User Rating: / 0
PoorBest 

Best Duet Love Songs

E-mail Print PDF

Love Duet Songs

င်္Facebook မှာ တင်ပြောခဲ့တဲ့ အတိုင်းပါပဲ။ အခု Best Duet Songs ဆိုပြီး MYMC မှာ တစ်ခါမှ မလုပ်ဘူး မရှိသေးတဲ့ English စုံတွဲသီချင်းလေးတွေ ရွေးပြီး Playlist လုပ်ပေးလိုက်ပါတယ်။ လုပ်ခဲ့သမျှတွေထဲမှာ အခက်ဆုံးနဲ့ ခေါင်းအစားဆုံး Playlist လို့ပြောရင်လည်း ရပါတယ်။ အချိန်တော်တော်ယူပြီး သီချင်းတွေကလည်း ရှားရှားပါးပါးစုံတွဲကိုမှ အချစ်သီချင်းတွေဆိုတော့ တော်တော်ရှာခဲ့ ရပါတယ်။ ပြီးသွားတဲ့အတွက် တော်တော်ကြီးတော့ ပေါ့သွားတယ်။ ဒီ Playlist လေးမှာ DJ - ^AnGeL^ နဲ့ DJ - Illusion က သီချင်းတွေကူရှာပေး ထားပါတယ်။ ဒီတစ်ခါ Download ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ မပေးခင်မှာ MYMC ပရိတ်သတ်ဆီက တစ်ခုတောင်းဆိုချင်ပါတယ်။ MYMC က Playlist တွေ Hits က ထောင်နဲ့ချီပြီး တနေ့တနေ့ ကြည့်တဲ့သူအနေနဲ့လဲ ရာကျော်ပါတယ်။ Comment ကျတော့ ထင်သလောက် မရကြတော့ ဖြစ်နိုင်ရင် ကိုယ်လည်း တကယ်ကြိုက်ဆိုရင် Message လေး တစ်ကြောင်းဖြစ်ဖြစ် လုပ်ပေးထားတဲ့သူတွေ အတွက် ရေးပေးစေချင်ပါတယ်။ MYMC မှာ လုပ်နေတဲ့ members တွေအတွက်ကလည်း ဒီ Comments တွေက အားဆေးတစ်ခွက်ပါပဲ။ အခုလို အချိန်ကုန်ခံပြီး ဖတ်ပေး နားထောင်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ အောက်က ရေးမယ့် Comment တွေ စောင့်ရင်း Download အတွက် ဒီစာမျက်နှာမှာပဲ ဖြစ်ဖြစ် Facebook ပေါ်မှာ ဖြစ်ဖြစ် တင်ပေးသွားပါမယ်။ အချစ်သီချင်းတွေဆိုပေမဲ့ ဒီထဲမှာ အချစ်လည်းမကျ အကွဲလည်းမဟုတ်တဲ့ သီချင်းတစ်ပုဒ်ကို Bonus အနေနဲ့ ထည့်ပေးထားပါတယ်။ ဘယ်သီချင်း ဖြစ်မလဲဆိုတာ နားထောင်ကြည့်ရအောင်။

1