Dota ကိုတော့ပြောစရာမလိုအောင် အားလုံးရင်းနှီးပြီးသားဖြစ်ကြမှာပါ။ ကျွန်တော်အခု MYMC ရဲ့ fan တွေကိုမိတ်ဆက် ပေးချင်တာက ဒီနှစ်ပိုင်းမှာ နာမည်အရမ်းကြီးလာတဲ့ Dota 2 ကိုပါ။
Dota 2 ထွက်ရှိမဲ့ အကြောင်းကို 2010 အောက်တိုဘာ ၁၃မှာ Game Informer မဂ္ဂဇင်းမှာ တရားဝင် ကြေငြာခဲ့ပါတယ်။ အခုလောလော ဆယ်မှာတော့ Beta Version အဆင့် ပဲရှိပါသေးတယ်။ Full Version ကိုတော့ ၂၀၁၂ နှစ်ကုန်ပိုင်းမှာ ထွက်ရှိနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ Dota 2 မှာ ထူးခြားလာတာကတော့ အရင် Dota 1 လိုမဟုတ်တော့ပဲ Short cut key တွေကို မိမိစိတ်ကြိုက် ပြင်ဆင်နိုင်တဲ့ အချက်ပါ။ Warkey သုံးစရာလဲ မလို့တော့ပါဘူး။ Beginner တွေအတွက်လည်း အရမ်းကို အဆင်ပြေလာတယ်။ အရင်လို ဘာ Item ဆက်ရမလဲဆိုတာ အာပေါက်အောင် မေးနေစရာမလိုတော့ဘူး။ Hero တစ်ကောင်ချင်း ဆီအတွက် ဘာ Item တွေဆက်သင့် တယ်ဆိုတာကို suggest လုပ်ပေးပြီးထားတယ်။ User Interface ကတော့ တော်တော်လေးကို ကွာခြားသွားတယ်။ တော်တော်များများကတော့ Game Graphic က League of Legend နဲ့ Heroes of Newerth တို့နဲ့ ကူးထားတာလို့ ပြောကြပါတယ်။ ကြာသပတေးနေ့က Valve က Dota 2 ‘s HUD (Heads-Up-Display) ကို update လုဒ်လိုက်ပါသည်။ Difference ကိုတာ့အောက်က pictures မာ ကြည်လိုက်ပါ။ ဘာပဲပြောပြော Dota 2 ကနေ unique experience ရမာကတော့ အသေအချာပါပဲ။ Attack ၊ spell design တွေကတော့ တော်တော်လေးကို လန်းပါတယ်။ Dota မှာလို Sentinel နဲ့ Scourge မဟုတ်တော့ပဲ Radiant နဲ့ Dire လို့ နာမည်ပြောင်းသွားတယ်။ အခုလက်ရှိ အချိန်ထိတော့Beta Version မှာ Hero စုစုပေါင်း ၇၅ ကောင်ပဲ ထွက်သေးတယ်။ နောက်ဆုံး ထွက်ခဲ့တာကတော့ Phantom Lancer ပါ။


ကစားဖို့အတွက် Valve ရဲ့ content delivery platform ဖြစ်တဲ့ Steam မှ တစ်ဆင့် Download လုပ်ကာ ကစားရမှာပါ။ ဖိုင်ဆိုဒ် ကတော့ Steam အတွက် 1.5 MB နဲ့ Dota 2 က 2.624 GB ပါ။ အခု အချိန်ထိ ကတော့ Beta Version မှာ Local ကစားလို့ မရပါဘူး။ Internet connection ကောင်းကောင်း လိုအပ်ပါတယ်။ ကစားတဲ့ အခါမှာ ကမ္ဘာအနှံ့မှ Dota 2 Player များနဲ့ ယှဉ်ပြိုင် ကစားနိုင်ပါတယ်။ US West, US East, SE Asia, Europe, China, South America, Hong Kong ဆိုပြီး zone ၇ ခု ခွဲခြား ပေးထားပါတယ်။ မိမိ ကစားလိုတဲ့ ဒေသမှ သူများနဲ့ ချိတ်ပြီး ကစားနိုင်ဖို့အတွက်ပါ။ နောက်ပြီး Google Chrome User များအတွက်လည်း Dota Stream Brower Extension နဲ့ support လုပ်ပေးထားပါတယ်။ Download Extension Here

ကစားပြီးတဲ့ အခါမှာလဲ မိမိကစားခဲ့တဲ့ Hero များ အနိုင်အရှုံး ရလဒ်များကိုပါ မှတ်တမ်းတင် သွားပါတယ်။ ဒီစနစ်ကတော့ Full version ထွက်တဲ့ အချိန်မှာ ကိုယ့်ရဲ့ နိုင်ပွဲ ရှုံးပွဲကို မူတည်ပြီး ကိုယ်နဲ့ level တူတဲ့ player တွေနဲ့ ချိတ်ဆက် ပေးကာ ဆော့ကစားနိုင်ဖို့ အတွက်ပါ။ ရှုံးတဲ့အခါမှာ leave လုပ်လို့ ရပေမယ့် leave လုပ်ပါများရင် ရက် အကန့်အသတ်နဲ့ ဆော့ကစားခွင့် ပိတ်ပင်တာ မျိုးတွေ ရှိလာမှာပါ။နောက်ပြီး တစ်ခြား player တွေ ကစားနေတဲ့ ပွဲ တွေကိုလည်း player တွေရဲ့ mouse လှုပ်ရှားမှုတွေက အစ တွေ့ရတယ်။ ကွာခြားချက်တွေ ထူးခြားချက် တွေကတော့ ပြောပြနေ တာထက် ကိုယ်တိုင်ဆော့ပြီး လက်တွေ့သာ ကြည့်လိုက်ပါ။
Download Steam :: http://store.steampowered.com/about/
Steam အကောင့်တစ်ခု ဖန်တီးပါ။ ထို့နောက် beta key တစ်ခုကို MYMC က Contest တွေမှာ ရပြီးသားဆိုရင်တော့ အသုံးပြု ၀င်ကစားရုံပါပဲ။

ဒီပြိုင်ပွဲကတော့ အခု၂ လ အတွင်းမှာ နာမည်အကြီးဆုံး ပွဲတစ်ပွဲပါ။ ၈၆မိနစ် ကြာတဲ့အထိ ပြင်းထန်ခဲ့ပြီး Venomancer တစ်ကောင်ထဲ ကပဲ creep ကို 833 ကောင်အထိ စားနိုင်ခဲ့ပါတယ်။
Written by Sai Sitt Paing Hmu Khant, Aung Phyo Ko
အခု Post ကိုကြိုက်နှစ်သက်ပါ သလား၊ အသစ်တင်တိုင်း သိရအောင် Subscribe လုပ်လို့ရပါတယ်။