
ဒီတစ်ခါတော့ ပရိတ်သတ်တွေနဲ့ သိပ်မရင်းနှီးသေးတဲ့၂၀၀၈ခုနှစ် Melody World မှာဝင်ပြိုင်ရင်း အနုပညာခြေလှမ်း စတင်ခဲ့တဲ့ ထိုက်ထိုက်ရဲ့သီချင်း အသစ်တစ်ပုဒ်ကို တင်ပေးရင်း မိတ်ဆက် ပေးချင်ပါတယ်။ ထိုက်ထိုက်က Melody World မှာ Level 3 အထိရောက်ခဲ့တဲ့အပြင် စောလင်းမိုရေးခဲ့တဲ့ လက်တွဲဖော် သီချင်းနဲ့ VCD Album ပါဝင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် မြန်မာဘီယာက ဦးစီးကျင်းပတဲ့ Super Star ပြိုင်ပွဲမှာတော့ ဒုတိယဆု (First Runner Up)ကို ဆွတ်ခူးခဲ့ပြန် ပါသေးတယ်။ ထိုက်ထိုက်တစ်ယောက် လက်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ (Electro Tiger) Tiger Girls GirlBand၊ အခု လောလောလတ်လတ် Me & Ma Girls အဖွဲ့ဝင်တစ်ယောက် အဖြစ် သီချင်းတွေဆိုနေပါတယ်။ တစ်ကိုယ်တော် အခွေထွက်ဖို့လည်း ထိုက်ထိုက်တစ်ယောက် ကြိုးစားနေပါတယ်။ ကဲ ဒီသီချင်းလေးကတော့ ထိုက်ထိုက်ရဲ့ပထမဆုံး ကိုယ်တိုင် ရေးစပ်သီဆိုထားတဲ့ Sample သီချင်းလေးပါ။ ထိုက်ထိုက်က သူ့ခံစားချက်နဲ့ ရေးထားတာလို့ပြောပါတယ်။ ကဲပရိတ်သတ်ကြီးကလည်း နားထောင်ပြီး ထိုက်ထိုက်ကို အားပေးဝေဖန် လိုက်ကြပါအုံးနော်။

ထိုက်ထိုက်ရဲ့ လက်တွဲဖော် သီချင်း Video လေးပါ။
ထိုက်ထိုက်ရဲ့ သီချင်းကို အရင်ဆုံးနားထောင်ဖို့
ကိုအရင်နှိပ်ပါ။
>>> သီချင်းကို Download လုပ်ရန် ဒီမှာနှိပ်ပါ <<<
| < Prev | Next > |
|---|


