User Rating: / 0
PoorBest 

Helping Hands 2

E-mail Print PDF

Helping Hand

 

အားလုံးပဲမင်္ဂလာပါ။ အခုဆို ကျွန်တော်တို့ MYMC Helping Hands ရဲ့ ခြေလှမ်းသစ်တစ်ခုကို အောင်မြင်စွာလှမ်းနိုင်ခဲ့ပါပြီ။ ဒီပွဲလေးကတော့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ မူလတန်း၊ အလယ်တန်းကလေး ၄၁ ယောက်ကို ပြင်ပဗဟုသုတရအောင် ကန်တော်ကြီး၊ ဗိုလ်ချုပ် ပန်းခြံဘက်ကို ခေါ်သွားခဲ့ပါတယ်။ ကလေးတွေအတွက် ပျော်ရွှင်ပြီး စိတ်ဓါတ်တက်ကြွစေမယ့် ဂိမ်းကစားနည်းလေးတွေ၊ ကဗျာလေးတွေ၊ ပုံပြင်လေးတွေ ပြောပြပေးခဲ့ပါတယ်။ ကလေးများကိုသာမက ကြွရောက်အားပေးခဲ့ကြတဲ့ ဧည့်သည်များအတွက် နေ့လည်စာကိုလည်း ကြာဇံကြော်နှင့်အအေးများ တိုက်နိုင်ခဲ့ပါတယ်။

၈ ရက်နေ့ ဒီပွဲလေးမတိုင်ခင် ၇ ရက်နေ့ ညကတည်းက မိုးတွေရွာနေတော့ MYMC Helping Hands တစ်ဖွဲ့လုံးက မိုးတိတ်ပါ့မလား၊ တိတ်ပါ့မလားဆိုပြီး စိုးရိမ်နေရပါသေးတယ်။ တကယ်ကိုစိုးရိမ်တဲ့အတိုင်း မိုးကမတိတ်ပဲတနေကုန် တဖွဲဖွဲရွာနေပေမယ့် ပွဲလေးကတော့ တကယ်ကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားနိုင်ခဲ့ပါတယ်။  ကျွန်တော်တို့ ကလေးတွေကို ခေါ်သွားခဲ့တဲ့အမိုးရှိတဲ့ ရုံကြီးအောက်မှာက တစ်ခြားပျော်ပွဲရွှင်ပွဲ လုပ်နေတဲ့ အဖွဲ့တွေလည်းရှိတော့ အဲ့ဒီအဖွဲ့တွေနဲ့ သွားသွားညှိရတာလည်း အခါခါပါပဲ။ သူတို့ကလည်း အဆင်ပြေပြေ ဆက်ဆံပေးခဲ့လို့ တော်ပါသေးတယ်။ နောက်ဆုံး ၃နာရီထိုးလို့ ကားတွေနဲ့ ကလေးတွေကို ကျောင်းပြန်ပို့ပြီးတဲ့အခါမှ  တစ်ဖွဲ့လုံးလည်း သက်ပြင်းချနိုင်ခဲ့ပါတယ်။

 

"Get the Flash Player" "to see this gallery."



ကျေးဇူးတင်လွှာလေးရေးရမယ်ဆိုရင် ပထမဆုံးအနေနဲ့ Helping Hands ရဲ့ themes ကို ပုံဖော်ပေးခဲ့ပြီးတော့ ဒီပွဲလေးအတွက်ကားငှားတာ၊ ဖျာငှားတာကအစ နေ့လည်စာကြာဇံကြော်ကိုပါ လှူပေးခဲ့တဲ့ "Psyche"၊ ပွဲအမှီအင်္ကျီများရိုက်ပေးခဲ့တဲ့ "Charm"၊ ရေဗူးတွေ မုန့်တွေကို အချိန်မှီဝယ်ပေးပြီး မိသားစုလိုက်ကူညီပေးခဲ့တဲ့ "Grace တို့မိသားစု"၊ ရုံးချိန်တွေနဲ့ အားမလပ်တဲ့ကြားကနေ ရအောင်လာပေးခဲ့တဲ့ ကျွန်တော်တို့အမ "မနန္ဒာနဲ့ သူငယ်ချင်းနှစ်ယောက်"၊ ကလေးများနဲ့အတူ ဂစ်တာများတီးပြီး သီချင်းများဆိုပေးခဲ့တဲ့ "Shary"၊ ကိုယ်တိုင် မလာရောက်နိုင်ပေမယ့် အကြံဥာဏ်များပေးခဲ့တဲ့ "မိန်းမိန်း"၊ အလှူငွေများကို တစ်တပ် တစ်အားပါဝင် ကူညီပေးခဲ့တဲ့ Japan မှ "ကို@V (MYMC Dj)", Singapore မှ "ကြက်ဖကြီး (MYMC Dj)"နှင့် "Violin (MYMC Dj)" ကလေးများနဲ့ တပျော်တပါးကစားပေးပြီး လိုအပ်သမျှကူညီပေးခဲ့တဲ့ MYMC မှ အခြားသောသူငယ်ချင်းများဖြစ်တဲ့ "ကိုတွတ်ပီ၊ ကိုအောင်ကိုဦး၊ သန့်စင်၊ရဲနောင်၊ အိမိုး၊ မိုမောင်၊ ဟန်နီချစ်ဆွေ၊ဟန်နီကို"၊ ဒီနေ့မှရောက်လာခဲ့ပြီး မန်ဘာဝင်ကာ ကူညီပေးသွားတဲ့ "နိုင်ဝင်းအောင်၊ မေဦး" တို့ကို ကျွန်တော် "သုည" မှ အထူးကျေးဇူးတင်ပါတယ်။ နောက်ပြီး ကလေးများကို ပုံပြင်ပြောပေးခဲ့တဲ့ "ကိုသန့်ဇင်၊ ကိုကာကြီး၊ ကိုလှိုင်မျိုးဦး၊ မအေးမွန်၊ မပိုးအိ၊ မခင်နှင်းကြည်သာ၊ မသီရိဝင်းသူလွင်၊ မအိရွှေဇင်" တို့ရဲ့"ပုံပြင်ပြောသူများအဖွဲ့ (Story Teller)"၊ အအေးဘူးများ လှူဒါန်းပေးသော သက်ထက်ကောင်း၊ မေဟန်နီကို (helping hands)မေဘရဏီအောင်၊  လိုအပ်သမျှကို ကူညီပေးကြတဲ့ "ကိုအောင်ကိုဦး၊ ကိုဖြိုးသစ်နိုင်၊ ကိုဇာနည်၊ ကိုဇော်ကြီး၊ ကိုသက်နိုင်ဝင်း၊ မဟေလွင်ဦး၊ မသဇင်နှင်း"တို့ရဲ့ "စေတနသုခ ပရဟိတအသင်း"၊ "မခင်မြတ်၊ ကိုစည်သူ"တို့ရဲ "Myanmar Orphans Support Network"၊ ရေကြောင်းတက္ကသိုလ်မှ သူငယ်ချင်းများ၊ လာရောက်အားပေး ကူညီခဲ့ကြသော အားလုံးအားလုံးသော သူငယ်ချင်းများကို MYMC Helping Hands တစ်ခုလုံးမှ ကျေးဇူးတင်ရှိပါကြောင်း...။

 

ရန်ကုန် အဖွဲ့နဲ့ ပတ်သက်ပြီး သိချင်တာများကို ဆက်သွယ်ရန်

Charm [charm@mymclub.net]
Thone Nya [thonenya@mymclub.net]

 

MYMC ရန်ကုန် MOB ထဲမှာ အသင်းဝင်ချင်တယ်ဆိုရင်တော့ အောက်ကပုံလေးမှာ တစ်ချက်နှိပ်ပြီး လျှောက်လွှာတင်လိုက်ပါ။ သေချာစီစစ်ပြီးမှ လက်ခံတာဖြစ်လို့ လျှောက်လွှာတင်တဲ့အခါ မေးထားတာလေးတွေကို တိတိကျကျ ဖြေဆိုပေးပါရန်။

Mob Apply