User Rating: / 0
PoorBest 

POPO

E-mail Print PDF

POPO

ဒီအစီအစဉ်လေးကတော့ တတ်သစ်စလူငယ်အဆိုတော်တွေကို MYMC က promote လုပ်ပေးသွားမှာပါ။ ဒီ Program ကို လုပ်ဖို့စဉ်းစား ထားတာတော့ကြာပါပြီ။ ဟိုလိုလုပ်မယ်၊ ဒီလိုလုပ် မယ်စဉ်းစားရင်းနဲ့ အခုမှပဲ Special Program ထဲမှာ MYMSTAR ဆိုပြီး လုပ်ဖြစ်သွား တာပါ။ တတ်သစ်စအဆိုတော်တွေ၊ ၀ါသနာရှင်တွေထဲမှာ တကယ်အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိနေပါတယ်။ ဒီလိုမျိုးအဆိုတော် တွေကို Online Media ပိုင်းကနေ ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တာပါပဲ။ ဂီတနယ်ပယ်မျိုးစုံက အရည်အချင်းရှိတဲ့ အဆိုတော်တွေကို ဒီ MYMSTAR စာမျက်နှာလေးမှာ ဖော်ပြပေးသွားမှာပါ။ MYMC ပရိသတ်တွေအနေနဲ့လည်း သီချင်းအသစ်တစ်ပုဒ်ကို ဒီအတိုင်းနားဆင် လိုက်တာထက် အဆိုတော်တွေရဲ့ကိုယ်ရေးအကျဉ်းအနည်းငယ်နဲ့ သူတို့သီဆိုထားတဲ့သီချင်းတွေကို စုစည်းပေးထားတော့ ပိုပြီးအဆင်ပြေ မယ်လို့ ထင်ပါတယ်နော်။ အနုပညာသမားဆိုတာ ပရိသတ်ရှိမှဖြစ်တာပါ။ အဲဒီတော့ ပြည်တွင်းပရိသတ်တွေအပြင် ပြည်ပပရိသတ်တွေပါ သတိထားမိသွားတော့ အနုပညာရှင်တွေအတွက် ပိုပြီးအထောက်အကူ ဖြစ်မယ်လို့ထင်ပါတယ်။

 

နောက်တစ်ချက်ကတော့ ဒီ Program မှာ ဖော်ပြသွားမယ့် အဆိုတော်တွေအားလုံးဟာ MYMC ရဲ့ DJ တွေက သေချာစီစစ်သတ်မှတ်ပြီးမှသာ တင်ဆက်ပေးတာဖြစ်ပါတယ်။ MYMC ပရိသတ်တွေအနေနဲ့လည်း အနုပညာရှင်များကိုလေးစားသောအားဖြင့် ရိုင်းပြစွာပြောဆိုခြင်း မပြုလုပ် ကြဘဲ အကြံဥာဏ်ပေးခြင်း၊ လိုအပ်သည်များကို ဝေဖန်အကြံပေးခြင်းများကိုသာ ပြုလုပ်ပေးကြဖို့ တောင်းဆိုပါရစေ။ အရည်အချင်းပြည့်တဲ့ အဆိုတော်တွေဖြစ်လာဖို့အတွက် ပရိသတ်ရဲ့အားပေးမှုတွေ၊ အကြံပေးမှုတွေဟာ တကယ်လိုအပ်တဲ့ အရာတွေပါ။ အဲဒါကြောင့် ပုဂ္ဂိုလ်ရေး ရိုင်းပြစွာထိခိုက်မဲ့ Comment တွေမှအပ ကျန်တဲ့ ဝေဖန်ချက်၊ အကြံပြုချက်တွေကိုသာရေးကြဖို့ မျှော်လင့်ပါတယ်။ ဒီ MYMSTAR အစီ အစဉ်မှာ ပါဝင်ချင်တဲ့ အနုပညာရှင်တွေအနေနဲ့ This e-mail address is being protected from spambots. You need JavaScript enabled to view it ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

ပထမဦးဆုံးအနေနဲ့ တင်ဆက်ပေးမယ့် MYMSTAR အစီအစဉ်ရဲ့ အနုပညာရှင်ကတော့ တတ်သစ်စအဆိုတော်လေး ပိုပိုဖြစ်ပါတယ်။

 

အနုပညာနာမည်လေးက...
ပိုပို


နာမည်ပြောင်ကရော...
ဝက်ကလေး

မွေးတဲ့ရက်က...
16.5.1990

မွေးချင်းမောင်နှမဘယ်နှစ်ယောက်...
၁ ယောက်

Music နဲ့ ပက်သက်လို့...
Rock music Crazy ပေါ့။ အကြိုက်ဆုံး အဆိုတော်တွေကတော့ Kelly Clarkson, taylor swift, Evanescence, Avenged Sevenfold, Avril Lavigne, IC, Idiot, Wanted, ဆုန်သင်းပါရ်, တင်ဇာမော်, Ar.T ဖြစ်ပါတယ်။

အနုပညာလောကထဲကို စရောက်လာတာက...
အနုပညာကို စလုပ်ဖြစ်တာကတော့ ဆယ်တန်းအောင်ပီးကတည်းက Guitar စတီးတာပါ။ ပထမဆုံးဆရာကတော့ ဦးဝဏ္ဏ။ အရင်က 90 Degree Band မှာ တီးတာပေါ့။ ပြီးတော့ ပြိုင်ပွဲတွေအများကြီးဝင်တယ်။ တခါမှ ဆုမရဘူး။ အဲနောက်တော့ မ၀င်တော့ဘူး။ ကြောက်တတ် တာလဲပါတယ်။ အသံနဲ့ပတ်သက်ပြီး ဆရာဦးစောနုဆီမှာတတ်တယ်။ အဲဒီ့နောက် အသံက တော်တော်အော်နိုင်လာတယ်။ ပြီးတော့ သီချင်းစရောင်းဖြစ်တယ်။ မော်ဒယ်တွေကိုရော၊ ၀ါသနာရှင်အသစ်တွေရောပေါ့။ နယ်ရှိုးစဆိုဖြစ်တာကတော့ ၂၀၀၉၊ မကွေးမှာပါ။ ၂၀၁၀ ရောက်တော့ Valentine's Day မှာ မျှော်စင်ကျွန်း Rock Show ဆိုဖြစ်တယ်။ အဲဒီနောက် ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းကထွက်မယ့် အခွေမှာ MTV အနေနဲ့ ကိုယ်တိုင်ရေးဆိုထားပါတယ်။

လတ်တလော ဘာတွေလုပ်...
မခင်ဘုဏ်းကိုလည်း သီချင်းရေးထားတယ်။ သူ့အခွေမှာ ပါမယ်ထင်တယ်။ အဲဒါနဲ့ 1st love မှာ Rap ဆိုတဲ့ BK နဲ့ စခင်တော့ R&B စလုပ်ဖြစ်တယ်။ နောက် ဇေရဲနဲ့လည်း သူ့တကိုယ်တော်မှာ Featuring ၀င်ဆိုထားတယ်။ ကိုယ်တိုင်ရေးတာပဲ။ နောက်တော့ အခု R&B တွေကို အများကြီးလုပ်ဖြစ်ရင်း ကြိုက်လာတော့ တကိုယ်တော်အခွေမှာ R&B ကို Rock style တီးပြီးတော့ဆိုမယ်။ ညီမရဲ့ Band name ကတော့ Be Bless လို့ အမည်ရပါတယ်။ အားလုံးပေါင်း သီချင်း ၇ ပုဒ်ပဲ ပါမှာပါ။ Slow Rock, Hard Rock, Pop Rock, Punk Rock, R&B Rock ဆိုပီးတော့ Rock ခေါင်းစဉ်အောက်ကနေပီး Music တော်တော်များများကို ဖန်တီးမှာပါ။ Ouccur Music ဆိုပီးတော့လဲ ၉ လပိုင်းမှာ အတွဲခွေထွက်ရန်ရှိပါတယ်။ တကိုယ်တော်ကိုလည်း ဒီနှစ်အကုန်မှာထွက်ဖို့ မျှော်လင့်ထားပါတယ်။ ကြိုးစားနေပါတယ်။

ပရိသတ်ကို ပြောချင်တာလေး...
အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခွေထွက်ရင်လည်း အားပေးကြစေချင်ပါတယ်။ ကိုယ်ပိုင်သံစဉ်တွေပဲ ထွက်မှာပါ။ ကျေးဇူးတင်ပါတယ်။ အခုလိုစီစဉ်ပေးတဲ့ Myanmar Youth Media Club ကိုလည်း ကျေးဇူးတင်ပါတယ်။

 

ဆက်သွယ်ချင်ရင်...

Wut Moe (Facebook) | ပိုပို (Facebook) | www.mymclub.net/mymstar/popo

 

သီချင်းနာမည်နဲ့ တစ်ပုဒ်ချင်း Download လုပ်ချင်သူတွေအတွက်

ချစ်ဖူးခဲ့သမျှ | Download Here

First Love | Download Here

မတူညီခြင်း | Download Here

မိဘမဲ့ | Download Here

မင်းအနား | Download Here

နားခိုရာတစ်ခု | Download Here

ငါ့ဘ၀နဲ့ငါ | Download Here

ဝေးမယ်ဆိုတာသိရက်နဲ့ | Download Here

ဝေးမယ် | Download Here