Nine One


ကို 9 One မင်္ဂလာပါရှင်။ ညီမကတော့ MYMC က DJ - Moe^Lay ဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ။ MYMC မိသားစုနဲ့ ပရိသတ်အားလုံး မင်္ဂလာပါဗျာ။

ပထမဆုံးအနေနဲ့ Hip Hop ဂီတလောကမှာ 9 One လို့ကျော်ကြားနေပြီဖြစ်တဲ့ အကို့ရဲ့အထ္တုပတ္တိအကျဉ်းချုပ်ကို သိပါရစေရှင်။
ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ အထ္တုပတ္တိအနေနဲ့ဆိုရင် ကျွန်တော်လွန်ခဲ့တဲ့ ၈ နှစ်လောက်ကပေါ့နော်.. ၂၀၀၂ ခုနှစ်လောက်က ကျွန်တော်ရယ် ၊ ကျော်ဇင်အောင်ဆိုတဲ့ သူငယ်ချင်းရယ် ၊ ပြီးတော့ Jat H ဆိုတဲ့ကျွန်တော့်အကို တစ်ယောက်ရယ်ပေါ့။ ကျွန်တော်တို့ ၃ ယောက်ပေါင်းပြီးတော့ Respect ဆိုတဲ့အဖွဲ့ Underground အဖွဲ့လေးတစ်ခုဖွဲ့ပြီး စပြီးသီချင်းတွေဆိုခဲ့တယ်။ ပြီးတော့ ၂၀၀၃ လောက်ကျတော့ ကျွန်တော်တို့ ၃ ယောက်ရယ် ၊ ပြီးတော့ Thorus က ဖိုးသားရယ် ၊ နေဇော်ရယ်ပေါ့။ ကျွန်တော်တို့ သူတို့ ၂ ယောက်နဲ့ပေါင်းပြီး ၅ ယောက်ဖွဲ့တယ်။ အဖွဲ့အသစ်ပေါ့။ အဖွဲ့အသစ်တစ်ခု ထပ်ဖွဲ့ပြီးတော့ Chapter ဆိုပြီးနာမည်ပေးပြီး သီချင်းတွေစဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း Chapter အနေနဲ့ အဲလိုကျောင်းပွဲတွေဆိုတယ်။ ပြီးရင်လပြည့်ဝန်းပလာဇာတို့ဘာတို့ အဲတုန်းက Show တော်တော်များများ လိုက်ဆိုဖြစ်ခဲ့ပါတယ်။ ရံပုံငွေ Show တွေရော.. ပြီးတော့ကျွန်တော်တို့ချည်းပဲ သီးသန့်ပေါ့နော်။ ဟို Show သေးသေးလေးတွေစီစဉ်တာပေါ့ ကိုယ့်ဟာကိုယ်။ အဲတုန်းက New Year ညတို့ ၊ Christmas ညတို့ဆို ဆိုဖြစ်ခဲ့တယ်။ အများကြီးပါပဲ Show တွေရော ဘာတွေရောဆိုခဲ့တာ။ ပြီးတော့အဲနောက်ပိုင်း ၂၀၀၄ ခုနှစ်လောက်ကျတော့ ဦးချစ်ကောင်းနဲ့ အဆက်အသွယ်လုပ်ဖြစ်ပြီး ဦးချစ်ကောင်းနဲ့အလုပ်တွေ တွဲလုပ်ဖြစ်တယ်။ သူနဲ့အဲလိုနယ်တွေမှာ Show လိုက်ဆိုလိုက်၊ ရန်ကုန်မှာ Show တွေဆိုလိုက်နဲ့ နောက်ဆုံး သူ့ CK vs New Generation ဆိုတဲ့ခွေ Live Show ရိုက်မယ်ဆိုတော့ အကိုတို့ Chapter နဲ့သူနဲ့တွဲပြီးတော့ လုပ်ကြမယ်ပေါ့။ အဲတုန်းကလုပ်မယ်ဆိုပြီး အဲမှာ ဦးချစ်ကောင်းရဲ့ Live Show ထဲမှာ CK vs New Generation No.3 ပေါ့နော်။ အဲဒီ CD ထဲမှာ ဒီကချစ်လိုက်ရတာဆိုတဲ့သီချင်းကို အကိုတို့သီဆိုတယ်။ ပြီးတော့ Live Show ရိုက်ဖြစ်ခဲ့ပါတယ်။ အဲနောက်ပိုင်းကျတော့ Chapter ပေါ့။ Chapter Solo ဆက်လုပ်ခဲ့ကြတယ်။ Chapter Solo က အစကတည်းက ပြီးသွားပြီပေါ့နော်။ အကိုတို့ကျောင်းတွေမှာလည်း Sample တွေဝေတယ်။ ခွေ Cover တွေဘာတွေနဲ့ အကိုတို့သေချာလုပ်ခဲ့တာပေါ့။ အဲဒါငယ်ငယ်တုန်းက။ အဲဒီနောက်ပိုင်းမှာ ဗိုလ်လုပွဲပေါ့။ ဗိုလ်လုပွဲခွေထွက်တယ်။ ဗိုလ်လုပွဲ No.1 ထွက်တော့ အကိုအဲမှာ ဖုန်းသံလေးဆိုတဲ့ သီချင်းမှာပေါ့နော်။ အကိုတို့ Chapter ရယ်၊ ပြီးတော့အကိုတို့နဲ့ အမြဲတမ်းတွဲဆိုဖြစ်ခဲ့တဲ့ဟန်သီပေါ့။ ဟန်သီဆိုတဲ့သူငယ်ချင်း။ သူနဲ့တွဲပြီး ဖုန်းသံလေးဆိုတဲ့သီချင်း Tape၊ CD၊ VCD ထွက
1်တယ်။ အဲဒီ VCD မထွက်ခင်မှာ အကိုတို့ Chapter Solo ထွက်တယ်ပေါ့။ Chapter Solo နာမည်က ပြန်လိုချင်တယ်ဆိုတဲ့ Title နဲ့ပါ။ အဲဒီခွေက Tape၊ CD၊ VCD ထွက်ခဲ့တယ်။ VCD ထွက်ပြီးတဲ့အခါမှာ ဗိုလ်လုပွဲ No.2 ထွက်လာတော့ အဲထဲမှာ ပေးချင်လို့ဆိုတဲ့သီချင်း အကိုတို့ထည့်ခဲ့တယ်။ အဲဒါအကိုတို့ Solo ထဲကထွက်ပြီးသား သီချင်းပေါ့နော်။ ဒါပေမယ့် ပထမ Solo ထဲမှာ ဘိုလေးတို့ဘာတို့နဲ့ တွဲဆိုထားတာ။ အဲဒီဗိုလ်လုပွဲထဲရောက်တော့ ဘိုလေးတို့နဲ့မဆိုတော့ဘူး။ အကိုတို့ Chapter ချည်းပဲ။ ပြီးတော့ A Hope ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီးဆိုဖြစ်ခဲ့တယ်။ ပြီးတော့အဲဒီနောက်ပိုင်း အများကြီးပါပဲ.. Show တွေတော့ တောက်လျှောက်ဆိုလာတာပေါ့။ ၂၀၀၅ ၊ ၂၀၀၆ လောက်ကျတော့ ရန်ကုန်တိရစ္ဆာန်ရုံ နှစ် ၁၀၀ ပြည့်ဆိုတဲ့အခွေပေါ့။ ကို Iceman စီစဉ်တဲ့ခွေမှာ အကိုတစ်ယောက်တည်းပေါ့။ ပြီးတော့ Featuring က Jat H ပါတယ်။ ပြီးတော့ ဧကအောင်ဆိုတာ သရုပ်ဆောင်တစ်ယောက်ပါတယ်။ အကို့သီချင်းမှာ ၃ ယောက်ဝင်ဆိုခဲ့တယ်ပေါ့နော်။ သီချင်းနာမည်က မ သိပါဆိုတဲ့သီချင်းတစ်ပုဒ်၊ ပြီးတော့ Chapter အနေနဲ့ Chapter Solo ထဲကသီချင်းတစ်ပုဒ်ကို Live Show ပြန်ထည့်ထားတယ်။ အဲဒါက မင်းမုန်းချင်မုန်းဆိုတဲ့သီချင်းပါ။ ပြီးတော့ G Family ကအဲဒီအချိန်မှာ ဖွဲ့ပြီးသွားပြီ။ G Family ကအကိုတို့ ၂၀၀၄ လောက်မှာ စဖွဲ့တာပေါ့နော်။ အဲဒီအချိန်မှာ G Family အနေနဲ့ ၁ပုဒ်ပါတယ်။ အဲတုန်းကသီချင်းက အေးပါကွာဆိုတဲ့သီချင်း။ အဲသီချင်းနာမည်နဲ့ အကို G Family အနေနဲ့ ၁ ပုဒ်ပေါ့နော်။ အကိုအဲမှာ ၃ ပုဒ်ပါဝင်တယ်ပေါ့ အဲခွေထဲမှာ။ ပြီးတော့ဦးချစ်ကောင်းနဲ့ ကြော်ငြာသီချင်းတွေလိုက်ဆိုတယ်။ ဇာတ်ဝင်သီချင်းတွေကတော့ အကို့ဟာအကိုလည်းလိုက်ဆိုတယ်။ ပြီးတော့ မိုးမိုးတို့နဲ့လည်းဆိုဖြစ်တယ်၊ သီရိဆွေတို့နဲ့လည်း ဆိုဖြစ်တယ်ပေါ့နော်။ အဲဒီနောက်ပိုင်း Hip Hop လူသားဆိုတဲ့အခွေ၊ အဲဒီအခွေက Snare ကကောင်တွေစီစဉ်တာ။ နေ၀င်းတို့၊ ငဖြိုးတို့စီစဉ်တာပေါ့နော်။ အဲဒီကသူတို့စီစဉ်တဲ့ခွေမှာ အကို G Family အနေနဲ့ အကို ၁ ပုဒ်ဝင်ဆိုတယ်။ ၂ ပုဒ် Sorry။ G Family အနေနဲ့ လိုက်ခဲ့တော့ဆိုတဲ့သီချင်း ၁ ပုဒ်ရယ်၊ ပြီးတော့ အာယားပေါ့။ အဲဒီသီချင်းနာမည်က အကိုလည်းသိပ်တော့မမှတ်မိတာ့ဘူး။ တော်တော်ကြာခဲ့ပြီပေါ့နော်။ အဲဒီသီချင်း ၂ ပုဒ်ပါတယ်။ ပြီးတော့ Snare တို့ဘာတို့လည်း ပါကြတယ်ပေါ့။ အဲဒီအကိုတို့ Hip Hop လူသားဆိုပြီးတော့ခွေတစ်ခွေ။ အဲဒါ VCD သူတို့ရိုက်ကြပြီးပြီပေါ့။ ဒါပေမယ့် မထွက်ဖြစ်ဘူးပေါ့နော်။ ပြီးတော့အဲနောက်ပိုင်း Show တွေကတော့ တောက်လျှောက်ပဲပေါ့။ အများကြီးပဲ။ မေမြို့ပန်းပွဲတော်နှစ် ၁၀၀ ပြည့်ရော၊ ၁၀၁ နှစ်ပြည့်၊ ၁၀၂ နှစ်ပြည့်၊ ၁၀၃ နှစ်ပြည့်ပေါ့နော်။ အဲပွဲကိုနှစ်တိုင်းတော့ သွားဆိုတယ်။ နယ် Show တွေလည်း အများကြီးဆိုတယ်ပေါ့။ ဒီနှစ်အခုပြီးခဲ့တဲ့ Hip Hop Show အထိကို အကို Show ဆိုတာလာ ၁၉၇ ပွဲရှိပြီပေါ့နော်။ အဲဒါ Show ပွဲကြီးတွေပဲပေါ့။ ဒီတိုင်းကျောင်းပွဲတို့ဘာတို့တော့ ထည့်မတွက်ထားပါဘူး။ ပြီးတော့သွားမယ့် Show တွေလည်းရှိတယ်။ ဒီကြားထဲအဲဒီမှာ ခွေထပ်ထွက်ထားတာရှိသေးတယ်။ Hip Hop Crazy ဆိုတဲ့ခွေပေါ့။ အဲဒါ ၂၀၀၇ လောက်မှာပေါ့နော်။ အဲဒီမှာ အကိုတစ်ယောက်တည်းအနေနဲ့ အမှားများနဲ့လူသားဆိုတာ။ အဲဒီမှာ 9 One ဆိုပြီးတော့ တစ်ယောက်တည်းနာမည်စတတ်ပြီး လုပ်ဖြစ်ခဲ့တဲ့သီချင်းပေါ့နော်။ အကိုပဲဆိုတယ်၊ အကိုပဲရေးတယ်အဲဒီသီချင်း အကိုတစ်ယောက်တည်းပေါ့။ ပြီးတော့အဲဒီအခွေထဲမှာပဲ ခေမီကိုကအကူအညီတောင်းတာနဲ့ ခေမီကိုနဲ့အဲဒီ ပျဉ်းမှီးတိုဆိုတဲ့သီချင်းကို ၀င်ရေးပေးရင်းနဲ့ ခေမီကိုနဲ့တွဲပြီးဆိုပေးခဲ့တယ်။ Featuring အနေနဲ့ပေါ့နော်။ ပြီးတော့ အဲနောက်ပိုင်း အခုလုပ်လာတာကတော့ သီချင်းကအကို့ Solo အတွက် အဓိကစုလာတာပေါ့နော်။ အကို Solo ထွက်မယ်ဆိုပြီးတော့ အကြောင်းကြားထား၊ အသိပေးထားတာလည်း တော်တော်ကြာပြီပေါ့နော်။ ဒါပေမယ့် အကြောင်းကြောင်းပေါ့ နောက်ဆုတ်နောက်ဆုတ်လာတာ။ G Family Solo လည်း လုပ်နေတာကြောင့်ပေါ့နော်။ အခုနောက်ပိုင်းတော့ အခွေတွေကဘာတွေထွက်လည်းဆိုတော့ အခွေတော်တော်များများတော့ထွက်တယ်။ အကိုလည်း သိပ်မမှတ်မိတော့ဘူး။ ပြီးတော့ မိုးမိုးခွေတို့ဘာတို့ အဲဒါမျိုးအကို Featuring ၀င်ဆိုပေးထားတဲ့ဟာတွေရှိတယ်။ အခုမငယ်အတွက်လည်း ဆိုထားတယ်ပေါ့နော်။ မငယ်(ငယ်ငယ့်)ရဲ့အခွေအတွက် အကိုတစ်ပုဒ်ဝင်ဆိုထားပေးတယ်။ အဲဒီသီချင်းက The Unfaithful ပေါ့။ အဲလိုပဲ နာမည်ပေးထားတယ်။ အဲဒါတော့အကိုလည်း သေချာတော့မသိသေးပါဘူး။ သူ့အတွက် ၀င်ဆိုပေးထားတာပေါ့။ နောက်ပိုင်းအခု ပျော်စရာကြီးခွေထွက်တယ်ပေါ့။ ပျော်စရာကြီးမှာအကိုက အကို့ Solo က အဲဒါကြောင့်မထွက်ဖြစ်တာ။ Solo ထဲကသီချင်းတွေက အဲလိုအတွဲခွေတွေထဲ ထည့်ထည့်ပေးလိုက်တာပေါ့။ ပျော်စရာကြီးထဲမှာ အကိုက Disc 1 ထဲမှာ ရည်းစားချော့တေးဆိုတဲ့သီချင်း၊ ပြီးတော့ Disc 2 ထဲမှာ အသေချာဆုံးဆိုတဲ့သီချင်းပေါ့။ အဲ ၂ ပုဒ်ပါတယ်။ ပြီးတော့ အခုထပ်ထွက်မှာက ဒီ ၉ လပိုင်းမှာပေါ့။ ၉ လပိုင်း ၅ ရက်နေ့လို့တော့ သူတို့မှန်းထားတယ်။ အဲဒီနေ့မှာ လက်လက်ကိုထလို့ဆိုတဲ့ခွေ။ အဲခွေမှာ အကိုက Dics 1 ထဲကမှာက ကမ္ဘာငယ်လေးပါမယ်ထင်တယ်။ Disc 2 ထဲမှာက စလုံးကချစ်သူပေါ့နော်။ စာသားတွေပြန်ပြင်ရေးထားတဲ့ဟာလေး။ အဲဒါတွေပါမယ်။ ၂ ပုဒ်လုံးကတော့ အကိုအချောပြန်သွင်းထားတယ်။ ဟာမိုနီတွေဘာတွေလည်း အကိုသေချာပြန်လုပ်ထားတာပေါ့နော်။ ဘာလို့လည်းဆိုတော့ Online မှာလည်း ပြန့်ပြီးသားသီချင်းဖြစ်နေတော့ ဒီတိုင်းပြန်ထည့်ရင် ရိုးမှာဆိုးလို့လေ။ ပြီးတော့ 5, 6 ပေါ့နော်။ အဲဒါတော့ Title မပေးရသေးဘူး။ အဲဒါ BoBo Entertainment ကပဲလုပ်မှာ။ BoBo Entertainment ကလုပ်မယ့် 5, 6 မှာ အကိုသီချင်း ၂ ပုဒ် ထပ်ထည့်ထားတယ်။ နာမည်တွေကတော့ အကိုလည်းသေချာတော့မပြောပြသေးဘူး။ အခွေကလည်း လိုသေးတယ်ဆိုတော့လေ။ အဲဒါပြီးတော့ 5, 6 ပြီးတော့ 7, 8 ထပ်ထွက်ဖို့ရှိပါတယ်။ အဲမှာလည်း အကိုနောက် ၂ ပုဒ်ပေးထားတယ်။ ဒါပေမယ့် အဲဒါလည်းမသေချာသေးဘူးပေါ့နော်။ အဲခွေက ဆက်လုပ်ဖြစ်မလုပ်ဖြစ် မသိသေးဘူး။ ပြီးတော့ BoBo Entertainment က သင်္ကြန်ခွေတွေဘာတွေ လုပ်မယ်လို့လည်း ပြောတယ်ပေါ့နော်။ ဒါပေမယ့် မသေချာသေးပါဘူး။ အကို့မှာသီချင်းတွေကတော့ အဆင်သင့်ရှိတယ်။ အရင်ကတည်းကလည်း အကိုက 9 One ဆိုပြီးတော့ 9 One (Chapter) ဆိုပြီးတော့ Sample ဟိုးအရင်တုန်းကဝေတုန်းက အကိုသင်္ကြန်သီချင်း ၆ ပုဒ်ရယ်။ အဲတုန်းကထွက်မလို့ ၂၀၀၆ သင်္ကြန်တုန်းကပေါ့နော်။ ခွေထွက်မယ်ဆိုပြီးလုပ်ရင်းနဲ့ မထွက်ဖြစ်လိုက်ပဲနဲ့ အကိုဒီတိုင်းပဲလက်ဆောင်ပေးလိုက်တာပေါ့နော်။ အဲထဲမှာ ကမ္ဘာငယ်လေးတို့ဘာတို့ ထည့်ဝေခဲ့တယ်ပေါ့နော်။ ပြီးတော့ဆက်လုပ်ဖို့ကတော့ ဒီအတွဲခွေတွေအားလုံးပြီးသွားရင် အကို့ Solo ပေါ့။ Solo ကတော့ ဒီလိုပါပဲ။ စုစုထားတာတော့ များနေပြီပေါ့သီချင်းတွေ။ ဒါပေမယ့် ဘယ်တော့လောက်ထွက်မလဲဆိုတာတော့ အတိအကျတော့ အကိုအသိမပေးချင်သေးပါဘူး။ လုပ်လာခဲ့တဲ့အလုပ်တွေက အများကြီးပေါ့။ ဒါပေမယ့်အခုလောက်ထိ ဒီလိုအောင်မြင်မှုရလာတဲ့အတွက်လည်း အများကြီးပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီးတော့လည်း အကိုကြိုးစားဖို့ အစီအစဉ်တွေရှိပါတယ်။ ဒါကအကို့ရဲ့ အထ္တုပတ္တိပေါ့နော်။ အခုလတ်တလောပါ ဟုတ်ကဲ့။

ကို 9 One က ငယ်ငယ်ကတည်းက သီချင်းဆိုတာကို ၀ါသနာပါခဲ့တာလား။ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ အကြံပေးတိုက်တွန်းမှုကြောင့် သီချင်းဆိုဖြစ်သွားတာလား။
အကိုက ငယ်ငယ်လေးကတည်းက သီချင်းဆိုဖို့ ၀ါသနာပါခဲ့တာ။ အဲဒါငယ်ငယ်လေးကတည်းကပေါ့နော်။ ဘယ်သူမှတိုက်တွန်းလို့တော့ မဟုတ်ပါဘူး။ အခုအချိန်ထိလည်း အကို့မိဘတွေဘာတွေက အားမပေးဘူး။ အားမပေးဘူးဆိုတာတော့ မဟုတ်ဘူးပေါ့နော်။ လိုက်ပြီးတော့ လိုက်လုပ်ပေးတာမျိုးတော့ တစ်ခုမှမရှိဘူးပေါ့။ ကိုယ့်အားကိုယ်ကိုးပြီး ငယ်ငယ်လေးကတည်းက လုပ်ခဲ့တာဆိုတော့လေ အကျင့်ဖြစ်နေပါပြီ။ အကိုငယ်ငယ်လေး ၃ နှစ်လောက်ကတည်းကပေါ့နော်။ အကိုတို့အမျိုးတွေအများကြီး အဲလိုတောင်ကြီးမှာ အိမ်ကြိးအကြီးကြီးနဲ့စုနေကြတော့ အဲဒီအိမ်ထဲက စားပွဲခုံတွေ၊ ခုတင်တွေ၊ ထိုင်ခုံတွေက အကိုငယ်ငယ်က အကို့ရဲ့ Stage စင်ဖြစ်ခဲ့တာပေါ့နော်။ အကိုသီချင်းဆိုပြီဆိုရင် အကို့အမတွေ၊အကိုတွေ၊ ညီတွေ၊ ညီမတွေ၊ သေးသေးလေးတွေအစ အောက်မှာလက်ခုပ်တီးပြီးထိုင်ကြည့်ရတယ်။ အဲတုန်းကအကိုအရမ်းအားကျတဲ့ ဦးစိုးသူပေါ့နော်။ သူဖြစ်ခဲ့တာပေါ့ အဲဒီတုန်းက။ အကိုငယ်ငယ်လေးကတည်းက ၀ါသနာပါလို့ဆိုခဲ့တာပါ။

အကို့အသက် ဘယ်နှနှစ်လောက်မှာ ဒီအနုပညာလောကထဲကို စ၀င်ခဲ့ပြီးတော့ ဘယ်လိုတွန်းအားတွေကြောင့် ဒီလောကမှာ အခြေချဖြစ်သွားတာလဲ။
အကို့အသက်က အခု ၂၃ နှစ်ပေါ့နော်။ May 18 , 87 ပေါ့ အကို Birthday က။ အခု ၂၃ နှစ် ဒီမေလမှ ပြည့်ထားပြီးပါပြီ။ ဘယ်သူ့တွန်းအားနဲ့ ဘယ်လိုတွန်းအားတွေလဲဆိုတော့ အများကြီးပေါ့ တွန်းအားတွေကတော့။ အကိုဒီအလုပ်လုပ်လာတဲ့ သက်တမ်းအရရောပေါ့နော်။ နောက်အကိုဒီအလုပ်လုပ်တယ်ဆိုလို့ရှိရင် လူသွားတိုင်းစိတ်ကလည်းပါတယ်။ စိတ်သွားတိုင်းလည်း လူကအနောက်ကပါသွားတယ်။ တစ်ခါတစ်လေ အရမ်းပင်ပန်းနေတယ်။ ဒါပေမယ့်စိတ်က အရမ်းလုပ်ချင်နေတဲ့အခါကျရင် ဘယ်လောက်ပဲပင်ပန်းပင်ပန်းပေါ့နော်။ နယ် Show ပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲဝေးဝေး အကိုလိုက်သွားတာပဲ။ အိတ်ဆွဲပြီးတော့။ ရန်ကုန်မှာတစ်ယောက်တည်းနေဖြစ်တော့ ပိုဆိုးတာပေါ့နော်။ ဘယ် Show ပဲရှိရှိ အမြဲတမ်း။ ဒါကအဓိက တွန်းအားပေါ့နော်။ အကို့ဝါသနာပေါ့။ ၀ါသနာလို့ပြောရင် အမှန်ဆုံးပါပဲ အတွေ့အကြုံရဆိုရင်တော့။

အကို့ကိုဘယ်သီချင်းမှာစပြီး လူတွေအသိများသွားတာလဲ။ လူတွေအကို့ကို အသိအမှတ်ပြုလာပြီဆိုတာကို သိရတဲ့အချိန်မှာ အကိုဘယ်လိုခံစားပီတိဖြစ်ခဲ့ရလဲဟင်။
အကို့ကိုဘယ်သီချင်းနဲ့ လူတွေစသိခဲ့လဲဆိုတော့ ဟိုးအရင်တုန်းကတော့ ဒီ Chapter အနေနဲ့ပဲ Chapter က 9 One အနေနဲ့ပဲ လူသိခဲ့တာပေါ့နော်။ ဒါပေမယ့်အခုနောက်ပိုင်း လူသိများသွားတဲ့သီချင်းလို့ပြောရင်တော့ စလုံးကချစ်သူလို့ပြောရင် မမှားပါဘူး။ အဲသီချင်းက အကို 9 One ဆိုပြီးတော့ စင်ပေါ်ကိုနောက်တစ်ခေါက်ပြန်တတ်လာနိုင်အောင် အကို့ကိုအများကြီး ထောက်ပံ့ပေးခဲ့တဲ့သီချင်းပါ။ အဲသီချင်းကို လူတွေလက်ခံလာပြီဆိုတဲ့အချိန်မှာ ဘယ်လောက်ခံစားရလဲဆိုတော့ တော်တော်တော့ပျော်တာပေါ့နော်။ ဘယ်လိုပြောရမလဲ။ ဒါကိုယ်လုပ်လိုက်တဲ့ သီချင်းပေါ့နော်။ နောက်ပြီး အဲဒီသီချင်းက ပိုဆိုးတာက အကိုကခွေထဲထည့်ဖို့လည်း မဟုတ်ဘူးလေ။ ဒီတိုင်းရည်ရွယ်ချက်တစ်ခုနဲ့ အဲတုန်းကဆိုဖြစ်ခဲ့တဲ့သီချင်း။ အဲဒီသီချင်းက လူတစ်ယောက်ယောက်ဆီကနေ အဲလိုပြန့်ပြန့်ပြန့်ရင်းနဲ့ နောက်ဆုံးအခုအခြေအနေထိကို အောင်မြင်တဲ့သီချင်းတစ်ပုဒ်ဖြစ်သွားတော့ အရမ်းတော့ပျော်တယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ အကိုတစ်ချို့သီချင်းတွေ အရမ်းအားထားပြီးလုပ်ခဲ့တဲ့ သီချင်းတွေရှိတယ်။ ဒါပေမယ့် အဲဒီသီချင်းတွေက အကိုထင်သလောက် အောင်မြင်မှုမရဘူး။ အားပေးမှုမရဘူးပေါ့နော်။ အဲဒီကြားထဲမှာမှ ဒီလိုဘာမှထင်မထားတဲ့သီချင်းတစ်ပုဒ်က ထပြီးပေါက်သွားတဲ့အခါကျတော့ အများကြီးပျော်ခဲ့ပါတယ်။ တော်တော်ကိုခံစားရတယ်ပေါ့နော်။ အဲဒီသီချင်းနဲ့ ပက်သက်ပြီးတော့။

ကို 9 One ငယ်ငယ်ကတည်းက အားကျလေးစား အတုယူခဲ့ရတဲ့ အဆိုတော်တို့ အနုပညာရှင်တို့ရှိလား။ သူတို့မှာဘယ်လိုအရည်အချင်းတွေနဲ့ပြည့်နေလို့ အားကျအတုယူခဲ့တာလည်းဆိုတာကို သိပါရစေရှင်။
အကိုငယ်ငယ်ကတည်းက အားကျခဲ့ အတုယူခဲ့ရတယ်ဆိုတော့ ခုနကအကိုပြောခဲ့သလိုပေါ့နော်။ ဦးစိုးသူပေါ့။ ဦးစိုးသူကတော့ အကိုငယ်ငယ်လေး ကလေးပိစိလေးကတည်းက အရမ်းအားကျခဲ့အတုယူခဲ့ရတာဆိုတော့ သူ့ပုံစံတွေ၊ သူဝတ်တဲ့အတိုင်းလိုက်ဝတ်တယ်။ ငယ်ငယ်ကဆို သူဆိုတဲ့အတိုင်း၊ သူရယ်တဲ့အတိုင်းကိုလိုက်ရယ်ပြီး နေခဲ့ဖူးတာပေါ့နော်။ အဲဒါငယ်ငယ်တုန်းက ရူးခဲ့တဲ့ဘ၀ပါ။ ပြီးတော့နည်းနည်းအသက်ကြီးလာတဲ့အခါကျတော့ ရှက်တတ်လာတဲ့အခါကျတော့ အဲလောက်တော့မပေါရဲတော့ဘူးပေါ့နော်။ အသက်လည်းကြီးလာပြီ။ ဒီအလုပ်လုပ်ဖြစ်တဲ့အခါကျတော့ ပြန်ပေါနေရတာပေါ့။ ဘယ်လိုပြောရမလဲ အခုအကိုအမှန်အတိုင်း ပြောရရင်တော့ အားကျအတုယူတယ်ပေါ့နော်။ အဲဒီအဆိုတော်တွေ ရှိပါတယ်။ အခုလက်ရှိ Hip Hop လောကထဲမှာဆိုရင် စိုင်းစိုင်းခမ်းလှိုင်နဲ့ ရသနဲ့ကိုပိုကြိုက်တယ်။ စိုင်းစိုင်းကိုကျတော့ သူအလုပ်လုပ်တဲ့ပုံ ပြီးတော့မြန်မာပြည်က ပရိသတ်တွေအနေအထားကို သူအရမ်းသိတယ်ပေါ့နော်။ အဲဒီအနေအထားကိုသိပြီး သူလုပ်တတ်တယ်။ ဘယ်လိုသီချင်းလုပ်ရင် ဘာဖြစ်မလဲဆိုတာသူသိတယ်။ အကိုအဲဒီဦးနှောက်ကို ကြိုက်တယ်။ ပြီးတော့ သီချင်းအနေနဲ့ဆိုရင်တော့ ရသကိုအရမ်းကြိုက်ပါတယ်။ ရသက သူရေးတဲ့စာသားတွေ၊ သူ့ခေါင်းထဲကဥစ္စာတွေက အရမ်းအရှေ့ရောက်လွန်းတယ်ပေါ့နော်။ အရမ်းမိုက်တယ်။ အဲဒီသူ့ဦးနှောက်ကိုလည်း ကြိုက်တယ်။ အဲဒါအကို ငယ်ငယ်လေးကတည်းက အခုအချိန်ထိ အားကျအတုယူခဲ့တာဆိုရင်တော့ ဦးစိုးသူရယ်၊ ရသရယ်၊ ပြီးတော့ စိုင်းစိုင်းခမ်းလှိုင်ရယ်ပေါ့နော်။ သူတို့ ၃ ယောက်ပါ။

2အကိုပထမဦးဆုံး စင်ပေါ်မှာ သီချင်းဆိုတုန်းက အကို့ရင်ထဲမှာ ပီတိစိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ အတော်စိတ်လှုပ်ရှားစရာ ကောင်းခဲ့မှာပေါ့နော်။ အဲဒီအတွေ့အကြုံ လေးတွေကိုလည်း အခုစင်ပေါ်မှာ သီချင်းဆိုဖို့အတွက် ကြိုးစားနေကြတဲ့ လူငယ်တွေသိအောင် ပြောပေးပါဦးနော်။
အကိုငယ်ငယ်က ပထမဆုံးသီချင်းစဆိုတုန်းကပေါ့နော်။ ပထမဆုံး သီချင်းစဆိုတော့ Safe Box မှာထင်တယ်။ အဲဒီတုန်းက ဘယ်လိုပြောမလဲ။ နည်းနည်းတော့ ကြောက်တာပေါ့နော်။ စင်ပေါ်စတတ်ရတော့မယ်။ ဒါပေမယ့် အောက်ကလူက အဲဒီတုန်းက ဘယ်လောက်မှမရှိဘူး။ အယောက် ၅၀ လောက်ပဲရှိတာပေါ့ အလွန်ဆုံး။ ဒါပေမယ့် အဲဒီတုန်းကပထမဦးဆုံးဆိုတော့ ကြောက်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ အကိုတို့တုန်းက အခုလိုမျိုး Show ပွဲ၊ အခုလိုမျိုး Hip Hop Show ပွဲတွေ၊ Underground Show တွေဆိုတာ ရှိမှမရှိတာ။ အကိုတို့အဲလိုဆိုချင်ရင် ကိုယ့်ဟာကိုစီစဉ်ပြီး ဆိုင်တွေနဲ့ဆက်သွယ်၊ သူတို့တွေနဲ့ အစီအစဉ်တွေဆွဲပြီးတော့ လူတွေဖိတ်။ သူတို့ဘက်ကလည်း လူတွေဖိတ်၊ ကိုယ့်ဘက်ကလည်း လူတွေဖိတ်ပေါ့နော်။ ပြီးတော့ ကျောင်းပွဲတွေဆိုတယ်။ ပထမဦးဆုံး Show ပွဲတုန်းကတော့ ကြောက်တဲ့စိတ်တစ်ခုပဲရှိတာပါ။ ပိုဆိုးတာက အကို့အတွက် အမှတ်တရအနေနဲ့ ပြောပြရမယ်ဆိုရင်တော့ ဦးချစ်ကောင်း Live Show ပေါ့နော်။ Rehearsal နေ့တုန်းကကျ ဘယ်သူမှမရှိဘူး။ အဲဒီတော့ အေးဆေးပဲ။ ဪ.. ဒီစင်အကြီးကြီးပဲ။ MCC မှာလုပ်တာကိုး။ အဲဒီတုန်းက MCC မှာက အကျယ်ကြီးထဲမှာ။ ဟာ..  ဒီစင်အကြီးကြီးပေါ် ငါတို့တက်ဆိုရပြီဆိုပြီး အဲနေ့ကတော့ ပျော်နေတာပေါ့။ အဲဒါ Rehearsal နေ့က။ ပြီးတော့ တစ်ကယ်ဆိုရတော့မယ်ဟေ့ဆိုပြီး စင်ပေါ်တတ်ခံနီးကျတော့ Chapter ၅ ယောက်ရှိတာ။ ဘယ်သူမှ စင်ပေါ်မတက်ရဲဘူး။ အဲလောက်ထိ ဖြစ်ခဲ့တာပေါ့နော်။ အဲဒါလက်ဖျားခြေဖျားတွေ အေးစက်ပြီးတော့ စင်ပေါ်ရောက်တော့လည်း မဆိုလို့ကမရတော့ဘူး။ ဆိုနေတဲ့အချိန်မှာ အဲလိုပန်းတက်ပေးတာတွေဘာတွေနဲ့ ခေါင်းဆိုမော့တောင်မထားရဲဘူး။ VCD ရိုက်ရင်း။ တစ်ခါတစ်လေ အခုဆိုရင် ချစ်ကောင်း Live Show ခွေပြန်ပြန်ထိုးကြည့်ရင် အကို့သူငယ်ချင်းတွေ၊ Chapter ထဲက သူငယ်ချင်းတွေကလည်း နိုင်ငံခြားသွားတဲ့သူသွား၊ ဒီမှာမိန်းမရတဲ့သူရနဲ့ဆိုတော့ မတွေ့ဖြစ်ကြတော့ဘူး။ အဲတော့ သူတို့ကိုသတိရတဲ့အချိန်တွေဘာတွေဆိုရင် Chapter ခွေတွေဘာတွေ ပြန်ထိုးကြည့်ရင်းနဲ့ အဲဒီခွေကြည့်မိရင် အရမ်းရယ်ချင်တယ်ပေါ့နော်။ ခေါင်းတောင်မမော့ရဲဘူး အကိုတို့ပုံတွေဆိုရင်။ အဲဒါအကိုတို့ အမှတ်တရပါပဲ။

အကိုကအခုဆိုရင် Show တွေကလည်း အများကြီးဆိုနေပြီဆိုတော့ အကိုနိုင်ငံရပ်ခြားမှာသွားပြီးတော့ Show ပွဲဆိုဖို့ အစီအစဉ်တွေဘာတွေရော ရှိနေပြီလား။
Show တွေကတော့ အများကြီးဆိုခဲ့ပြီးပါပြီ။ အဲဒီတော့ နိုင်ငံခြားသွားဆိုချင်လားဆိုရင်တော့ ဘယ်သူမဆို ဆိုချင်တယ်ပဲပြောမှာပေါ့။ ဒီမြန်မာပြည်မှာ သီချင်းဆိုနေတဲ့သူတွေအကုန်လုံး ဘယ်နိုင်ငံသွားမယ်ဟေ့ဆိုရင် အကုန်လုံးလိုက်ချင်တဲ့သူတွေချည်းပဲလေ။ အစီအစဉ်ကတော့ အကိုတို့ဆွဲလို့မရဘူး။ အစီအစဉ်ကတော့ ရှိတာပေါ့။ သွားချင်တဲ့စိတ်တော့ ရှိတယ်။ ဒါပေမယ့် အကိုတို့သွားခွင့်ရမယ့် အခွင့်အရေးမျိုးကြုံရင်တော့ အကိုကလက်လွှတ်ခံမှာ မဟုတ်ပါဘူး။ အခုလည်း အဲလိုဆက်သွယ်ထားတာတွေတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ဆက်သွယ်လိုက်၊ အကြောင်းအမျိုးမျိုးနဲ့ ပြန်ပျက်သွားလိုက်။ အဲလိုမျိုးတွေက များတယ်လေ။ နိုင်ငံခြားပွဲတွေဆိုတော့။ အဲတော့ အစီအစဉ်တော့ရှိပါတယ်။ အကယ်လို့ အကို့ကိုဆက်သွယ်လာမယ်ဆိုရင်လည်း အမြဲတမ်းကြိုဆိုပါတယ်။

အခု Hip Hop အဆိုတော်တွေ များလာတာနဲ့ပက်သက်ပြီးတော့ ဘယ်လိုကောင်းကျိုးဆိုးကျိုးတွေရှိလဲလို့ အကိုထင်လဲဟင်။
အခုရန်ကုန်မှာပေါ့နော်။ ရန်ကုန်မှာ မြန်မာပြည်မှာ အဲလိုအဆိုတော်တွေများလာတာနဲ့ပက်သက်ပြီး ဘယ်လိုဆိုးကျိုးကောင်းကျိုးရှိလဲဆိုတော့ ဘယ်လိုပြောမလဲ။ အကိုတို့ ဗုဒ္ဓဘာသာအရပေါ့နော်။ အဆိုးနဲ့အကောင်းဆိုတာ အမြဲတမ်းဒွန်တွဲနေတာပေါ့။ အဆိုးတွေရှိသလို အကောင်းတွေလည်းရှိတယ်။ ဒါပေမယ့် အဓိကအကိုပြောချင်တာက ဟိုးအရင်က The Street ထဲမှာ ဘိုလေးပြောခဲ့တာ အကိုပြန်ဖတ်ရတယ်ပေါ့နော်။ အဲဒီစကားတစ်ခွန်း။ အဲဒါကတော့ အခုနောက်တက် လာမယ့်လူတွေအတွက် အများကြီးအကျိုး ရှိမယ်လို့ထင်ပါတယ်။ ဟိုဟာပေါ့။ အခုလက်ရှိမြန်မာပြည်မှာ ဘယ်လိုပြောမလဲ။ Popular ဖြစ်ချင်ပြီးလုပ်တဲ့လူငယ်တွေက ပိုများနေတယ်။ အဲဒီတော့ အရေအတွက်က ပိုများနေတယ်။ အရည်အချင်းက အရမ်းနည်းနေတယ်ပေါ့နော်။ ဒါကြောင့် အရည်အချင်းများပြီး အရေအတွက်နည်းတဲ့ဟာမျိုးဖြစ်ရင်ဖြစ်။ မဟုတ်ရင်လည်း အရည်အချင်းရော၊ အရေအတွက်ရောများရင်တော့ အကောင်းဆုံးပေါ့နော်။ အဲလိုဖြစ်ဖို့ အကိုကမျှော်လင့်တယ်ပေါ့။

နောက်ပြီးအခုဆိုရင် အဆိုတော်တွေများလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် စောင်းမြောင်းတိုက်ခိုက်ပြီးဆိုတဲ့ သီချင်းတွေလည်းများလာတယ်။ အဲဒါတွေနဲ့ပက်သက်ပြီးတော့ကော အကိုဘာများပြောချင်ပါသလဲရှင်။
ညီမမေးတဲ့မေးခွန်းလိုပဲပေါ့နော်။ အဲလိုစောင်းမြောင်းတိုက်ခိုက်တဲ့သီချင်းတွေဆိုတာ ရန်ကုန်မှာကြားနေရတာအများကြီးပါပဲ။ ရန်ကုန်တောင်မဟုတ်ဘူး။ မန္တလေးကကောင်က ရန်ကုန်ကကောင်ကိုလှမ်းဆိုတာနဲ့၊ ရန်ကုန်ကကောင်က စင်္ကာပူကကောင်ကိုလှမ်းဆိုတာနဲ့ အဲဒါမျိုးတွေပေါ့။ အများကြီးပါပဲ ဒီ Hip Hop လောကထဲမှာ။ ဒီဂီတလောကထဲမှာတောင် အကိုတို့ Hip Hop လောကထဲမှာပိုဆိုးတာပေါ့။ ဘယ်လိုသဘောရလဲဆိုတော့ အကိုကတော့စိတ်မ၀င်စားဘူး။ ဘာလို့လည်းဆိုတော့ အကိုကိုယ်တိုင်လည်းအဲဒါမျိုးမဆိုဘူး။ မဆိုဘူးဆိုတာ အဓိကကတီးလုံးကအကိုက ကိုယ့်ဟာကိုတီးဆိုတာလည်းမဟုတ်ဘူးလေ။ အဲတော့ လူတစ်ယောက်ကိုဆိုဖို့အတွက်ကို ပိုက်ဆံလည်းအကုန်မခံနိုင်ဘူး။ အကို့ဦးနှောက်လည်းအသုံးမချနိုင်ဘူး။ ပြီးတော့အဲလူတစ်ယောက်အတွက် အကိုဘယ်လိုပြောမလဲ။ အချိန်ကအစ အကုန်မခံနိုင်ဘူးပေါ့နော်။ ဒီသီချင်းချရေးလိုက်တဲ့စာရွက်၊ ဘောပင်၊ မှင်ကအစ အကိုအကုန်မခံနိုင်ဘူး။ ဘာလို့လည်းဆိုတော့ သူများအကြောင်းပြောဖို့ အဲလူက ကိုယ်ပြောမယ့်လူက အဲလောက်အကိုရင်းနှီးဖို့တန်လားပေါ့။ အကိုအဲဒီစိတ်နဲ့ပဲနေတယ်။ အကို့ကိုပြောချင်လည်းပြော။ အကိုကဂုဏ်ယူတယ်ပေါ့။ ဘာလို့လည်းဆိုတော့ သူအကို့ကိုပြောဖို့အတွက် သူ့ခေါင်းထဲမှာ အများကြီး စဉ်းစားထားတယ်လေ။ စဉ်းစားလာတယ်။ သူဘယ်အချိန်ကတည်းက တွေးနေလည်းမသိဘူး။ သူမကျေနပ်လို့ဆိုတာဖြစ်မှာပေါ့။ အဲဒါကြောင့်အကိုက ပြုံးပြီးတော့ပဲကြည့်နေချင်တယ်။ အကို့ကိုဆိုမယ့်သီချင်းဆိုလည်း ကြိုဆိုတယ်။ တစ်ကယ်အမှန်တွေကိုပြောမယ်ဆိုရင် ပိုကြိုက်တာပေါ့။ ဘာလို့လည်းဆိုတော့ အကိုကအကို့ကိုအဲလိုစောင်းမြောင်းတိုက်ခိုက်၊ ဘလိုင်းကြီးစောင်းမြောင်းတိုက်ခိုက်နေတာထက် အကို့ကိုဝေဖန်တာကို အကိုလိုချင်တယ်။ ဒါအဲလိုတိုက်ခိုက်တယ့်လူဆီကမှ မဟုတ်ဘူးပေါ့နော်။ အကို့ပရိသတ်တွေဆီကလည်း အမြဲတမ်းအကို့ကိုဝေဖန်တဲ့အသံတွေ အမြဲတမ်းကြားချင်တယ်။ အဲလိုသီချင်းတွေကို ဘယ်လိုမြင်လဲဆိုတော့ ဒါကတော့လူဆိုတာ ကိုယ့်ရည်ရွယ်ချက်နဲ့၊ ကိုယ့်ခံယူချက်နဲ့ကိုယ်လေ။ အဲတော့ ကောင်းတယ်ဆိုးတယ် အကိုမပြောချင်ပါဘူး။ အကိုပြောသွားတာအကုန်လုံးက အကို့စိတ်ထဲကအတိုင်းပေါ့နော်။ အကိုကတော့ စိတ်မ၀င်စားဘူးပေါ့။

ဂီတရေစီးကြောင်းပေါ်မှာ အဆိုတော်ကောင်း တစ်ယောက်အဖြစ်နဲ့ အမြဲတမ်းစီးဆင်းနိုင်ဖို့ ဘယ်လိုအရည်အချင်း တွေလိုတယ်လို့ အကိုထင်ထားလဲဟင်။
ဒီဂီတလောကထဲမှာ အမြဲတမ်းအဲလိုအဆိုကောင်းတစ်ယောက်အဖြစ်နဲ့ ရပ်တည်နိုင်ဖို့ဆိုတာ ဘယ်လိုအရည်အချင်းလိုလဲဆိုတော့ အကိုလည်းအဲဒီမေးခွန်းကို မေးချင်နေတာကြာပြီ။ ဒါပေမယ့်ဘယ်သူ့ကို မေးရမလည်းမသိသေးဘူး။ ဘာလို့လည်းဆိုတော့ အမြဲတမ်းကြီးအဲလိုရပ်တည်နေနိုင်ဖို့၊ အဆိုတော်ကောင်းတစ်ယောက်အနေနဲ့ပေါ့နော်.. ပြည်သူတွေအကုန်လုံးက၊ ပရိသတ်တွေအကုန်လုံးက ချစ်မြတ်နိုးပြီးအားပေးတဲ့၊ လေးစားတာခံရတဲ့အဆိုတော်ဆိုတာ အရမ်းရေရှည်ဆိုတာ တော်တော်ရှားပါတယ်။ ရှိတော့ရှိတာပေါ့နော်။ အများကြီးပေါ့။ ဒါပေမယ့်နာမည်ထည့်ပြောပြန်ရင်လည်း အဲဒီနာမည်ထဲမှာမပါတဲ့လူတွေက အကို့ကို foul ထုတယ်လို့ပြောဦးမှာပေါ့။ အဲဒါကြောင့် နာမည်ထည့်မပြောတော့ပါဘူး။ အများကြီးရှိပါတယ်။ သူတို့နဲ့တွေ့ရင်လည်း အကိုအတုယူတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေက ဒီလောကထဲမှာအများကြီးပါပဲ။ အဲလိုနေနိုင်ဖို့အကိုစိတ်ထဲမှာရှိတယ်ပေါ့။ ဘယ်လိုအရည်အချင်းတွေရှိရမလဲဆိုတာ အဓိကကတော့ပရိသတ်ကို ချစ်မြတ်နိုးရမယ်။ ဘာလို့လဲဆိုတော့ အကိုတို့ဒီအလုပ်လုပ်နေတယ်ဆိုနတာ ပရိသတ်ရှိမှလုပ်လို့ရတာလေ။ အနုပညာသည်ဆိုတာက ပရိသတ်မရှိပဲနဲ့လုပ်နေလို့အဆင်မပြေဘူး။ ပြီးတော့ လူတွေလက်ခံဖို့လိုတယ်။ အရင်ကဆိုရင်.. ဒါလျှာပေါ်မှာမြက်ပေါက်ပါစေပေါ့နော်။ ကိုယ်လုပ်ချင်တာပဲလုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့အကိုတို့လုပ်ခဲ့တာ။ ဒါပေမယ့်အခုနောက်ပိုင်းမှာ ပြန်စဉ်းစားလာတယ်။ လုပ်လာတဲ့နှစ်တွေလည်း ကြာပြီပေါ့နော်။ ငါတို့ဒီအလုပ်ကိုလုပ်ခဲ့တာ ဘာရည်ရွယ်ချက်နဲ့လည်းဆိုပြီး ပြန်စဉ်းစားတော့ အောင်မြင်ချင်တယ်။ အောင်မြင်ချင်တယ်ဆိုတာက အကိုတို့အခုနောက်ပိုင်းလုပ်နေတဲ့လူငယ်တွေလို Popular ဖြစ်ချင်တဲ့စိတ် အကိုတို့လည်းဖြစ်ခဲ့ပါတယ်။ ဒါဝန်ခံတာပေါ့နော်။ အကိုတို့ အသက် ၁၅၊ ၁၆၊ ၁၇ လောက်မှာ ကျောင်းပွဲတွေလိုက်ဆိုတယ်။ အဲလိုစော်တွေတရုန်းရုန်းနဲ့ပေါ့။ အဲဒါမျိုး.. ဒါကအရမ်း Popular ဖြစ်ခဲ့တဲ့စိတ်ပေါ့။ အကိုတို့တုန်းကဆို ပိုဆိုးတာပေါ့။ ဒီခေတ်ဖြစ်နေတဲ့လူတွေလောက်လိုမျိုး မဖြုံဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီ Hip Hop ဆိုတဲ့လူငယ်ဆိုတာကလည်း လက်ညှိုးထိုးရင် ဘယ်လောက်မှရှိသေးတာမဟုတ်ဘူး။ အခုကလက်ညှိုးထိုးရင် လက်ညှိုးထိုးမလွဲဖြစ်နေပြီလေ။ အဲလိုမျိုးဖြစ်နေပြီ Show ပွဲတစ်ပွဲမှာ။ အဲဒီတော့အကိုတို့တုန်းက ပိုပြီးတော့ Popular ဖြစ်တာကို ပိုပြီးဂုဏ်ယူဖို့တောင်ကောင်းတယ်ပေါ့။ ဒါပေမယ့် အခုအသက်ကြီးလာတဲ့အချိန်ကျတော့ ဒီလောကထဲမှာလည်း နေလာတာလည်းကြာပြီ။ ခံယူချက်လည်းပြောင်းသွားပြီပေါ့နော်။ ငယ်ငယ်တုန်းကနဲ့။ အကိုတို့က ၀ါသနာပေါ့နော်။ အဓိကကတော့ ဒီဝါသနာ။ ဒီဂီတလမ်းပေါ်မှာ လျှောက်မယ်ဆိုကတည်းကိုက ၀ါသနာနဲ့၊ ပရိသတ်ကိုချစ်မြတ်နိုးတဲ့စိတ်။ ပြီးတော့ ကိုယ်လုပ်ချင်တာလုပ်ဖို့ကို နောက်မှလုပ်ရမယ်ပေါ့နော်။ အဲဒါသိလာတယ်ပေါ့။ ဘာလို့လည်းဆိုတော့ လုပ်ချင်တာလုပ်ရင် နောင်တစ်ချိန်မှာ ကိုယ်ဖြစ်ချင်တာဘယ်တော့မှဖြစ်လာမှာမဟုတ်တော့ဘူး။ အဲဒီတော့လုပ်သင့်တာလုပ်တော့မှ ကိုယ်ဖြစ်ချင်တာဖြစ်လာမယ်လို့ အကိုယုံကြည်ထားတယ်လေ။ အဲဒီတော့ဘာလုပ်သင့်လဲဆိုတာကို အရင်စဉ်းစားတယ်။ အခုအချိန်မှာ အကိုလုပ်နေတဲ့အလုပ်တွေ အကိုလုပ်သင့်လို့လုပ်နေတယ်လို့ အကိုထင်တယ်ပေါ့နော်။ အဲလိုထင်လို့ဆက်လုပ်နေတာပေါ့။ နောင်တစ်ချိန်မှာ အကိုဖြစ်ချင်တဲ့သီချင်းပုံစံတွေ၊ အကိုဆိုချင်တဲ့သီချင်းပုံစံတွေ ချပြခွင့်ရဖို့ အခုလူတွေလက်ခံတဲ့သီချင်းတွေ အကိုအရင်ဆိုရမယ်။ ဒါအဓိကပေါ့နော်။ ဒါအဓိက အကိုပြောချင်တာက အဆိုတော်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပရိသတ်အမြဲတမ်းလေးစားနေမှရမှာ။ အဲတော့ပရိသတ်ကိုအမြဲတမ်းကြည့်ပြီးတော့ အလုပ်လုပ်ပါလို့ အကိုပြောချင်ပါတယ်။ အခုအသစ်လာမယ့်လူငယ်တွေကိုပေါ့နော်။

အခုမြန်မာ့ Hip Hop လောကမှာ ဘယ်လိုအခြေအနေနဲ့တည်ရှိနေပြီးတော့ အခုအခြေအနေထက်ပိုပြီးတိုးတက်လောက်အောင် ဘယ်လိုမျိုးတွေပြုပြင်ထိန်းသိမ်းသင့်တယ်လို့ အကိုထင်လဲဟင်။
မြန်မာပြည်ရဲ့ Hip Hop လောကက ဘယ်လိုအခြေအနေရှိလဲဆိုတော့ အကိုတို့ဒီလူငယ်တွေ၊ Hip Hop ကိုကြိုက်တဲ့လူငယ်တွေအနေနဲ့ သူတို့ဘက်ကကြည့်ရင် အကိုတို့ဘက်ကကြည့်ရင်တော့ အောင်မြင်နေပြီလို့ထင်မယ်ပေါ့နော်။ ဒါပေမယ့်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Hip Hop က အောင်မြင်ဖို့အများကြီးလိုပါသေးတယ်။ ဘာလို့လည်းဆိုတော့ နယ် Show တွေ အကိုလိုက်ဆိုရင်တွေ့နေရတယ်လေ။ Hip Hop ကိုကြိုက်တဲ့မြို့တွေရှိတယ်။ မကြိုက်တဲ့မြို့တွေရှိတယ်။ ကြိုက်တဲ့မြို့တွေက ဘာလို့ကြိုက်လဲဆိုတော့ ဒီ Hip Hop ဆိုတာဘာလဲဆိုတာ နားလည်လို့ကြိုက်တာထက် အကိုတို့စင်ပေါ်မှာဆိုနေတဲ့အချိန်၊ သီချင်းသံတွေမြူးတယ်ဆိုရင် အောက်ကလိုက်ကကြမယ်။ ဟေးလားဟားလားပေါ့နော်။ အဲလိုမျိုးကြိုက်တာပိုများနေတယ်။ တကယ်တမ်းဒီ Rapping တွေ၊ အကိုတို့ ဒီ Hip Hop Culture တွေကိုနားလည်ပြီးကြိုက်တာ အရမ်းရှားနေတယ်ပေါ့။ အဲဒီတော့ အကိုတို့လည်းလုပ်နိုင်သလောက်လုပ်တယ်။ အကိုတို့ရှေ့က Senior တွေပေါ့နော်။ သူတို့တွေလည်း အများကြီးလုပ်ခဲ့တယ်။ Hip Hop ဆိုတာကို မြန်မာပြည်မှာလက်ခံလာအောင်လို့။ ဒါပေမယ့်အခုအချိန်မှာတောင် ဒီအခြေအနေပဲရှိသေးတယ်ဆိုတော့ အခုနောက်တက်လာမယ့်လူငယ်တွေက ဒီထက်အများကြီးကြိုးစားဖို့လိုတယ်လို့ အကိုကထင်ပါတယ်။

ကို 9 One က အချစ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်မျိုးယူဆပြီးတော့ ဘယ်လိုအချစ်ကိုတာရှည်တည်မြဲအောင် တန်ဖိုးထားသင့်တယ်လို့ အကိုထင်ထားလဲ။ အဲဒါလေးတော့ မေးခွင့်ပေးပါနော်။
အချစ်ကိုဘယ်လိုအဓိပ္ပါယ်ရလဲဆိုတော့ အကို့စိတ်ထဲမှာအကိုခံစားရတာတော့ အချစ်ကိုဘ၀ပေါ့နော်။ အကိုတို့နေ့တိုင်း လှုပ်ရှားရုန်းကန်နေရတဲ့ ဘ၀တစ်ခုလို့ပဲ အဲလိုပဲမြင်တယ်။ အချစ်က ဘာလို့လဲဆိုတော့ အဲလိုပြောရင်တချို့လူတွေက ရယ်မယ်ပေါ့နော်။ အချစ်ကအချစ်။ ဘ၀နဲ့ဘာမှမဆိုင်ဘူးလို့ထင်တယ်ပေါ့။ ဒါပေမယ့် တကယ်စဉ်းစားကြည့်ရင် လူတိုင်းလူတိုင်းပေါ့.. လူတိုင်းလူတိုင်းက ကိုယ့်ဘ၀နဲ့ကိုယ်ရုန်းကန်နေရတဲ့အချိန်မှာ ကိုယ့်ချစ်သူဆိုတဲ့တစ်ယောက်၊ အဲတစ်ယောက်တော့ အမြဲတမ်းရှိတယ်။ အဲလူအတွက်၊ အဲဒီရည်ရွယ်ချက်တွေအတွက်ပဲ ကိုယ်ကြိုးစားနေရတယ်လို့ အကိုကထင်တယ်။ ဘာလို့လဲဆိုတော့ မိဘနဲ့သားသမီးဆိုလည်း အဲလိုပဲ။ မိဘတွေသူတို့ချစ်လို့ခင်လို့ ယူကြတယ်။ ယူပြီးတဲ့အချိန်မှာ သားသမီးတွေမွေးလာတယ်။ ဒီသားသမီးတွေကို ချစ်တဲ့စိတ်ကြောင့် ဒီသားသမီးတွေကို အမြင့်ရောက်စေချင်တဲ့ စိတ်ကြောင့်ပေါ့နော်။ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သူတို့နေတိုင်း အမြဲတမ်း လှုပ်ရှားရုန်းကန် နေရတယ်။ ကြိုးစားနေရတယ်။ အဲဒီရလာတဲ့ဟာလေးတွေနဲ့ ကိုယ့်သားသမီးတွေကို ကိုယ်ဘယ်လိုလုပ်ပေးချင်တယ်။ ရည်ရွယ်ချက်လေးတွေ။ အဲဒီရည်ရွယ်ချက် လေးတွေကြောင့် အသက်ရှင်နေတယ်ပေါ့နော်။ ပြီးတော့ အကိုကဘာလို့ ဘ၀လို့ပြောလည်းဆိုတော့ အကို့ဘ၀ရဲ့နေ့တိုင်းတွေ့နေရတဲ့အထဲမှာပေါ့နော် ပျော်ရွှင်စရာတွေရှိတယ်။ ၀မ်းနည်းစရာတွေရှိတယ်။ လှုပ်ရှားရုန်းကန်နေရတာတွေရှိတယ်။ ပြီးတော့စွန့်စားရတဲ့အရာတွေလည်းရှိတယ်။ တစ်ခါတစ်လေ မေ့ပျောက်ထားရတဲ့အရာတွေလည်းရှိတယ်။ ရသစုံရတယ်ပေါ့နော်။ လူ့ဘ၀ဆိုတာ။ အချစ်ဆိုတာလည်း အဲလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူး။ ဒါပေမယ့်လည်း မတူညီတဲ့ပုံစံတစ်ယောက်တစ်မျိုးစီနဲ့ တစ်ကယ်ချစ်မိပြီဆိုရင်တော့ အဲဒီအတိုင်းကိုခံစားရတယ်လို့ အကိုယုံကြည်ထားပါတယ်။ အဲလိုယုံကြည်ထားတယ်ပေါ့နော်။ ပြီးတော့ ဘယ်လိုပြောမလဲ။ အချစ်ဆိုတာ လူတစ်ယောက်ကိုချစ်ပြီးသွားရင် အကို့စိတ်ထဲမှာ ၂ ခုပဲစဉ်းစားတယ်။ မိဘကို အကို့မိဘအတွက်ပဲဖြစ်ဖြစ်၊ အကိုချစ်တဲ့ မိန်းကလေး တစ်ယောက်ယောက်ပဲဖြစ်ဖြစ်၊ ကိုယ့်မောင်နှမပဲ ဖြစ်ဖြစ်ပေါ့နော်။ အကိုတစ်ယောက်ကိုချစ်ပြီ.. သူငယ်ချင်း တစ်ယောက်ယောက်ကို ချစ်ပြီဆိုရင်လည်း ဘယ်လိုပြောမလဲ။ အဲလူအတွက် ၂ ခုပဲစဉ်းစားတယ်။ သူနဲ့ပက်သက်ပြီး ကိုယ့်ဘက်ကဘာတွေပေါ့နော်။ ဘယ်အရာတွေ၊ ဘယ်အတိုင်းအတာအထိ စွန့်လွှတ်နိုင်လဲဆိုတာရယ်။ နောက်ပြီးနောက်တစ်ခု။ အဲဒီလူသာအလိုရှိမယ်ဆိုရင် ကိုယ့်ဘက်က ဘယ်လောက် အတိုင်းအတာအထိ ဘယ်အရာတွေကို ဘယ်လိုပေးနိုင်လဲဆိုတဲ့အရာပေါ့နော်။ အဲဒီအချက် ၂ ချက်ပဲ အကိုစဉ်းစားတယ်။ ဘာလို့လည်းအဲဒီအချက် ၂ ချက်ရှိရင် လူ ၁ ယောက်အတွက် ပြည့်စုံပြီလို့ထင်တယ်။ ဘာလို့လည်းဆိုတော့ အကို့ရည်းစားပေါ့နော်။ ဥပမာ သူကဒါလိုချင်တယ်ဆိုရင် သူလိုချင်တဲ့အတိုင်းအတာကို အကိုရအောင်လုပ်ပေးချင်တဲ့စိတ် အကို့မှာအပြည့်ရှိတယ်။ လုပ်ပေးတာ လုပ်မပေးနိုင်တာတစ်ပိုင်းပေါ့။ ဒါပေမယ့် အဲ့စိတ်ကလေးရှိရင် သူ့အတွက်ဖြစ်လာမယ်လို့ အကိုယုံကြည်တယ်။ ပြီးတော့အဲလိုပဲ သူကဒီဟာတွေ၊ ဒီဟာတွေမကြိုက်ဘူး။ နင်စွန့်လွှတ်ပေးရမယ်လို့ အကို့ကိုပြောလာခဲ့ရင်ပေါ့နော် စွန့်လွှတ်ပေးနိုင်မလား ပြန်စဉ်းစားကြည့်တယ်။ ငါဘယ်အတိုင်းအတာအထိ စွန့်လွှတ်ပေးနိုင်လဲပေါ့။ အဲ့ ၂ ခုကို အကိုရဲရဲကြီးအာမခံပြီး သူဖြစ်ချင်တာအကုန် လိုက်လုပ်ပေးနိုင်ပြီဆိုမှ ချစ်တယ်လို့ပြောမိမယ်ထင်တယ်။ အဲလိုမှလည်း ညီမလေးမေးသလိုပေါ့နော်။ အချစ်ကိုရေရှည်ခံအောင်၊ တာရှည်တည်မြဲအောင် ထိန်းသိမ်းနိုင်မယ်လို့ အကိုထင်ပါတယ်။ ပြီးတော့ အဓိကကနားလည်မှုပေါ့။ အကိုအဲလိုစိတ်ထားသလို အကို့အပေါ်လည်းအဲလိုစိတ်ထားတယ့် မိန်းကလေးဖြစ်ဖို့လည်း အရေးကြီးပါတယ်။ အဲလိုတန်ဖိုးထားမှလည်း အကိုနဲ့လည်းရေရှည်အဆင်ပြေမယ်ပေါ့နော်။ အဲထက်ပိုအရေးကြီးတာ တစ်ခါတစ်လေကျရင်လည်း အချစ်ကသားရေကွင်းနဲ့တူတယ်။ ဘယ်လိုလည်းဆိုတော့ အဲဒီချစ်လှပါချည်ရဲ့ဆိုတဲ့ လူနှစ်ယောက်ကပေါ့နော် သားရေကွင်းတစ်ကွင်းကို ၂ ယောက်အပြိုင်ဆွဲထားတယ်ဆိုလို့ရှိရင် တကယ်သစ္စာရှိရှိနဲ့အမြဲတမ်းကိုင်ထားတဲ့သူက အထိနာတယ်။ ရုတ်တရက်အဲလို ဘာမဟုတ်လောက်တဲ့ကိစ္စလေးပါဆိုပြီး လက်လွှတ်လိုက်တဲ့ဟာက လက်လွှတ်လိုက်တဲ့အရှိန်က ဒီဘက်ကကိုင်ထားတဲ့သူကို အမြဲတမ်းလာမှန်တယ်။ တစ်ခါတစ်လေကျတော့ တချို့ကတန်ဖိုးမထားကြဘူး။ အဲတော့ တစ်ခါတစ်လေအချစ်က သားရေကွင်းနဲ့တူတယ်။ တန်ဖိုးထားတဲ့သူက အထိနာတယ်ပေါ့နော် သဘောကတော့။ အဲလိုတစ်ခါတစ်လေကျရင်လည်း မြင်ပါတယ်။