User Rating: / 1
PoorBest 

Jenny နှင့် အင်တာဗျူး

E-mail Print PDF
jenny



1Jenny မင်္ဂလာပါနော်။ ကျွန်တော်တို့ကတော့ MYMC Online Radio ကပါ။ ကျွန်တော်ကတော့ DJ BENE ပါခင်ဗျာ။ အင်တာ ဗျူးမေးခွန်းလေးတွေ အနည်းငယ်မေးချင်လို့ပါ......။

ဟုတ်ကဲ့။ ရပါတယ်။

အဆင်ပြေရင် ကျွန်တော်တို့ မေးခွန်းလေးတွေ စလိုက်မယ်နော်။
ဟုတ်ကဲ့ပါ။

ပထမဦးဆုံး အစ်မဒီအနုပညာလောကမှာ ဟန်နွေငြိမ်းဆိုတဲ့နာမည်နဲ့ရော Jenny ဆိုတဲ့နာမည်နဲ့ရော အောင်မြင်ကျော်ကြားနေတယ်ပေါ့နော်။ အဲဒီ့နာမည်တွေက အနုပညာနာမည်တွေလား။ ဒါမှမဟုတ် နာမည်အရင်းကောရှိလား သိချင်ပါတယ်။
ဟုတ်။ ဟန်နွေငြိမ်းဆိုတာ နာမည်အရင်းပါ။ Jenny ကတော့ အိမ်နာမည်ပေါ့နော်။ ဘယ်ဥစ္စာကမှ အနုပညာနာမည်ရယ်လို့ သက်သက်မဲ့ မှည့်ထားတာတော့မဟုတ်ဘူး။ ဟန်နွေငြိမ်းကတော့ ကျောင်း နာမည်။ ကျောင်းမှာပဲ သုံးတာပေါ့နော်။ Jenny ကတော့ အိမ်နာမည်နဲ့ အနုပညာအလုပ် စလုပ်ဖြစ်တော့ ဘာနာမည်နဲ့လုပ်ရမလဲ စဉ်းစားနေ တုန်းပဲရှိပါသေးတယ်... အားလုံးကလည်း အသိများတော့လေ အဲ့ဒါ Jenny ဆိုပြီးပဲ အခွေထွက်သွားတာ။

ဟုတ်ကဲ့။ Jenny မှာ မွေးရင်းဘယ်နှစ်ယောက်လောက်ရှိလဲ မသိဘူး။
Jenny တစ်ယောက်တည်းပါ။ တစ်ဦးတည်းသောပါ။

အနုပညာလောကထဲကိုရော ဘယ်နှစ်ခုနှစ်လောက်က စပြီးဝင်ရောက်ခဲ့လဲ သိချင်ပါတယ်။
အနုပညာလောကထဲကိုဆိုရင်တော့ ငယ်ငယ်ကတည်းကပေါ့။ Jenny ၃၈ ဖြာမင်္ဂလာတွေဘာတွေ အဲ့ဒီမှာစပြီးပါခဲ့တာပေါ့။ အဲ့ဒါတွေကတော့ Jenny တော်တော်ငယ်သေးတယ်။ Jenny လေးတန်းလောက်ကပေါ့နော်။ အခု အဆိုဘက်ကို စပြီးပြန်ဝင်ဖြစ်တာဆိုရင်တော့ ၂၀၀၄ ခုနှစ်ပေါ့။

2ငယ်ငယ်တုန်းကလည်း ဆိုကရေးတီးပြိုင်ပွဲတွေမှာလည်း ဆုတွေရခဲ့တယ်နော်။
ဟုတ်ကဲ့

အဲ့လိုမျိုးဝင်ပြိုင်ခဲ့တာ Jenny ကိုယ်တိုင်က ၀ါသနာပါလို့လား။ ဒါမှမဟုတ် အိမ်ကအားပေးမှုကြောင့် လား မသိဘူး။
Jenny ကိုယ်တိုင် ၀ါသနာပါတာလည်းပါတယ်။ လုပ်ချင်ရင်လုပ်ပါလားလို့ အိမ်ကခွင့်ပြုချက်လည်း ပါတာပေါ့။

ဆိုကရေးတီးတွေမှာ ဆုတွေရခဲ့တဲ့ပေါ်မှာ Jenny ဘယ်လိုခံစားရလဲ။
Jenny က အရင်ကတည်းက အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင် ကိုယ်လုပ်တဲ့အလုပ်ကို အမြဲတမ်း အစွန်းဆုံးအထိအောင်မြင်အောင်လုပ်တတ်တဲ့ အကျင့်လည်းရှိတယ်ဆိုတော့ ကိုယ်ကလည်းဖြစ်ချင် တဲ့စိတ်လည်းရှိတော့လေ အကောင်းဆုံးဖြစ်အောင် ကြိုးစားတာပေါ့နော်။ ဆုတွေရတော့... ကိုယ် လိုချင်တဲ့ ဆုတွေရတော့ ကျေနပ်တာပေါ့။

Jenny သီချင်းတွေစဆိုတုန်းက တစ်ယောက်တည်းမဟုတ်ဘဲနဲ့ witch ဆိုတဲ့ အဖွဲ့လေးနဲ့လေ၊ မမေဂျူလိုင်အောင်နဲ့ တွဲပြီးတော့ သီဆိုခဲ့သေးတယ်နော်။
ဟုတ်ကဲ့

အဲ့ဒီ့အဖွဲ့လေးက ဘယ်လိုဖွဲ့ဖြစ်သွားတာလဲ။ ပြီးတော့ ပြန်ပြီးလက်တွဲဖို့ရော ရှိသေးလား။
အဲ့ဒါကျတော့ Jenny... ဘယ်လိုပြောမလဲ။ Jenny ၂၀၀၄ လောက် သီချင်းစဆိုတုန်းက အဖွဲ့လေးတွေဖွဲ့ပြီး pop/rap လေးတွေဆိုကြတယ်။ Hiphop လေးတွေက အရမ်းခေတ်စားတယ်။ အရမ်းခေတ်စားတယ်ဆိုတော့ Jenny တို့လည်း အဖွဲ့လေးတွေဖွဲ့ပြီးတော့ လုပ်ကြည့်မယ် ဆိုပြီးတော့ သူငယ်ချင်းနှစ်ယောက်ပေါ့နော်။ ဂျူလိုင်နဲ့ Jenny က သူငယ်တန်းကတည်း သူငယ်ချင်းလေ။ သူနဲ့က ပြောစရာလည်း မလိုဘူး။ အချင်းချင်းတွေလည်းဖြစ်နေတော့ အဲ့ဒါ နှစ်ယောက်တွဲပြီးတော့ ဆိုဖြစ်သွားတာပါ။ အခုလည်း သူက အခု မလေးမှာရောက်နေတော့ ဆက်မလုပ်ဖြစ်ဘူးပေါ့။ Witch ကတော့လေ... ကွဲသွားတာမျိုးမဟုတ်ဘူးဆိုတော့ သူလည်း အဲ့မှာ သင်တန်းသွားတက်ဆိုတော့လေ.... လောလောဆယ်တော့ ဆက်မလုပ်ဖြစ်တာပဲ ရှိတာပေါ့။ အခုလောလောဆယ် Jenny တစ်ယောက်တည်းပဲ လုပ်နေတာပေါ့။

3နောက်ပြီးတော့ ကိုရသနဲ့တွဲဆိုခဲ့တဲ့ တစ်ခါတုန်းက ဆိုတာလည်း Jenny ကို ပိုလူသိများစေတယ်ပေါ့ နော်။ အဲ့ဒီ့သီချင်းလေး ဆိုဖြစ်သွားပုံလေးကရော...
အဲ့ဒါကကျတော့လည်း အဲ့လိုပဲ။ ဘယ်လိုပြောရမလဲ... ဟိုပေါ့နော်... ကိုရသနဲ့ Jenny က Pro Studio မှာစခင်တာပေါ့။ စခင်တယ်ဆိုတာ Jenny တို့ date ရှိလို့ Jenny တို့ အသံသွားသွင်းရော။ တော်ပါတော့ ပေါ့နော်။ အဲ့ဒီ့ တော်ပါတော့ တော်ပါတော့ဆိုတဲ့ သီချင်းကို studio သွားသွင်းတဲ့အခါကျတော့ ကိုရသ တို့လည်းရှိနေတယ်။ အဲ့မှာကိုရသက သမီးအသံလေး နားထောင်ပြီးတော့ ဒီကလေးမလေးအသံမဆိုးဘူး ဆိုပြီးတော့ Jenny ကို သူရဲ့သီချင်းတစ်ပုဒ်ကို featuring ဆိုမလားဆိုတော့ Jenny ကလည်း ဆိုမှာပေါ့ ဆိုပြီး ဆိုဖြစ်သွားတာပါ။ အဲ့ဒါ ကိုရသရဲ့ခံစားချက်ဆိုပေမယ့် အဲ့သီချင်းလေးကို နားထောင်လိုက်တာနဲ့ Jenny စပြီးတော့ demo လေးနားထောင်ကတည်းက အဲ့ဒီ့သီချင်းလေးကိုကြိုက်တယ်။ ကိုရသတို့က လည်း သင်ပေးပါတယ်။ အဲ့ဒီ့သီချင်းနဲ့ပေါ့ ပရိသတ်က Jenny ဆိုပြီး စသိသွားတာပေါ့။

အခုနောက်ပိုင်း Jenny က MTV တွေလည်း ရိုက်လာတယ်နော်။ နောက်ပိုင်းမှာ ရုပ်ရှင်တွေ၊ ဗီဒီယို တွေရော ပါဝင်သရုပ်ဆောင်ဖို့ စိတ်ကူးထားလားမသိဘူး။

ရုပ်ရှင်၊ ဗီဒီယိုတွေကျတော့.. Jenny ရုပ်ရှင်ကြီးတစ်ကားတော့ အခု ရိုက်ထားတယ်။ အခုရုံတင်နေ တယ်ပေါ့နော်။ ငါ့နှမလေးကွ ဆိုတာ။ အဲ့ဒါကလည်း အတွေ့အကြုံလိုချင်လို့ Jenny ရိုက်လိုက်တာပါ။ ကျန်တာကတော့ Jenny မရိုက်ဖြစ်လောက်ဘူးထင်တယ်။ ရုပ်ရှင်ဘက်ကို Jenny သိပ်အားမသန်ဘူးလေ။ အဆိုဘက်ပဲလုပ်ဖြစ်မှာပါ။

Jenny ရဲ့ ဒီ ပထမဦးဆုံး show ပွဲအတွေ့အကြုံလေးကိုလည်း ပြောပြပေးပါဦး။
Jenny တို့ပထမဦးဆုံး.... စင်ပေါ်ကိုမတက်ဘူးတာတော့မဟုတ်ဘူး။ စင်ပေါ်တော့ ခဏခဏတက်ဖူးတယ်။ ဒါပေမယ့် အဲ့ဒီ့ အကတို့ တခြား program တွေနဲ့ပဲ တက်ဖူးတာဆိုတော့လေ သီချင်းဆိုဖို့တက်ရတာ ရင်ထဲမှာတစ်မျိုးကြီးပဲ။ စင်ပေါ်ရောက်တော့ ကြောက်စိတ်နဲ့ စာသားတွေ တောင်မေ့တယ်။ အဲ့လိုမျိုး အရမ်း... ပထမဆုံးအကြိမ်ဆိုတော့ နည်းနည်းတော့ တုန်လှုပ်တာပေါ့။ နောက်ပိုင်းကျတော့ ဒီတိုင်းပဲ ယဉ်သွားတာ ပေါ့။ နောက်...ပထမဆုံးအကြိမ်ဆိုတော့ ပရိသတ်နဲ့ ကိုယ်နဲ့ကလည်း စိမ်းနေတာပေါ့။ ပရိသတ်ကလည်း ဟာ ဘာလဲပေါ့ သူတို့ကလည်း။ အောက်ကနေ တအံ့တသြနဲ့ မျက်လုံးတွေက။ ပြီးတော့ ကိုယ်ဆိုတဲ့ သီချင်းကလည်း သူတို့ တစ်ခါမှမကြားဖူးဘူးဆိုတော့ သူတို့အတွက်က အသစ်ကြီးဖြစ်နေတာပေါ့။

4အခု ပြည်ပမှာလည်း ရှိုးပွဲတွေဘာတွေ ဆိုနေတယ်ပေါ့နော် Jenny က။ အဲ့ဒီ့ ပြည်ပမှာဆိုတဲ့ ကွာခြားချက်နဲ့ ပြည်တွင်းမှာဆိုတဲ့ ခံစားချက်လေးရှိလို့ရှိရင် ပြောပြပေးပါဦး။
ပြည်တွင်းမှာကျတော့... ပြည်တွင်းတောင် ဒီရန်ကုန်နဲ့ နယ်နဲ့မတူဘူးပေါ့နော်။ နယ်ကပရိသတ် ကျတော့ တစ်ခါတစ်ရံမှ သူတို့မြင်ရတွေ့ရတော့ ပိုအားပေးကြတယ်ပေါ့။ ရန်ကုန်ပရိသတ်ကျ တော့ အမြဲတမ်းနီးပါးလည်း ကိုယ်က ရန်ကုန်မှာနေတဲ့သူဆိုတော့ ကိုယ်ဟိုသွားဒီသွားနဲ့ ဆုံတာ လည်းရှိတယ်။ ပြီးတော့ ရန်ကုန်မှာလည်း ပွဲတွေ၊ ပွဲလမ်းသဘင်တွေကများတဲ့အခါကျတော့ သူတို့ အတွက်က ရိုးနေပြီပေါ့နော်။ အဲ့တော့ နယ်က ပရိသတ်ကပိုပြီးမှ လက်ခံအားပေးတယ်ပေါ့။ အဲ့ဒီ့ ထက်ကို ပြည်တွင်းမဟုတ်တော့ဘဲ ပြည်ပရောက်သွားတဲ့အခါကျတော့ သူတို့ကျတော့ ပိုဝေးသွား ပြီ ကိုယ်နဲ့ကျတော့။ တစ်ချို့တွေကျတော့ နည်းနည်း အသက်ကြီးပိုင်းတွေကျတော့ ကိုယ့်ကို မသိဘူး။ ဒါပေမယ့် သူတို့က သီချင်းကိုသိတယ်။ သီချင်းနဲ့ ကိုယ်နဲ့ကို မတွဲမိဘူး။ ကြာပါတယ် တို့ ဘာတို့ဆို သူတို့တအားသိတယ်။ အဲ့လိုမျိုး လူကြီး လူငယ်ပိုင်းတွေ အကုန်လုံးအားပေးကြပါ တယ်။ oversea ပွဲတွေဆိုရင် ပရိသတ်တွေက သူတို့ဆီလာပြီးတော့ တကူးတကလာဖျော်ဖြေတဲ့ အနုပညာရှင်တွေကို နွေးနွေးထွေးထွေးကြိုဆိုတော့ သမီးတို့လည်း ပိုပြီး အားရှိတာပေါ့။

Jenny အနေနဲ့ တကိုယ်တော်အခွေတွေဘာတွေထွက်ဖို့ရော အစီအစဉ်ရှိလား။ တကယ်လို့ ရှိခဲ့ရင်ရော ဘယ်တော့လောက်ထွက်ဖို့ရှိလဲ။
တကိုယ်တော်ကတော့ အခုစီစဉ်နေတယ်။ ဒီနှစ်ထဲမှာတော့ ထွက်ဖြစ်မှာပါ။

ရှ့ဆက်ပြီးတော့ရော ဒီအနုပညာအလုပ်ကိုပဲ ဆက်ပြီးလုပ်သွားဖို့ရှိလားမသိဘူး။
ရှေ့ဆက်ပြီးတော့ ဒီအနုပညာလုပ်ငန်းကို လုပ်ဖြစ်မှာပါ။ လောလောဆယ်တော့ အဆိုဘက်ကိုပိုပြီး ဦးစားပေးလုပ်ဖြစ်မှာပါ။

ထပ်ပြီး Jenny က ဖက်ရှင်၊ ဒီဝတ်ပုံစားပုံ ဖက်ရှင်ဒီဇိုင်းတွေကပေါ့နော် ရေပန်းစားလာတယ်လေ။ Jenny က ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ် တာလား။ ဒါမှမဟုတ် ဖက်ရှင် ဒီဇိုင်နာတွေ ဘာတွေရောရှိလား။
Jenny ရဲ့ လိုချင်တဲ့ ပုံစံလေးတွေကို တစ်ခါတစ်လေကျရင်တော့ ဒီဇိုင်နာနဲ့ တိုင်ပင်တယ်ပေါ့နော်။ ဘယ်လိုပုံစံလေးတော့ Jenny ၀တ်ချင် တယ်၊ ဘယ်လိုပုံစံလေးတော့ Jenny လုပ်ချင်တယ် အဲ့လိုမျိုးလေး အမြဲတမ်းတိုင်ပင်တာလေးတွေတော့ရှိတယ်။  ပုံမှန် ဒီဇိုင်နာကတော့ တင်စုထွေးပေါ့နော်။ အမြဲတမ်းနီးပါးတော့ သူနဲ့ပဲချုပ်ဖြစ်ပါတယ်။ ကျန်တာကတော့ တခြားဒီဇိုင်နာ အင်္ကျီတွေလည်း ၀တ်တယ်။ နောက် မုံရွာ ဘုတ်ဘုတ်တို့လည်း Jenny ၀တ်ပါတယ်။

5ဒီအနုပညာလောကမှာပေါ့နော်။ ကောလဟာလဆိုတာ ရှိတတ်တာပဲ။ အဲ့ဒီ့ ကောလဟာလတွေ ကို Jenny ကြုံတွေ့တဲ့အခါမှာ ကြုံခဲ့တာမျိုးရောရှိလား။ ကြုံတွေ့ရင်ရော ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ပြောပြပေးပါဦး။
ရှိတယ်။ ကောလဟာလတွေ အဲလိုမျိုးပေါ့။ မဟုတ်ဘဲနဲ့ ပြောခံရတာမျိုးတွေက အများကြီးပေါ့။ ဒါပေမယ့် Jenny က အဲ့ဒါမျိုးတွေကိုသွားပြီး တစ်ခုချင်းလိုက်ရှင်းနေလို့ကတော့ ပြီးမှာမဟုတ် ဘူး။ သိတယ်မလား။ ဟုတ်တယ် မဟုတ်ဘူးဆိုတာထက်ကိုပေါ့နော် ပရိသတ်ကလည်း Jenny ရဲ့ အနုပညာလုပ်ငန်းကလွဲလို့ ကျန်တာတွေ စိတ်မ၀င်စားဘူးဆိုလို့ရှိရင်တော့ ပြောတဲ့သူတွေ ကလည်း ကြာရှည်ပြောနိုင်မှာမဟုတ်တော့ဘူးလို့ထင်တာပဲ။

Jenny က ဒီအနုပညာလုပ်ငန်းတွေနဲ့ မအားမလပ်ဖြစ်နေတာဆိုတော့ ကိုယ်ပိုင်အားလပ်ချိန် ရောရှိလား။ အားလပ်ချိန်တွေမှာရော ဘာတွေလုပ်တတ်လဲ။
ကိုယ်ပိုင်အားလပ်ချိန်ရယ်တော့ မရှိဘူးပေါ့။ အားတဲ့အချိန်တွေဆို သီချင်းလေးနားထောင်လိုက် တယ်။ သီချင်းနားထောင်တာလည်း ကိုယ့်အလုပ်တစ်မျိုးပဲဖြစ်နေတာဆိုတော့။ အားလပ်ချိန် တွေမှာ ဒီလိုမျိုး အိပ်ခါနီး ဂိမ်းလေးနည်းနည်းဆော့တာတို့၊ စာအုပ်လေးဖတ်တာတို့။ နောက်ပြီး တော့ အားရင်မိတ်ဆွေနဲ့ မုန့်တွေဘာတွေသွားစားတာတို့ ဒါမျိုးလေးတွေတော့ရှိတာပေါ့။

Jenny က ကိုယ်ခန္ဓာနဲ့ အသားအရေကိုလည်း ထိန်းသိမ်းတယ်နော်။ အဲ့ဒီတော့ မိန်းကလေးတွေအတွက်ရော ဘယ်လိုလဲ။ လှနည်းပနည်း လေးတွေရှိရင်လည်း ပြောပြပေးပါဦး။
အဲ့လိုလှနည်းပနည်းရယ်တော့ မဟုတ်ပါဘူး။ အခုနောက်ပိုင်း Jenny လည်း ပြီးခဲ့တဲ့လက Jenny စာမေးပွဲဖြေတော့ ဘာမှလှုပ်ရှားမှု သိပ်မရှိဘူးဆိုတော့  နည်းနည်းတောင်ပြန်ဝလာတယ်။ ဒီလိုပဲ အစားအသောက်ကိုတော့ Jenny ထိမ်းလေ့ထိမ်းထမရှိဘူး။  စားဖြစ်ပါတယ်။ သိပ်ရှောင်တာတွေဘာတွေသိပ်မရှိဘူး။ စားတယ်။ ဒါပေမယ့် Jenny က ကစားတယ်ပေါ့ အရင်တုန်းကတော့။ အခုတော့ အချိန်ကမအားတော့ မကစားဖြစ်ဘူးပေါ့။ နည်းနည်းတောင် ပြန်ဝလာတယ်။ အသားအရေကျတော့ တစ်လတစ်ခါလောက်ပဲဖြစ်ဖြစ်ပေါ့နော် Spa တော့လုပ်ဖြစ် တယ်။ ကျန်တာကတော့ skin lotion လိမ်းမယ်။ skin care တွေသုံးမယ်။ ဒီလောက်ပါပဲ။

အခုခေတ်မှာပေါ့နော်... အင်တာနက်ဆိုတာ အရမ်းခေတ်စားလာတယ်လေ။ အဲ့ဒီ့ပေါ်မှာ Jenny ရဲ့ အမြင်လေးကိုလည်း ပြောပြပေးပါဦး။

အင်တာနက်ခေတ်စားလာတယ်ဆိုတော့ ဝေးနေတဲ့သူလည်း နိးနေသလိုပါပဲ။ ဖုန်းထက်စာရင်ပိုပြီး ဆက်သွယ်ရေးလွယ်ကူမြန်ဆန်တယ်ပေါ့။ ပိုပြီးတော့ ထိထိရောက်ရောက်နဲ့လည်း ဆက်သွယ်လို့ရတယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် ခက်တာ Jenny က သိပ်အသုံးမပြုဖြစ် ပါဘူး။

6Jenny ကအမြဲတမ်း pop တွေ၊ R&B တွေဆိုတာများတယ်နော်။
ဟုတ်

တခြားသီချင်းအမျိုးအစားတွေကော ဆိုဖို့ စိတ်ကူးရှိလား။
Jenny single ထဲမှာတော့ ပုံစံမျိုးစုံပေါ့။ Jenny မဆိုဖြစ်ဖူးသေးတဲ့ ပုံစံမျိုးလေးတွေလည်း ပါမယ်။

Jenny ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ Jenny ကို အားပေးခဲ့တဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုရော ကျေနပ်မှုရှိပြီလား။ ဒါမှမဟုတ် ဘယ်လိုခံစားရလဲမသိဘူး။
အနုပညာရှင် တစ်ယောက်အနေနဲ့ကတော့ ငါဒီလောက်ပရိသတ်ရရင်တော်ပါပြီ ဆိုတာမျိုး တော့ ဘယ်ရှိပါ့မလဲ။ အမြဲတမ်းကတော့ လိုအပ်နေမှာပဲလေ။ Jenny အခု အောင်မြင်သွား တာမှမဟုတ်တာ။ Jenny ကို လူသိသွားတာပဲရှိသေးတယ်လေ။ အဲ့တော့ Jenny ကို ပရိသတ်လုံးဝလက်ခံအားပေးတဲ့အထိ ကြိုးစားဦးမှာပါ။

ဒီတော့ လူတိုင်းမှာ မျှော်မှန်းထားတဲ့ ပန်းတိုင်ဆိုတာရှိတာပဲလေ။ Jenny မျှော်မှန်းထားတဲ့ ပန်းတိုင်ကရော ဘယ်လိုမျိုးဖြစ်မလဲ။ လိုချင်တဲ့နေရာကိုရော အခုရောက်နေပြီလား။

လိုချင်တဲ့ပုံစံကိုတော့မရောက်သေးဘူး။ Jenny ကြိုးစားနေတုန်းပဲရှိသေးတယ်။ ကြိုးစားတဲ့ကာလပေါ့။

ဟုတ်ကဲ့။ Personal မေးခွန်းလေးတစ်ခုလောက်မေးမယ်နော်။
ဟုတ်

Jenny မှာ အခု ချစ်ရတဲ့သူရောရှိနေပြီလားခင်ဗျာ။ မရှိသေးဘူးဆိုရင် ဘယ်လိုမျိုးကို လက်တွဲဖော်အဖြစ်ဆုံးဖြတ်ထားလဲမသိဘူး။
ပထမမေးခွန်းကိုတော့ ထားလိုက်ပါတော့။ ဒုတိယမေးခွန်းတော့ဖြေလိုက်မယ်လေ။ Jenny လက်တွဲမယ့်သူက Jenny ရဲ့ စိတ်ခံစားမှုအပေါ် နားလည်ပေးနိုင်ရမယ်။ နောက် Jenny လုပ်တဲ့ အလုပ်ပေါ်မှာ နားလည်ပေးနိုင်ရမယ်။ ပြီးလို့ရှိရင် သဘောထားချင်းတိုက်ဆိုင်ရမယ်။ အဲ့လိုမျိုး သိပ်ပြီးကွဲလွဲနေတဲ့သူဆိုရင် ဘယ်အဆင်ပြေမလဲ။ ဒါက ခဏတာမဟုတ်ဘဲ ရေရှည်လက်တွဲမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်တော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတော့ရှိရမယ်။ ကိုယ့်အပေါ်နားလည်ပေးနိုင်တဲ့သူကိုပဲ ရွေးမှာပါ။

8Jenny ကိုချစ်တဲ့ ပရိသတ်တွေ Jenny ကိုဆက်သွယ်လို့ရမယ့် email ဒါမှမဟုတ် Facebook တို့ Website တို့ဘာတို့ကောရှိလား။
Jenny ကို ဆက်သွယ်ရမယ့် email က This e-mail address is being protected from spambots. You need JavaScript enabled to view it

Jenny တို့လို အနုပညာရှင်တွေနဲ့ ဒီပြည်တွင်းပြည်ပက ပရိသတ်တွေကို ဆက်သွယ်ပေးနေတဲ့ ကျွန်တော်တို့ Myanmar Youth Media Club လိုမျိုး အွန်လိုင်း media တွေပေါ်မှာရော Jenny ရဲ့အမြင်လေးကို ပြောပြပေးပါဦး။
ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သိချင်တဲ့ အနုပညာရှင်ရဲ့အကြောင်းလေးတွေ၊ စကားသံလေးတွေ သူတို့ဆီကိုရောက်အောင်ပို့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဲ့လိုမျိုးလေးတွေရှိနေမှလည်း ပရိသတ်နဲ့ အနုပညာရှင်က အမြဲတမ်းထိတွေ့မှုရှိနေမှာပေါ့။

နောက်ဆုံးအနေနဲ့ ကမ္ဘာအနှံ့က Jenny ရဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြော ပေးပါဦး။
Jenny အမြဲကြိုးစားနေပါတယ်လို့။ Jenny ကိုအားပေးဖို့နဲ့ ပြီးလို့ရှိရင်လည်း Jenny ကြိုးစားတဲ့ Jenny ရဲ့ ကြိုးစားမှုလေးကို အသိအမှတ်ပြုပေးဖို့ Jenny ပြောချင်ပါတယ်။

အခုလိုမျိုး အနုပညာလုပ်ငန်းတွေနဲ့ မအားလပ်တဲ့ကြားက ကျွန်တော်တို့ကို အချိန်ပေးပြီးတော့ မေးခွန်းတွေကိုဖြေကြားပေးတဲ့ Jenny ကို ကျေးဇူးအထူးတင်ပါတယ်။ နောင်လည်း အောင်မြင်မှုတွေဆက်လက်ပြီးရရှိပါစေလို့ MYMC အဖွဲ့သားတွေကိုယ်စား ဆုတောင်းပေးပါ တယ်ခင်ဗျာ။
ဟုတ်ကဲ့ပါ။ ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်။



အင်တာဗျူးကို အသံနှင့်နားထောင်ချင်တယ်ဆိုရင်တော့...

MYMC Interview Team
Interviewer | BENE
Questions | ^AnGeL, LolliPoP
Write-Up | Nunki
Management | ^AnGeL^
Audio Edit | ^AnGeL^
Special Thanks | Thiri (Bambino), Mei Mei & Thone Nya (Helping Hands)