User Rating: / 0
PoorBest 

Movie Of The Week

E-mail Print PDF

motw

သီချင်းတွေတင်လိုက်၊ Knowledge နဲ့ ဆိုင်တာတွေတင်လိုက်၊ Special Program တွေ လုပ်လိုက်နဲ့ဆိုတော့ ဘာအသစ်လုပ်ရမလဲလို့ စဉ်းစားနေတာတော့ ကြာပါပြီ။ Song Of The Day လိုမျိုးလည်း နေ့တိုင်း Update လုပ်နိုင်ဖို့က ခက်တယ်လေ။ အဲဒါနဲ့ ရုပ်ရှင်တွေဘက် လှည့်ရအောင်ဆိုပြီး လုပ်နိုင်မယ်ထင်တဲ့ Movie Of The Week ကို လုပ်ဖြစ်သွားတာပါ။

MYMC ရဲ့ Movie Of The Week မှာတော့ ကြည့်လို့ကောင်းပြီး နာမည်ကြီးတဲ့ အနောက်တိုင်း ရုပ်ရှင်တွေကို တစ်ပတ်ကို တစ်ကားနှုန်းနဲ့ တင်ပေးသွားမှာပါ။ မြန်မာရုပ်ရှင်တွေ တင်တဲ့ Site တွေက ရှိနေပြီးသားဆိုတော့ ဒီ Page မှာတော့ အနောက်တိုင်း ရုပ်ရှင်တွေကိုပဲ ဖော်ပြပေးသွားမှာပါ။ ရုပ်ရှင်တစ်ခုကို ဘာမှန်းမသိဘဲ ကြည့်လိုက်ရတာထက် ဘယ်လို ဇာတ်လမ်းမျိုးဆိုတာကို သိပြီးတော့မှ ကြည့်ရတာက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ Drama ကြိုက်တဲ့သူဆို Drama၊ Action တို့ Thriller တို့ ကြိုက်တဲ့သူဆို Thriller ပေါ့။ အဲဒါကြောင့် ဒီနေရာလေးမှာ တင်ထားတဲ့ရုပ်ရှင်ရဲ့ Official Trailer, ဇာတ်လမ်းအကြောင်း အနည်းငယ်နဲ့ Rating တွေကိုပါ ဖော်ပြပေးသွားမှာပါ။

ရုပ်ရှင်တွေကိုတော့ အတတ်နိုင်ဆုံး Buffering မြန်မြန်နဲ့ Quality ကောင်းတာတွေကို Online ကနေရှာပြီး တင်ပေးသွားမှာပါ။ ဒါ့အပြင် Comment တွေကနေ အကြုံပြုတာတွေ၊ တောင်းဆိုတာတွေကိုလည်း အလေးအနက်ထားပြီး အဆင်ပြေသလို ဆောင်ရွက်ပေးသွားမှာပါ။ စစချင်းတော့ ရုပ်ရှင်တွေရဲ့ Download Link တွေပါ ထည့်ပေးမလို့ စဉ်းစားပါသေးတယ်။ ဒါပေမယ့် ရုပ်ရှင်ဆိုတော့ File Size အရမ်းကြီးတဲ့အပြင် Links တွေကလည်း အရမ်းများတာမို့လို့ မတင်ဖြစ်တော့တာပါ။ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အောက်က Comment တွေကိုလည်း သေသေချာချာ ရေးပေးစေလိုပါတယ်။ မသက်ဆိုင်တဲ့ တခြား Comment တွေကိုတော့ ဖျက်ပစ်မှာပါ။

ရုပ်ရှင်တွေကို Online ကနေသာ ရှာပြီးတင်ထားတာ ဖြစ်တဲ့အတွက် connection သိပ်မကောင်းတဲ့အခါ Buffering လုပ်ရတာ ကြာရင်ကြာပါလိမ့်မယ်။ မြန်မာရုပ်ရှင်တွေကိုတော့ လုံးဝ တင်ပေးမှာ မဟုတ်ပါဘူး။ ဒီစာမျက်နှာမှာ တင်ထားတဲ့ ရုပ်ရှင်တွေကို တစ်ပတ်တခါ Update လုပ်သွားမှာဖြစ်ပါတယ်။

 

ဒီတစ်ပတ်အတွက် Movie Of The Week ကတော့ Hugo ပဲ ဖြစ်ပါတယ်။

movie of the weekmovie of the week

 

ဒီတစ်ပတ် Movie of the Week ကိုတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ Adventure/Drama/Family ရုပ်ရှင်ဖြစ်တဲ့ Hugo ကိုရွေးထားပါတယ်။

 

ဒီ အပတ် အတွက်ကိုတော့ အော်စကာဆု ငါးဆုရရှိသွားတဲ့ 3D ဒရာမာ စွန့်စားကား Hugo ကို ရွေးချယ် ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ကားဟာ Brain Selznick ရဲ့ "The Invention of Hugo Cabret" ဆိုတဲ့ စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီ စာအုပ်က ဇန်န၀ါရီ ၃၀၊ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ Caldecott Medal ရရှိထားပါတယ်။ ဒီကားကို Martin Scorsese က ရိုက်ကူးပြီး John Logan က ရေးသားထားတာ ဖြစ်ပါတယ်။ အဓိက ပါဝင်သရုပ်ဆောင်ထားတာကတော့ Asa Butterfield နဲ့ Chloe Grace Moretz တို့ ဖြစ်ပါတယ်။ ၁၉၉၇ ဧပြီ ၁ ရက်နေ့မှာ မွေးခဲ့ပြီး ၁၅ နှစ်သာ ရှိသေးတဲ့ Butterfield က ဗြိတိန်က သရုပ်ဆောင် မင်းသားလေး ဖြစ်ပါတယ်။ သူ အရင်ရိုက်ဖူးတဲ့ ရုပ်ရှင်တွေကတော့ "The Boy in the Striped Pyjamas (2008)" နဲ့ "Nanny McPhee and the Big Bang" တို့ ဖြစ်ပါတယ်။ Chloe Grace Moretz ကတော့ သူ့အသက် ၇နှစ်ကတည်းက သရုပ်ဆောင် လုပ်ငန်းကို စတင်ခဲ့ပြီး "The Amityville Horror", "(500) Days of Summer", "Diary of a Wimpy Kid", "Desperate Housewives", "Dirty Sexy money" စတဲ့ ရုပ်ရှင်တွေ၊ စီးရီးတွေမှာ သရုပ်ဆောင် ခဲ့ပါတယ်။ အဲ့ဒီ့ ကားတွေ အတွက်လည်း Young Artist Awards များစွာကို လျာထားခြင်း ခံခဲ့ရပါတယ်။ သူ့ကို နိုင်ငံတကာက သိလာတာကတော့ Hit-Girl အဖြစ် သရုပ်ဆောင်ခဲ့တဲ့ "Kick Ass" ကား ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Let me in နဲ့ Hugo ကားတွေမှာ အဓိက သရုပ်ဆောင် အဖြစ်နဲ့ နာမည်ကြီးလာခဲ့ပါတယ်။ Hugo ကားလေးကတော့ Paris က မီးရထား သံလမ်းမှာ တစ်ယောက်တည်း နေတဲ့ ကောင်လေးနဲ့ အဲ့နားက ထူးဆန်းတဲ့ အရုပ်ဆိုင် ပိုင်ရှင် အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။


ဒါကတော့ Hugo ရုပ်ရှင်ရဲ့ Official Trailer ဖြစ်ပါတယ်။ ရုပ်ရှင်မကြည့်ခင် ကိုယ့်အကြိုက်နဲ့ ကိုက်မကိုက် Trailer ကို အရင်ကြည့်ကြည့်ပေါ့နော်။


 

၁၉၃၁ မှာပေါ့။ Hugo Cabret လို့ ခေါ်တဲ့ ၁၂ နှစ်သား အရွယ်သားရှိတဲ့ ကောင်လေးက Paris မှာ နာရီ အကြီးကြီးတွေ လုပ်တဲ့ ကြင်နာတတ်တဲ့ မုဆိုးဖို သူ့အဖြစ်နဲ့ အတူနေတယ်။ Hugo ရဲ့ အဖေက သူ့ကို ရုပ်ရှင်ကြည့်ဖို့ အမြဲ ခေါ်သွားလေ့ရှိပြီး Georges Melies ဆိုတဲ့ ကားကို သူ အကြိုက်ဆုံးပေါ့။ နောက်တော့ Hugo ရဲ့ အဖေဟာ ပြတိုက်မှာ မီးလောင်ပြီး သေဆုံးသွားတော့ Hugo ရဲ့ အန်ကယ်ဖြစ်တဲ့ ရထားသံလမ်းမှာ နာရီလုပ်တဲ့ အရက်သမားက ခေါ်သွားပါတယ်။ သူ့ဦးလေးက နာရီတွေကို ဘယ်လို ထိန်းသိမ်းရတယ်ဆိုတာကို ပြပြီး ပျောက်သွားခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာ Hugo တစ်ယောက်တည်း ရုန်းကန်ရပြီး ဘယ်လို ထူးခြားတာတွေ ဖြစ်လာမလဲဆိုတာ Virtual Affect ကောင်းကောင်းနဲ့ ဘယ်လို ရိုက်ကူးထားတယ်ဆိုတာကို ခံစားကြည့်ကြပါဦး။

 

ရုပ်ရှင်ကြည့်လိုပါက Play ကို နှိပ်ပြီးကြည့်လို့ရပါတယ်။ Full Screen ဖြင့် ကြည့်ရှုလိုပါက  Volume Control ဘေးရှိ X ကို နှိပ်ပြီး Full Screen လုပ်နိုင်ပါသည်။ ရုပ်ရှင်ကို Play နှိပ်ပြီး ကြော်ငြာတတ်လာရင် အရင်ဆူံးပိတ်ပစ်လိုက်ပါ။ Megavideo နဲ့တင်ထားတဲ့ ရုပ်ရှင်တွေဟာ အချိန်အကန့်အသတ်နဲ့သာ ကြည့်လို့ရတာမို့ ဒီ link မှာ ပြောထားတဲ့နည်းအတိုင်း ကြည့်ရှုနိုင်ပါတယ်။ Connection အခက်အခဲကြောင့် ရုပ်ရှင်တစ်ကားလုံးကို ကြည့်ဖို့အတွက် အခက်အခဲရှိတဲ့သူတွေကတော့ Trailer နဲ့ ဇာတ်လမ်းအကျဉ်းချုပ်ကိုသာ ဖတ်ရှုသွားနိုင်ပါတယ်။

 

<iframe style='overflow: hidden; border: 0; width: 640px; height: 395px' src='http://loombo.com/embed-inodfs57fmhf-640x318.html' scrolling='no'></iframe>