10September

Pirate Bay Founder Arrested for Alleged Hack

The Pirate Bay ကိုပူးတွဲ တည်ထောင်သူ Gottfrid Svartholm အဖမ်းခံရပြီး ထောင်ဒဏ်တစ်နှစ် ကျခံစေဖို့ ဆိုင်းငံ့ခံ ထားခြင်းဟာ Pirate Bay file Sharing လုပ်ငန်း အတွက်ကြောင့် မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ အပတ်က ဖော်ပြခဲ့ပါတယ်။

ဆွီဒင် နိုင်ငံရဲ့ သတင်းမီဒီယာ တွေကတော့ Svartholm ကို ကမ္ဘောဒီးယား နိုင်ငံမှာ အကျဉ်း ချထားခြင်းဟာ Logica လို့ခေါ်တဲ့ ဆွီဒင် company တစ်ခုကို 2010 တုန်းက hack ခဲ့ခြင်းနဲ့ ဆက်နွယ် နေတယ်လို့ ဆိုကြပါတယ်။ Logica companyဟာ IT company တစ်ခုဖြစ်ပြီး ဆွီဒင် နိုင်ငံရဲ့ အကောက်ခွန် ရုံးကို ၀န်ဆောင်မှု ပေးပါတယ်။  ဒီနှစ်ဦးပိုင်းမှာ ဆွီဒင်လူမျိုး လူအယောက် ကိုးထောင် လောက်ရဲ့ အခွန် ဆောင်ထားတဲ့ နံပတ်တွေ online မှာပြန့်သွား ခဲ့ပါတယ်။ အခြား ဆွီဒင်လူမျိုး နှစ်ယောက်ကလဲ Logica company ကို hack အလုပ် ခံရခြင်းနဲ့ ပတ်သက်ပြီး အဖမ်းခံ ရပါတယ်။


1


The Pirate Bay file sharing ကိုလုပ်ဆောင် နေခြင်းကြောင့် ပြစ်မှု ထင်ရှားတဲ့ လူလေးယောက်မှာ Fredrik Neij ကို ထောင်ဆယ်လ၊ Carl Lundstrom ကိုထောင်လေးလနဲ့ Gottfrid Svartholm ကိုထောင်ဒဏ် တစ်နှစ်တိတိ ချမှတ်ဖို့ ဆွီဒင်နိုင်ငံရဲ့ အကြီးဆုံး တရားရုံးတော်က ထောက်ခံ ချက်ပေးလိုက် ပါတယ်။


သူတို့ဟာ file သန်းပေါင်း ၆.၈မီလီယံခန့်ကို တရားမ၀င် share လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ ထောင်ဒဏ်ကိုတော့ မကျခံကြ ရသေးပါဘူး။


2


game တွေ ရုပ်ရှင်တွေ software တွေနဲ့ သီချင်းတွေကို download ရယူနိုင်အောင် လမ်းညွှန် ပေးတဲ့  torrent-based file sharing site ကိုပြုလုပ်ခဲ့လို့ တရားမမှုနဲ့ ဥပဒေ ချိုးဖောက် မှုတွေနဲ့ ငြိစွန်းခြင်း ကြောင့် ရုပ်ရှင်ဂီတနဲ့ ဖျော်ဖြေရေး ထုတ်လုပ်သူတွေနဲ့ အစိုးရကိုယ်စား သူတို့ကို တရားစွဲ ဆိုပြီး 2009 ခုနှစ်တုန်းက ဆွီဒင်မှာ ပြစ်ဒဏ်ချမှတ် ခဲ့ပါတယ်။


file sharing မှာ bit torrent protocol တွေအလုပ် လုပ်တဲ့ ပုံစံအရ ခိုးပြီးအ share ခံရတဲ့ material ဟာ pirate bay ရဲ့ server တွေကိုလဲ ဖြတ်မသွားသလို  server မှာ upload လုပ်ပြီး သိမ်းထားတာ လဲမဟုတ်ပါဘူး။ site မှာက torrent fileတွေရှာပြီး user တွေကို ဘယ်သူတွေက သူတို့လိုချင်တာကို share ပေးမယ့် အညွှန်းတွေ ကိုပဲ သိမ်းထားတာ ဖြစ်ပါတယ်။ဲ သူတို့ရဲ့ file service ကို သန်းပေါင်း များစွာ အသုံးပြုကြပြီး သူတို့ရဲ့ ပုန်ကန်ချင်တဲ့ သဘောသဘာဝကြောင့် နာမည်ဆိုးထွက်ခဲ့ပါတယ်။


3


Svartholm ကို ဖနွမ်းပင်မြို့က သူ့တိုက်ခန်းမှာ ဖမ်းလိုက်တဲ့ ကမ္ဘောဒီးယား အာဏာပိုငိတွေ ကတော့ သူ့ကို နောက်ဆုံးမှာ ဆွီဒင်ပို့မယ် လို့ပြောပါတယ်။  ဆွီဒင်မှာ သူဟာ hacking charges တွေကို ပေးဆောင် ရဖွယ် ရှိပါတယ်။ Swedish website ဖြစ်တဲ့ DN.se က Svartholm ဟာ မကျန်းမမာ ဖြစ်ပြီ့း ကိုယ်အလးချိန် ကလဲ ကီလို  ၄၀ တောင်မပြည့် တော့ဘဲ မူးယစ်ဆေး သုံးတဲ့ ပြသနာလဲ ရှိတယ်လို့ ပြောပါတယ်။


Written by Kyi Kyi Zin, Images from Google Search, Source : wired.com


အခု Post ကိုကြိုက်နှစ်သက်ပါ သလား၊ အသစ်တင်တိုင်း သိရအောင် Subscribe လုပ်လို့ရပါတယ်။

အောက်မှာ Email နဲ့ Subscibe လုပ်ထားရင် Mail ကနေတဆင့် အသစ်တင်တိုင်း ရမှာပါ။

Enter your email address:

Comment

blog comments powered by Disqus

Posted in Global News

Social Bookmarks

ShweBeauty