သီရိ [Bambino] အင်တာဗျူး
ဟလို
ဟလို မသီရိ မင်္ဂလာပါ
ဟုတ်
အင်တာဗျူးစလို့ရပြီလားမသိ
Record စလုပ်ပြီလား
Record က အခုကတည်းကလုပ်နေတာပါ
အော်..မသိဘူးလေအင်း ရပြီရပြီ ပြော အခုဘယ်သူလည်းမသိဘူး
ကျွန်တော့်ကို Ghost လို့ခေါ်လို့ရပါတယ်
အော် ဟုတ်ကဲ့ ဟုတ်
မသီရိအခု စင်ကာပူရောက်နေတော့..သီချင်းဆိုတဲ့အပိုင်းကို...ဘယ်လိုစီစဉ်ထားလဲ။
သီချင်းဆိုတာက သီရီကရန်ကုန်ကို ခဏခဏပြန်ဖြစ်တယ်။ အဲ့ဒီတော့ရန်ကုန်ကို ရောက်တဲ့ အခါ Recording လုပ်တယ်။ သွားလိုက်ပြန်လိုက်ပေါ့။ အသံသွင်း တာတော့ ရန်ကုန်မှာပဲသွင်းပါတယ်။
မသီရိ Bambino ဒုတိယအယ်လ်ဘမ် လုပ်ဖို့ရောစီစဉ်နေပြီလား ဘာသီချင်းအမျိုးအစားတွေပါမလဲ မသီရီ?
ဒုတိယအယ်လ်ဘမ်က မလုပ်ဖြစ်သေးဘူး။ မလုပ်ဖြစ်သေးဘူးဆိုတာက ကျောင်းတတ်နေလို့ပါ။ မအိရောသီရိရော ၂ယောက်စလုံးက စင်ကာပူရောက်နေတယ်ဆိုတော့ မလုပ်ဖြစ်သေးပါဘူး။ ရန်ကုန်ရောက်မှ ပြန်လုပ်ဖြစ်မယ်ပေါ့။
မသီရိရဲ့သီချင်းလေးတွေက Melody ပုံစံလေးတွေနဲ့အလွမ်းသီချင်းတွေများတယ်နော် Hip Hop တွေရော ဆိုဖို့ အစီအစဉ် မရှိဘူးလား မသီရိ?
အစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့သီရိက Melody ဆိုတာကိုပိုကြိုက်လို့ပါ။ သီရိအသံက Melody နဲ့ပိုအဆင်ပြေ လို့ပါ။
ပရိသတ်က မသီရိရဲ.အချစ်ရေးကို စိတ်ဝင်စားနေကြတယ်ဗျ အမမှာရည်ရွယ်ထားတဲ့လူများရှိရင် ကျွန်တော်တို့ကို ပြောပြပေးနိုင်မလား?
ချစ်သူရှိပါတယ်။

အခုစင်ကာပူမှာမြန်မာတွေတော်တော်များတယ်ဟုတ်၊ စင်ကာပူက မြန်မာတွေ ကြားထဲသွားတော့ရော.. လွတ်လွတ်လပ်လပ်ရှိရဲ့လား.. ကျွန်တော်ဆိုလိုချင်တာ အဆိုတော် သီရိအနေနဲ့ဆက်ဆံကြလား၊ ဒါမှမဟုတ် ပုံမှန်သီရိဆိုတဲ့ ကောင်မလေး အနေနဲ့ပဲ ဆက်ဆံကြလား။”
ပုံမှန်ပါပဲ လွတ်လွတ်လပ်လပ်ရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သီရိက နဂိုရန်ကုန်မှာကတည်းက သီချင်းဆိုတာ လူတွေသိလည်း စိတ်ထဲမှာ... ထိန်းချုပ်ထားရတာမရှိတော့ အားလုံးအေးအေးဆေးဆေးပါပဲ အဆင်ပြေပါတယ်။
အမ စင်ကာပူမှာ Diploma တက်နေတာဆိုတော့ စင်ကာပူမှာ ရှိုးတွေဘာတွေရော ဆိုဖြစ်လား မြန်မာပရိသတ် အထာကရော ဘယ်လိုရှိလဲ၊ နောက်ပြီး Diploma ဆိုတော့ Degree ယူဖို့ရော အစီအစဉ်ရှိလား၊ U.S. ဘက်ကိုရော ခြေဦးမလှည့်ချင်ဘူးလား၊ အဆိုတော်ဘ၀နဲ့ တခြား Career ရွေးဆို မသီရိ ဘာကိုရွေးချယ်မိမလဲ။ ပြီးတော့ ဘာကြောင့်လဲ့။
အခု Business Administration တတ်နေပါတယ် ဟုတ်ကဲ့ စင်ကာပူမှာ ဖေဖော်ဝါရီလတုန်းက ရှိုးရှိပါတယ်။ ဆိုဖို့လာဖိတ်ပါတယ်။ စာမေးပွဲရှိလို့ မဆိုဖြစ်လိုက်ပါဘူး။ ရှိုးပွဲကိုလည်း စာနဲ့နပမ်းလုံးနေရလို့ မသွားဖြစ်လိုက်ပါဘူး။ Degree တတ်ဖို့ကတော့ အစီအစဉ်ရှိပါတယ်။ ကျောင်းရွေးဖို့ကို အိမ်နဲ့တိုင်ပင်နေပါတယ်။ အဆိုတော်ဘ၀ကို စလုပ်ကတည်းက အဆိုတော်ဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ လုပ်တာမဟုတ်ပါဘူး။ Celebrity လည်းမဖြစ်ချင်ဘူး။ သီချင်းဆိုတာကို သီရိက ၀ါသနာ Hobby လိုမျိုးလုပ်တာပါ။ အသက်မွေးဝမ်းကြောင်း အနေနဲ့ဆိုရင်တော့ အိမ်ကအလုပ်တွေကိုပဲဆက်လုပ်သွားမှာပါ။
ငယ်ငယ်တုန်းက အကြောင်းလေးတွေ နည်းနည်းမေးမယ်ဗျာ။ မသီရိ ငယ်ငယ်တုန်းက ဒီသီချင်းဆိုတာနဲ့ ပတ်သက်ပြီး ဘာအမှတ်တရများရှိခဲ့လဲ။ ဥပမာ ကျွန်တော်ဆို အသက် ၈နှစ် (သို့မဟုတ်) ၉နှစ်လောက်တုန်းက Mic ကိုင်ရင် တစ်အိမ်လုံးပျောက်သွားပြီ။ မရှိတော့ဘူး။ အသံနားမခံနိုင်တာနဲ့အဲလိုမျိုးလေးမှတ်မှတ်ရရ အကြောင်းအရာလေးမရှိဘူးလား။
ငယ်ငယ်လေးကတည်းက သီချင်းဆိုတာ ၀ါသနာပါတာပါ။ အိမ်မှာဆိုရင် တစ်ယောက်တည်း အရုပ်ကလေးတွေရှေ့မှာထားပြီး အဆိုတော်လိုပုံစံမျိုးနဲ့ သီချင်းဆိုတယ်။ အဖေတို့အမေတို့ဆိုအမြဲတမ်း သီချင်းဆိုတာကို Recording လေးတွေလုပ်ပြီး ပြန်ပေးတယ်။

နောက်တစ်ခုက ငယ်ငယ်တုန်းကရော အသက်ကြီးလာရင် အဆိုတော်ကြီးလုပ်မယ်လို့ စဉ်းစားဘူးလား ၊ဒါမှမဟုတ် တခြားရည်ရွယ်ချက် ရှိခဲ့လား။
သီရိ-“ငယ်ငယ်တုန်းကတော့ အဆိုတော်ကြီး ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက် တော့မရှိပါဘူး။ ငယ်ငယ်တုန်းက Psychologist တစ်ယောက်အရမ်းဖြစ်ချင်တာပါ။ ဒါပေမဲ့ ၁၀တန်းပြီးတော့ မလုပ်ဖြစ်တော့ပါဘူး။”
ကဲ နောက်ဆုံးအနေနဲ့ကတော့ အဆိုတော်လဲဖြစ်ပြီ။.. မသီရိ ရှေ့ဆက်ဖောက်မဲ့.. မသီရိရဲ့ဘ၀လမ်းကို ပရိသတ်ကြီးကို ပြောပြပေးပါလား။ နောက်ပြီး အဲဒီဆက်ဖောက်မဲ့လမ်းမှာ တစ်ယောက်တည်းပဲ ဖောက်တော့မှလား။ ပရိသတ်ကြီးက မသီရိဆီက ၀မ်းသာစရာ သတင်းကြားချင်နေပြီဗျ။”
သီရိ-“သီရိ သီချင်းကတော့ ဆက်ဆိုဖြစ်နေမှာပါ။ သီရီရန်ကုန်ပြန်ရင်တော့ သီချင်းက ဆက်လုပ်ဖြစ်မှာပဲ။ မထုတ်ဖြစ်ဘူးဆိုရင်တောင် Sample တွေလုပ်နေပါတယ်။ ကျန်တာတွေကိုတော့ မပြောတတ်တော့ပါဘူး။”
မသီရိက ကျွန်တော်တို့ MYMC အပေါ် ထင်မြင်ချက်လေးကို…
သီရိနားထောင်ဖြစ်ပါတယ။် နောက်ပိုင်း Education ပိုင်းပါထည့်မယ်ဆိုတော့ ပိုကောင်းတာပေါ့။ ရန်ကုန်မှာဆို အများစုက ဘယ်ကျောင်းတွေတတ်ရမလည်းမသိဘူးပေါ့။ ဘယ်ကျောင်းတွေကောင်းတယ်ဆိုတာကို Guide Line လိုမျိုး ဖြစ်ပါတယ်။ ကောင်းပါတယ်။
ကဲ မေးတာလဲများသွားပြီ နားအုံးမှ။ မသီရီ အောင်မြင်မှုတွေကို ဇာတ်တိုက် ဆွတ်ခူးနိုင်ပါစေ... ကျွန်တော်တို့ MYMC ရေဒီယိုက ဆုတောင်းပေးပါတယ်။
ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ သီရိကလည်း ကျေးဇူးတင်ပါတယ်။
MYMC Interview Team
Interviewer | ghostintherain
Write-up | mgwaiyan
Designer | mahuyar
Manager | mahuyar
အင်တာဗျူးကိုအသံနဲ့နားထောငိချင်တယ်ဆိုရင်တော့...
Comments (77)
...
Nice band .We are supporting you all times.
Hi thiri !
Yr voice on phone is differ when singing .But you have sweet sound as me :P
Wishing you more success !!!
...
...
can i get a ur email??juz waittin until u give me .. bb mama.. mizz u too sis..also ma ma ei nwe..
...
...
...
i want to request you.
i send massage another person but that massage got your section ,,,,
i like your songs especially Ye Lay And U .
Greeting
i want to tell you truthly .....i don't know you . but i apperiate your attempt.
goodbye ,,,,,my fri