
MYMC ပရိသတ်များအားလုံး မင်္ဂလာပါနော်။ MYMC က တင်ဆက်ပေးနေကျ program တစ်ခုဖြစ်တဲ့ Knowledge 101 အစီအစဉ်ကို တင်ဆက်ပေးဖို့အချိန်ကျရောက် လာပြန်ပါပြီ။ အ ကြောင်းအရာတစ်ခုနဲ့ တစ်ခုကြား ခဏခဏအဆက်ပြတ်သွား ပေမယ့်လည်း အသစ်တင်လိုက် တိုင်း ဖတ်ရှုအားပေးကြတဲ့ ပရိသတ်များကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်အတွက် တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့သူက တော့ Mahatma Gandhi ပဲဖြစ်ပါတယ်။ Mahatma Gandhi ဆိုတဲ့ နာမည်က မြန်မာလူငယ်တွေအတွက် သိပ်ပြီးတရင်းတနှီးမရှိပေမယ့် Indian လူမျိုးတွေအတွက်တော့ သူဟာအနှိုင်းမဲ့အားကိုးအားထားရပြီး ချစ်မြတ်နိုးလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးပဲဖြစ်ပါတယ်။ တခြားနိုင်ငံရေး ခေါင်းဆောင်တွေနဲ့မတူပဲ တစ်မူထူးခြားနေရတာကတော့ Ghandi ရဲ့ ခန္တီ၀ါဒီနဲ့ လွတ်လပ်ရေးကို တိုက်ယူနိုင်ခြင်းပဲဖြစ်ပါတယ်။ Gandhi ဟာ သူ့လူမျိုးတွေကို သည်းခံခြင်းသည် အောင်မြင်ခြင်းဆိုတဲ့အယူကို နှလုံးသွင်းနိုင်ပြီး သူတို့နိုင်ငံကို ကျူးကျော်သိမ်းပိုက်လာတဲ့ British လူမျိုးတွေကို အနိုင်ယူစေခဲ့ပါတယ်။
ကိုယ်ရေးရာဇ၀င်
Gandhi ရဲ့အမည်အရင်းကတော့ Mohandas Karamchand Gandhi ဖြစ်ပေမယ့် အများစုကတော့ Mahatama Gandhi လို့ပဲ အသိများပါတယ်။ Mahatama ဆိုတဲ့ အဓိပ္ပါယ်ကတော့ နိုင်ငံ့ရဲ့ခေါင်းဆောင် ဖခင်ကြီးလို့ အမည်ရပါတယ်။ Gandhi ကို ချစ်ခင်ကြသူများကတော့ Bapu လို့ ခေါ်ကြပါတယ်။ Bapu ဆိုတာကတော့ Hindi လို အဖေကြီးလို့ အဓိပ္ပါယ်ရပါတယ်။ Gandhi ကို ၁၈၆၉ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်းထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူမှာ ဇနီး ၄ ယောက် ရှိပြီးတော့ Gandhi ဟာ အငယ်ဆုံးဇနီးရဲ့ သားအငယ်ဆုံးဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အခါတုန်းက Gandhi ဟာ အလွန်အရှက်အကြောက်စိတ်ကြီးသူ၊ အပြောချိုသာသူ၊ လိမ္မာပါးနပ်သူ လူငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။
သူငယ်စဉ်အခါ ၁၃ နှစ် လောကကြီးကိုနားမလည်စဉ် အချိန်အခါတုန်းက အခြားလူငယ်လူရွယ် ဆယ်ကျော် သက်များနည်းတူ ဆေးလိပ်၊ အရက်၊ လောင်းကစားအချို့ကို စမ်းသပ်သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်ဓာတ်အခြေခံကောင်းသူ တစ်ယောက်ဖြစ်တဲ့ Gandhi ဟာ ထိုအရာများကို စွဲသွားခြင်းမရှိခဲ့ပဲ ဘ၀တိုး တက်မှုအတွက် ဆူးညောင့်ခလုတ်များကဲ့သို့သာ သဘောထားခဲ့ပါတယ်။ အဲဒီနောက် Gandhi အသက် ၁၅ နှစ် အရွယ်လောက်မှာ Indian လူမျိုးတွေရဲ့ ထုံးတမ်းအစဉ်အလာတစ်ခုဖြစ်သော Kasturba လို့ခေါ်တဲ့ နှစ်ဖက် မိဘများရဲ့ သဘောကျ အလိုအရအတိုင်း လက်ခံလိုက်နာရတဲ့ ထိမ်းမြားလက်ထပ်ပေးခြင်းကို ခံခဲ့ရပါတယ်။ Gandhi ရဲ့ ရှေးဘ၀ပေးကုသိုလ်ကံကောင်းမှုကြောင့် သူရဲ့ကြင်ဖက်ဇနီးမယားဟာ သူ့ဘ၀အတွက် အဖော်မွန် ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမနဲ့ Gandhi ဟာ သားသမီးရတနာ ၄ ဦး ထွန်းကားခဲ့ပါတယ်။
London ပညာသင်ခရီးစဉ်
G
andhi အသက် ၁၈ နှစ် အရွယ်ရောက်တဲ့အချိန် ၁၈၈၈ ခုနှစ် စက်တင်ဘာလလောက်မှာတော့ တရားရုံး ချုပ်ဥပဒေ ရှေ့နေကြီးတစ်ဦးဖြစ်ဖို့အတွက် London သို့ သွားရောက် ပညာသင်ကြားခဲ့ပါတယ်။ London မြို့ကို စစရောက်ချင်း ၃ လလောက်တုန်းကတော့ British လူမျိုးတွေလိုပဲ ၀တ်စားဆင်ယင်ခဲ့သလို ထိုလူတွေလို အကသင်တန်းများ၊ တယောထိုးသင်တန်းများတက်ရောက်ပြီး သင်ကြားလေ့လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အပျော်အပါးအဆောင်အယောင်များကို ငြီးငွေ့သွားသူ Gandhi ဟာ သူ့ရဲ့ကျန်ရှိနေတဲ့ စာသင်နှစ် ၂ နှစ်ကျော်ကာလကို လူမသိသူမသိပုံစံမျိုး အနေအထိုင်ငြိမ်ဝပ်ပိပြားစွာနဲ့ပဲ ဥပဒေပညာရပ်ကို တလေးတစားနဲ့ အပတ်တကုတ်ကြိုးစား လေ့လာသင်ယူပြီးတော့ ကျော်ဖြတ်ခဲ့ပါတယ်။ London မှာ နေထိုင်နေစဉ်အတွင်းမှာပဲ သားကြီးငါးကြီးများစားသုံးခြင်းကို ရှောင်ကြဉ်ပြီးတော့ သတ်သတ်လွတ်စားတတ်သော အကျင့်ကိုရရှိခဲ့ပါတယ်။ သူငယ်ချင်းတွေက အသားစားဖို့တိုက်တွန်းပြီး အစားအသောက်ကောင်းတွေ ရနိုင်တဲ့ဆိုင်တွေကို ခေါ်သွားခဲ့ပေမဲ့လည်း ဟင်းသီးဟင်းရွက် ရနိုင်တဲ့ဆိုင်တွေမှာပဲ ကျင်လည်ခဲ့ပါတယ်။
ဒီလိုနဲ့ပဲ Gandhi ဟာ တဖြည်းဖြည်းနဲ့ ဘာသာရေးလိုက်စားသူ တစ်ဦးဖြစ်လာခဲ့ပြီး သူ့အားလပ်ချိန်တွေမှာ ဘာသာရေးစာအုပ်တွေနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ Gandhi ရဲ့ စိတ်ဓာတ်ကြံခိုင်စွာနဲ့ ကြိုးစားခဲ့မှုတွေကြောင့် ၁၈၉၁ ခုနှစ် ဇွန်လမှာ ဥပဒေစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး မွေးရပ်မြေကိုပြန်သွားခဲ့ပါတယ်။ မွေးရပ်မြေ ပြန်ရောက်ချိန်မှာတော့ သူတတ်တဲ့ဥပဒပညာနဲ့ အလုပ်ရဖို့ ကြိုးစားခဲ့ပေမယ့်လည်း India နိုင်ငံနဲ့ပက်သက် ပြီး အတွေ့အကြုံ ဗဟုသုတနည်းနေသေးလို့ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုနဲ့ဥပဒေပညာရပ် နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် British လူမျိုးတွေရဲ့ အုပ်စိုးမှုအောက်မှာပဲရှိနေသေးတဲ့ Africa နိုင်ငံကို ပို့ဆောင်ပြီးတော့ ဥပဒေပညာရပ်ကို ဆက်လက်လေ့လာသင်ယူစေခဲ့ပါတယ်။ ဒီလိုအခွင့်အရေးမျိုးကို Gandhi ဟာ အလွန်တန်ဖိုး ထားပြီးတော့ အာဖရိကမှာ ဥပဒေပညာရပ်ကို အပတ်တကုတ်ဆက်လက် ကြိုးစားလေ့လာခဲ့ပါတယ်။
Gandhi အကြောင်းကို ၅နာရီ Documentary ကိုအတိုချုံ့ထားတဲ့ ၂နာရီစာ Life of Gandhi Documentary ပါ
Africa တွင် နေထိုင်စဉ်
Gandhi တစ်ယောက် Africa ကို ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ အသက်ဟာ ၂၃ နှစ်လောက်ရှိနေပြီ ဖြစ်ပါတယ်။ အာဖရိကမှာ ရောက်ရှိနေတဲ့ Gandhi ရဲ့ ပညာရေးခရီးစဉ်ကတော့ Gandhi ကို အလွန် အေးပြီး အရှက်အကြောက်ကြီးသူအဖြစ်ကနေ ပြောရဲဆိုရဲရှိပြီး ဦးဆောင်နိုင်စွမ်းရှိသူ တစ်ယောက်အဖြစ် အသွင်ပြောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ Gandhi ဒီလိုမျိုးပြောင်းလဲသွားခဲ့ရတဲ့ အကြောင်းအရင်းကတော့ Africa မှာ သူကိုယ်တိုင်တွေ့ကြုံခံစားလိုက်ရတဲ့ လူတန်းစားခွဲခြားမှုနဲ့ India လူမျိုးများကို နှိမ့်ချဆက်ဆံ တာကြောင့်ပဲဖြစ်ပါတယ်။ Africa ကိုရောက်နေစဉ်မှာ Gandhi ဟာ အများသုံးရထားနဲ့ ဘတ်စ်ကား များကို အသုံးပြုပြီး တစ်နေရာမှတစ်နေရာသို့ သွားရောက်ခဲ့ရပါတယ်။ ပထမဦးဆုံးအကြိမ် Gandhi ဟာ ရထားလမ်းပို့ဆောင်ရေးနဲ့ သွားခဲ့တဲ့အခါမှာ သူဝယ်ထားတဲ့လက်မှတ်က ပထမတန်းစားနေရာကနေ လိုက်ပါနိုင်ခွင့်ရှိသူလက်မှတ် ဖြစ်ပေမယ့် လည်း Britain ရဲအရာရှိများက သူ့ကိုတတိယတန်းစားနေရာမှာသာ လိုက်ပါစီးနင်းဖို့ကို အတင်းအကြပ်ပြောဆိုခဲ့ပါတယ်။ မဟုတ်မခံစိတ် ရှိသူနဲ့ မိမိကိုယ်ကိုယုံကြည်သူ Gandhi ဟာ သူ့ကိုနေရာပြောင်းစီးခိုင်းတဲ့ ရဲအရာရှိအင်္ဂလိပ်ကို သူဟာရှေ့နေတစ်ယောက်ဖြစ်ကြောင်း ကြိုးစားရှင်းပြခဲ့ပေမယ့်လည်း ရဲအရာရှိကသူ့ကို လူဖြူလူမဲခွဲခြားပြီးတော့ ပထမတန်းစားထိုင်ခုံမှာ လိုက်ပါစီးနင်းခွင့်မရှိဘူးလို့ဆိုပြီး ရက်စက် စွာရထားပေါ်မှ တွန်းချခြင်းခံခဲ့ရပါတယ်။
အဲ့ဒီလိုမျိုး မတရားသဖြင့်ခံခဲ့ရတာကို Gandhi ဟာ ရင်ထဲမှာ အင်မတန်မှနာကြည်း ခံစားခဲ့ရပါတယ်။ ဒီလိုနဲ့ Gandhi ဟာ Africa မှာရောက်နေတဲ့ Indian အထက်လူကြီးအချို့နဲ့ စကားစမြည်ပြောဆို ကြည့်တဲ့အခါမှာတော့ Africa ရောက် Indian တွေ ခံစားနေရတဲ့ ပိုပြီးဆိုးရွားတဲ့အခြေအနေတွေကိုပါ သိရှိခဲ့ရပါတယ်။ အဲ့ဒီမှာရောက်နေကြတဲ့ Indian လူမျိုးတွေဟာ လူဖြူလူမဲ ခွဲခြားခြင်းခံနေရပြီးတော့ လူဖြူတွေရှိနေတဲ့ ပလက်ဖောင်းတွေပေါ်မှာတောင် လမ်းလျှောက်ခွင့်မရခဲ့တာကို သိရှိခဲ့ရပါတယ်။ အဲဒီလိုမျိုး မတရားမှုတွေဟာ လွတ်လပ်ရေးကို တိုက်ယူနိုင်ဖို့အတွက် Gandhi ကို အားအင်တွေပိုပို တိုးစေခဲ့ပါတယ်။ ဒီလိုနဲ့ Gandhi ဟာ အာဖရိကရောက် Indian တွေကို လွတ်လပ်ရေးတိုက်ယူဖို့ အတွက် စည်းရုံးပွဲတွေ၊ ဟောပြောပွဲတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးခြေလှမ်းအနေနဲ့ အာဖရိကရောက် Indian လူမျိုးတွေကို စုစည်းပြီး တော့ ဟောပြောပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဟောပြောပွဲမှာ Indian လူမျိုးတွေဟာ သူတို့နဲ့သူတို့ရဲ့ ဇနီးသားသမီးတွေ မတော်မတရား ပြုကျင့်ခံနေရမှုတွေကို တင်ပြခဲ့ပြီးတော့ British လူမျိုးတွေကို ပြန်လည်တိုက်ခိုက်မည်ဆိုသော အဆိုများကိုတင်သွင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း Gandhi က ''They may torture my body , break my bones , even kill me , then they will have my dead bodies not my obediences." လို့ ပြောဆိုပြီးတော့ Indian လူမျိုးများကို သိမ်းသွင်းခဲ့ပါတယ်။ ဆိုလိုတာကတော့ British လူမျိုးများ ဘယ်လောက် ညင်းပန်းနှိပ်စက်ပါစေ Indian လူမျိုးများဘက်မှ တုန့်ပြန်မှုမပြုဘူးဆိုရင် British တွေ ဒီ့ထက် ပိုပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ကြောင်းကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Gandhi က မတရားသဖြင့် ညင်းပန်းနှိပ်စက်သူတွေကို သူတို့လုပ်ရပ်တွေကို သူတို့ကိုယ်တိုင်သိပြီး အရှက်ရ ပါစေ၊ လက်နက်အင်အား၊ လူအင်အားသုံးပြီး မတုံ့ပြန်ပါနဲ့လို့ ပြောဆိုစည်းရုံး သိမ်းသွင်းခဲ့ပါ တယ်။ အဲဒီလိုမျိုး အားပေးသိမ်းသွင်းမှုများကို Indian လူမျိုးတွေလည်း တဖြည်းဖြည်းနဲ့ လက်ခံလာပြီးတော့ Gandhi နဲ့အတူ လွတ်လပ်ရေးကို အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ English လူမျိုးများလည်း ဘယ်လိုမှ မတတ်နိုင်တော့တဲ့နောက် Gandhi နဲ့ အဖွဲ့သားများကို အချုပ်ကြစေခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံအတွင်းမှာ ပိုမိုပြင်းထန်တဲ့လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တာမို့ Gandhi ကို အချုပ်ကြနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတော့ India နိုင်ငံ Bombay မြို့ကို ပြန်လည်ထွက်ခွာစေခဲ့ပါတယ်။
| < Prev | Next > |
|---|


