Myanmar Youth Media Club

Song of the Day | The Rasmus - Justify

4u

Relationship တစ်ခုဆိုတာ မတူညီတဲ့စိတ်နှစ်ခုကို သံယောဇဉ်ဆိုတဲ့ ကြိုးတံတားနဲ့ ပေါင်းစပ်းပေးထားတယ်လို့ ကျွန်တော်မြင်ပါတယ်။ မတူညီတဲ့ စိတ်နှစ်ခုဆိုတဲ့အလျောက် အနည်းနဲ့အများ သဘောထားကွဲပြားပြီး အမြင်မတူတဲ့အခါမျိုးမှာ ရန်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရန်ဖြစ်ပြီးပြီးချင်း ပြန်ချစ်ရတဲ့ အရသာလေးကတော့ ဘာနဲ့မှမလဲနိုင်ပါဘူး။ ဒီနေရာမှာ အနေနီးတဲ့ ချစ်သူတွေအတွက်က ကိုယ်ချစ်သူစိတ်ကောက်သွားရင် ချော့ရတာ ပိုအဆင်ပြေပေမဲ့ အနေဝေးတဲ့သူတွေ အတွက်ကျတော့ အလွန်ဆုံးဖုန်းခေါ် လက်ဆောင်တစ်ခုလောက်ပို့ပေးပြီး ချော့တာလောက်ပဲရှိတာပါ။ ကိုယ်ကစကားမပြောတတ် ဆိုရင်တခါတလေ အခြေအနေက ပိုဆိုးပြီး ဖုန်းပိတ်ထားရင်တော့ သေတာပဲ။ ဒီတော့ Email ပို့ txt ပို့တဲ့အဆင်ပေါ့။ အခုPageမှာ ဒီideaကိုအခြေခံပြီး "ချစ်သူအတွက်.." ဆိုပြီး zip file နဲ့ package လေးတစ်ခုလုပ်ထားပါတယ်။ ဘယ်ချစ်သူကောင်မလေးဖြစ်ဖြစ် အနည်းနဲ့အများတော့ အချော့ကြိုက်ကြတာပါပဲ၊၊ စကားပြောချော့နေတဲ့အချိန်မှာ တစ်ခုခုသူမအတွက် ရည်စူးပြီး လုပ်ပေးနေတယ်ဆိုရင် ပိုပြီးပီတိဖြစ်တတ်ကြပါတယ်။ ကိုယ့်ချစ်သူ ကိုယ့်ကိုချစ်လို့ လုပ်ပေးတယ်ဆိုပြီး ဘာမဟုတ်တာလေးတောင် အလေးအနက်ထားတတ်တာ မိန်းကလေးတွေရဲ့ သဘာဝပါ။ ကျွန်တော်အခု ဒီ Package လေးက အခုလို ချော့တဲ့နေရာမှာ အထောက်အကူအဖြစ်နဲ့ သုံးပြီး ပိုပြီးအဆင်ပြေသွားပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်သွားတာပါ။


Package ထဲမှာ ကဗျာတစ်ပုဒ်၊ သီချင်းနှစ်ပုဒ်၊ သီချင်းစာသားနှစ်ခု နဲ့ ချစ်ဖို့ကောင်းတဲ့ anime exe file တစ်ခုထည့်ပေးထားပါတယ်။ ကဗျာနဲ့ သီချင်းစာသားတွေကို မတတ်တစ်ခေါက် Design နဲ့လုပ်ထားပေးပါတယ်။ ကဗျာနဲ့ပတ်သက်ပြီး နည်းနည်းပြောချင်ပါတယ်။ ကဗျာက ကျွန်တော် (မဟူရာ) ကိုယ်တိုင်ရေး ကဗျာပါ။ လွန်ခဲ့တဲ့ ၃နှစ်က ကျွန်တော်ရေးခဲ့တာပါ၊ ဒီကဗျာလေးကို ကျွန်တော်ချစ်သူစိတ်ကောက်တုန်းက ရေးပြီးပြန်ချော့ခဲ့တာပါ။ အခုဒီထဲမှာ လုပ်ထားတဲ့ ဒီဇိုင်းတွေကို MYMC နာမည်ကော၊ ကျွန်တော့်နာမည်ပါ မထည့်ထားပါဘူး။ (ချစ်သူကို လွတ်လွတ်လပ်လပ် ပေးနိုင်အောင်အတွက်ပါ။) ဒါပေမဲ့ ဒီကဗျာကို နာမည်မရေးထားလို့ site တွေမှာ တင်ပြီး ကိုယ်တိုင်ရေးတာလို့မလုပ်ကြဖို့ ပြောချင်ပါတယ်။ အရမ်းအရေးသား ကောင်းလွန်းလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ဖန်တီးခဲ့တဲ့အရာ တစ်ခုကို လေးစားအသိအမှတ်ပြုစေချင်တဲ့ သဘောမလို့ပါ။


အဆင်မပြေတဲ့သူတွေအားလုံး အဆင်ပြေပြီး ဒီ Package လေးက ကိုယ်ချစ်တဲ့ကောင်မလေးကိုပေးလို့ သူ့မျက်နှာမှာ အပြုံးပန်းပွင့်ပြီး အဆင်ပြေသွားတယ်ဆိုရင် ကျွန်တော်လုပ်ရကျိုးနပ်ပါတယ်။ အောက်က Download ပေါ်မှာနှိပ်ပြီး Package ကို ရယူနိုင်ပါတယ်။


မဟူရာ

 

download

Comments (27)

 1 2 > 
...
..thanks you so much for your chit thu zip file....when my girlfriend angery, i can send ..thanks...
Richard.yan , August 10, 2010
...
ဒေါင်းရတာ အစဉ်မပြေဘူး ... အဆင်ပြေရင် မေးလ်ထဲကိုပို့ပေးလို့ရမလားမသိဘူးနော်.......

လိုအပ်နေလို့ပါနော်...
virgo , August 10, 2010
...
hay ...i cant download file.I cant wait to see this file .
Helppp !!
drlwin , July 31, 2010
...
I need u........want u .........like u.^.^.
snowking.khunlay , July 26, 2010
...
အရမ်းကိုကျေးဇူးတင်ပါတယ်....မဟူရာ၊
သူငယ်ချင်းရဲ့ ကောင်းတဲ့စိတ်နဲ့စေတနာကို လေးစားပါတယ်..။
အခုထက်ပို အောင်မြင်ပြီး ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ.....။
zenith 7 , July 11, 2010
...
သီချင်းလေးပို့ပေးပါ
Khant Hein Aung , July 08, 2010
...
သောက်ရမ်း မိုက်တယ်ဗျာ !!! တကယ် အဆင်ပြေသွားတယ်ဗျ ကျေးဇူးအများကြီးတင်ပါတယ်။
Dar GO , July 01, 2010
...
a ko bar ma ma lote that top buu
thant zinhtoo , June 30, 2010
...
အင်းခုမှဝင်ဘူးတော့ဘာမှကိုးမသိဘူးဖြစ်နေတယ်..
ဘယ်ကနေဘယ်လိုလုပ်ရမလဲဟင် ..
ကူညီပါအုံး..
မေဆစ်ဟန် , June 28, 2010
...
i like soft song
kaung khant , June 28, 2010
...
ကောင်းပါတယ် ဒါပေမဲ့ဒေါင်းလို့မရတာခက်တာပဲလေ။
sawsawsein , June 22, 2010
...
ဘယ်လိုလုပ်ရပါ့မလဲနော်...........
!-918 , June 20, 2010
...
အခုမှ ၀င်ဘူးတော့ဘာမှသိပ်မသိဘူးဖြစ်နေတယ်
အိမ်လေး , June 20, 2010
...
ကောင်းမယ်လို့ထင်ပါတယ်
အကိုလုပ်တာဆိုတော့
ဒါပေမယ့်ဒေါင်းမရဘူးဗျာ mediafire ဖွင့်မရလို့ပါဗျာ ကူကြပါအုံး
ဒါမှမဟုတ်လည်း i file it လေးနဲ့ တင်ပေးပါလားဗျာ




ီိdevil , June 20, 2010
...
အရမ်းကောင်းတာပဲ ဒါပေမယ့် သီချင်းက တစ်ပုဒ်တည်းဆိုတော့ နားထောင်ရတာ feel ပျက်တယ်
waiyan444 , June 16, 2010
...
a yan lan tal byar
Moe Sat , June 10, 2010
...
very good idea
eiphyu , June 09, 2010
...
ရည်းစားမှမရှိတာကိုချော့တာကိုဖတ်ပြီးတော့ဘာလုပ်ရမှာလဲချော့မယ့်သူလဲမရှိဘူး
This e-mail address is being protected from spambots. You need JavaScript enabled to view it , June 03, 2010
...
love it.........."I'm sorry...I need you!"
Nandar Aung , June 02, 2010
...
ဒေါင်းတာလဲမရဘူးဗျာ။ဘယ်လိုလုပ်ရမလဲ။
ကောင်ကလေး , May 28, 2010
 1 2 > 

Write comment

You can add your comment here

busy

Who's Online »

We have 209 guests online

MYMC News! »

  • 5 Sep 2010 | 10:44 pm

    မုတ်သုံမိုးကြောင့် ရေဘေး ဒုက္ခများ ကြုံတွေ့နေရသည့် ပါကစ္စတန် နိုင်ငံ၏

    Read more...
  • 5 Sep 2010 | 10:29 pm

    မေလ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ရပြီး အာဏာရပါတီနေရာကို

    Read more...