20April

Windows 8 To Come in 3 Editions

အသစ်ထွက်လာမယ့် Windows 8 ရဲ့အစီအစဉ်တွေဟာ ဘာတွေပါမလဲ ဆိုတာကို Microsoft ကကြေငြာ လိုက်ပါပြီ။ Windows 8 ရယ်၊ Windows 8 Pro ရယ်၊ Windows RT ရယ်ဆိုပြီး ရွေးချယ်စရာ (၃)မျိုး ရှိလာပါ လိမ့်မယ်။

သင့်မှာ Windows 8 ရယ်၊ Windows 8 Pro ရယ်၊ Windows RT ရယ်ဆိုပြီး ရွေးချယ်စရာ (၃) မျိုးရှိလာပါ လိမ့်မယ်။ ဒါပေမယ့် အဲ့သုံးမျိုးထဲကမှ နှစ်မျိုးကိုပဲ Upgrade လုပ်လို့ရပါလိမ့်မယ်။ Windows 8 ကိုတော့ လူအများစုအတွက် ရည်ရွယ်ထားပါတယ်။ သူကတော့ ယခုခေတ် ကွန်ပျူတာ သုံးသူအများစုကို လွှမ်းမိုးထားနိုင်တဲ့ 64bit ကော 32 bit ပါ  အသုံးပြုနိုင်ပါတယ်။ Windows 8 Pro ကတော့ သူ့ထက်သာပါတယ်။ Windows 8 Pro တွင် data များကိုတိုက်ရိုက် မသိသာစေရန် ပုံစံပြောင်းပေးခြင်း၊ အမည် အတိအကျဖြင့် မဟုတ်သော်လည်း ပြုလုပ် ဆောင်ရွက်ချင်သည့် ကိစ္စရပ်အားလုံးကို အပြည့်အဝ အကျိုးသက်ရောက် မှုရှိစေသည့် လုပ်ဆောင်ခြင်း များနှင့် အခြားအခြားသော အရေအတွက် များပြားသည့် လုပ်ဆောင်ချက်များ ပါဝင်ပါသည်။ သူကတော့ စီးပွားရေးလုပ်ငန်း တွေအတွက် အခြေခံထားတာ ဖြစ်ပါတယ်။


Windows 8


ဟုတ်ကဲ့ပါ နောက်ထပ် တစ်ခုကတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ Windows RT ပဲဖြစ်ပါတယ်။ သူကတော့ 32 bit အတွက် Windows ပဲဖြစ်ပါတယ်။ သူ့ကိုတော့ Upgrade လုပ်လို့ရမှာ မဟုတ်တဲ့အပြင် Tablets နှင့် ARM chipsets ရှိတဲ့ အခြားစက်တွေမှာ ကြိုတင်ထည့်သွင်း (pre-install) ထားသလိုမျိုးပဲ လာမှာဖြစ်ပါတယ်။ Touch Screen တွေမှာပါ အသုံးပြုလို့ရအောင် တီထွင်ထားပြီး Microsoft Software တွေဖြစ်တဲ့ Word, Excel, PowerPoint နှင့် OneNote အစရှိတဲ့ software တွေပါ အတူတကွ ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Metro Apps တွေတော့ပါမှာ မဟုတ်တော့ ပါဘူး။ သူ့မှာ ဘာတွေရှိသလဲဆိုတာ ပြောပြပြီးသွားတော့ Windows RT မှာမပါဝင်တဲ့ တစ်ခုကို ပြောချင်ပါတယ်။ အဲ့ဒါကတော့ Window Media player ပဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရင်ရင်တော့ Windows RT ဟာ အားလုံးထဲမှာ စိတ်လှုပ်ရှားဖို့ အကောင်းဆုံးနှင့် စိတ်ဝင်စားဖို့ အကောင်းဆုံးပါပဲ။


2


Written by Phyu Ei, Source - Gizmodo, Images from MobilenApps, Windows8update

 

အခု Post ကိုကြိုက်နှစ်သက်ပါ သလား၊ အသစ်တင်တိုင်း သိရအောင် Subscribe လုပ်လို့ရပါတယ်။

အောက်မှာ Email နဲ့ Subscibe လုပ်ထားရင် Mail ကနေတဆင့် အသစ်တင်တိုင်း ရမှာပါ။

Enter your email address:

Comment

blog comments powered by Disqus

Posted in Technology

Social Bookmarks

ShweBeauty