Electronic Music တွေကစမ်းနားထောင် ကြည့်လို့ ကြိုက်သွားပြီဆို မူးယစ်ဆေး ဆွဲသလိုဆွဲသွား နိုင်လို့ Electronic Music နဲ့ Dope (မူးယစ်ဆေး) ပေါင်းပြီး Electronic Dope ဆိုတဲ့ playlist တစ်ခုတင်ဆက်လိုက်ပါတယ်။ ဒီမူးယစ်ဆေးက နာခေါင်းနဲ့ မရှူရပါဘူး နားနဲ့ ရှူ အဲ... ထောင်ရမှာပါ။ Electronic Music သီချင်းမျိုးပေါင်းစုံတော့မပါ ပါဘူး။ Trance, PsyTrance နဲ့ Dubstep တွေများပါတယ်။ ဘာတွေလဲဗျ ဆိုပြီး ခေါင်းမစားပါနဲ့။ Definition တွေကအရေးမကြီးပါဘူး။ သီချင်းတွေကို ခံစားနိုင်ဖို့ ကအဓိကပါ။ အတိုချုံးရရင် Trance ဆိုတာ မူးယစ်ဆေးသုံးလို့ နတ်ပြည်ရောက်နေသလို ခံစားရတဲ့ စိတ်အခြေနေကို တင်စားဆိုလိုပါတယ်။ PsyTrance ကတော့ Psychedelic Trance ရဲ့ အတိုပါ။ Trance ကယဉ်ယဉ်လေးဆိုရင် PsyTrance ကအပြင်းစား Trance ပါ။ အသေးစိတ်သိလိုရင် Wikipedia ကို ဒီမှာ link ထားပေးပါတယ် - Trance, PsyTrance, Dubstep.
အရင်က Electronic Music နဲ့ အထိတွေ့ မရှိလို့ဆိုပြီး ဒီ playlist ကိုတန်းကျော်မသွားလိုက်ပါနဲ့။ နားဆင်သူ (စာဖတ်သူ) နားထောင်နေကျ သီချင်းတွေကို ၁၀ မိနစ်လောက် ကြိုးစားခေါက်ထားပြီး နည်းနည်း စမ်းနားထောင် ကြည့်ဖို့တိုက်တွန်းလိုပါတယ်။ Electronic သီချင်းတွေကို သေချာအာရုံစိုက်နား မထောင်ပဲ အမှတ်တမဲ့နားထောင် ကြည့်ရင်သီချင်းအားလုံးက ဒုံချပ် ဒုံချပ် နဲ့ တစ်ပုဒ်တည်းလို့ ထင်ရပါတယ်။ Definition အတိအကျကို ခွဲခြမ်းနားလည်ဖို့ မလိုအပ်ပေမယ့် Electronic သီချင်းတစ်ပုဒ် ကို ခံစားနိုင်ဖို့ ဆိုရင် အသံတွေကိုသေချာခွဲခြမ်း အာရုံပေးဖို့ တော့လိုအပ်ပါလိမ့်မယ်။ တစ်ခြားသီချင်းတွေနားထောင်သလို တစ်ပုဒ်လုံးကို ခြုံပြီးနား ထောင်မဲ့အစား ဘယ်လိုအသံ element တွေနဲ့ ပေါင်းထားတာလဲဆိုတာ ကိုစိတ်ဝင်တစားနဲ့ ခွဲနိုင်ပြီဆိုရင် Electronic Music ဘယ်လို လန်းလဲ ဆိုတာနားဆင်သူ ခံစားနိုင်မှာပါ။ သီချင်းတစ်ပုဒ် က ချပ် ချပ် ချပ် ချပ် အသံခပ်စူးစူးလေးနဲ့ စတယ်ထားပါတော့။ နည်းနည်းကြာတော့ ဒူ ဒူ ဒူ ဒူ နဲ့ အသံခပ်ပြင်းပြင်းကဝင် လာပြီး ချပ် ချပ် နဲ့ ပေါင်းလို့ ဒူချပ် ဒူချပ် ဖြစ်စမှာပဲ နောက်ကနေ တအုံးအုံးနဲ့ bass ကဝင်လာတယ်ပေါ့။ ရုတ်တရက်အသံအားလုံး ရပ်သွားပြီး ၁ second ၂ second လောက်ကြာတော့ ဒူချပ်အုံး ဒူချပ်အုံး ဆိုပြီး ၃ သံလုံးတစ်ပြိုင်တည်း ပြန်စတယ် ...ထားပါတော့ဗျာ။ (ဥပမာပေးတာပါ၊ အရမ်းလွှင့်မျှောမသွားနဲ့ ဦး) ဒီ ဒူနဲ့ ချပ်နဲ့ အုံးနဲ့ စတဲ့အသံ element တွေအားလုံးပေါင်းပြီး Electronic သီချင်းတစ်ပုဒ်ဘယ်လို့ ဖွဲ့ စည်းထားလဲဆိုတာမျိုးကို ခွဲခြမ်းကြည့်စေချင်တာပါ။ ခွဲတတ်တယ်၊ မိုက်တယ်၊ ကြိုက်တယ်၊ ထပ်နားထောင်ချင်သေးတယ် ဆိုရင် MYMC ရဲ့ ပထမဦးဆုံး playlist Trance Station ကိုစမ်းကြည့်နိုင်ပါတယ်။
အသံကို အဆုံးထိကျယ်၊ မျက်စိလေး မိတ်ပြီး နားဆင်သူ ခင်ဗျားစိတ်ကို ဒီအသံလှိုင်းတွေရဲ့ အနိမ့်အမြင့် တွေပေါ်မှာ ကြိုးစားတင်ကြည့်ပါ။ ဒီသီချင်းတွေ နားထောင်ရင်း ဘယ်တုန်းကမှမရောက် ဘူးသေးတဲ့ နေရာတစ်နေရာ ရောက်နေသလိုလို၊ ရုတ်တရက် ကောင်းကင်ပြာပြာ မြက်ခင်း စိမ်းစိမ်းနေရာ တစ်နေရာရောက်သွားသလိုလို၊ အိမ်မက်ထဲမှာ ပျံနေသလိုလို ခံစားမှုမျိုးခံစားရပြီဆိုရင် Trance ကိုနားဆင်တတ်ပြီလို့ ဆိုနိုင်မယ်ထင်ပါတယ်။ စိတ်ဝင်စားရင် လိုက်ကဖို့ပါအကြံပေး ချင်ပါတယ် =) Bass ကောင်းကောင်းနိုင်တဲ့ speaker headphone မျိုးသုံးဖို့ လည်း အကြံပေးချင်ပါတယ်။ လူ့သဘော သဘာဝအကြောင်း နားဆင်သူ နားလည်နိုင်တဲ့ ဘာသာစကားနဲ့ ရေးစပ်ထားတဲ့ သီချင်းမျိုးက လူတိုင်း ခံစားနားလည် နိုင်ပါတယ်။ ဘယ်ဘာသာ စကားမှမပါတဲ့ အသံတွေနဲ့တင် ဖွဲ့စည်းထားတာမျိုးကို ဘာသာပြန်နိုင်ဖို့ ကတော့ခက်ခဲ ပါတယ်။ နားဆင်သူမှာရော Electronic သီချင်းသံတွေကို ဘာသာပြန်နိုင်စွမ်း ရှိပါသလား... ?
psycho_killer | 2010 Nov 22 |
| < Prev | Next > |
|---|



