User Rating: / 0
PoorBest 
E-mail Print PDF

Got Talent


Got Talent? အစီအစဉ်ကို အခုလို အချိန်အကြာကြီး ရပ်ဆိုင်းထားရတဲ့အတွက် တောင်းပန်ပါ၏။ အခြေအနေအမျိုးမျိုးကြောင့် ဒီလိုမျိုး ကြာသွားတဲ့အတွက် စိတ်မကောင်းပါဘူး။ အခုအချိန်ကစပြီး Got Talent? ကို တဖန်ပြန်ပြီး ဆက်လှုပ်ရှားသွားပါမယ်။ Got Talent? လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်လေးမှာ MYMC အနေနဲ့ တက်သစ်စ အရည်အချင်းပြည့် လူငယ်အဆိုတော်တွေနဲ့ နောင်ပေါ်ပေါက်လာမယ့် သူတို့ရဲ့ပရိတ်သတ်တွေအကြားမှာ ပေါင်းကူးတံတားတစ်ခုလိုမျိုး ၀န်ဆောင်မှုတွေ ပေးသွားမှာဖြစ်ပါတယ်။ MYMC Fan တွေအနေနဲ့လည်း နောင်တစ်ချိန်မှာ နာမည်ရ အဆိုတော်တွေအဖြစ် ထွက်ပေါ်လာမယ့် လူငယ်သစ်တွေကို MYMC ကနေတစ်ဆင့် အကဲခက်၊ အကြံဉာဏ် ပေးနိုင်သလို၊ ဂီတကို ၀ါသနာပါတဲ့လူငယ်တွေလည်း တစ်ချိန်မှာ ကိုယ့်ပရိတ်သတ်ဖြစ်လာနိုင်သူတွေက ဘာအကြံကောင်းတွေ ပေးကြတယ်၊ ဘယ်လိုမျိုး ဖြစ်စေချင်ကြတယ်စသဖြင့် အလွယ်တကူ သိနိုင်ဖို့အတွက်ကို MYMC က ကြားမှာ messenger အနေနဲ့ ဆောင်ရွက် ပေးသွားမှာပါ။ ဒီစာမျက်နှာမှာတော့ သီချင်းချစ်တဲ့ ပရိတ်သတ်တွေ၊ သီချင်းအသစ်တွေကိုမှ ဦးဦးဖျားဖျား Email ထဲအရောက်ပို့စေကြချင်တဲ့ ပရိတ်သတ်တွေ၊ အဆိုတော်တွေနဲ့ သိခွင့်ဆက်သွယ်ခွင့်လိုချင်တဲ့ ပရိတ်သတ်တွေအားလုံး အခု အသစ်တိုးချဲ့သွားမယ့် ၀န်ဆောင်မှုမှာပါဝင်ဖို့ လျှောက်ထားနိုင်အောင် စီစဉ်ပေးထားပါတယ်။


Got Talent မှာ လျှောက်လွှာတင်ပြီး Member ဖြစ်လာမယ့် ပရိတ်သတ်တွေအနေနဲ့ ရရှိမယ့် အခွင့်အရေးတွေကတော့

MYMC ရဲ့ VIP Member အနေနဲ့ အသစ်ရရှိတဲ့ Samples/Mixtape တွေကို သက်ဆိုင်ရာအဆိုတော်တွေရဲ့ ခွင့်ပြုချက်နဲ့ Email ထဲတစ်ယောက်စီ အရောက်ပို့ပေးမှာပါ။

လူငယ်အဆိုတော်အသစ်တွေရဲ့ သီချင်းတွေကို လွတ်လပ်စွာ ဝေဖန်ပြောဆို အကြံပေးမှုများကို သက်ဆိုင်ရာ အဆိုတော်တွေဆီကို MYMC က အရောက်ပို့ပေးမှာပါ။ (ပရိတ်သတ်ရဲ့ ထင်မြင်ချက်က လူငယ်အဆိုတော်အသစ်တွေ အရေးကြီးတဲ့ အားဆေးတစ်ခွက်ပါ)

MYMC လူငယ်အသစ်တွေအတွက် CD နဲ့ဖြန့်ပြီး ထုတ်ပေးမယ့် Mixtape တွေမှာ MYMC VIP member တွေအနေနဲ့ အရင်ဆုံး ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ (ထုတ်ယူနိုင်မယ့် Address ကိုနောက်ဖော်ပြပေးသွားပါမယ်)


အောက်က Form ကတော့ English လို Site မှာတစ်ခါထည်း တင်လို့ရအောင်လုပ်ပေးထားတာပါ။ ရေးထားတာတွေကို Form တင်ဖို့ ပန့်ကြားအပ်ပါတယ်။

အခု Online မှတင်ရသော Form အား English လိုဖြည့်စွက်တင်ပါရန်
မြန်မာလိုရေးသားတင်လိုပါက အောက်တွင် အညွှန်းကို ဖတ်ပါ


Nickname (Either in English or Burglish) *
Enter your valid email address *
Type in your current country *
Do you have any experience with Online Communities? *
How many hours do you usually spend on
internet everyday? *
Where did you hear about MYMC? *
Do you check and respond emails regularly? *
What\\\'s your favorite music? *
Please type the bold text you see in the box. *

အပေါ်က Form ကိုနားမလည်လို့ မြန်မာလို Version နဲ့ လျှောက်ချင်တယ်ဆိုရင် ဒီမှာနှိပ်ပြီး ရယူနိုင်ပါတယ်။ Form ကို ရယူပြီး မေးထားတဲ့ မေးခွန်းတွေရဲ့ ဘေးမှာ အဖြေတွေကို ထည့်ပါ။ ပြီးရင် File > Save နှိပ်ပြီး အဖြေတွေကို သိမ်းပါ။ အဲဒီနောက်မှာတော့ This e-mail address is being protected from spambots. You need JavaScript enabled to view it ကို Form Attach ပို့ပေးနိုင်ပါတယ်ဝင်ရောက်ပါဝင်ချင်တဲ့ လူငယ်အဆိုတော်တွေအနေနဲ့ အထက်ပါ email ကို ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်။