User Rating: / 0
PoorBest 

ခွဲခွာရက်သူ

E-mail Print PDF
kwalkwaryatthu

ဒီ Playlist လေးကတော့ ခွဲခွာရက်သူ ဆိုတဲ့ခေါင်းစဉ်လေး အတိုင်းပဲ ကိုယ့်အနားကနေ ခွဲထွက်သွားတဲ့ ချစ်သူကိုရည်ညွှန်း ထားတဲ့ အသည်းကွဲ သီချင်းတွေပါပဲ။ ဒါပေမယ့် မိန်းကလေး ဘက်ကခံစားချက်ဖြစ်တဲ့အတွက် မိန်းကလေးသီချင်းတွေကြီးပဲ ရွေးပေးထားပါတယ်။ ကိုယ်ချစ်တဲ့သူဟာ တခြားတစ်ယောက်ရဲ့ရင်ခွင်မှာ ပျော်ရွှင်နေတယ်။ ကိုယ့်ကို သတိရမရ မသိနိုင်တော့ပေမယ့် မိန်းကလေးတစ်ယောက် အနေနဲ့တော့ လွမ်းနေရုံ၊ ငိုနေရုံ၊ မျှော်လင့်နေရုံပဲ တတ်နိုင်တဲ့အတွက် ဒီသီချင်းလေးတွေက အသည်းကွဲဖူးတဲ့ ကောင်မလေးတွေအတွက် တော့ ခံစားလို့ကောင်းမယ်ထင်ပါတယ်။ မနေ့က MYMC က လူတော်များများနဲ့ ခင်မင်ပြီးတော့ ၂ နှစ်လုံးလုံး MYMC ရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်တဲ့ ရင်ငြိမ်းပွင့်ရဲ့သတင်းကို ရုတ်တရက်ကြားလိုက်ရပါတယ်။ အချစ်အတွက် ကိုယ့်အသက်ကိုတောင် စွန့်လွှတ်သွား ခဲ့တာပါ။ အဲဒီတော့ သူ့အတွက်ကိုပါ ရည်မှန်းပြီးတော့ ဒီ Playlist လေးကို သူ့ဓါတ်ပုံနဲ့ပဲ design လုပ်ပြီး တင်ပေးလိုက်တာပါ။ အချစ်ဆိုတာက တကယ်ကြီးအရူးအမူး ချစ်မိတဲ့သူတွေအတွက်တော့ ဘ၀တစ်ခုလုံးပါပဲ။ ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ၊ ဘယ်လောက်ပဲ အဆင်မပြေပါစ လက်မလျှော့ဘူးဆိုပြီး တယောက်တည်း ဆုံးဖြတ်ထားပေမယ့် ကိုယ့်ရဲ့ချစ်သူက ဒီလိုဒုက္ခတွေကို သည်းမခံနိုင်တော့တဲ့အခါ၊ အချစ်သစ် တွေ့သွားတဲ့အခါ ရက်စက်သွားတတ်တာ အမြဲတမ်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီ Playlist ကို တစ်စုံ တစ်ယောက်သောသူ နားဆင်လိုက်တဲ့အခါ သူ့စိတ်ထဲမှာခံစားမှု တစ်ခုခုရပါစေလို့တော့ မျှော်လင့်ပါတယ်။ Radio မှာ အသဲကွဲသီချင်းတွေ အမြဲနားထောင်ချင်တယ်ဆိုတဲ့ ရင်ငြိမ်းပွင့် တစ်ယောက် သူကြိုက်လောက်မယ့် အသဲကွဲမိန်းကလေးသီချင်းတွေစုထားတဲ့ Playlist ကို သူ့အတွက်ရည်စူးပြီးတော့ လုပ်ပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူခံစားခဲ့ရတာတွေကို MYMC နားထောင်သူတွေ သူနဲ့အတူ မခံစားနိုင်ရင်တောင် အခုသူ့ကိုသတိတရ အမှတ်တရအနေနဲ့ ဖြစ်နေအောင် ရည်ညွှန်းပြီးတော့ လုပ်ပေးလိုက်ပါတယ်။ အချစ်အတွက်နဲ့ အသက်ပါ ပေးသွားတဲ့ ရင်ငြိမ်းပွင့်ကိုလည်း R.I.P လို့ပဲ ဒီ Playlist လေးနဲ့ ဆုတောင်းပေးလိုက်ပါတယ်။


1342


Facebook>> Yinnyein Pwint (ရင်ငြိမ်းပွင့်)

News>> news.insing.com


dl