User Rating: / 0
PoorBest 

us VS them

E-mail Print PDF

us Vs them

ခေါင်းစဉ်လေးအတိုင်း ပါပဲ။ ငါတို့နဲ့ သူတို့.. ဒီ Idea ကိုတော့ Playlistတစ်ခုအတွက် စဉ်းစားမိပြီးမှ ဒါမျိုးလေး လုပ်ရင် ပိုကောင်းမယ် လို့တွေးမိပြီး Special Program တစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ သီချင်းနားထောင်ရင်း တန်းလန်း ကိုယ်ကြိုက်တဲ့ တီးလုံးလေး စကြားပြီး ငြိမ့်နေတယ့် အချိန်မှာ ဆိုတဲ့အသံထွက်လာတာနဲ့ နားထောင်နေကျ အဆိုတော် မဟုတ်ပဲ နောက်Version တစ်မျိုး ဒါမှမဟုတ် Cover ပုံစံနဲ့ ပြန်ဆိုကြတာကို MYMCပရိတ်သတ် အနေနဲ့ ကြားဖူးနားယဉ်ဖူး ကြပါလိမ့်မယ်။ အခု ဒီ Program က အဲဒီဟာလေးကို အခြေခံယူပြီး မူရင်း သံစဉ်တွေနဲ့ Cover ပြန်ဆိုကြတာ နှစ်ခုယှဉ်ပြီး ဘယ်သူပို လက်စောင်းထက် နားထောင်လို့ ကောင်းလဲဆိုတာ ပရိတ်သတ် အမြင်နဲ့ ဆုံးဖြတ်ဖို့ သက်သက်ပါပဲ။ Cover သီချင်းတွေက တစ်ခါတစ်လေ မူရင်း Original လောက် မကောင်းဘူး ဆိုတာတွေ ရှိသလို မူရင်း Original ထက်ပိုပြောင်မြောက် သွားတာတွေ ခံစားဖူးမှာပါ။ အခု MYMC ရဲ့ ဒီ us vs them အစီအစဉ်မှာ Original သီချင်းနဲ့ မြန်မာအဆိုတော်တွေ Cover လုပ်ထားတဲ့ သီချင်း တစ်ပုဒ်ဆီကို အခုပထမဆုံး Program စစချင်းမှာ တစ်ပတ်တစ်ပုဒ်နှုန်း တင်ဆက်ပေးသွားမှာပါ။ အောင်မြင်ပြီး လူစိတ်ဝင်စားလာတာနဲ့ အမျှ Song of the Day တုန်းကလိုပဲ တိုးချဲ့ပေးသွားမှာပါ။ သီချင်းအမျိုးအစား အနေနဲ့ Underground HipHop တွေ ဦးစားပေးပြီး တစ်ခြား rock/pop/rnb/punk အစရှိတဲ့ သီချင်းတွေကို အဆင်ပြေသလို တင်ဆက် သွားမှာပါ။

ဒီ Program အတွက်တော့ MYMC အနေနဲ့ တစ်ခုတောင်းဆို ပါရစေ။ သီချင်းတွေကို Vote (မဲ) ပေးစနစ်နဲ့ ယူသွားမှာ ဖြစ်တာကြောင့် ဒီ စာမျက်နှာကို ရောက်လာ သီချင်းတွေနားထောင် ခံစား/Downloadပြီးရင် ကိုယ့်စိတ်ထင် တစ်ကယ် ကိုယ့်နားထဲ ပိုကောင်းတဲ့ Version ကို Vote တစ်ခုပေးခဲ့ပါ။ ငါ့သူငယ်ချင်းမို့ ငါကြိုက်တဲ့ အဆိုတော်မို့ အစွဲနဲ့ Voteမလုပ်ဖို့တော့ တောင်းပန်ပါရစေ။ အရည်အချင်း တစ်ကယ်ပြည့်တဲ့  နိုင်ငံကျော်အဆိုတော်တွေ ဖြစ်လာဖို့အတွက် ပရိတ်သတ်ရဲ့ တစ်ကယ့် ဘက်မလိုက်အားပေးမှု လိုပါတယ်။ ဒီအချက်လေးကို စဉ်းစားပြီး vote လုပ်ပေးကြပါလို့ ပြောပါရစေ။ အခုလို အချိန်ကုန်ခံပြီး ဖတ်ရှုလိုက်နာ လုပ်ဆောင်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ အခုမှ အစလုပ်တာကြောင့် ပရိတ်သတ်လက်ခံမခံ မသိသေး၊ မစမ်းသပ်ရသေးတဲ့ ပေးချင်တဲ့ အကြံဥာဏ်၊ ဒါမှမဟုတ် သီချင်းတွေအပေါ် ဝေဖန်ချက်တွေကို အောက်က Comment box မှာလွတ်လပ်စွာ ထားခဲ့နိုင်ပါတယ်။  အဆိုတော်တွေကို ပုဂ္ဂိုလ်ရေး ရိုင်းပြစွာထိခိုက်မဲ့ Comment တွေမှအပ ကျန်တဲ့ ဝေဖန်ချက်တွေကို လှိုက်လှိုက်လဲလဲ ကြိုဆိုပါတယ်။

 

ဒီတစ်ပတ် us VS them ကတော့ အဆန်းပါ။ ခါတိုင်း ယှဉ်နေကျ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား သီချင်းတွေ မဟုတ်ဘဲ လူသိပ်မသိတဲ့ ဗီယက်နမ် သီချင်း တစ်ပုဒ်ကို ရှာရှာဖွေဖွေ ယှဉ်ပါမယ်။ ဗီယက်နမ်က "Tuấn Dopping" ဆိုတဲ့ လူမသိ သူမသိ Underground အဆိုတော်ရဲ့ "Sẽ Chẳng Có Lần Thứ 2" ဆိုတဲ့ သီချင်းနဲ့ underground မှာ free style rapping တွေနဲ့ နာမည်ကြီးတဲ့ "X-Box" ရဲ့ FLOWMOTION MIXTAPE ထဲက ကန္တာရ ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို ယှဉ်ပါမယ်။ နားထောင် ကြည့်ပြီးရင် ထုံးစံအတိုင်း vote ပေးရွေးခဲ့ ပါဦး။  

 

သီချင်းတစ်ပုဒ်ချင်းဆီကို နားထောင်ဖို့ pause/play တစ်ချက် အရင် နှိပ်ပေးပါ။


US

VS

them

 

 

သီချင်းတွေလည်း နားထောင်ပြီးသွားပြီဆိုတော့ ဘယ် Version ကို ပိုကြိုက်လဲ၊ ကျေးဇူးပြုပြီး တစ်ခု ရွေးပေးပါနော်။

us VS them (Xbox VS Tuan Dopping)


Download လုပ်ရန်
Xbox feat. B Clipz - ကန္တာရ | Mp3Whale
Tuấn Dopping - Sẽ Chẳng Có Lần Thứ 2 | Zippyshare

 

ဒီ Program နဲ့ ပတ်သက်ပြီး လိုအပ်တာ အကြံပေးချင်တာတွေ၊ ပါဝင်ကူညီချင်တယ်ဆိုရင်တော့ This e-mail address is being protected from spambots. You need JavaScript enabled to view it ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။ ဝေဖန်သုံးသပ်ချက်တွေကို အပေါ်မှာ ပြောခဲ့သလိုပဲ ရေးပေးကြပါလို့ တိုက်တွန်းပါရစေ။

 

ခေါင်းစဉ်လေးအတိုင်း ပါပဲ။ ငါတို့နဲ့ သူတို့.. ဒီ Idea ကိုတော့ Playlist တစ်ခုအတွက် စဉ်းစားမိပြီးမှ ဒါမျိုးလေး လုပ်ရင်ပိုကောင်းမယ် လို့တွေးမိပြီး Special Program တစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ သီချင်းနားထောင်ရင်း တန်းလန်း ကိုယ်ကြိုက်တဲ့ တီးလုံးလေး စကြားပြီး ငြိမ့်နေတယ့် အချိန်မှာ ဆိုတဲ့အသံထွက်လာတာနဲ့ နားထောင်နေကျ အဆိုတော် မဟုတ်ပဲ နောက်Version တစ်မျိုး ဒါမှမဟုတ် Cover ပုံစံနဲ့ ပြန်ဆိုကြတာကို MYMCပရိတ်သတ် အနေနဲ့ ကြားဖူးနားယဉ်ဖူး ကြပါလိမ့်မယ်။ အခု ဒီ Program က အဲဒီဟာလေးကို အခြေခံယူပြီး မူရင်း သံစဉ်တွေနဲ့ Cover ပြန်ဆိုကြတာ နှစ်ခုယှဉ်ပြီး ဘယ်သူပို လက်စောင်းထက် နားထောင်လို့ ကောင်းလဲဆိုတာ ပရိတ်သတ် အမြင်နဲ့ ဆုံးဖြတ်ဖို့ သက်သက်ပါပဲ။ Cover သီချင်းတွေက တစ်ခါတစ်လေ မူရင်း Original လောက် မကောင်းဘူး ဆိုတာတွေ ရှိသလို မူရင်း Original ထက်ပိုပြောင်မြောက် သွားတာတွေ ခံစားဖူးမှာပါ။ အခု MYMC ရဲ့ ဒီ us vs them အစီအစဉ်မှာ Original သီချင်းနဲ့ မြန်မာအဆိုတော်တွေ Cover လုပ်ထားတဲ့ သီချင်း တစ်ပုဒ်ဆီကို အခုပထမဆုံး Program စစချင်းမှာ တစ်ပတ်တစ်ပုဒ်နှုန်း တင်ဆက်ပေးသွားမှာပါ။ အောင်မြင်ပြီး လူစိတ်ဝင်စားလာတာနဲ့ အမျှ Song of the Day တုန်းကလိုပဲ တိုးချဲ့ပေးသွားမှာပါ။ သီချင်းအမျိုးအစား အနေနဲ့ Underground HipHop တွေ ဦးစားပေးပြီး တစ်ခြား rock/pop/rnb/punk အစရှိတဲ့ သီချင်းတွေကို အဆင်ပြေသလို တင်ဆက် သွားမှာပါ။