20April

Alice Bizarre: The Horror Make Up Artist

မိန်းကလေးတွေအများစုက လှတပတလေးဖြစ်ဖို့ Make Up ကိုမျက်နှာပိုဝင်းအောင် ချယ်သဖို့လိမ်းနေ ကြတဲ့ အချိန်မှာ Alice Bizarre ရဲ့ဝါသနာကတော့ ကြောက်စရာကောင်းတဲ့ Horror Theme Make Up တွေလုပ်ရတာပါ။

Alice Bizarre ရဲ့ Official Tumblr မှာရေးထားတာ အရဆိုရင် သူက ဗြိတိသျှသူလေး ဖြစ်ပြီး အခုမှ အသက်၂၀ပဲ ရှိပါသေးတယ်။ Make Up ပြင်တာ ၀ါသနာပါသလို Special Effect တွေလုပ်တဲ့ နေရမှာလည်း လေ့လာနေတယ်လို့ ရေးထားပါတယ်။ အလွတ်တမ်း Make Up ပြင်သူတစ်ယောက် အနေနဲ့လည်း သူမကို ဌားလို့ ရပါတယ်။ အထွေအထူး သူမနဲ့ ပတ်သက်ပြီးတော့ များများစားစား ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ Make Up အပြင်အဆင် လုပ်ထားတာ တော်တော်ကြီးကို Pro ဆန်တဲ့အတွက် ပြန်လည် Share ပေးလိုက်တဲ့ သဘောလေးပါ။ ကိုယ်တိုင်လည်း Make up ပြင် Model လည်းလုပ်တဲ့ Alice Bizarre ရဲ့ပုံအချို့နဲ့ Make Up ပြင်ထားတဲ့ Video Tutorial တစ်ခုကို အောက်မှာ တင်ပေးလိုက်ပါတယ်။ လှတပတလေး Make Up မြင်တာကို ကြည့်နေရတာ ရိုးလောက်ရောပေါ့။ Horror Theme နဲ့ Alice Bizarre ရဲ့ Make Up ပညာကို အပြောင်းအလဲ အနေနဲ့ ရှုစားတာပေါ့။


Alice Bizarre


Alice Bizarre


3


4


5


 

Alice Bizarre on Tumblr | Alice Bizarre on Facebook


Source - Alice Bizarre Tumblr, Images from Alice Bizarre Facebook


အခု Post ကိုကြိုက်နှစ်သက်ပါ သလား၊ အသစ်တင်တိုင်း သိရအောင် Subscribe လုပ်လို့ရပါတယ်။

အောက်မှာ Email နဲ့ Subscibe လုပ်ထားရင် Mail ကနေတဆင့် အသစ်တင်တိုင်း ရမှာပါ။

Enter your email address:

Comment

blog comments powered by Disqus

Posted in Photography/Fashion

Social Bookmarks

ShweBeauty