ဒီ Playlist ကတော့ Dj - m@rie က အကြံပေးတာနဲ့ လုပ်ဖြစ်သွားတာပါ။ ရေခြားမြေခြားက ချစ်သူကိုသတိရတာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုထားပြီး အဝေးထွက်သွားတဲ့ချစ်သူကို ပြန်တမ်းတတာပဲဖြစ်ဖြစ်၊ ခံစားချက်သီချင်းလေးတွေကို စုစည်းပေးထားပါ။ Pop နဲ့ R&B သီချင်းအများစု ထည့်ထားတာကြောင့် ကြိုက်မယ်လို့တော့ထင်ပါတယ်။ melody နဲ့လိုက်အောင်၊ theme နဲ့လိုက်အောင် ရွေးထားတဲ့အတွက် တချို့ သီချင်းလေးတွေ ကျန်ခဲ့ကောင်းကျန်ခဲ့ပါလိမ့်မယ်။ သီချင်းတွေကိုတော့ Dj - Crazi Boi နဲ့ Dj - m@rie က ကူညီပြီးရှာပေးထားပါတယ်။ Download လုပ်ဖို့လည်း အောက်မှာပေးထားတယ်နော်။ ခံစားနားဆင်ပြီးရင်တော့ ကြိုက်မကြိုက်တစ်ခုခု ရေးခဲ့ဦးနော်။
^AnGeL^
| < Prev | Next > |
|---|




