အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ ဒီတစ်ခေါက် MYMC ရဲ့ ၂နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ကော Helping Hands ရဲ့ ခြေလှမ်းအသစ် နောက်တစ်လှမ်း အနေနဲ့ပါ activity လေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက် ကတော့ သန်လျင်မှ ပရဟိတကျောင်း တစ်ကျောင်းဖြစ်တဲ့ ဗလအားမာန် ငါးတန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှ ကလေးငယ်များကို ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံဘက်မှ ပျော်ပွဲစားခန်းမအတွင်းသို့ ခေါ်သွားခဲ့ပါတယ်။ အရင် activity တွေထက် အစီအစဉ်တွေထပ်တိုးပြီး members များလည်း ပိုပြီးတော့ ကြိုးစားထားကြပါတယ်။
|
"Get the Flash Player"
"to see this gallery."
|
ဒီတစ်ခေါက်မှာတော့ အရင်အစီအစဉ်တွေဖြစ်တဲ့ ဂိမ်းကစားတာ၊ ပုံပြင်ပြောပြတာ၊ ဆေးပညာဗဟုသုတ ပြောပြတာတွေအပြင် ဂျပန်စက္ကူ ခေါက်နည်း(Origami) နဲ့ ကလေးများကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ရှင်းပြခွင့်ရခဲ့ပါတယ်။ Volunteer တွေလည်း အများကြီးလာပြီး လာကူညီပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။ အလုပ်ကသိပ်မများပေမယ့် နေအရမ်းပူတာကြောင့် ပင်ပန်းသွားတာလောက်ပဲ ရှိပါတယ်။ အစစအရာရာ အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ members များအားလုံး ၊ ပုံပြင်ပြောသူများအဖွဲ့နှင့် လာရောက်ကူညီပေးခဲ့တဲ့ volunteers အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
ကျေးဇူးတင်လျက်
သုည (President)
MYMC Helping Hands
ရန်ကုန် အဖွဲ့နဲ့ ပတ်သက်ပြီး သိချင်တာများကို ဆက်သွယ်ရန်
Thone Nya [thonenya@mymclub.net]
MYMC ရန်ကုန် MOB ထဲမှာ အသင်းဝင်ချင်တယ်ဆိုရင်တော့ အောက်ကပုံလေးမှာ တစ်ချက်နှိပ်ပြီး လျှောက်လွှာတင်လိုက်ပါ။ သေချာစီစစ်ပြီးမှ လက်ခံတာဖြစ်လို့ လျှောက်လွှာတင်တဲ့အခါ မေးထားတာလေးတွေကို တိတိကျကျ ဖြေဆိုပေးပါရန်။
| < Prev | Next > |
|---|



