17May

Low Self-Esteem? You are doing it wrong!

Low-self-esteem ဆိုတာလူတိုင်း ခဏခဏခံစားကြရမှပါ။ ခံစားရတိုင်း ငါ့စိတ်မထား တတ်သေးဘူး ဆိုပြီးအပြစ်တင် နေမိလား? ဒါဆိုရင်တော့ဒီ Article လေးကို ဖတ်သင့်နေပါပြီ။

ကိုယ့်ကိုယ်ကို ခံယူချက် (Self-Esteem) တွေနိမ့်ကျ နေပါသလား။ သင့်ကိုယ်သင် ပြုပြင်ပြောင်းလဲ ဖို့ကြိုးစားနေ တာထက်စာရင် သင်နဲ့သူများတွေ ရဲ့ကြားက ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲ သင့်ပါတယ်။

 

1

 

တကယ်လို့ သင်ဟာတခဏ သို့မဟုတ်ရေရှည် ကိုယ့်ကိုယ်ကို ခံယူချက်တွေ နိမ့်ကျနေ ပါသလား။ ပြဿနာ၏ ဇာစ်မြစ်ဟာ သင့်စိတ်ထဲမှ စတာထက်စာရင် သင်နှင့်ဆက်ဆံ နေရတဲ့ လူတွေရဲ့ကြားက ပြဿနာ တွေကစတာ ပိုဖြစ်နိုင် ပါတယ်လို့ Psychology Today မှဖော်ပြ ခဲ့ပါတယ်။

 

ကိုယ့်ကိုယ်ကို ခံယူချက် ဆိုတာကို ကားထဲက ဆီဘယ်လောက် ကျန်သေးလဲ ပြတဲ့ဒိုင်ခွက်လို့ သဘောထား ကြည့်လိုက်ပါ။ အများစုက ဒိုင်ခွက်ပေါ်မှာ ဆီကုန်ပြီ ဆိုတဲ့အမှတ် မရောက်အောင် ဘာလုပ်ရမလဲ ဆိုတာကို ကားဆက်မောင်း နေရင်းအကြံ ထုတ်နေကြတယ်။ လုပ်သင့်တဲ့ အရာဖြစ်တဲ့ ကားဆီဖြည့် တာကို မလုပ်ပဲ ဒီဒိုင်ခွက် ပေါ်က ဒုတ်တံလေး အပေါ်တက် လာအောင် ကြိုးစားနေမိ ကြတတ်တယ်။

 

2

 

“အလားတူပါပဲ။ စိတ်ပညာရှင် တွေကလည်း “စိတ်ဒိုင်ခွက်” နှင့်ပတ်သက်ပြီး ကောက်ချက်ချတာ မှားနေကြ တတ်ပါတယ်။ အများစုက လူတွေဟာ ကိုယ့်ကိုယ်ကို ခံယူချက် မြင့်မားလာအောင် ကိုယ့်ကိုယ်ကို စိတ်လှုံ့ဆော်မှသာ ဖြစ်လာနိုင်မယ်လို့ ထင်ခဲ့ကြပါတယ်။” လို့ Winston-Salem, North Carolina က Wake Forest University က professor တယောက်ဖြစ်တဲ့ Leary က ပြောပါတယ်။

 

3

 

တကယ် ဖြစ်သ့င်တာက လူတယောက်ဟာ သူ့ရဲ့ကိုယ့်ကိုယ်ကို ခံယူချက်ကို အချက်ပြ ဒိုင်ခွက်တခုလို သဘောထား ပြီးတော့ သူ့ရဲ့ “လူမှုဆက်ဆံရေး ဆီတိုင်ကီ” ကဆီနည်းနေ၊ မနေ ကြည့်ဖို့ သုံးရမှာ ဖြစ်ပါတယ်။ ဆိုရှယ်မီတာ လို့ပဲခေါ်ကြပါစို့။ ကိုယ့်ကိုယ်ကို ခံယူချက်တွေ အရမ်းနိမ့်ကျ နေပြီဆိုရင် ကိုယ့်ရဲ့ အတွင်းစိတ်ကို ပြုပြင်ရမယ့်အစား သူများတွေရဲ့ ကိုယ့်အပေါ် အမြင် တိုးတက်လာအောင်၊ သူများတွေနဲ့ ဆက်ဆံရေး အဆင်ပြေလာအောင် လုပ်သင့်ပါတယ်။

 

4

 

နောက်ဆုံးပြောရရင် ကိုယ့်ကိုယ်ကို ခံယူချက်ဆိုတာ ကိုယ်နဲ့မဆိုင် သလောက်ပါပဲ။ သူများတွေနဲ့ ဆက်ဆံရေး မပြေလည်ဘူးဆိုရင် ကိုယ့်ဟာကိုယ် နေရတာလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။

Written By GG | Source lifehacker.com | Images from tugofthekite.com, piecesofmeblog.com, alcohol.addictionblog.org, consistent-parenting-advice.com and fierceandnerdy.com


အခု Post ကိုကြိုက်နှစ်သက်ပါ သလား၊ အသစ်တင်တိုင်း သိရအောင် Subscribe လုပ်လို့ရပါတယ်။

အောက်မှာ Email နဲ့ Subscibe လုပ်ထားရင် Mail ကနေတဆင့် အသစ်တင်တိုင်း ရမှာပါ။

Enter your email address:

Comment

blog comments powered by Disqus

Posted in Health

Social Bookmarks

ShweBeauty