ကျောင်းစဖွင့်ပြီဆိုတော့ Site ကိုသိပ်မလုပ်နိုင်တော့ဘူး။ အခု Weekend ရောက်လာတော့ Playlist တစ်ခုထပ်ထည့်ရင် ကောင်းမယ်ဆိုပြီး ဒီ Rap N Rnb Playlist လုပ်ဖြစ်သွားပါတယ်။ Rap တွေကို နားမထောင်တာကြာတော့ ဘာတွေကောင်းလို့ ကောင်းမှန်း သိပ်မသိတော့ပါဘူး။ အခုလည်း ကျွန်တော် နားထောင်ကြည့်သမျှထဲကမှ Playlist နဲ့လိုက်မယ့် သီချင်း ၁၅ပုဒ်ကို ရွေးပြီး တင်ပေးလိုက်ပါတယ်။ လောလောလတ်လတ်အသစ်တွေ ရှိသလို နည်းနည်းကြာကြာတုန်းက သီချင်းတွေလည်းပါပါတယ်။ ဒါပေမဲ့ MYMC ရဲ့ Collection List ထဲမရောက်သေးတဲ့အတွက် အဟောင်းထဲက ကောင်းတာလေးတွေ ရှာထားပြီးထည့်လိုက်ပါတယ်။ သီချင်းတွေကို DJ - Amedeo နဲ့ DJ - Moe Lay တို့က ကူရှာပေးထားပါတယ်။ ကဲနားထောင်ကြည့်လိုက်ပါဦင်္း။ ပြီးရင်လည်းတစ်ခုခု ရေးခဲ့ပေါ့။

| < Prev | Next > |
|---|



