
ကိုမိုးမိုး မင်္ဂလာ ပါဗျာ။ မင်္ဂလာ ပါခင်ဗျာ။
ကျွန်တော်က MYMC Online Radio က Charm ပါ။ အခုလိုမျိုး ကိုမိုးမိုးနဲ့ အင်တာဗျူး ခွင့်ရတာ ၀မ်းသာပါ တယ်ခင်ဗျာ။ အဆင်ပြေ ပြီဆိုရင် အင်တာဗျူး လေးစမယ် နော်။ ပထမဆုံး ကိုမိုးမိုး ကို ချစ်တဲ့ ပရိသတ် အတွက် ကိုမိုးမိုး ရဲ့နာမည် အရင်း၊ အသက်နဲ့ ငယ်ငယ် တုန်းက အကြောင်း လေး နည်းနည်း လောက် ပြောပြ ပေးပါလား။
ဟုတ်ကဲ့ပါ။ ကျွန်တော့်ရဲ့ နာမည်အရင်းက မိုးစည်သူကျော်လို့ ခေါ်ပါတယ်။ အသက်ကတော့ ကျွန်တော် 28 ထဲမှာပါ။ ငယ်ဘ၀အကြောင်း ပြောရမယ်ဆိုရင်တော့ သိပ်ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ ငယ်ဘ၀တုန်းက တခြားသာမန် ကျောင်းသားတွေလိုပဲ တခြားကလေး တွေလိုပဲ ကျောင်းတက်တယ် ဆယ်တန်းအောင်တယ်။ တစ်ခုတော့ ရှိတာပေါ့နော်။ ကျွန်တော်က သူများနဲ့ နည်းနည်းလေး မတူတာလေးတစ်ခုက မတူတာဆိုတာ တော်တော်များများနဲ့ မတူတာပေါ့နော်။ ကျွန်တော် 4 တန်းမှာ စပြီး ဂီတာစတီးပါတယ်။ ကျွန်တော် ပထမတန်း သူငယ်တန်းစာမေးပွဲအပြီးမှာစပြီး ရော့ခ်သီချင်းတွေစပြီး နားထောင်ပါတယ်။ နားထောင်တဲ့ သီချင်းတွေထဲမှာ ပထမဆုဆိုတဲ့ သီချင်းတွေပါပါတယ်။ ပြီးတော့ကျတော့ မုန်းမေ့ဖို့ခက်တယ်ဆိုတဲ့ သီချင်းမျိုးလည်း ပါပါတယ်။ လျှပ်စစ်မိုးကောင်းကင် တစ် နှစ်ပေါ့နော်။ အဲ့ဒါမျိုး စနားထောင်ခဲ့ပါတယ်။ ဒါငယ်ဘ၀နဲ့ပတ်သက်ပြီး ဂီတနဲ့ ကျွန်တော်ဆက်နွယ်နေတဲ့ အကြောင်းလေးတွေပါ။ အဲ့ဒါ ပြီးသွားတဲ့အခါမှာ 10 တန်းအောင်တဲ့အခါကျတော့ အိမ်ကတော့ ဆေးကျောင်း တတ်စေချင်တယ်။ ဆေးကျောင်းတတ်ရင် ကျွန်တော် မန္တလေးမှာပဲနေရမှာ။ ကျွန်တော်မုံရွာကကိုး၊ မုံရွာသားကိုး။ အဲ့ဒီတော့ မုံရွာက 10 တန်း အောင်ပြီးသွားရင် ဆေးကျောင်းတတ်ရင် မန္တလေးမှာပဲတတ်ရမှာ။ ဒါပေမယ့် မန္တလေးမှာနေရင် ကျွန်တော်လုပ်ချင်တဲ့ ဒီ Music နဲ့ ပတ်သက်ပြီးလုပ်ဖို့ အခွင့်အရေး မရမှာစိုးတဲ့အတွက် ဆေးကျောင်းမတတ်ဘဲ ရေကြောင်းသိပ္ပံ တတ်လိုက်တယ်။ တတ်ပြီး ရန်ကုန်မှာ လာနေတယ်။ ရေကြောင်းသိပ္ပံ မဆင်းခင်မှာ စပြီးတော့ ဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။
ကိုမိုးမိုးရဲ့ အနုပညာဘ၀ အစပေါ့နော်၊ ဒီအနုပညာလောကထဲကို ဘယ်လိုလုပ်ရောက်လာခဲ့လဲ ဆိုတာလေးပြောပြပေးပါဦး။
အနုပညာလောကထဲကို ဘယ်လိုစရောက်လာသလဲဆိုတော့ ကျွန်တော်က ဒီဇင်ဘာစတူဒီယိုမှာ ကျွန်တော့်ရဲ့အခွေ အကြမ်းလေးကို လုပ်ပါတယ်။ ဒီဇင်ဘာစတူဒီယို ကိုကျော်စိုးနိုင်တို့ စတူဒီယိုမှာ။ အဲ့ဒါက ကျန်တဲ့ music တွေ ကျန်တဲ့ instrument တွေကိုကျွန်တော်တီးပြီး drum ကိုတော့ ကိုဖိုးသက်ပေါ့နော်၊ မြေပဲယိုအဖွဲ့မှာ drum တီးမယ့် ကိုဖိုးသက်တီးပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ နှစ်ယောက်တည်း တီးတယ်။ ပြီးသွားတဲ့အခါ ကိုဖိုးသက်ကို ဒီ music နဲ့ပတ်သက်ပြီး အလုပ်လုပ်ချင်တယ် ဘာညာနဲ့ သူ့ကိုအကူအညီတောင်းလိုက်တဲ့ အခါကျတော့ သူကကျွန်တော့်ကို မြေပဲယိုအဖွဲ့ထဲမှာ ဂစ်တာတီးမလား ဆိုပြီးတော့နော်။ ပထမဆုံး base ဂီတာစတီးပါမလားဆိုတော့ အဲ့မှာစပြီးတော့ အလုပ်လုပ်ဖြစ်တဲ့နောက်ပိုင်းက စပြီးဝင်ရောက်ခဲ့တယ်ပေါ့နော်။ အဓိက ဒီအနုပညာလောကထဲကို ကျွန်တော့်ကိုစပြီး ခေါ်လာတာက ဒီဇင်ဘာစတူဒီယို၊ ကိုကျော်စိုးနိုင် ပြီးတဲ့အခါကတော့ ကိုဖိုးသက်ပေါ့နော်။ အဲ့ကနေ မြေပဲယိုအဖွဲ့ထဲကို ရောက်ရှိလာတာ ပေါ့နော်။ မြေပဲယိုက ကျွန်တော့်ရဲ့ အနုပညာနဲ့ပတ်သက်လို့ motherland ခေါ်တာပေါ့။
မြေပဲယိုအပြင် တစ်တီတူးအဖွဲ့မှာလည်း အကိုပါတယ်နော်။ အဲ့ဒီအဖွဲ့တွေတုန်းက အတွေ့အကြုံလေးလည်း ပြောပြပေးပါဦး။
မြေပဲယိုအဖွဲ့မှာတော့ ကျွန်တော်က player တစ်ယောက်အနေနဲ့ပေါ့နော်။ player တစ်ယောက်အနေနဲ့ ပြီးတော့ကျတော့ song producer တစ်ယောက်အနေနဲ့ပဲ ရပ်တည်ခဲ့ပါတယ်။ အဆိုတော် တစ်ယောက်အနေနဲ့ မရပ်တည်ခဲ့ပါဘူး။ compose အနေနဲ့လုပ်ရတာ သီချင်း 10 ပုဒ် လောက်ရှိရင် ကျွန်တော် နှစ်ပုဒ် သုံးပုဒ်လောက်ကို အတူတူ combination တီး။ team work ရအောင်လို့ ဥပမာ lady phone ဆိုတဲ့ သီချင်းမျိုးဆိုရင် ကျွန်တော်တို့တွေ ပေါင်းပြီးတော့ ရေးခဲ့ပါတယ်။ ဒါမြေပဲယိုအဖွဲ့ပေါ့နော်။ နောက်ပိုင်းမှာ မြေပဲယိုအဖွဲ့က ကျွန်တော်နဲ့ အကြောင်းကြောင်းကြောင့် မြေပဲယိုအဖွဲ့မှာ ကျွန်တော်မပါဖြစ်ပေမယ့် ဒီ မြေပဲယိုကလူတွေနဲ့ အခုလက်ရှိ ခင်ကြမြဲ ချစ်ကြမြဲပါပဲ။ အဲ့ဒါ မြေပဲယိုအဖွဲ့ပေါ့နော်။ ကျန်တဲ့ တစ်တီတူးဆိုတဲ့ အဖွဲ့ကတော့ ကျွန်တော် အဆိုတော်လုပ်မယ်ဆိုတဲ့အခါ သူများတကာလို band လေး ဖွဲ့ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံဂီတ စီးပွားရေးအရ ဘာလဲဆိုတော့ အဲ့လို band တွေလုပ်ကြတဲ့အခါ တအားအောင်မြင်တဲ့ band တွေလောက်ပဲ စီးပွားရေးအရ တွက်ခြေကိုက်ပါတယ်။ မအောင်မြင်ရင်ကျတော့ ဘာလဲဆိုတော့ အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တစ်ယောက်တည်း ရပ်တည်နေတာပါ။ ဖြစ်နိုင်ရင်တော့ ကျွန်တော် band လေးတွေ ထပ်ပြီးတော့ ဖွဲ့ချင်ပါသေးတယ်။ ကျွန်တော်က ဂီတာတီးပြီးတော့ base တီးတဲ့လူနဲ့ drum တီးတဲ့လူနဲ့ keyboard တီးတဲ့သူနဲ့ပေါ့နော်။ အဲ့လိုမျိုး အဲ့လိုမျိုးလေးတွေ သွားချင်ပါသေးတယ်။ ဒါပေမယ့် တစ်တီတူးဆိုတာ ကျွန်တော်လုပ်ချင်လို့လုပ်ခဲ့တဲ့ band လေးပါ။
ဒါဆို အခုလတ်တလော ကိုမိုးမိုးရဲ့ အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါ ခင်ဗျာ။အခုလတ်တလော လှုပ်ရှားမှုကတော့ ကျွန်တော် လာမယ့် 17 ရက်နေ့မှာ မော်လမြိုင်မှာ မော်လမြိုင်ဘက်ပေါ့နော်။ မွန်ပြည်နယ်မှာ ကျွန်တော် သီချင်း ဆိုဖို့အတွက် သီချင်းလာတိုက်နေပါတယ်။ အဲ့ဒါပြီးသွားတဲ့အခါကျတော့ လောလောဆယ် ကျွန်တော့်ရဲ့ စီးရီးပေါ့နော်။ တနင်္ဂနွေ မိုးရေစက်များအပြီးမှာ အတ္တကြီးနေသည်ဆိုတဲ့ စီးရီး စီစစ်ရေးလည်း အကုန်ကျပါပြီ။ အတီးပိုင်း အချောသတ်နေပါတယ်။ တီးတာတော့ ကျွန်တော်ရယ်၊ ပြီးတော့ကျတော့ drumer ဝေဖြိုးဆိုတဲ့ drumer တီးပါတယ်။ လောလောဆယ် အတီးသမား တွေပေါ့နော်။ ပြီးတဲ့အခါကျတော့ ကျွန်တော် 22 မှာ ရန်ကုန်မှာ မျှော်စင်ကျွန်း မှာ စတိတ်ရှိုးဆိုပါမယ်။ 23 အကယ်ဒမီသွားပါမယ်။ 24 မေမြို့တက်ပြီး ကားကြီး ရိုက်ပါမယ်ခင်ဗျာ့။
အကိုရဲ့ single album ဖြစ်တဲ့ တနင်္ဂနွေမိုးရေစက်များက အရမ်းအောင်မြင်ခဲ့ တယ်နော်။ အဲ့ဒီအခွေကို ဘယ်လိုစီစဉ်ခဲ့တယ် ဆိုတဲ့အကြောင်းနဲ့၊ လုပ်တုန်းက တွေ့ကြုံရတဲ့ အခက်အခဲလေးတွေပေါ့ ပြောပြပေးပါဦး။
တနင်္ဂနွေမိုးရေစက်များမှာ ထူးခြားတာပေါ့နော်။ ထူးခြားတာဘာလဲဆိုတော့ တစ်ခွေလုံး ရှိသမျှ instruments တွေ အကုန်လုံး drum လေးပုဒ်ပဲ Johnkode နဲ့ akeno ကူညီတီးခတ်ပေးပြီးတော့ ကျန်တဲ့ instrument တွေ အကုန်လုံး ကျန်တဲ့သီချင်းတွေအားလုံး ကျွန်တော် တစ်ယောက်တည်း တီးထားပါတယ်။ ကျွန်တော် တစ်ယောက်တည်း အားလုံး ရေးထားပါတယ်။ ဒီအခွေလုပ်တုန်းက အတွေ့အကြုံကတော့ ပြောရမယ်ဆိုရင်တော့ ကောင်းခြင်း မကောင်းခြင်း တွေပေါ့။ ကောင်းကျိုးကတော့ ကိုယ့်ဟာကိုအိမ်မှာ home stuido လုပ်ပြီး ကိုယ့်သီချင်းတွေ ကိုယ်တီးနေရတဲ့အတွက် ပန်းချီကားတစ်ချပ်ကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ခြယ်သနေရ သလိုပေါ့နော်။ သီချင်းတစ်ပုဒ်ကို အမြဲတမ်း သနေတာ။ ဒီတစ်ပုဒ်က ဘယ်ဟာလေး လိုအပ်နေတယ်၊ ဘယ်ဟာထပ်ထည့်ရင် ကောင်းမလဲ၊ ထပ်ထည့်ရင် မကောင်းဘူးဆိုလည်း ဖြုတ်ပေါ့နော်။ ဥပမာ နောက်ဆုံး arrangement ကအစ ep အသံလေး ဥပမာ piano အသံလေးပေါ့နော်။ piano အသံက ဒီအသံလေး မကောင်းဘူးဆိုရင် ဒီအသံထက် ဘာအရာက ပိုပြီးလိုက်ဖက်သလဲ၊ အသေးစိတ်က အစပေါ့နော်။ ကိုယ့်ဟာကို လုပ်ဖို့အတွက် အခွင့်အရေး ရသွားတယ်။ ဒါက ကောင်းကျိုးပေါ့။ မကောင်းတဲ့ အချက်တစ်ချက်က ဘာလဲဆိုတော့ တစ်ခွေလုံးကိုယ့်ဟာကို တီးရတော့ ပင်ပန်းတယ်။ ပင်ပန်းတယ်၊ ပြီးတော့ကျတော့ ဘာလဲဆိုတော့ နောက်တစ်ခုက အစအဆုံး ကိုယ့်ဟာကိုလုပ်ရတဲ့ အတွက်ပေါ့နော်။ ၀ီတယ်ခေါ်တာပေါ့နော်၊ ဘာခေါ်မလဲ ကောင်းတယ် မကောင်းဘူးဆိုတာ ဆုံးဖြတ်ရ တအားခက်သွားတယ်။ တအားခက်သွားတယ်၊ အဲဒီတစ်ချက်ပေါ့နော်။ အတွေ့အကြုံအရ။ အဲ့ဒါကြောင့်မို့ အခု အတ္တကြီးနေသည် မှာဆိုရင် ကျွန်တော် သီချင်းတွေအားလုံးကို ရွေးချယ် ထုတ်နုတ်။ ပြီးသွားတဲ့အခါကျမှ အစအဆုံး ပြန်တီးတာ။ တနင်္ဂနွေမိုးရေစက်များ တုန်းကကျတော့ အဲ့လိုမျိုးမဟုတ်ဘူး။ သီချင်းတွေအားလုံးကို ဒီတစ်ပုဒ် တီးတယ်။ နောက်တစ်ပုဒ် တီးတယ်။ တီးပြီးသွားရင် အဲ့နှစ်ပုဒ်ကို ပြန်ညှိတယ်။ နောက်တစ်ပုဒ် တီးတယ်။ ပြန်ညှိတယ်။ အဲ့လို အဲ့လို ညှိညှိသွားတာပေါ့နော်။ အဲ့လိုမဟုတ်ဘူး အခုဟာကျတော့။ 12 ပုဒ် ပါတယ်။ 12 ပုဒ် လုံးကို အစအဆုံး အုန်းဆို ပြန်တီးတယ်။ အဲ့လိုမျိုး စလုပ်တယ်ပေါ့နော်။ ပြီးတဲ့အခါကျတော့ ကျွန်တော်တစ်ယောက်တည်း တီးတာ မဟုတ်တော့ဘဲ drumer ဝေဖြိုးဆိုပြီးတော့ သက်သက်ခေါ်ပြီး တီးလိုက်ပါတယ်။ ပြီးတော့ additional player အနေနဲ့ ထပ်ပြီးပါရဦးမယ်နဲ့ တူပါတယ်။ piano အနေနဲ့ပေါ့နော်။
အခု ဒီ အတ္တကြီးနေသည် က ဘယ်အချိန်လောက်ထွက်မလဲ။
သင်္ကြန်အပြီး။ သင်္ကြန်အပြီးထွက်ဖို့ အခုလုံးဝ target ထားလိုက်ပါပြီ။
ကိုမိုးမိုးက ဂီတဘက်မှာအပြင် ရုပ်ရှင်ဘက်မှာလည်း အောင်မြင်နေပြီပေါ့ခင်ဗျာ။ ကိုမိုးအနေနဲ့ ဘယ်ဘက်ကိုပိုပြီး အားသန်လဲ။
ကျွန်တော်က အနုပညာတစ်ခုကို ဖန်တီးရတာ အနုပညာတစ်ခုကို လုပ်ဆောင်ရတာကို ကြိုက်တာပါ။ အဲ့တော့ ဘယ်အနုပညာပဲနေနေ ကျွန်တော့်ရင်ထဲမှာ အတူတူပါပဲ။ ဒါပေမယ့် ကျွန်တော်ပိုပြီး ဘယ်လိုခေါ်မလဲ ဆယ်စုနှစ် တစ်ခုကျော် အထိပေါ့နော်။ ကျွန်တော် လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင်လာတဲ့ ဂီတအလုပ်လုပ်ရတဲ့ အခါကျတော့ ရုပ်ရှင်အလုပ် လုပ်ရတာထက် ပိုပြီးတော့ ပိုပြီး လွယ်လွယ်ကူကူ လေးနဲ့ပေါ့နော်။ ပိုပြီး ဘယ်လိုခေါ်မလဲ ပိုပြီးအသားတကျ ဖြစ်တာပေါ့နော်။ အသားတကျ ဖြစ်တာပေါ့။ ပြောရမယ်ဆိုရင်တော့ ရုပ်ရှင်လုပ်တာထက် ဂီတလုပ်ရတာ ကျွန်တော့်အတွက် နည်းနည်းလေးပိုပြီး လွယ်ကူပါတယ်။ ရုပ်ရှင်အလုပ် လုပ်ရတာကျတော့ အခုအချိန်မှာ ကျွန်တော့်အတွက် သက်တမ်းကလည်း တအားနုတဲ့ အတွက်ပေါ့နော်။ ရုပ်ရှင်မှာကျတော့ နည်းနည်းလေး ကြိုးစားပမ်းစား ခဲရာခဲဆစ် လုပ်ရတာမျိုးလေးတွေ ရှိပါတယ်။ ဘာပဲနေနေ၊ ဘယ်အနုပညာပဲ လုပ်ရသည်ဖြစ်စေ ဘယ်အနုပညာမို့လို့ ဆိုပြီးတော့ ကျွန်တော် အဲ့လိုမျိုးတော့ မရှိပါဘူး။ အကုန်လုံးကို ကြိုက်ပါတယ်။ အကုန်လုံးကိုလည်း နှစ်သက်တယ်။ နောက်ဆုံး ပန်းချီဆွဲတာ ဓါတ်ပုံရိုက်တာကအစ ကျွန်တော် တအား ၀ါသနာပါပါတယ်။
ကိုမိုးမိုးရဲ့ ဒီအနုပညာလောကအပေါ် ထင်မြင်ချက်လေးလည်း သိချင်ပါတယ်။
အနုပညာလောကအပေါ် ထင်မြင်ချက်ဆိုတော့ အနုပညာလောကက အပြင်လူမြင်ကြတဲ့ အနုပညာလောကက ရှုပ်ထွေးတယ်ပေါ့နော်။ အမှန်ကတော့ အနုပညာလောကက မရှုပ်ထွေးပါဘူး။ တစ်ချို့ တစ်ချို့ပေါ့နော်။ နေရာတိုင်းမှာတော့ စုန်းပြူးဆိုတာ ရှိတယ်ပေါ့နော်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်စေချင်ပါဘူး။ အနုပညာလောကက မရှုပ်ထွေးပါဘူး။ တအားလည်း ပျော်စရာကောင်းပြီး တအားလည်း လွတ်လပ်ပါတယ်။ ဒါလည်း တစ်ယောက်နဲ့တစ်ယောက် တအားရင်နှီး ချစ်ခင်ကြပါတယ်။ ကူညီရှိုင်းပင်းတဲ့ နေရာမှာ အပြင်က လူတွေထက် ကျွန်တော်တို့ ဂီတလောက၊ အနုပညာလောက၊ ရုပ်ရှင်လောက အားလုံးကလေ ပိုပြီးညီအစ်ကိုရင်းသမျှ မောင်နှမရင်းချာလို ချစ်ခင်ရင်းနှီးကြပါတယ်။ တစ်ခုရှိတာပေါ့နော်။ ဂီတလောကပဲနေနေ၊ ရုပ်ရှင်လောကပဲနေနေ ဒီထက်ပိုပြီးတော့ တိုးတက်ဖို့ ဒီထက်ပိုပြီးတော့ လုပ်ဖို့ဆိုတာ အားလုံးမှာဝန်ရှိပါတယ်။ ဘယ်သူကြောင့် ဘယ်ဝါကြောင့်လို လက်ညိုးထိုးပြီး ပြောနေမယ့်အစား ကိုယ့်လုပ်ရမှာ ဒီဟာကို အကောင်းဆုံးဖြစ်အောင် ဖန်တီးတာ အကောင်းဆုံးပါပဲ။ အခုဟာ ကျွန်တော်တို့ အခုကြည့်ရတာက လွန်ခဲ့တဲ့ နှစ်နှစ် သုံးလေးငါးနှစ် လောက်ကထက်စာရင် အနုပညာလောကက ပိုပြီးတိုးတက်လာတယ်လို့ မြင်ပါတယ်။ အနုပညာလောကကိုလည်း ပိုပြီး သန့်သန့်ရှင်းရှင်းလေး ကြည်ကြည်လင်လင်လေး ဖြစ်လာတယ်လို့ ကျွန်တော်မြင်ပါတယ်ခင်ဗျ။
အကို့အနေနဲ့ ပထမဦးဆုံး ရှိုးပွဲအတွေ့အကြုံနဲ့ ခံစားချက်လေးလည်း ပြောပြပေးပါဦး။ကျွန်တော် သီချင်းဆိုတာက ရှိုးပွဲအနေနဲ့ စတက်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော် ဂီတာသမားအနေနဲ့ အရင်ဆုံး စတက်ခဲ့တာပါ။ ဂီတာသမား အနေနဲ့ ဘယ်နှစ်ခုနှစ်က စတက်ခဲ့လဲဆိုတော့ 1996 ခုနှစ်၊ ကျွန်တော် 6 တန်း ကျောင်းသားတုန်းက ဂီတာစတီးပြီးတော့ စင်ပေါ်တတ်ခဲ့ပါတယ်။ အဲ့တော့ ရှိုးအတွေ့အကြုံ afraid of stage ခေါ်တာပေါ့နော်။ စတိတ် ဆိုတာကြီးကို ကြောက်တာပေါ့။ fear ဖြစ်တာပေါ့။ ကျွန်တော့်အနေနဲ့ မမှတ်မိတော့ဘူး။ အခု အဆိုတော်အနေနဲ့ စင်ပေါ်တက်မယ် ဆိုတဲ့အခါမှာ ကြောက်ခြင်း ပျာခြင်း တအားနည်းသွားပါတယ်။ ဒါပေမယ့် တစ်ခုရှိတာ ရေကြောင်းသိပ္ပံမှာ ကျွန်တော် New Year night ပေါ့နော်။ ကျွန်တော်တို့ ဒီ party လေး လုပ်ပေးတယ်။ ဒီ party က စတိတ်ရှိုးပေါ့။ အပြင်က အဆိုတော်တွေလည်း လာဆိုတယ်။ ကျွန်တော်တို့တွေလည်း တက်ဆို ကြတယ်။ အဲ့ဒီ အချိန်မှာတော့ ဘာလဲဆိုတော့က အောက်ဘက်မှာ ကြည့်နေတာတွေက ကျွန်တော်တို့ရဲ့ ပို့ဆောင်ဝန်ကြီးဌာန ၀န်ကြီးရှိတယ်။ ပြီးတော့ ကျောင်းအုပ်ကြီးရှိတယ်။ ပြီးတော့ကျတခြား ဆရာတွေကော ဆရာမတွေကော အကုန်ရှိတော့ အဲ့မှာတော့ ကြောက်ဖူးတယ်။ အဲ့မှာတော့ ကြောက်ခဲ့ဖူးတယ်။ အသံတွေ ဘာတွေလည်း တုန်ခဲ့ဖူးတယ်။ ဒါတော့ မှတ်မှတ်ရရပါပဲ။ ဒါပေမယ့် အဆိုတော် တစ်ယောက်အနေနဲ့ public တွေနဲ့ စင်ပေါ် စတတ်တဲ့ အချိန်မှာတော့ အဲ့လိုကြောက်ခြင်း၊ တုန်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် tension လေး နည်းနည်းရှိခဲ့ဖူးတဲ့ အချိန်တစ်ခါတော့ ရှိပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ မြရိပ်ညိုမှာပါ။ ကျွန်တော် စတိတ်ရှိုး တက်တော့မယ် ဆိုတဲ့အခါမှာ ဘေးနားမှာ ဟိုဘက်က ထူးအိမ်သင်က ကျွန်တော် စင်ပေါ်တက်သွားတာကို ခြေဆုံးခေါင်းဆုံး ကြည့်တယ်။ ကျွန်တော် သီချင်းဆိုတာကို ဘီယာပုလင်းလေး ကိုင်ပြီးတော့ ဒီစင်ဘေးကနေ ပေါ့နော်။ ကြည့်နေတဲ့အခါမှာ ကျွန်တော်၊ ကျွန်တော် သီချင်းဆိုတာကို သေနတ်တစ်လက်နဲ့ ချိန်ထားသလိုပဲ ခံစားရတယ်။ လုံးဝ မလွတ်လပ်တော့ဘူး။ ဒီလူကြီး ကြည့်နေတဲ့ အတွက်ပေါ့နော် ဆိုရတာ အဆင်မပြေတော့ဘူး။ အဲ့လို ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော့်ဘ၀မှာ စုစုပေါင်းအဲ့ဒီနှစ်ကြိမ်ပေါ့နော်။ ကျန်တာကတော့ စင်ပေါ်ရောက်တာနဲ့ ကျွန်တော် စင်ပေါ်မတက်ခင် အချိန်ကထက် ပိုပြီးတော့ ငြိမ်သွားပါတယ်။ ကျွန်တော် တစ်ခုတော့ရှိတယ်။ စင်ပေါ် မတက်ခင်တော့ ကျွန်တော်တော်တော် စိတ်လှုပ်ရှား တတ်ပါတယ်။ စင်ပေါ်ခြေချမိလိုက်ပြီ ဆိုရင်တော့ စိတ်လှုပ်ရှားတာ ဘာမှမရှိတော့ပါဘူး။
ပြည်ပမှာကော ရှိုးပွဲတွေဆိုဖို့ အစီအစဉ်ရှိလားခင်ဗျ။
ရှိပါတယ်ဗျ။ ပြည်ပမှာတော့ သင်္ကြန်မတိုင်ခင်ကော၊ သင်္ကြန်ပြီးရင်ကော ကျွန်တော်တို့ရှိပါတယ်။ ဟိုပေါ့နော်၊ ပြည်ပခရီးစဉ်တွေပေါ့။ ထုံးစံအတိုင်း ပြည်ပခရီးစဉ်ဆိုတာ visa အဆင်ပြေမှ visa ရပြီဆိုမှ ပြောလို့အဆင်ပြေတာလေ။ confirm မဖြစ်သေးဘူးလို့ပဲ ပြောရမှာပေါ့နော်။ visa မရမချင်းပေါ့။
အကို့အနေနဲ့ ဒီနှင်းဆီအဖွဲ့နဲ့ အငြိမ့်တွေလည်း ကခဲ့ဖူးခဲ့တယ်။ ကရတဲ့အချိန်၊ အငြိမ်ကရတဲ့အချိန်ရဲ့ ခံစားချက်လေးကို ပြောပြပေးပါဦးခင်ဗျ။
ခံစားချက်ကတော့ လိုရင်းတိုရှင်း ပြောရမယ်ဆိုရင် ပျော်ပါတယ်။ ၀မ်းသာပါတယ်။ တစ်ခုရှိတာ ကျွန်တော်တို့ကို အခုလိုမျိုးပေါ့။ နှင်းဆီအငြိမ့် ရယ်လို့ဖြစ်အောင် အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ ဒီနှင်းဆီအဖွဲ့လေးကို ကဖို့အတွက် ခွင့်ပြုပေးခဲ့ကြတဲ့ လူကြီးမိဘတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ တစ်ခုရှိတာက နောက်ဆုံးကသွားခဲ့တဲ့ ထာဝရနှင်းဆီက ကျွန်တော်တို့ စင်ဆာကြိုး မဖြတ်လိုက်ရပါဘူး။ စင်ဆာကြိုး မဖြတ်လိုက်ရဘူးဆိုတာ ဒီထဲမှာ လူကြီးမိဘတွေက အကြောင်းကြောင်းကြောင့် လာမကြည့်နိုင်ဘူး။ လာမကြည့်နိုင်တဲ့အတွက် ကျွန်တော်တို့ တစ်ချို့အလုံးတွေကို ပြောသင့်မပြောသင့်ဆိုတာ ကျွန်တော်တို့ မဆုံးဖြတ်ရသေးဘူးပေါ့နော်။ မဆုံးဖြတ်ရသေးလို့ အဲ့လိုဖြစ်သွားတဲ့အတွက် တစ်ချို့ဟာတွေကို ကျွန်တော်တို့ဒီကနေ ဒုတိယံမိ ထပ်မံပြီး ၀န်ချတောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်ကမယ့် အငြိမ့်တွေပေါ့နော်။ နောက်ကမယ့်အငြိမ့်ဆိုတာ ပြည်တွင်းမှာကဖို့ တအား ရှားသွားပါပြီ။ နောက်ကမယ့်အငြိမ့်တွေကိုလည်း ဒီလိုမျိုး ကျွန်တော်တို့ လူကြီးမိဘတွေနဲ့ တိုင်တိုင်ပင်ပင်ပဲ သူတို့ ဒါပြောဆိုပြောမယ် ဒါမပြောနဲ့ဆို မပြောဘူးပေါ့နော်။ အဲ့လိုဟာမျိုး တကယ်ညှိနှိုင်းပြီးတော့မှ ကျွန်တော်ရှေ့ဆက်ပြီး ဒီအငြိမ့်ကိစ္စကို လုပ်သွားမှာပါ။ ကျွန်တော်တို့သဘောနဲ့ ကျွန်တော်တို့လုပ်ဖို့ ဘယ်တော့မှ မကြောင်းမရှိပါဘူး။ ကျွန်တော်တို့သဘောနဲ့ ကျွန်တော်တို့ ဒီပြောရမယ့် စကားတွေကိုပေါ့နော် ကိုယ့်သဘောနဲ့ကိုပြောတာ မဖြစ်စေရအောင်တော့ ကျွန်တော်တို့အားလုံး သဘောတူထားကြပါတယ်။
အကို့အနေနဲ့ သာမန်လူတစ်ယောက်အနေနဲ့ ဒါမှမဟုတ် သာမန်လူတစ်ယောက် အခြေအနေနဲ့ အနုပညာ လူတစ်ယောက်အနေနဲ့ ကွာခြားချက်မျိုး ဘယ်လို ထူးထူးခြားခြား ခံစားရလဲ ကွာခြားပြီးတော့ ပေါ့နော်။ အရင်ဘ၀ကို ပြန်လိုချင် မိတာမျိုးကော ရှိလားခင်ဗျ။တစ်ချို့ အချိန်တွေမှာတော့ အရင်ဘ၀ကို ပြန်လိုချင်တာမျိုး ရှိခဲ့ဖူးပါတယ်။ ဥပမာပေါ့နော် ယုဇနပလာဇာလိုမျိုး နေရာကို ရောက်သွားတဲ့ အချိန်ပေါ့နော်။ ယုဇနပလာဇာလို နေရာမျိုးရောက်သွားတဲ့ အချိန်ကြရင် ကိုယ်ကကိုယ်ကြိုက်တာကိုယ် ၀ယ်ချင်တယ်။ ဈေးကြီးကြီးဗျာ၊ ဈေးပေါပေါဗျာ ကိုယ်ကြိုက်ရင်ဝယ်မှာပဲ။ အခုလည်း ၀ယ်တာပါပဲ။ ဈေးပေါရင်လည်း ၀ယ်တာပဲ။ ဈေးကြီးရင်လည်း ၀ယ်တာပဲ။ ဒါပေမယ့် တစ်ခုရှိတာ ပေါ့နော်။ တစ်ခု ရှိတာပေါ့။ ပြည်သူချစ်တဲ့ အနုပညာရှင် ပြည်သူအထင်ကြီး ပြည်သူလေးစားတဲ့ အနုပညာရှင် ဖြစ်သွားတဲ့အတွက် အရင်ကလိုပေါ့ ဘောင်းဘီတို စွပ်ကျယ်စုတ်နဲ့ ကျွန်တော်အပြင်ထွက်လို့ မရတော့ဘူး ပေါ့နော်။ အနည်းဆုံးတော့ လူမြင် သင့်တော်မယ့် အ၀တ်အစားမျိုး ၀တ်သွားရတယ်။ နောက်ပြီးကျတော့ နောက်တစ်ခုက ဘာလဲဆိုတော့ လမ်းပေါ်မှာ ဂီတာ ထိုင်တီးချင်တယ်။ အဲ့ဒါ ကျွန်တော်တို့နယ်မှာ မုံရွာပေါ့နော်။ ရန်ကုန်မှာတော့ ဒီယဉ်ကျေးမှုက နယ်ထက်စာရင် နည်းနည်းလေး နည်းတယ်လို့ ထင်ရပါတယ်။ ရည်းစားအိမ်ရှေ့မှာ ဂီတာသွားတီးတာတို့ ဘာတို့ပေါ့နော်။ အဆောင်ရှေ့မှာ ဂီတာသွားတီးတာတို့ ဘာတို့ပေါ့နော်။ အဲ့ဒါမျိုး။ အဲ့ဒါမျိုး ပြန်လုပ်ချင်ပါတယ်။ နောက်တစ်ခု ကလည်း ကိုယ်အနုပညာသမား ဖြစ်လာတဲ့အတွက် ကိုယ်လုပ်ချင်တဲ့အနုပညာ ကိုယ်လုပ်ချင်တဲ့ဂီတကို ကိုယ်လုပ်ရတဲ့အတွက် အဲ့ဒါလည်း ကျေနပ်ပြန်တယ်။ အဲ့ဒါလည်း ကျေနပ်တယ်။ နောက်ပြီးကျတော့ နောက်တစ်ခုက ကိုယ်လုပ်တဲ့အနုပညာ ကိုယ်လုပ်တဲ့ ဒီဂီတ သို့မဟုတ်ပေါ့နော် ရုပ်ရှင် သိုမဟုတ် အဲ့လို အငြိမ့်ပေါ့နော် အားလုံး ပရိသတ် နှစ်နှစ်ခြိုက်ခြိုက် လက်ခံတဲ့ အတွက်လည်း အရမ်းဝမ်းသာ ပီတိဖြစ်တယ်။ အဲ့လိုအားပေးတဲ့ ပရိသတ်တွေကိုလည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
ကိုမိုးမိုးအနေနဲ့ ဒီအနုပညာလုပ်ငန်းတွေအပြင် တခြားဘာတွေလုပ်ဖို့ စိတ်ကူးထားသေးလဲလို့ဗျာ။
အခုလောလောဆယ်ကတော့ ဘာမှစဉ်းစားမထားရသေးပါဘူးခင်ဗျ။ အနုပညာအလုပ်တစ်ခုကိုပဲ လုပ်နေရပါတယ်။ အဲ့ဒါနဲ့တင် အိပ်ချိန် စားချိန် မမှန်သေးပါဘူး။ ကျန်တဲ့အလုပ်လုပ်ဖို့ စဉ်းစားဖို့ကို အချိန်မရှိသေးပါဘူးခင်ဗျ။
တကယ်လို့ အနုပညာရှင်မဖြစ်ခဲ့ဘူးဆိုရင် အကိုဘာဖြစ်နေမယ်လို့ထင်လဲ။
ကျွန်တော် ၊ ကျွန်တော် ငယ်ငယ်ကတည်းက သံဓိဌာန်ချထားတယ်။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ကျွန်တော် အနုပညာသမား ဖြစ်ရမယ်။ အနုပညာသမားဖြစ်ပြီးမှ ကျန်တဲ့ဘ၀တစ်ခုကို ကျွန်တော်ကူးပြောင်းမှာပါ။ အဲ့ဟာဆိုတော့ အခုချိန်မှာ ကျွန်တော် အနုပညာသမား မဖြစ်သေးဘူးဆိုရင် ဖြစ်အောင်ကြိုးစားနေတဲ့ အချိန်ပဲဖြစ်လိမ့်မယ်ဗျ။
ကိုမိုးမိုးအခု ဒါ ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်နေပြီိဆိုရင် ကိုမိုးမိုးရဲ့ခံစားချက်။
ဟာာ... ကမ္ဘာကျော်တော့မလုပ်ပါနဲ့ နိုင်ငံကျော်လောက်ပဲလုပ်ပါ။
ဟုတ်။ နိုင်ငံကျော်အနုပညာရှင်ကြီး ဖြစ်နေပြီဆိုရင် ကိုမိုးမိုးရဲ့ခံစားချက်လေး ပြောပြပါဦး။
ကျေနပ်ပါတယ်။ ကျေနပ်ပါတယ် လူဆိုတာတော့ ကိုယ့်နိဗာန်ကိုယ် ရှာရတာပဲနော်။ ကျွန်တော်ကတော့ ကျွန်တော်ပျော်တဲ့ နေရာက နိဗာန်ပါပဲ။ အဲ့တော့ အခုရနေတဲ့ဘ၀ကတော့ ကျွန်တော့အတွက် နိဗာန်ပါပဲ။
ပရိသတ်ရဲ့ အားပေးမှုတွေကိုပဲဖြစ်ဖြစ်၊ ဝေဖန်မှုတွေကိုပဲဖြစ်ဖြစ် အကိုဘယ်လို သဘောထားပြီးတော့ တုန့်ပြန်လေ့ရှိသလဲလို့။
လေးလေးစားစားနဲ့ တုန့်ပြန်ပါတယ်။ တစ်ခုရှိတာက အဓိပ္ပါယ်ရှိသော ဝေဖန်မှု၊ အဓိပ္ပါယ်ရှိသော အားပေးမှုကို ကျွန်တော်က လက်ခံပါတယ်။ အဓိပ္ပါယ်မရှိသော ဝေဖန်မှု၊ အဓိပ္ပါယ်မရှိသော အားပေးမှုကို အဲ့ဒီဟာကို ကျွန်တော် ignore လုပ်ပါတယ်။ ကျွန်တော်ခေါင်းထဲလည်း မထည့်ပါဘူး။ အဲ့လိုကိစ္စမျိုး ကြုံတွေ့လာတဲ့အခါကျရင်လည်း ကျွန်တော်ဘယ်တော့မှ စိတ်ညစ်၊ စိတ်ဓါတ်ကျ၊ စိတ်ပျက်သွားတဲ့အကျင့် လုံးဝမရှိပါဘူး။ ဥပမာပေါ့နော်။ စတိတ်စင်ပေါ် တက်လာတယ်။ တက်လာတဲ့ အခါကျတော့ အရင်တုန်းက ဂီတာတီးပြီး သီချင်းဆိုတယ်။ အခု ဂီတာမတီးဘူး။ ဟေ့ကောင် ဘာလို့ဂီတာမတီးတာလဲကွ ဘာညာနဲ့ အော်တယ် ဟစ်တယ်။ ကြိုက်ပါတယ် ကျွန်တော် ဂီတာတီးတာကို သူတို့အားပေးတဲ့ အတွက်ပေါ့နော်။ ဒါပေမယ့် အခု အကြောင်းကြောင်းကြောင့် ကျွန်တော် ဂီတာတီးလို့ မရတော့ဘူး။ အဲ့ဒီအခါကျရင် ကျွန်တော် အကျိုးသင့် အကြောင်းသင့်လေး ရှင်းပြတယ်။ ထပ်ပြီး ကျွန်တော်ရှင်းပြတာကိုမှ သူတို့နားမလည်ရင်တော့ အဲ့ဒါကိုကျွန်တော် ignore လုပ်ရတော့မှာပေါ့။ အဲ့ဒါမျိုးကို ပြောတာပါ။
စာနယ်ဇင်းနဲ့ မီဒီယာတွေအပေါ် ကိုမိုးမိုးရဲ့ သဘောထားလေးကိုပြောပြပေးပါဦး။မီဒီယာဆိုတဲ့ စကားလုံးကိုက မြန်မာလို ပြန်လိုက်ရင် ကြားခံဒြပ်လို့ ရပါတယ်။ ဟုတ်တယ်နော်။ ကြားခံဒြပ်၊ ကြားခံဒြပ်ဆိုတာက ဥပမာ အကို့အသံကို ကျွန်တော် ကြားရအောင် ကျွန်တော့်အသံကို အကိုကြားရအောင် ကြားခံဒြပ်လေရှိမှ အဆင်ပြေတာပါ။ အဲ့ဒီလေက နောက်တစ်မျိုး ဘယ်လို အကျိုးပြုသေးလဲဆိုရင် အခုကျွန်တော်တို့ အသက်ရှင်ဖို့အတွက် အောက်ဆီဂျင်ကို သယ်ပေးနေတယ်။ အဲ့တော့ မီဒီယာဆိုတဲ့ သဘောတရားက ကျွန်တော့်အသံကို ပရိသတ်သိအောင် ပရိသတ်အသံကို ကျွန်တော် ကြားအောင် ကြားကနေ မီဒီယာက ကြားကနေ ဆက်နွယ် ပေးနေတာပေါ့နော်။ နောက်တစ်ခု ကျွန်တော်တို့အသက်ရှင် ရပ်တည်ဖို့ အတွက် ဒီဟာကပဲ ကျွန်တော်တို့ကို တစ်ဖက်တလှမ်းကနေ အကျိုးပြုနေတယ်။ အဲ့တော့ ကျွန်တော်ကတော့ ဘယ်သူ ဘာပြောပြော ကျွန်တော့်ရဲ့ ကျေးဇူးရှင်စာရင်းမှာ မီဒီယာတွေ ပါပါတယ်။ ကျေးဇူးတင်ထိုက်သူများ စာရင်းမှာလည်း ထိပ်ဆုံးက ပါပါတယ်။
ကိုမိုးမိုးက ဒီအနုပညာလုပ်ငန်းတွေနဲ့ ရှုပ်နေတာဆိုတော့ မိသားစုကို အချိန် ပေးနိုင်ဖို့ အတွက် ဘယ်လိုများ အချိန်ယူမသိဘူး။
အဲ့ဒါပြဿနာလေ။ အဲ့ဒါက ဘယ်လိုလဲဆိုတော့ ကျွန်တော်ဒီရက်ပိုင်းတွေမှာ အခု နိုဝင်ဘာ ပေါ့နော်။ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီ အဲ့ဒီလ ခြောက်လလောက်က တောက်လျှောက် နားရမယ့်ရက် လောလောဆယ် မတွေ့ သေးဘူးပေါ့နော်။ အဲ့လိုမျိုးဖြစ်တဲ့ အခါကျတော့ ဒီလပိုင်းတွေမှာတော့ ကျွန်တော့်မိသားစုကို နားလည်အောင် ပြောပြထားတယ်။ ကျွန်တော့်ကို ဒီလပိုင်းတွေမှာ ငါ့ကိုတော့ ဒီလပိုင်းတွေမှာ မအားတာတော့ ခွှင့်လွှတ်ပေးပါလို့ မိသားစုကို အချိန်မပေးနိုင်တဲ့ အတွက်။ ဒါပေမယ့် ဒီလတွေကျော်သွားပြီးတဲ့ အခါကျရင်တော့ မိသားစုကို အချိန်ပေးပါမယ်။ မိသားစုကို အဆင်ပြေရင် ပြေသလို အလျင်းသင့်ရင် သင့်သလို ကျွန်တော် အချိန်ပေးပါတယ်။ ဥပမာ မိသားစုနဲ့ ရုပ်ရှင်သွားကြည့်တာမျိုး ပေါ့နော်။ မိသားစုနဲ့ အပြင်ထွက်ပြီး မုန့်စားတာမျိုးပေါ့။ အဲ့လောက်ပဲ အချိန်လောလောဆယ် ပေးနိုင်သေးတယ်ဗျ။ ဒီ့ထက်ပိုပြီးတော့တော့ ဒီကြားထဲမှာ ပေးလို့မရသေးဘူး ပေါ့နော်။ မိသားစုက နားလည်ဖို့ အရေးကြီးပါတယ်။ တစ်ခုရှိတာက မိသားစုဆိုတာက ကျွန်တော် ယူထားတဲ့မိန်းမ၊ ကျွန်တော်ဖန်တီးထားတဲ့ မိသားစုက အနုပညာ အသိုင်းအ၀ိုင်းက မဟုတ်ဘူးလေ။ အဲဒီတော့ အပြင်က လူတစ်ယောက်က အနုပညာသမား တစ်ယောက်ကို နားလည်ပေးနိုင်ဖို့ကတော့ 100%အပြည့် မရနိုင်ဘူး။ ဒါပေမယ့် သူတို့ တတ်နိုင်သမျှ၊ နားလည်ပေးနိုင်သလောက် ကျွန်တော့်ကို နားလည်ပေးတယ်ပေါ့နော်။ အဲ့ဒီအတွက်လည်း ကျွန်တော်သူတို့ကို ကျေးဇူးတင်တယ်။ တစ်ခုရှိတာက ဒီထက်ပိုပြီး နားလည်အောင် လုပ်ဖို့ကတော့ ကျွန်တော့်မှာ တာဝန်ရှိတာပေါ့နော်။ တစ်ခါတစ်လေ နားလည်မှုလွဲတဲ့ ကတောက်ကစလေးတွေတော့ ဖြစ်တာပေါ့။
အကို့သားလေးကိုရော အကို့လိုပဲ အနုပညာရှင်ဖြစ်စေချင်လား။ သူ့အတွက် ဘယ်လိုများရည်မှန်းထားလဲ။
သူဖြစ်ချင်တာ ဖြစ်အောင် ပံ့ပိုးပေးဖို့အတွက်ပဲ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ အနုပညာသမားရဲ့သား အနုပညာသမားဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက် သံဓိဌာန်မျိုး လုံးဝချမထားပါဘူး။ ကျွန်တော်အဖေလည်း အနုပညာအလုပ် မလုပ်ခဲ့ဘူးလေ။ ကျွန်တော်အမေလည်း အနုပညာသမား မဟုတ်ခဲ့ဘူး။ အဲ့ဒီအတွက် ကျွန်တော်လည်း အနုပညာသမား မဟုတ်ရဘူးဆိုတဲ့ ကျွန်တော့်အဖေ အမေ ရည်ရွယ်ချက်ရှိမှာ မဟုတ်ပါဘူး။ တစ်ခုရှိတာက ဘာလဲဆိုတော့ သူအနုပညာအလုပ် လုပ်ချင်တာပဲ ဖြစ်စေပေါ့နော် တခြားအလုပ်လုပ်ချင်တာပဲဖြစ်စေ ကျွန်တော်တို့က ပံ့ပိုးပေးမယ်။ အနုပညာသမား ဖြစ်ချင်ပြီဆိုရင် သူ့မှာ ဗီဇဘာရှိလဲ၊ ပါရမီဘာရှိလဲ။ ပြီးတော့ကျတော့ နောက်တစ်ခုက အဲ့ဖြစ်ဖို့အတွက် ဘာခေါ်မလဲ basic ပေါ့နော်။ အခြေခံ။ အခြေခံနားလည် ကျွမ်းကျင်မှုဘာရှိလဲ ဆိုတာ အဲ့ဒါကို ကြည့်ရပါမယ်။ တစ်ချို့ရှိတယ်လေ။ အနုပညာသမားက မွေးဖွားလာပေမယ့်လည်း အနုပညာနဲ့ ပတ်သက်လို့ သိပ်ပြီးတော့ မသိတဲ့လူတွေရှိတယ်။ အဲ့လို မသိတာတောင်မှ အနုပညာသမား လုပ်ချင်တယ်ဆိုရင် ကျွန်တော်က ပံ့ပိုးပေးမှာ မဟုတ်ဘူး။ သိအောင်လုပ်၊ ပါရမီ talent ရှိဖို့ လိုအပ်ပါတယ်။ သူဘယ်လောက်ပဲ အနုပညာသမား တစ်ပိုင်းသေအောင်ပဲ ဖြစ်ချင်နေပစေ။ သူ့မှာ talent မရှိရင် သူ့ကို အနုပညာသမား လုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ သူ့မှာရှိတဲ့ talent ကိုပဲ ကျွန်တော် မြေတောင်မြှောက်ပေးမှာပါ။
ကိုမိုးမိုးကို ကိုယ်လိုချင်တဲ့ဆုတစ်ခု တောင်းခိုင်းမယ်ဆိုရင် ကိုမိုးမိုး ဘာဆုတောင်းမလဲခင်ဗျ။
ဖြစ်ချင်တာဖြစ်လို့ရတဲ့ ဘ၀တစ်ခုလိုချင်တာပေါ့ဗျာ။ ဖြစ်ချင်တာဖြစ်လို့ရတဲ့ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာ အကုန် လုပ်နေရတယ်။ ဘယ်သူ့ကိုမှ မထိခိုက်ဘူးနော်။ အဲ့ဒီဘ၀တစ်ခုကို လိုချင်ပါတယ်။ ဒါပါပဲ။
ကျွန်တော်တို့က Myanmar Youth Media Club online radio ပေါ့နော်။ ဒီလို online media တွေကိုကော အကို့အနေနဲ့ ဘယ်လို ထင်မြင်ချက်မျိုး ရှိသလဲဗျ။ကောင်းပါတယ်။ online meida ဆိုတာ သူကတော့ globalization နဲ့ ချိတ်ဆက်နေတဲ့ internet ဆိုတဲ့ အရာပေါ်မှာ တင်ထားတဲ့ အတွက်ပေါ့နော်။ တစ်ကမ္ဘာလုံးမှာ ရှိသမျှ ကိုယ့်လူမျိုးတွေ မြန်မာစကား နားလည်တဲ့ သူတွေ အခုမြန်မာလို ဖြေနေတဲ့အခါ အကုန်လုံး သိရတာ ပေါ့နော်။ တစ်ခုရှိတာက ခုနက ပြောတဲ့အတိုင်း အနုပညာ လောကမှာ တစ်ချို့ လူတွေ ကောင်းတယ်၊ တစ်ချို့ လူတွေ မကောင်းဘူး အဲ့လိုပေါ့နော်။ online media မှာလည်း တစ်ချို့ ဆိုက်ဒ်တွေ ကောင်းသလို၊ တစ်ချို့ ဆိုက်ဒ်တွေ မကောင်းဘူး ရှိချင်ရှိမှာ ပေါ့နော်။ ဥပမာ တို့မြန်မာဆိုတာ ယဉ်ကျေးမှု ရှိတယ်လေ။ မြန်မာဆိုတာ တခြားလူမျိုး ထက်စာရင် ယဉ်ကျေးတဲ့ တိုင်းပြည် ယဉ်ကျေးတဲ့ လူမျိုးဖြစ်တဲ့ အတွက် ပေါ့နော်။ တခြား နိုင်ငံတွေမှာ celebrities တွေနဲ့ ပတ်သက်လို့ gossip တွေရှိတယ်။ celebrities နဲ့ ပတ်သက်လို့ တစ်ချို့ အဲ့လို အဲ့လို မှားနေတဲ့ အရာတွေ ရှိတယ်ပေါ့နော်။ အဲ့ဒါတွေကို highlight လုပ်မယ့်အစား ဒီဟာတွေကို highlight လုပ်ပြီး ကိုယ့် online ကို နာမည်ယူမယ့် အစားပေါ့နော် ကောင်းတဲ့ ဘက်ကနေ နာမည်ယူတာ ပိုပြီးတော့ အဓိပ္ပါယ်ရှိရှိနဲ့ ကိုယ့်လူမျိုးကို ကိုယ်ကမ္ဘာမှာ ပိုပြီး ပွဲလယ်တင့်စေမယ်လို့ ကျွန်တော် ထင်ပါတယ်။
ဒါဆို နောက်ဆုံးအနေနဲ့ အကို့ကိုချစ်တဲ့ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦးဗျ။
ကျွန်တော့်ကို ချစ်တယ်ဆိုတော့ ချစ်တယ်ဆိုကတည်းကိုက ကျွန်တော်က တအားချစ်နေပါပြီ။ ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်ဆိုတော့ ဘာပြောရမလဲ ကျွန်တော့်ကို အဲ့လိုချစ်တဲ့အတွက် ကျွန်တော်တအား ၀မ်းသာပါတယ်။ အရမ်းကျေနပ်ပါတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ မိုးမိုးဆိုတဲ့ ဒီနာမည်နှစ်လုံး ရဖို့အတွက် ကျွန်တော် 10 နှစ်တာကာလ ဖြတ်သန်းခဲ့ရပါတယ်။ ဒီ 10 နှစ်တာမှာ ကျွန်တော့်ကို မပျင်းမရိ မညည်းမငွေ့ မညည်းမညူ ကျွန်တော့်ရဲ့ အနုပညာ အလုပ်တွေကို စောင့်ကြည့်ပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီနေ့ အခုလိုမျိုး အသက်ရှင်အောင် ရပ်တည်နိုင်အောင် လုပ်ပေးတာ ကျွန်တော့်ရဲ့တစ်ခုတည်းသော ကျောထောက်နောက်ခံက ပရိသတ်ပါ။ အဲ့ဒီတော့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရတဲ့ စကားတစ်ခွန်းနဲ့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
အခုလိုမျိုး အနုပညာလုပ်ငန်းတွေ မအားလပ်တဲ့ကြားကနေ အခုလိုမျိုး မေးသမျှကို ဖြေကြားပေးတဲ့ ကိုမိုးမိုးကို MYMC မိသားစုကိုယ်စား ကျွန်တော်က ကျေးဇူးတင်ပါတယ်ဗျာ။ အကိုလည်း ရှေ့ဆက်အောင်မြင်မှုတွေအများကြီးရပါစေလို့ ဆုတောင်းပေးပါတယ်။
ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ကျွန်တော်ကလည်း အခုလိုမျိုး ကျွန်တော့်ကိုလာရောက်ပြီးမေးမြန်းခဲ့တဲ့ MYMC online media အဖွဲ့ကို ကျေးဇူး အများကြီးတင်ပါတယ်။ ပြီးတော့ အခုလို နားဆင်နေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။
MYMC Interview Team
Interviewer | Charm (MYMC MOB)
Write Up/Questions | ^AnGeL^, Nunki
Write Up/Questions | ^AnGeL^, Nunki
Special Thanks | Thiri (Bambino), Mei Mei, Psyche (MYMC MOB)
Audio | ^AnGeL^
Management | Mahuyar
အင်တာဗျူးကိုအသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့...
| < Prev | Next > |
|---|


