူး။ သူတို့က သူတို့နေတဲ့နေရာလေးတွေ အဲ… သူတို့က ဘယ်မှာနေလဲ။ သိတယ်မလား။ ဒီဟိုဥစ္စာ… ကျွန်တော်တို့ ဘယ်လိုပြောမလဲ… ရွှေဂုဏ်တိုင်မှာနေလို့ရှိရင် ဘယ်လိုဖြစ်သွားတယ်။ ဟိုဘက်ရောက်ရင် ဘာဖြစ်သွားတယ်။ အဲ…အဲလိုမျိုးတွေတော့ ဖြစ်သွားတာပေါ့နော်။ အဲဒီလိုနယ်မြေအပိုင်းအခြားလေးတွေ။ ဒါ လူမိုက် နည်းနည်း gangster နည်းနည်းဆန်တဲ့ ပုံစံမျိုးလေးတွေ ပါလာတာပေါ့နော်။ ဒါပေမယ့် ကျွန်တော်ကတော့ အမှန်အတိုင်းပြောရရင် အဲဒါတွေ အားလည်းမပေးဘူး။ ကြိုက်လည်းမကြိုက်ဘူး။ စိတ်လည်းမဝင်စားဘူး။
ဂျောက်ဂျက်ကရော သီချင်းရေးတဲ့အခါမှာ own tune တွေပဲ ရေးတာများလား။ ဒါမှမဟုတ် copy တွေရော ရေးခဲ့ဖူးလား။
ကျွန်တော် တစ်ခါမှ copy မရေးဘူးပါဘူး။
ဒါဆိုရင် copy ဆိုတဲ့ အဆိုတော်တွေကိုရော ဘယ်လို… ဘာပြောချင်လဲ။ Hip Hop ပိုင်းမှာပေါ့။
ကျွန်တော်ပြောပြီးပြီပဲ။ ကိုယ်ကြိုက်တာကိုယ်လုပ်ပေါ့။ အားလုံးက ကိုယ့်ပြဿနာကိုယ်နိုင်လို့ ကိုယ်ကနေကြတဲ့ လူတွေချည်းပါပဲ (ရယ်လျက်)။
Hip Hop ကို ဘယ်တုန်းလောက်က စပြီးတော့ စိတ်ဝင်စားခဲ့တာလဲ။ ဘယ်အချိန်လောက်ကစပြီး Hip Hop သီချင်းတွေကို နားထောင်ဖြစ်ခဲ့လဲ။ ဘယ်အသက်အရွယ်လောက်ပေါ့နော်။
အစ်ကို့ကို ကျွန်တော်ခုနက စစချင်းပြောသလိုပေါ့။ ကျွန်တော် ၆ တန်း ၇ တန်း လောက်… အဲဒါ မထွက်ခင်တုန်းက ကျွန်တော် အရင်တုန်းက ဒီ Rap နားမထောင်ခင်တုန်းက ကျွန်တော် Reggae ကို ကြိုက်ဘုးတယ်။ Bob Marley တို့ ဘာတို့ No woman, No cry အဲသီချင်းမျိုးလေးတွေ အရင်တုန်းက ကြိုက်ဖူးတယ်။ ဒါပေမယ့် အဲဒါပြီးတော့ နောက်ပိုင်း နေရာတိုင်းမှာ အရမ်းပြန့်တဲ့ သီချင်းမျိုးကတော့… နေရာတိုင်း တစ်နိုင်ငံလုံးမှာ၊ တစ်ကမ္ဘာလုံး အရမ်းပေါက်တဲ့သီချင်းက Vanilla Ice တို့ နောက် Hip Hop ထဲမှာ ကျွန်တော် မမှတ်မိတော့တဲ့ သီချင်းတွေ ရှိသေးတယ်။ အရမ်းမိုက်တဲ့ သီချင်းတွေ ရှိတယ်။ မမှတ်မိတာတွေပေါ့။ Acid မပေါ်ခင်မှာပေါ့နော်… ကျွန်တော် ကိုမျိုးကျော့မြိုင်တို့ဟာကို နားထောင်တယ်။ ဒါပေမယ့် ကျွန်တော် Hip Hop မှန်း မသိဘူး အဲဒါကို။ ဘာလို့လဲဆိုတော့ ကျွန်တော် နားထောင်ခဲ့တာက Hip Hop ဆိုတဲ့ တံဆိပ်ကြီးနဲ့ ကျွန်တော် နားထောင်ခဲ့တာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်အဒေါ်က အမေရိကန်မှာရှိတယ်။ သူက အရင်တုန်းကဆို ၁လတစ်ခေါက်၊ ရက်၂၀ တစ်ခေါက် ပစ္စည်းတွေပို့တယ်။ အိမ်အတွက် အသုံးလိုတဲ့ပစ္စည်းတွေ၊
စက်ပစ္စည်းတွေ၊ အရေးကြီးတဲ့ အိမ်အတွက်လိုမယ့်ပစ္စည်းတွေ ပို့တဲ့အချိန်မှာ အဲဒီလိုအခွေလေးတွေ ပါပါလာတယ်။ အဲဒါ ကျွန်တော် ဖွင့်ဖွင့်ကြည့်တယ်။ အဲဒီတုန်းက DVD တွေတောင် ခေတ်မစားသေးဘူး။ VCD တွေ ခေတ်စားနေတဲ့အချိန်။ VCD လား Tape လား မသိဘူး။ ကျွန်တော် စနားထောင်တာ Tape လား မသိဘူး။ အင်း… Tape ခွေနဲ့ စနားထောင်ဖူးတာ။ စဖွင့်ကြည့်တော့ သူတို့တွေ ကနေတာပေါ့နော်။ ကျွန်တော်ကလဲ မသိဘူး ငယ်ငယ်လေးပဲရှိသေးတော့ အဲဒီတုန်းက။ အဲဒီ Bob Marley တို့ ဘာတို့ နားထောင်တုန်းက ကျွန်တော် တော်တော်ငယ်သေးတယ်။ ၅ တန်း၊ ၆ တန်းလောက်ပဲ ရှိဦးမယ်။ အဲလောက်ပဲရှိဦးမယ်ပေါ့နော်။ အဲဒီတုန်းကတော့ သြော်… ကောင်းတယ်ပေါ့။ ကောင်းတယ်ဆိုတာ ကျွန်တော်လည်း နားမလည်ပါဘူး အင်္ဂလိပ်လို။ ဘာတွေဆိုနေမှန်းလဲ မသိဘူး။ ဒါပေမယ့် သီချင်းလေးတွေက နားထောင်လို့ကောင်းတယ်။ Reggae တွေ ကြိုက်တယ်။ နောက်ပိုင်း Rap တွေ နားထောင်ဖြစ်လာတယ်။ Acid… Acid ကို Hip Hop ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော့် ဦးနှောက်ထဲ စရောက်လာတာ Acid ပေါ့။ဒီ မြန်မာပြည်ရဲ့ R&B လောကကိုပေါ့ လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။ ဘာတွေအားနည်းသေးတယ်လို့ ထင်လဲ။ ကျွန်တော်တို့က ဝေဖန်ပေးမှပဲ ကိုယ်အားနည်းနေတဲ့ဥစ္စာကို ဟိုဟာဖြစ်မှာလေ… တခါတလေကျရင် ကိုယ့်တိုင်းပြည်မှာ အားနည်းနေတဲ့ ဥစ္စာကို လစ်လှူရှုထားလို့ရှိရင်လည်း သိတယ်မဟုတ်လား… မဖော်နဲ့ထားပြန်ရင်လဲ… အဲလိုမျိုးကျတော့ရော ဘယ်လိုမျိုးမြင်လဲပေါ့နော်။ အမြင်လေးပေါ့။ မြင်တဲ့အတိုင်းပဲ ပြောလို့ရပါတယ်။
ကျွန်တော့် အမြင်ကတော့ R&B သမားတွေ ကောင်းတယ်။ မကောင်းဘူး မဟုတ်ဘူး။ အကုန်ကောင်းတယ်။ ဒါပေမယ့် အကုန်လုံး တော်တော်များများတွေက တူနေကြတယ် တစ်ယောက်နဲ့တစ်ယောက်။ Rapper တွေမှာ မတူတာတွေ အများကြီးရှိသွားပြီ။ R&B ထဲမှာကျတော့ ရသ စပြီးတော့ပေါက်တဲ့အချိန်မှာ ရသလို R&B လိုက်ဆိုတဲ့သူတွေ ရှိတယ်။ ရဲလေး အဲလို R&B လေးတွေဆိုပြီးတော့ အရမ်းပေါက်နေတဲ့အချိန်မှာ ရဲလေးလို လိုက်ဆိုတဲ့သူတွေ ရှိတယ်။ ဒီနောက်ပိုင်းတော့ သိပ်တော့မတူကြတော့ဘူး။ ဒါပေမယ့် မတူဘူးဆိုပေမယ့် သူ့ဟာနဲ့သူတော့ တူနေတဲ့သူတွေက ရှိနေတုန်းပါပဲ အခုထိတော့။ အမှန်အတိုင်းပြောရရင်တော့ R&B ကို ကျွန်တော် မကြိုက်တာ မဟုတ်ဘူး။ ကျွန်တော်ကြိုက်တယ်။ ဒါပေမယ့် အားနည်းချက်တွေ ရှိနေတယ်။ Hip Hop လောက်တော့… ဟို ကျွန်တော်တို့ R&B နဲ့ Hip Hop ဆိုတာကြီးက တွဲထားတဲ့ဟာတွေ… ဒါ partner တွေချည်းပဲ။ ဒါပေမယ့် သူတို့ကို ကျွန်တော်က Hip Hop သမားဖြစ်တဲ့အတွက်၊ Rap ပဲဆိုတဲ့လူ ဖြစ်နေတဲ့အတွက် melody သမားတွေကို ဟို သိတယ်မလား ဘုဂလန့်ပြောတာ မဟုတ်ဘူး။ ဒီမှာ တူနေတဲ့သူတွေ အများကြီးပဲ။ ဒါပေမယ့် တကယ်ကောင်းတဲ့သူတွေလည်း တကယ်ကောင်းကြပါတယ်။ ရှိတယ်။
ဒီတစ်ချို့ပေါ့နော်… ကျွန်တော်တို့ ပရိသတ်ဘက်ကနေ နားထောင်တဲ့သူတွေဆိုလို့ရှိရင် Hip Hop ကို သိပ်ပြီးတော့ နားမလည်ကြဘူး။ နားမလည်ဘူးဆိုတာက Hip Hop ဆိုတာ ဘာမှန်းကို မသိဘူး။ အဲဒီလို မသိအောင်လည်း ဘယ်လိုပြောမလဲ မြန်မာပြည်မှာရှိတဲ့ အဆိုတော်တွေက သိတယ်မလား… သူတို့ဆိုချင်တာကို ဆိုလိုက်တယ်။ ပြီးတော့ အဲဒါကို Hip Hop ဆိုပြီး ခေါင်းစဉ်တပ်လိုက်တယ်။ အဲဒီအခါကျတော့ နာမည်တွေက သိတယ်မလား။ အမှန်ကတော့ ပရိသတ်တွေက Hip Hop အစစ်အမှန် အမျိုးအစားကို သေချာမသိဘူး။ အစ်ကို သိသလောက် Hip Hop ဆိုတာ ဘာလဲဆိုတာကို နည်းနည်းလေးလောက် ရှင်းပြပေးလို့ရမလား။
ကျွန်တော့် ဦးနှောက်ထဲမှာ စရောက်လာတဲ့ Hip Hop က အဲဒီတုန်းက attack တွေ၊ တစ်ယောက်နဲ့တစ်ယောက် battle လုပ်တဲ့ဟာတွေ၊ ကျွန်တော်ဟိုက သီချင်းတွေ အရမ်းနားထောင်ပြီးသွားတော့။ ကျွန်တော့်မှာလည်း စိတ်ထဲကနေ feel ဖြစ်တဲ့ကိစ္စတွေ ရှိတာပေါ့နော်။ မကျေနပ်တဲ့ကောင်တွေ ရှိမယ်။ ကျွန်တော် မကျေနပ်တဲ့ ကျွန်တော့်အရင်စော်တွေ ရှိမယ်။ အဲဒီအတွက် ကျွန်တော် သူတို့ကို battle လုပ်တဲ့ သီချင်းတွေ ကျွန်တော် ဆိုမယ်။ ကျွန်တော့်စိတ်ထဲမှာ အဲဒါတွေပဲ ရှိတယ်။ အဲဒီအချိန် လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ဆိုတဲ့ အချိန်လောက်က အဲဒါတွေပဲ ရှိတယ် ကျွန်တော့ခေါင်းထဲမှာ။ ဒါပေမယ့် ဒီနောက်ပိုင်း တကယ် ဇောက်ချပြီးတော့ ဒီ Main Stream ပေါ် စတက်ပြီ။ ဟုတ်ပြီ။ လူတွေနဲ့ အလုပ်စလုပ်ပြီ။ တကယ်စလုပ်ပြီ။ ဒီ Main Stream ထဲမှာ ပရိသတ်တွေကို တကယ် ချပြတော့မယ်ဆိုတဲ့အချိန်မှာ ကျွန်တော်သိလိုက်တာက battle လုပ်တိုင်း Hip Hop မဟုတ်ဘူး။ နောက်တစ်ခုက ကျွန်တော့်စိတ်ထဲမှာရှိတဲ့ Hip Hop ဆိုတာက ကျွန်တော်တို့ လက်ရှိနေနေတဲ့ဘဝ။ တကယ့်ဘဝ။ ဟိုမှာ ကပ္ပလီတွေက ဒီ Bling Bling တွေ၊ သွားမှာ Grills တွေ တပ်တယ်။ ဆွဲကြိုးကြီးတွေနဲ့ ကားတွေ လန်ပြန်ထွက်နေအောင် စီးတယ်။ ဒါက သူတို့နိုင်ငံမှာ။ ဟုတ်တယ်။ ဒါပေမယ့် သူတို့ အဲဒီလို နေတဲ့အတွက်လည်း သူတို့ အဲဒီအတိုင်း ထည့်ဆိုကြတယ်။ မြန်မာနိုင်ငံမှာကျတော့ အကုန်လုံးက Rapper ထဲမှာ အချမ်းသာဆုံး လက်ညှိုးထိုးပြီးတော့ ရှာကြည့်… အရမ်းနည်းတယ်။ မရှိသလောက် ရှားတယ်။ သူ့ဟာသူ ပိုက်ဆံရှိတဲ့ အဆင်ပြေတဲ့သူတွေလည်း ရှိတာပေါ့။ အဲဒီလိုမျိုး ကားကို လန်ပြန်ထွက်နေအောင် အမိုက်စားစီးနိုင်တဲ့ Rapper လည်း မြန်မာနိုင်ငံမှာ မရှိဘူး။ ပြီးတော့ နောက်တစ်ခုက အကုန်လုံးက Rapper တစ်ယောက်ဖြစ်ပြီဆိုရင် အားလုံးက ကိုယ့်သီချင်းကိုယ် ရေးရပြီ။ ကံဆိုးရင် ကျွန်တော့်လိုမျိုး ကိုယ့်သီချင်းကို ကိုယ်တီးရပြီ။ အဲလို ပိုက်ဆံရှိတဲ့လူတွေကြလို့ရှိရင် ဒါတွေကို မလုပ်ချင်တော့ဘူး။ သိတယ်မလား။ ကျွန်တော် ထင်တာကတော့ ကျွန်တော့်စိတ်ထဲမှာ အခု တကယ်လက်ရှိ ကျွန်တော့်စိတ်ထဲမှာဖြစ်နေတဲ့ Hip Hop တဲ့ Culture က ကျွန်တော်တို့ရဲ့ တကယ့် လူနေမှုစရိုက် အစစ်။ ကျွန်တော်တို့ အပြင်သွားတယ်။ အရင်တုန်းက Bus ကားစီးမယ်။ ဒါပေမယ့် အခုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် မစီးဖြစ်တော့ဘူ။ Taxi စီးမယ်။ Taxi ဆို Taxi စီးတယ်ဆိုတဲ့အကြောင်းကို သီချင်းထဲမှာ ထည့်ရေးနိုင်ရမယ်။ ကျွန်တော်တို့ လမ်းဘေးမှာ လက်ဖက်ရည်ဆိုင် ထိုင်တယ်။ ထိုင်လို့ရှိရင် ထိုင်တဲ့အကြောင်း၊ ဘယ်သူနဲ့ တွေ့တယ်၊ ဘယ်လိုလူမျိုးတွေနဲ့ ကျွန်တော်တို့ပတ်သက်လဲ… အဲလိုမျိုးပေါ့နော်။ အဲဒါတွေကို တကယ် ကျွန်တော်တို့တွေရဲ့ ကျွန်တော်တို့ မိသားစု၊ ကျွန်တော်တို့ life တွေ၊ ပြီးတော့ ကျွန်တော်တို့ သွားလာနေတဲ့ ပတ်ဝန်းကျင်တွေ အားလုံးကို သီချင်းထဲမှာ ထည့်ရေးမယ်။ အဲဒီလိုမျိုးတွေမှသာ ဒီ Culture က ကျွန်တော့်စိတ်ထဲမှာ Hip Hop ဖြစ်တယ်လို့ ထင်တယ်။ အခုအချိန်မှာ ကျွန်တော့စိတ်ထဲမှာ အဲဒါပဲရှိတာပေါ့။
ဂျောက်ဂျက်အနေနဲ့ပေါ့နော် ဒီဂျောက်ဂျက်ဆိုတဲ့နာမည်ကို ပရိသတ် သတိထားမိတဲ့ သီချင်းတစ်ပုဒ်ပေါ့ ဘယ်သီချင်းများလဲ မသိဘူး။
ပရိသတ်တွေ စသိတာ... အဲဒါက ဟို... ဘယ်လိုပြောရမလဲ။ နယ်တွေမှာဆိုလို့ရှိရင် တစ်မျိုး ဖြစ်သွားမယ်။ ရန်ကုန်၊ မန္တလေးဆို တစ်မျိုးဖြစ်သွားမယ်။ ရန်ကုန်မှာဆိုလို့ရှိရင် ကျွန်တော့် သီချင်းကို သတိထားမိတဲ့... ဟို တစ်မြို့လုံးအနေနဲ့ဆိုရင်တော့ပေါ့နော်… တစ်မြို့လုံးအနေနဲ့ ပြောရင်တော့… အဲလို… ရှိတ်ကြစို့တို့.. ခုနက ကျွန်တော်ပြောတဲ့ ကွိုင်တက်တဲ့ အမှန်လေးတို့ ဘာတို့ အဲဒီသီချင်းတွေပဲ ရှိတာပေါ့။
ဒီ..ဂျောက်ဂျက်သီချင်းစာသားတွေကပေါ့နော်... တချို့သီချင်းတွေကဆိုရင် အရင်ရည်းစားကို မကျေနပ်လို့ ဆိုထားတယ်။ အဲလိုမျိုးပေါ့… တချို့စကားလုံးတွေ ပြင်းထန်တယ်။ ဒါပေမယ့် ပြင်းထန်တယ် ဆိုပေမယ့် အဲဒီစကားလုံးတွေကိုလည်း မိန်းမတွေ ကြိုက်နှစ်သက်တယ်။ သိတယ်မှတ်လား။ တစ်ခါတစ်လေ မိန်းမတွေကို ဆဲထားတဲ့ စကားလုံးတွေ ဖြစ်နေပေမယ့် နားထောင်တဲ့ ပရိသတ်အများစုကလည်း မိန်းကလေးတွေ ဖြစ်နေတတ်တယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။
အဲဒါက လူက အကြိုက် အမျိုးမျိုး ရှိတယ်။ အရမ်း သူတို့ ဒီ အရင်နားထောင်ခဲ့တဲ့ ပုံစံမျိုးတွေနဲ့ ကျွန်တော့်ပုံစံနဲ့ ကွဲရင် ကွဲကောင်း ကွဲသွားနိုင်တယ်။ အဲဒီတော့ သူတို့နားထဲမှာ ကန့်လန့်ကန့်လန့် ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်က သီချင်းရေးပြီဆိုလို့ရှိရင် ကျွန်တော် စဉ်းစားတာက ကျွန်တော် ဖြစ်နေတဲ့ ကိစ္စမျိုးလေးတွေ ပါမယ်။ နောက်တစ်ခုက ဒီလိုမျိုး ကျွန်တော်က အမှန်အတိုင်းပြောရင်
သီချင်းတစ်ပုဒ်ကို ဖြစ်ကတတ်ဆန်းလုပ်ချင်တဲ့စိတ် ကျွန်တော့်မှာ မရှိဘူး။ သေချာ တစ်ပုဒ်လုပ်ရင် တစ်ပုဒ်ကို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တယ်။ အရင်တုန်းကတော့ အရမ်းစည်းစနစ်ကျကျ လုပ်တယ်။ ဒါပေမယ့် ဒီနောက်ပိုင်းကျတော့ ခရီးတွေ ထွက်နေရတာနဲ့၊ ဟို Show ဆို ဒီ Show ဆိုနဲ့၊ လုပ်စရာရှိတာ လုပ်နေရတာနဲ့ အရင်ကလောက်တော့ ဂရုမစိုက်ဖြစ်တော့ဘူး။ အစ်ကို ခုနကမေးသလိုမျိုးဆိုလို့ရှိရင် ဒါက မိန်းကလေးတွေထဲမှာလည်း ခေတ်မီတဲ့သူတွေ များလာတယ်ပဲ ထားပါတော့ (ရယ်လျက်)။ ဂျောက်ဂျက်သီချင်းစာသားတွေက အရမ်းလည်း လန်းတယ်ပေါ့နော်။ အရမ်းလည်း ထိတယ်။ တစ်ခါတစ်လေကျလို့ ရှိရင် အဲလိုမျိုး တိုက်ဆိုင်သွားတဲ့လူတွေနဲ့ ကိုယ့်အကြောင်းနဲ့လည်း တိုက်ဆိုင်တဲ့ ကိုယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့လည်း တိုက်ဆိုင်သွားတဲ့ လူတွေ နားထောင်တဲ့အခါကျတော့ အကုန်လုံးက ကွက်တိတွေချည်းပဲ ဖြစ်နေတယ်။ သိတယ်မှတ်လား။ အဲလိုမျိုးအခါကျတော့ ဒီသီချင်းရေးတဲ့အချိန်မှာ ဘယ်လိုမျိုး အချိန်တွေ ပေးခဲ့လဲ။ ဘယ်လိုခံစားချက်မျိုးနဲ့ ရေးခဲ့လဲ။ ရေးတဲ့အချိန်မှာ အချိန်ရော ဒီသီချင်းတစ်ပုဒ်ကို ရေးမယ်ဆိုရင် ဘယ်လောက်လောက်ကြာလဲ။
ကျွန်တော် ခုနက ပြောသလိုပဲ။ တီးတာနဲ့ ဘာနဲ့ဆိုရင် ထားလိုက်ပါတော့… ကျွန်တော် အဲတုန်းက သီချင်းရေးပြီဆိုရင် ကျွန်တော်က အခုရေး အခုထွက်တဲ့ဟာမျိုးမဟုတ်ဘူး။ ကျွန်တော်က အာရုံလာမှ ရေးလို့ရတယ်။ နောက်တစ်ခုက အဲလို တစ်ရေးနိုးပြီး အိပ်ရာနိုးလို့ မျက်နှာတွေ ဘာတွေ ထသစ်၊ သွားတွေ ဘာတွေတိုက်၊ မုန့်လေး ဘာလေး ခဏစားနေတဲ့ အချိန်မှာ တစ်ခုခုစဉ်းစားလို့ အဲဒီမှာ ဈာန်ဝင်သွားပြီ၊ mood ဝင်သွားပြီးဆိုတာနဲ့ အဲမှာတစ်ညလုံး ထိုင်ရေးရင်လည်း ရေးလိုက်ရော။ အဲ.. အဲလိုမဟုတ်ဘူး။ တစ်လလုံးကို တစ်ပိုဒ်တောင် ပြီးအောင် မရေးနိုင်တဲ့အခါမျိုးတောင် ရှိခဲ့ဖူးတယ်။ ကျွန်တော်က အဲလိုစဉ်းစားတာပေါ့နော်။ လမ်းသွားရင်လည်း စဉ်းစားတယ်။ ခရီးသွားရင်လည်း စဉ်းစားတယ်။ သူများတွေနဲ့ စကားပြောနေရင်လည်း... အခု အစ်ကိုနဲ့ ကျွန်တော်နဲ့ စကားပြောတယ်။ အခု အဲလိုပဲ စကားပြောနေတဲ့ အချိန်မှာလည်း အစ်ကိုပြောနေတဲ့ စကားတစ်ခွန်းကို ကျွန်တော့်စိတ်ထဲက တစ်ခုခု စဉ်းစားနေတယ်။ ကာရံပဲ ဖြစ်ဖြစ်၊ စကားလုံး အဓိပ္ပာယ်ပဲဖြစ်ဖြစ် တစ်ခုခု စဉ်းစားနေမယ်။ စဉ်းစားပြီးတော့ အဲ့ဒီ စကားလုံးတစ်ခုက သီချင်းထဲမှာ ထည့်ရေးလို့ ကောင်းမလား။ ရေးလို့ရှိရင် ဘယ်လို ဖြစ်နိုင်မလဲ။ အဲလိုမျိုး ကျွန်တော် အမြဲတမ်း စဉ်းစားတယ်။
သီချင်းစာသားတွေထဲက အတိုင်းပဲ အပြင်မှာရော မိန်းမတွေကို အရမ်းမုန်းလား။
မမုန်းပါဘူး။ ကျွန်တော့်လောက် ချစ်တတ်တာ ကျွန်တော်ပဲ (ရယ်လျှက်)။ နောက်တာပါ။ အဲလိုတော့ မဟုတ်ဘူး။ မုန်းတယ်ဆိုတာကလည်းပေါ့နော်… ဒါကတော့ ကြုံခဲ့ဖူးတဲ့ ကိစ္စလေးတွေ မကောင်းလို့ပေါ့။ အဲလို ဖြစ်ဖူးတာပေါ့။ လူကတော့ လူပေါင်းစုံနဲ့ ကြုံဖူးမှာပဲလေ။ ကျွန်တော်တို့လည်း လောကကြီးမှာ မြင်ဖူးတွေ့ဖူးနေတာဆိုတော့ အဓိကကတော့ မကောင်းတဲ့သူချည်းပဲ တွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ကံဆိုးပြီးတော့ မကောင်းတဲ့သူ တော်တော်များများနဲ့ သွားတွဲမိတာလည်း ပါတာပေါ့နော်။
ဂျောက်ဂျက်ဆိုတဲ့ သီချင်းတော်တော်များများဟာ Underground ဖြစ်နေတယ်။ အဲဒီအပေါ်မှာရော ကိုယ်ကိုယ်တိုင်ကရော အခွေတွေဘာတွေ ပြန်ပြီး သေသေချာချာ မြန်မာနိုင်ငံနဲ့ လိုက်ဖက်မယ့် သံစဉ်တွေပြောင်းပြီး ထုတ်ဖို့အစီအစဉ်တွေရောရှိလား။ကျွန်တော်ကတော့ အဲလိုရယ်လို့တော့မရှိဘူး။ ဒါပေမယ့် ကျွန်တော် ခုနပြောထားသလိုပေါ့။ ကျွန်တော် စိတ်ပါတဲ့ဟာ ကျွန်တော်လုပ်မယ်။ ကျွန်တော် ဒီနေ့ ဆဲရင်ဆဲနေမယ်။ နောက်နေ့ကျရင် အချစ်သီချင်း ဆိုရင်ဆိုနေမယ်။ မသိဘူး။ ကျွန်တော့်ဦးနှောက်ကိုလည်း ကျွန်တော်မပိုင်ဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်က ဒီနေ့ဖြစ်တာနဲ့ နောက်နေ့ဖြစ်တာနဲ့ မတူဘူး။ ပတ်သက်ရတဲ့သူကလည်း တူချင်မှတူမယ်။ ကျွန်တော့်စိတ်ထဲမှာ အဲလို ခုနကပြောသလိုပေါ့… ဘယ်လိုပြောမလဲ။ ဒီမြန်မာနိုင်ငံအနေနဲ့ ပြန်စဉ်းစားရပြီ။ ကျွန်တော့်ဘက်က ပြန်စဉ်းစားရပြီ။ ကျွန်တော်သိလိုက်တယ်။ ကျွန်တော်ပိတ်ခံရတဲ့ အချိန်မှာ ကျွန်တော်သိလိုက်တယ်။ ဟုတ်ပြီ… တကယ်လို့ ပြန်ဖွင့်ရင် ငါဘာသီချင်းတွေပြန်ဆိုမလဲ။ ပြန်စဉ်းစားရပြီ အဲဒါ။ ကျွန်တော့် အရင်သီချင်းတွေထဲက ကောင်းတဲ့သီချင်းလေးတွေ ကျွန်တော်ပြန်ရွေးတယ်။ ကွိုင်မတက်လောက်တဲ့သီချင်း၊ ဘာမှ အဲလို ညစ်ညစ်ညမ်းညမ်း မပါတဲ့သီချင်း ကျွန်တော်ဆိုမယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော် အခွေတွေ ထွက်ထားတယ်။ City FM တို့၊ နိမိတ်ကောင်းတဲ့သူတို့၊ အဲလိုကြားခွေတွေ ထွက်ထားတော့ အဲဒီထဲက သီချင်းတွေက နှစ်ပုဒ်၊ သုံးပုဒ်လောက်က ပေါက်ထားတဲ့သီချင်းတွေ ပါသွားတော့ နယ်သွားလို့ရှိရင်… အဓိက ကျွန်တော်စဉ်းစားတာက နယ် စဉ်းစားတာ… ကျွန်တော်က နယ် ခဏခဏ သွားဆိုဖြစ်တော့… ကျွန်တော် ရန်ကုန်မှာဆိုတဲ့ သီချင်းတိုင်းကို နယ်ကမရဘူး။ အဲလိုမျိုးတွေရှိတယ်။ အဲဒီတော့ ကျွန်တော်က နယ်အတွက်ကို စဉ်းစားရပြီ။ အဲဒီအတွက် စဉ်းစားပြီဆိုရင် ကျွန်တော် ဘာသီချင်းဆိုမလဲ။ ဥပမာ အေသင်ချိုဆွေ အခွေထဲက ပေါက်တဲ့အိုး ဆိုတဲ့သီချင်းကို ဆိုရင်ဆိုရမယ်၊ City FM ထဲက Where you going? ဆိုတဲ့သီချင်းကို ဆိုရင်ဆိုရမယ်၊ အဲလိုမျိုး ဖြစ်သွားပြန်ရော။ အဲဒီတော့ ကျွန်တော့်ဘက်က ပြင်ဆင်စရာရှိတာက ရန်ကုန်ပရိသတ်နဲ့ နယ်ပရိသတ်က မတူဘူး။ နောက်ပိုင်းထွက်လာမယ့် သီချင်းတွေကျရင် ကျွန်တော် ခုထိ ဝေခွဲလို့မရတာတွေ အများကြီးရှိတယ်။ ဘယ်လိုကြောင့်လဲဆိုတော့ ကျွန်တော့်အရင် Image ကို မပျောက်အောင် ကျွန်တော်ပြန်ထိန်းရမယ်။ Image ကို ထိန်းတယ်ဆိုတဲ့နေရာမှာ နောက်တစ်ခုက အရင်လိုပြန်ဖြစ်လို့ မရဘူး။ အဲဒါတွေ ပြန်တွေးရပြီ။ အဲဒီအတွက်ကို ကျွန်တော်က အဲဒီကြားထဲမှာပဲ လုံးလည်ချာလည်လိုက်နေတာ။ ဒါပေမယ့် အခုနောက်ပိုင်း ကျွန်တော်စိတ်ပါနေတဲ့ သီချင်းက အဲလိုမျိုး မိန်းမတွေကို ပက်ပက်စက်စက် မပြောဘူး။ ပြောတော့ပြောတယ်။ မပြောဘူး မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် သူတို့ကို သရော်နေတယ်။ သူတို့ကို မတိုက်ခိုက်ဘူး။ ကျွန်တော် သူတို့ကို သရော်နေတယ်။ နင်က အဲလို အလွဲကြီးလုပ်နေတယ်။ နင်က ရယ်စရာကြီးဖြစ်နေတယ်။ အဲလိုပဲ တခြား Rapper တစ်ယောက်ကို ကျွန်တော် လှောင်မယ်။ သူ့ကိုနစ်နာအောင် မပြောဘူး။ ရယ်ရအောင် ပြောမယ်။ သူကိုယ်တိုင် သြော်… ဒီသီချင်းက ငါ့ကိုဆိုထားတာပါလားလို့ ပြောပြီးတော့ ကျွန်တော်ဆိုတဲ့ စကားလုံးတွေကို နားထောင်ပြီး သူရယ်နေရမယ်။ ကျွန်တော့်စိတ်ထဲမှာ အဲလိုပဲရှိတယ်။
ဒါပေမယ့်လည်း ဘယ်လိုပြောမလဲ။ ဒီပိတ်ခံရတယ်ဆိုတာကလည်း ရန်ကုန်ပေါ့နော်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရသာ ဒီသီချင်းတွေက ပိတ်ခံရတာ။ တကယ့်တကယ်တမ်း အစ်ကိုသာ မြန်မာနိုင်ငံမှာ မွေးတဲ့သူမဟုတ်ဘဲနဲ့ နိုင်ငံခြားမှာ born တဲ့သူ တစ်ယောက်ဆိုလို့ရှိရင် အစ်ကို့ရဲ့အမြင်တွေက မှန်နေမှာပဲ။ အခုလည်း မှန်တယ်လို့ ကျွန်တော်တို့ လူငယ်ပိုင်းကတော့ အဲလိုတော့ ယုံကြည်ထားတယ်ပေါ့နော်။ အရင်တုန်းကဆိုလို့ရှိရင် Hip Hop Music ကို ဖိနှိပ်ထားတဲ့အဆိုတော်တွေ အများကြီးရှိတယ်။ မင်းတို့ စောက်ပေါလေးတွေပါ… ဘာညာ။ ဒါပေမယ့် အခု တကယ်တမ်းကျတော့ ဒီ ရန်ကုန်မှာ လုပ်တဲ့ Show တော်တော်များက တကယ့် ဆရာကြီးတွေလောက်ပဲ Rock မှာပေါ့ ဆရာကြီးတွေလောက်ပဲ ရှိတော့တယ်ပေါ့။ တော်ရုံတန်ရုံက ဘယ်သူမှသွားမကြည့်တော့ဘူး။ အကုန်လုံးက လူငယ်တွေကပဲ လွှမ်းမိုးထားတယ်။ အဲအပေါ်မှာရော သူတို့အရင်တုန်းက ဖိနှိပ်ခံထားရတဲ့ ကျွန်တော်တို့လူငယ်တွေရဲ့ ခံစားချက်ကို ပြောပြပေးလို့ရမလား
ကျွန်တော်ကတော့ အမှန်တိုင်းပြောရလို့ရှိရင် ကျွန်တော်ကိုယ်တိုင်က အဲလို Rocker တွေနဲ့ ပတ်သက်မှုလည်း မရှိဘူး။ ဆက်စပ်မှုလည်း မရှိဘူး။ ပြီးတော့ နောက်တစ်ခုက သူတို့နဲ့ကျွန်တော် ထိပ်တိုက် စကားတစ်ခါမှ အဲလိုမပြောဖူးဘူး။ ဒါ အရင်မအောင်မြင်သေးတဲ့အချိန်၊ Rap တွေ စဆိုနေတဲ့ အချိန်ပေါ့နော်။ ဒါပေမယ့် ကျွန်တော် စပတ်သက်ရပြီ ဒီ Rocker တွေနဲ့စအလုပ်လုပ်ရပြီ။ အဲဒီအချိန်မှာ ကျွန်တော်က နယ်မှာ သီချင်းတွေဆိုနေရပြီ။ ကျွန်တော်ပေါက်နေပြီဆိုတဲ့အချိန် ဖြစ်တဲ့အတွက် သူတို့ဆီက ကျွန်တော့်ကို အဲလို နှိမ်တဲ့စကားမျိုးတွေ၊ မင်းက စောက်ပေါပါ။ မင်းတို့ Rapper တွေက ဘာကောင်တွေပါ၊ ညာကောင်တွေပါ ဆိုပြီး ပြောတဲ့သူမရှိဘူး။ အဲဒီအတွက် ကျွန်တော့်ဘက်ကနေပြီး Rocker တွေကို အဲလိုဆဲနေစရာမလိုဘူး။ ကျွန်တော် တစ်ယောက်ထဲအမြင်နဲ့ ဆိုရင်ဆဲနေစရာမလိုဘူးလို့ ထင်တယ်။ နောက်တစ်ခုက ကျွန်တော်အရင်တုန်းက ဟိုဂီတ၊ ဒီဂီတ နည်းနည်းပါးပါး သီချင်းထဲမှာပါမယ်။ နောက်ပိုင်းမှာ ကျွန်တော်သိလာတာက ဂီတက ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပဲ။ အဓိကက ငါ့ဂီတကောင်းတယ်။ မင်းဂီတကစောက်တလွဲ။ အဲလိုပြောနေစရာအကြောင်းမရှိဘူး။ နိုင်ငံတိုင်းမှာ ဂီတတိုင်း ဂီတတိုင်းက အားသာချက်ရှိလို့ ပေါက်ခဲ့တာချည်းပဲ။ Rock ကိုလည်း Rock ကြိုက်တဲ့သူရှိသလို၊ Hip Hop ကိုလည်း Hip Hop ကြိုက်တဲ့သူရှိတာပဲ။ အဲလိုပဲ မြန်မာနိုင်ငံမှာ ခေတ်မစားတဲ့ Death Metal တို့၊ အဲလို အများကြီးပဲ၊ အဲဟာမျိုးတွေ ဘာလို့
သူတို့နိုင်ငံမှာပေါက်ခဲ့လဲ။ ဒီမှာဘာလို့ လက်မခံလဲ။ နေရာချင်းကလည်း ကွာတယ်။ ပြီးတော့ သူတို့ဆီမှာ နားထောင်လိုက်လို့ရှိရင် သီချင်းတစ်ပုဒ်က အဓိကက သီချင်းဆိုတာ ခံစားချက်ပါပဲ။ နားထောင်တဲ့သူရဲ့စိတ်ထဲမှာ feel ဖြစ်တယ်။ ဒီသီချင်းလေးကို… သိတယ်မလား။ Hip Hop လည်း ဖြစ်ချင်ဖြစ်မယ်။ Rock လည်းဖြစ်ချင်ဖြစ်မယ်။ Pop လည်းဖြစ်ချင်ဖြစ်မယ်။ အဲလိုဖြစ်နေတဲ့အတွက်ကို နားထောင်တဲ့သူက သူကြိုက်တဲ့ music ကို Hip Hop ကြိုက်ရင်လည်း ကြိုက်မယ်။ Rock ကြိုက်ရင်လည်း ကြိုက်မယ်။ ဒါပေမယ့် သီချင်းကောင်းလို့ရှိရင် နားထောင်မယ်။ ကျွန်တော်ဆိုလည်း နားထောင်တာပဲ။ ကျွန်တော်ဆို BOB ထဲက ဦးလေးဖြူအခွေထဲကဆို ကြိုက်တဲ့သီချင်း သုံးလေးငါးပုဒ်ရှိတယ်။ အဲလိုပဲ လင်းနစ်သီချင်းတွေလည်း ကျွန်တော်ကြိုက်တယ်။ နားထောင်တာပဲ။ အကုန်နားထောင်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်စိတ်ထဲမှာ ဂီတကို ခွဲခြားတယ်ဆိုတာမျိုးမရှိဘူး။ ကျွန်တော်တို့ အရင်တုန်းက Hip Hop စပေါ်ခါစကဆို မင်းတို့က သံချပ်နဲ့တူတယ်။ ဒုံချပ်ဒုံချပ်နဲ့ စပြီးတော့ ဆိုတဲ့ကလေးတွေပါ ဘာညာဆိုပြီးတော့ ပြောခဲ့တာဆိုတော့ အခု နောက်ပိုင်းကျတော့ တကယ်တမ်း လူငယ်တွေ လုပ်လာနိုင်တယ်။ အောင်လည်းအောင်မြင်လာတယ်။ သူတို့ထက်လည်း ပိုပြီးတော့ ပရိတ်သတ်တွေ လက်ခံလာနိုင်တဲ့ အခြေအနေမှာပေါ့ မြန်မာနိုင်ငံရဲ့ Hip Hop လောကကိုရော ကိုယ်ကိုယ်တိုင်က ကျေနပ်မှုရှိလား။
အင်း အမှန်တိုင်းပြောရင်တော့ Hip Hop လောကအတွက်ကို... ဒါက ဒီနိုင်ငံ Hip Hop အနေအထားနဲ့… ဒါပေမယ့် အစ်ကို ကျွန်တော်ခုနက စကားတစ်ခွန်းကို အခုပြန်ပြောမယ်နော်။ နယ်မှာ… နယ် အရမ်းချောင်ကျတဲ့နေရာရှိတယ်။ မန္တလေးကျော်သွားပြီ… အဲလို နယ် နည်းနည်းရောက်သွားပြီဆိုတာနဲ့ လူတွေက ဂီတအစွဲသိပ်မရှိကြတော့ဘူး။ တောင်ကြီးတို့ ဘာတို့မှာ Rock ကြိုက်တယ်။ Rock အစွဲရှိတယ်။ တခြားနယ်ဘက်တွေမှာ ကျွန်တော်သွားဆိုတယ်။ ဥပမာ ဟိုတစ်ခါ သင်္ကြန်… သင်္ကြန်ပွဲ သွားဆိုတယ်။ ကျွန်တော့်ကို ဖက်ပြီး အုပ်လိုက်ကြီး လာနှုတ်ဆက်ကြတယ်။ ဘယ်လောက်တောင် သူတို့ ကျွန်တော့်ကို မကြိုက်ဘူးလဲဆိုလို့ရှိရင် သူတို့ပြောတယ်။ ပွင့်ပွင့်လင်းလင်းပြောတယ်။ နောက်တစ်ခုက အဲမှာ ကျွန်တော် ပြန်မယ့်ကားဘေးမှာ ကျွန်တော်ရပ်နေတယ်။ ဒရိုင်ဘာ ရောက်မလာသေးလို့ သူတို့နဲ့ ခဏစကားပြောနေတုန်း ဂျစ်ကားတစ်စီးက ဘေးကနေပြီးတော့ ဖြတ်သွားတော့ ဟာ ဂျောက်ဂျက်ကွာ မင်းတို့ဆီက ဘာဖြစ်တယ် ညာဖြစ်တယ် ပက်ပက်စက်စက်တွေ ဆဲပြီးတော့ ကျွန်တော့်ဘက်ကနေ လုံးဝ အဲလိုနေတာ အပြည့်အ၀ရှိတယ်။ အဲလိုမျိုးပေါ့နော်။ သူတို့က ဘယ်လိုပြောရမလဲ။ အဆိုတော်က အဆိုတော်ပဲ ဂီတကဂီတပဲ သူတို့စိတ်ထဲမှာ အဲလိုသတ်မှတ်ထားတဲ့သူလည်းရှိတယ်။ ခုနက အစ်ကိုပြောသလိုပဲ။ မြန်မာနိုင်ငံ Hip Hop ဂီတကို အဲလောက်အားမရသေးဘူး။ ဘာလို့လဲဆိုတော့ ရှေ့မှာလည်းပြုံနေတယ်။ နောက်မှာလည်း ပြုံနေတယ်။ နောက်မှာလည်း တန်းစီနေတယ်။ အရှေ့မှာလည်း သိတယ်မလား နာမည်ကြီးတွေတောင်မှ သူတို့ဟာသူတို့ ဒုက္ခအကုန်လုံးရောက်နေကြတဲ့လူတွေချည်းပဲ။ အဲလောက်အားမရသေးဘူး။ ကျွန်တော်ထင်တာကတော့ Rock က ပြန်ခေတ်စားလာမှာပါ။
Q: သီချင်းတွေ ဘာတွေ ကိုယ်တိုင်ရေးနိုင်တာက ကိုယ်တိုင် creation ကောင်းတယ်လို့ ကျွန်တော်တို့က မြင်တယ်ပေါ့။ အဲဒီအပေါ်မှာ နောက်ပိုင်းဆိုရင်ရော ဇာတ်လမ်းတွေဘာတွေပုံဖော်ဖို့ အစီအစဉ်ရှိလား။ ဇာတ်ညွှန်းတွေဘာတွေရေးတာတို့ သရုပ်ဆောင်ဘက်တွေဘာတွေ သွားဖို့ရော ရှိလား။
သရုပ်ဆောင်ကတော့ ဟိုမှာ Mr. ယုန်လေး… သူနှိပ်စက်လို့ ကျွန်တော်တို့ တစ်ကားရိုက်ပြီးသွားပြီ (ရယ်လျက်)။ ကျွန်တော်ရယ်၊ ကြက်ဖရယ်၊ ရသရယ်၊ ယုန်လေးရယ် ၄ယောက်ပေါ့နော်။ တစ်ကားတော့ ရိုက်ပြီးသွားပြီ။ ဒါပေမယ့် အဲလို မင်းသားလုပ်ဖို့ အစီစဉ်လည်းမရှိပါဘူး။ မင်းသားလုပ်ရအောင်လည်း ချောတဲ့ကောင်လည်း မဟုတ်ဘူး။ သရုပ်ဆောင်တာလည်း ဂွမ်းတယ်။ စကားပြောတာလည်း အချိုးမပြေတော့ ဘယ်ဟာမှ အဆင်မပြေဘူး။ ကျွန်တော်က ဂီတဘက်ကိုပဲ စပြီး ဦးတည်ဖြစ်တဲ့အတွက် အဲဒီဘက်လမ်းကို လုပ်သွားစရာအကြောင်းလည်းမရှိဘူး။ ဇာတ်ညွှန်းရေးရအောင်လည်း ကျွန်တော့်မှာ ဦးနှောက်က အဲလောက်ထိဥာဏ်မပြေးဘူး။ ကဗျာတောင်မရေးတတ်ဘူး အမှန်အတိုင်းပြောတာ (ရယ်လျက်)။
Q: နယ်က ကြိုက်တဲ့ ပရိသတ်တွေအတွက်၊ ရန်ကုန်မှာရှိတဲ့ ပရိတ်သက်တွေအတွက် တစ်ခါတလေကျရင် ကိုယ့်မှာ နဂိုထဲကရှိတဲ့ image က ကိုယ်ပြောချင်တဲ့စကားကို ထိန်းချုပ်မထားဘူး။ တစ်ခါထဲ ထုတ်ချလိုက်တယ်။ အခုကျတော့ ဒီလို စိစစ်ရေးတွေ ဘာတွေရော၊ အပိတ်ခံရမှာကြောက်တာရော၊ ပရိတ်သတ်တွေ ကြိုက်မယ့်သံစဉ်တွေကို ရေးလိုက်တော့ တစ်ခါတစ်လေ ကိုယ့်ရဲ့ image ကိုပျောက်သွားမှာရော မကြောက်ဘူးလား။ ကိုယ့်ရဲ့ နဂို Character ပေါ့နော်။
ကျွန်တော်က အဲဒါကိုကြောက်တာ။ ကျွန်တော် အဲဒါကိုကြောက်တာ။ ဒါပေမယ့် တစ်ပုဒ်တလေ အဲဒီလို ဖြစ်ဘူးတယ်။ ကျွန်တော့် Image ပျောက်သွားတဲ့ သီချင်းတစ်ပုဒ်က City FM ထဲက Where You Going? ဆိုတဲ့သီချင်းဆို ကျွန်တော့် image နဲ့ အရမ်းကွဲသွားတယ်။ ကျွန်တော့် Rap တွေကသာ စော်ပေါ်ကို အဲလိုပြောနေတယ်။ ငါနင့်ကိုချစ်တယ်။ ဒါပေမယ့် နင်က မမိုက်ဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ်။
အဲလိုသာပြောနေတာ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ပုဒ်လုံးကို ချုံပြီးနားထောင်ကြည့်လိုက်မယ်ဆိုရင် သီချင်းက အရမ်းကို နုနေတယ်။ ကျွန်တော့် image နဲ့ အရမ်းကို ကွဲသွားပြီ။ အဲလိုသီချင်းမျိုးကို ကျွန်တော် နောက်ရှောင်ရမယ်။ ကျွန်တော့်ဘက်ကလည်း ရှောင်ဖို့ အပြည့်အ၀ စဉ်းစားထားပြီးသား။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာ အချစ်သီချင်းဆိုမှ ပေါက်မယ်လို့ ဘယ်သူမှ မသတ်မှတ်ထားဘူး။ ကျွန်တော်ပေါက်ခဲ့တဲ့သီချင်းတွေက အချစ်သီချင်း တစ်ပုဒ်မှ မပါဘူး။ အင်းပေါ့။ အဲလိုမျိုး အရင်တုန်းကလူ တော်တော်များများက အချစ်သီချင်းဆိုမှ ပေါက်ကြတာများတယ်။ ဂျောက်ဂျက်တစ်ယောက်ထဲကပဲ နည်းနည်းမတူတဲ့ Music ပုံစံပေါ့။ ကိုယ်ဆိုတဲ့ပုံစံက ကိုယ့်ရဲ့ ဘ၀ခံစားမှုနဲ့ ပေါ့။ အရမ်းအပြင်းစားကြီးတွေ တော်ရုံတန်ရုံ အရင်တုန်းကလက်မခံကြဘူး စကားလုံးကြမ်းကြမ်းတွေဆို။ နောက်ပိုင်းကျတော့ ဂျောက်ဂျက်ဆိုပြီးတဲ့အချိန်မှာ ပရိတ်သတ် တော်တော်များများ လက်ခံလာကြတယ်ပေါ့နော်။ ဒါကိုလည်း ရိုင်းတယ် ဘာတယ်လို့ မထင်ဘူးပေါ့။ တော်တော်များများပေါ့ ကျွန်တော်ထင်တယ် 88 နောက်ပိုင်း လူငယ်တွေ တော်တော်များများဆိုရင် အရမ်းကြိုက်ကြတယ်ပေါ့နော်။ အဲဒီတော့ အခုမှစပြီးတော့ Hip Hop လောကကို ၀င်လာမယ့် လူငယ်တွေ ၊ ဒါမှမဟုတ် သူတို့က ၀ါသနာတော့ပါတယ် ကိုယ်ကဆိုချင်တယ် ဒါပေမယ့် ဘာမှနားမလည်သေးတဲ့ သူတွေအတွက် ဘာအကြံပေးချင်လဲ၊ ဘာတွေလေ့လာသင့်တယ်လို့ ထင်လဲ။
ပထမဆုံး ကျွန်တော် ပြောချင်တာက first time ကတော့ practice ပါပဲ။ second time မှ perfect ဖြစ်မှာ။ လူတိုင်း ပထမဦးဆုံးစလုပ်တဲ့အချိန်က လန်ပြန်ထွက်ဖို့ မဖြစ်နိုင်ဘူး။ ကောင်းရင်ကောင်းမယ်။ အခြေအနေဆိုးရင် ဂွမ်းရင်လည်းဂွမ်းမယ်။ လူဆိုတာ ကျွန်တော်တို့လည်း စလုပ်တဲ့အချိန်တုန်းက စောက်တလွဲတွေချည်းပဲ။ အဲတော့ ကိုယ်ကြိုးစားမှ ကိုယ်ရမှာ။ အဲဒီတော့ ကိုယ့်ဘာသာကိုယ် ကြိုးစားပါ။ နောက်တစ်ခုက သူများကို အရမ်းအားမကိုးပါနဲ့။ ကျွန်တော်ပြောချင်တာ အဓိက အဲလိုပေါ့… ရေးတဲ့နေရာတွေ ဘာတွေ သူများကို အဲလောက် အားမကိုးပါနဲ့။ နောက်လူငယ်တွေကြားမှာ ဖြစ်လာတဲ့ ပြဿနာက အကြီးကို အကြီးမှန်း မသိတဲ့ ပြဿနာတွေရှိလာတယ်။ အဲဒီတော့ အဲလိုကောင်တွေကျတော့ ကျွန်တော်က စောက်စာရင်းထဲလည်း မထည့်ဘူး။ စောက်စကားလည်း မပြောဘူး။ စောက်ဖက်လည်း မလုပ်ဘူး။ အဲလိုကောင်မျိုးတွေရှိတယ်။ ဒါပေမယ့် အဲလိုလူမျိုးမဟုတ်ဘဲနဲ့ အကြီးကို အကြီးမှန်းသိတဲ့ ကောင်တွေလည်း ရှိတယ်။ ကျွန်တော့်ဆီ ဖုန်းတွေဆက်တယ်။ ကျွန်တော့်အိမ်ကိုလာတယ်။ ကျွန်တော်နဲ့ သူတို့နဲ့ စကားတွေပြောတယ်။ သူတို့အတွက်လိုအပ်တာတွေ ကျွန်တော်လုပ်ပေးတယ်။ အခုနောက်ပိုင်း ကျွန်တော် အိမ်မှာသိပ်မရှိတော့လို့ သူတို့နဲ့ သိပ်မတွေ့ဖြစ်တော့ဘူး။ အရင်တုန်းက ကျွန်တော် အိမ်မှာနေဖြစ်တဲ့ အချိန်တွေမှာဆိုလို့ရှိရင် ကျွန်တော့်အိမ်နားက ကောင်လေးတွေရှိတယ်။ တခြားရပ်ကွက်က တခြားမြို့နယ်က ကောင်လေးတွေရှိတယ်။ လာတယ်။ သူတို့မှာပိုက်ဆံမရှိဘူးပြောရင် ကျွန်တော် တီးတတ်သလောက်လေးနဲ့ ငါတီးတာမကောင်းဘူးနော်… မင်းတို့ ကြိုက်မှယူ။ ပိုက်ဆံပေးစရာလည်းမလိုဘူး။ ပေးရအောင်လည်း ငါ professional မဟုတ်ဘူး။ ငါ မင်းတို့ကို ချစ်လို့ အလကားတီးပေးတာလို့။ ကျွန်တော်တီးတုန်းကလည်း အမှန်အတိုင်းပြောရရင် လုံးဝ ဘယ်လိုပြောရမလဲ လုံးဝ အဆင့်တန်းမီတဲ့ တီးလုံးထဲမှာလည်းမပါဘူး။ နားထောင်ကောင်းမယ်။ သီချင်းဆိုလို့ရမယ်။ အဲလောက်ပဲရှိတာ။ ကျွန်တော် သူတို့ကို အတတ်နိုင်ဆုံး ကျွန်တော့်ဘက်က အဲဒါလုပ်ပေးတယ်။ ကျွန်တော် အလုပ်ပေးနိုင်ဆုံးကတော့ Rapper တစ်ယောက်က ခုနပြောသလိုပေါ့။ ကိုယ့်ဟာကိုယ် အားကိုးရမယ်။ သူများအားကိုးလို့မရဘူး။
Q: ဂျောက်ဂျက်ကို အမြဲတမ်းအားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။ ဂျောက်ဂျက် ကိုယ်တိုင်ကရော Facebook တို့ Gmail တို့ သုံးလား။ ဘယ်လိုလဲဆိုတော့ ရန်ကုန်မှာရှိတဲ့ လူတွေကျတော့ ဂျောက်ဂျက်ကို စကားပြောချင်ရင် ဖုန်းဆက်ပြီးတော့ ပြောလို့ရတယ်။ နိုင်ငံခြားမှာရှိတဲ့သူတွေကျတော့ နေရာဒေသ အချိန်တွေဘာတွေ မတူတဲ့ အခါကျတော့ ဂျောက်ဂျက်ကို အဆက်အသွယ်လုပ်လို့ မရဘူးပေါ့နော်။ အဲဒီတော့ ဂျောက်ဂျက် ပရိသတ်တွေအတွက် Facebook ဒါမှမဟုတ်လို့ရှိရင် Gmail ပေါ့။ တစ်ခုခု ဘာများသုံးလဲ။ကျွန်တော် Facebook သုံးတယ်။ Gtalk တစ်ခါတစ်လေ သုံးတယ်။ ဒါပေမယ့် ကျွန်တော်က အဲလို Online အမြဲတမ်း မထိုင်ဖြစ်ဘူး ။ တစ်လကို နှစ်ခေါက်၊ သုံးခေါက်လောက် အားတဲ့အချိန်မှ သွားသွားထိုင်ဖြစ်တယ်။ အဲ့လောက်ပဲ။ ရှိတာပေးလို့ရပါတယ်။ Gtalk က This e-mail address is being protected from spambots. You need JavaScript enabled to view it အဲ… ဟုတ်တယ် Facebook ကလည်း အဲဒါပဲ။
အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ MYMC ပေါ့ MYMC ဆိုတာ လူငယ်တွေနဲ့ ဖွဲစည်းထားတယ်။ လူငယ်တွေရဲ့ ဗိမာန်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အခုနောက်ပိုင်း လူကြီးတွေ တော်တော်များများလည်း လာကြပါတယ်။ ပြည်ပရောက် မြန်မာလူငယ်တွေက Service ပေးနေတာပေါ့။ အဲဒါ ကျွန်တော်တို့ကို ဘယ်လိုမြင်လဲ။ ဘယ်လိုအကြံပေးချင်လဲ။
ဘယ်လိုအကြံပေးရမလဲဆိုတော့ အမှန်အတိုင်းပြောရရင် ကျွန်တော်က နိုင်ငံခြားမရောက်ဖူးတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က ဘာမှမသိဘူး။ နောက်တစ်ခုက အစ်ကိုတို့နဲ့ ဒီလိုဖြေတယ်။ အစ်ကိုတို့ကို ကြည့်ပြီး ပြောဖို့ဆိုကျတော့ အစ်ကိုတို့ ဘာတွေလုပ်နေတယ်ဆိုတာ ကျွန်တော်လည်း မသိဘူးလေ။ ကျွန်တော် Interview သွားဖြေဖူးတဲ့ City FM တို့ ဘာတို့ သူတို့လည်း ဒီလိုပဲ run တယ်။ အစ်ကိုတို့ကလည်း နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေအတွက် ဒီလိုလုပ်ပေးတာ ကျွန်တော်ကတော့ အရမ်းကောင်းတယ်လို့ ထင်တာပဲ။ ကျွန်တော်တို့ ရုပ်တွေ၊ အသံတွေ အစ်ကိုတို့ဆီကနေ ပြန်ဖြန့်ပေးတဲ့အတွက်ကို ကျွန်တော်တို့က ကျေးဇူးအများကြီးတင်တယ်။ နောက်တစ်ခုက ကျွန်တော့်မျက်နှာ မမြင်ဘူးတဲ့သူမှ အများကြီး။ အဲလိုလူမျိုးတွေအတွက်ဆို အခုဆို ကျွန်တော့်ကို မြင်ဖူးတယ် အဲလိုမျိုးပေါ့။ ကျွန်တော် ကျေနပ်ပါတယ်။ ၀မ်းလည်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
အခုလိုစိတ်ရှည်လက်ရှည် ဖြေပေးတဲ့အတွက်ကျေးဖူးတင်ပါတယ်။
ဟုတ်ကဲ့ပါ။

Jouk Jack Video Interview Video - Click to Play
Bookmark
Email this
Hits: 22567
Comments (57)
...
အင်တာဗျူးတွေက အရမ်းမိုက်ပါတယ်
Video တင်ပေးတာလည်း တော်တော်လေးကို ကောင်းတယ်
အဲ
ဒါပေမယ့် မြန်မာပြည်မှာကွန်နက်ရှင်က သိတဲ့အတိုင်းလေ
အဲ့ဒါကြောင့်
အင်တာဗျူး လုပ်ထားတဲ့ video ကို download link ပေးရင်ပိုကောင်းမယ်ထင်တယ်
အဆင်ပြေတာပေါ့
Video တင်ပေးတာလည်း တော်တော်လေးကို ကောင်းတယ်
အဲ
ဒါပေမယ့် မြန်မာပြည်မှာကွန်နက်ရှင်က သိတဲ့အတိုင်းလေ
အဲ့ဒါကြောင့်
အင်တာဗျူး လုပ်ထားတဲ့ video ကို download link ပေးရင်ပိုကောင်းမယ်ထင်တယ်
အဆင်ပြေတာပေါ့
...
ko jj.. nay kaung lar ?
i may mel.. i pyan lar yin i ka bel mhar hip hop pyin nyar ko thin ya mhar lel hin ?? i ko lay ywel call par naw. i am sunaing.malaysia.. This e-mail address is being protected from spambots. You need JavaScript enabled to view it .. song tway send aone.. add pay.
i may mel.. i pyan lar yin i ka bel mhar hip hop pyin nyar ko thin ya mhar lel hin ?? i ko lay ywel call par naw. i am sunaing.malaysia.. This e-mail address is being protected from spambots. You need JavaScript enabled to view it .. song tway send aone.. add pay.
...
ကိုဂျောက်ဂျက်ရေးထားတဲ့ သီချင်းတွေက စာသားတွေ အရမ်းလန်းတယ်
ဆိုတာကို ပိုကြိုက်တယ်
သီချင်းအသစ်တွေ ရေးပြီးလို့  အကြမ်းဆိုပြိးရင်ဖြစ်ဖြစ် ကျနော့်ဆီကို ပိုပေးပါလား
This e-mail address is being protected from spambots. You need JavaScript enabled to view it ကိုပါ
ဆိုတာကို ပိုကြိုက်တယ်
သီချင်းအသစ်တွေ ရေးပြီးလို့  အကြမ်းဆိုပြိးရင်ဖြစ်ဖြစ် ကျနော့်ဆီကို ပိုပေးပါလား
This e-mail address is being protected from spambots. You need JavaScript enabled to view it ကိုပါ
...
အခုလို အများကြီးဖြေပေးတဲ့အတွက် ကျေးဇူးပါဘဲ ROCKSTAR အခွေကဘယ်တော့ထွက်မှာလဲ ပရိသတ်တွေက မျှော်နေကြပြီနော်
...
bro ၇ဲ့ gmail ko lae thi chin par tae bya bro yae song twae ko lae like par tae bya p top a ko gmail lae lae pae po ma mae par nae bya (BY DOUBLE FAMILY)
...
hi
brother
brother ko a yann like tal
Rhyme twae mike tal
I yae name ka ZinMinLwin par
I ka Magway mar nay tar par
Bunny phyo nae song so par own
Magway town about song so pay par lar
Magway ko lar visit lay
Welcome to Magway for MHA
brother
brother ko a yann like tal
Rhyme twae mike tal
I yae name ka ZinMinLwin par
I ka Magway mar nay tar par
Bunny phyo nae song so par own
Magway town about song so pay par lar
Magway ko lar visit lay
Welcome to Magway for MHA
...
jauk jack ka mann top tat nay tar pal .....but,,,nout sone top lae frenzo ka htoke pay ra top mhar par pal.....thz to SAI SAI,,,,Hip Hop ko mainstream paw yout ag lote pay mae lu shi thay loc
...
အစကတော့ Hip Hop ဆိုနားထောင်လို့မရဘူး ဘာတွေဆိုမှန်းလဲမသိဘူး
ကိုဂျောက်ဂျက်တို့၊ ကျော်ထွဋ်ဆွေတို့၊ ထိန်ဝင်းတို့ပေါ်လာမှပဲ အရမ်းလေးစားသွားတယ်။
ဆက်ပြီးကြိုးစားပါ ကျွန်တော်အမြဲ အားပေးနေပါတယ်။
ကိုဂျောက်ဂျက်တို့၊ ကျော်ထွဋ်ဆွေတို့၊ ထိန်ဝင်းတို့ပေါ်လာမှပဲ အရမ်းလေးစားသွားတယ်။
ဆက်ပြီးကြိုးစားပါ ကျွန်တော်အမြဲ အားပေးနေပါတယ်။
...
MYMCရဲ့အင်တာဗျူးတွေမှာဒီတစ်ခေါက်အကျေနပ်ဆုံးပဲ
စောက်ရမ်းမိုက်တယ်ဟ.....ဂျေက်ဂျက်
ဆက်လုပ်ဟာ........အားပေးတယ်
အခွေထွက်ရင်promotionလုပ်ပေးပါဦးကိုဂျေက်ဂျက်ရေ
အကို့သားSZကတော့30ရှိုးတုန်းကနွားခွေ့မယ့်အဆင်နဲ့ဂွမ်းနေတယ်နော်
ROCK $TAR forever.............
third generationရဲ့no(1)ဂျေက်ဂျက်.........peace
စောက်ရမ်းမိုက်တယ်ဟ.....ဂျေက်ဂျက်
ဆက်လုပ်ဟာ........အားပေးတယ်
အခွေထွက်ရင်promotionလုပ်ပေးပါဦးကိုဂျေက်ဂျက်ရေ
အကို့သားSZကတော့30ရှိုးတုန်းကနွားခွေ့မယ့်အဆင်နဲ့ဂွမ်းနေတယ်နော်
ROCK $TAR forever.............
third generationရဲ့no(1)ဂျေက်ဂျက်.........peace
...
ဂျောက်ဂျက်အင်တာဗျူးကိုကြည့်ရတဲ့အတွက်ကျေနပ်ပါတယ်တခုပါပဲနောက်က music ကအရမ်းကျယ်နေတယ်နော် ကွန်ကလဲမကောင်းတောကြည်ရတာသိပ်အဆင်မပြေဘူးပေါ့
ဂျောက်ဂျက်ကိုအရမ်းကြိုက်တယ် အဲဒါကြောင့်သူရဲ့ google အကောင်လေးမေးလ်ထဲကိုပို့ပေးပါလို့
တောင်းချင်ပါတယ်
ဂျောက်ဂျက်ကိုအရမ်းကြိုက်တယ် အဲဒါကြောင့်သူရဲ့ google အကောင်လေးမေးလ်ထဲကိုပို့ပေးပါလို့
တောင်းချင်ပါတယ်
...
ကိုဂျောက်ဂျက်သီချင်းတွေ အားလုံး ကို ကြိုက်တယ်ခဗျ ကျွန်တော့်ကို ကူညီ ပေး ပါနော်ဖြစ်နိုင်ရင်
ဖြစ်နိုင်ရင် သူ့ ရဲ့ Gmail အကောင့်ကို လိုချင် ပါတယ် ခင်ဗျာ ကျွန်တော့်အကောင့်ကို mail နဲ့ ပို့
ပေးလို့ မလား ခင်ဗျာ
ဖြစ်နိုင်ရင် သူ့ ရဲ့ Gmail အကောင့်ကို လိုချင် ပါတယ် ခင်ဗျာ ကျွန်တော့်အကောင့်ကို mail နဲ့ ပို့
ပေးလို့ မလား ခင်ဗျာ
Write comment
You can add your comment here